468x60 Ads

Thursday, November 1, 2012

ဒီလို အခြေအနေမျိုး ဖြစ်အောင် ဘယ်သူတွေက လုပ်နေတာလဲ

ရခိုင် ဘင်္ဂါလီဂျာနှစ်ဖက်စလုံးမှာ ပညာတတ်တွေပါဝင်လျက်ရှိပါတယ်။ ဒီပညာတတ်တွေကပဲ ဦးဆောင်နေ တာပါ။ ရခိုင်လူထုဟာ ပညာရေး အားနည်းအသိမကြွယ်လို့ ဒီလိုအတူ မနေနိုင်ဘူးလို့ ဆုံးဖြတ်တယ်ပဲ ထား လိုက်ပါဦး။ ပညာတတ်တွေ ပညာရှင်တွေ ရာထူးရာခံအကြီးကြီးတွေပါဝင် ဆွေးနွေးခဲ့တဲ့ ရခိုင် အရေး အ လုပ်  ရုံ ဆွေးနွေးပွဲမှာတောင် ကျေနပ်စရာကောင်းတဲ့ အဖြေမရခဲ့ပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာ အစိုးရ ကိုယ် စား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ “ဘင်္ဂါလီ” ဆိုတဲ့ အသုံးအနှုန်းကို ဘင်္ဂလားဒေ့ရှ် သံအမတ်က လက်မခံလို့ ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။
ဆွေးနွေးပွဲပျက်ခဲ့တယ် ထားဦး၊ အစည်းအဝေးအပြီး စုပေါင်းဓာတ်ပုံ အမှတ်တရရိုက်ဖို့ လုပ်တာတောင် မအောင်မြင်ခဲ့ပါဘူး။ တစ်သက်လုံးအတူနေဖို့ မပြောနဲ့ နေပြည်တော်လို ရာဇဋ္ဌာနီ လုံခြုံ စိတ် ချ   အေး ချမ်း  လျက် ရှိတဲ့နေရာမှာတောင် မိနစ်ပိုင်းကလေးမျှတောင် အတူယှဉ်တွဲဓာတ်ပုံ ရိုက်ခွင့်မရခဲ့ပါဘူး။ အသိကြွယ်ဝ ပညာကြီးမားလှတဲ့ ပုဂ္ဂိုလ်ကြီးများတောင် ခဏတစ်ဖြုတ်မျှ အတူယှဉ်တွဲလိုက်ဖို့ ပျက် ကွက် ခဲ့ပါတယ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ရခိုင်ခေါင်းဆောင်တွေ ပါဝင်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲ ပျက်ခဲ့တာထက် ဟိုမီးလောင်ပြင်ထဲ သွေးမခြောက်သေးတဲ့ နေရာမှာ အတူယှဉ်တွဲနေထိုင်ဖို့ အတော် ခက် ခဲပါလိမ့်မယ်။

0 comments:

Post a Comment