468x60 Ads

Thursday, November 1, 2012

ကိုယ့်မြေး ကို ပြည့်တန်ဆာလုပ်ခိုင်းသောအဖွားအို..

အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို   အဖွားနှင့် အပေါင်းအပါနှစ်ဦး တို့မှ   ငွေကြေးရ ယူ ကာ ပြည့် တန်ဆာ  အဖြစ် ပြုလုပ်စေခိုင်းမှုကြောင့် မိခင်ဖြစ်သူမှ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
အဖွားဖြစ်သူက သုနန္ဒာလမ်း သွယ် ဇ/ ရပ်ကွက်မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အမျိုး သမီး တစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင်မှ အမျိုး သမီး တစ်ဦးထံမှ ငွေကျပ် ၂၇၅,၀၀၀ ကို ရယူခဲ့ကြောင်း သိရှိရသည်။အောက် တို ဘာ လ    ၂၇ ရက်နေ့ ညနေပိုင်းတွင် အဖွားဖြစ်သူက အလှပြင် ဆိုင်ပိုင် ရှင်ဖြစ် သူ ဒေါ်နန်းဦးနှင့်   မြေးဖြစ် သူကို အတူ ထည့်  ပေး   လိုက်ရာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ ..... ဟိုတယ် အခန်းအမှတ် ၄၀၈ တွင် တည်းခိုနေသူ အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၅၀၀,၀၀၀ ဖြင့် ပြည့်တန်ဆာလုပ်ကိုင်ရန် အပ်နှံ ခဲ့ကြောင်း   သိရသည်။ယင်း ကဲ့   သို့ ငွေကြေးရယူပြီး အရွယ် မရောက်သေး သူအား   ပြည့်တန်ဆာ အဖြစ်ခိုင်းစေခဲ့သည့်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး၏မိခင်ဖြစ်သူက တာမွေမြို့နယ် ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားသဖြင့် သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့အရွယ်မရောက်သေးသူကလေးသူငယ်အား ပြည့်တန်ဆာကိစ္စအလို့ငှာ ငွေကြေးရယူပြီး စေခိုင်းသူများအား တာမွေမြို့နယ်ရဲစခန်း (ပ)၁၂၆၉/ ၂၀၁၂ ပုဒ်မ ၃၇၂ ဖြင့် အမှုဖွင့်ပြီးကျူးလွန်သူများကို ဖမ်းဆီး စစ်ဆေး လျက်  ရှိကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက် ရှိရာတွင် ယခင်က ပြစ်မှုကျူးလွန်ဖူးခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment