468x60 Ads

Tuesday, November 20, 2012

ဒုရဲ အုပ်တစ်ဦးမှ လက်အောက်ငယ်သားတစ်ဦး ၏ ၁၃ နှစ်သမီးလေးကို သားမယားအဖြစ်အကြိမ်ကြိမ် ပြုကျင့်

ပဲခူး တိုင်း ၊ ဒိုက်ဦး မြို့  ရဲ စခန်း ရှိ ဒုရဲ အုပ် နွေအောင်သည် စခန်း ရှိ ရဲတပ်ကြီး တစ်ဦး ၏
၇ တန်း ကျောင်းသူ အသက် ၁၃ နှစ် အရွယ် မိန်းကလေး ကို အကြိမ်ကြိမ် ဖျားယောင်း
သွေးဆောင် ပြီး သားမယား အဖြစ် ပြု ကျင့် ခဲ့ သည် ဟု FNG မှ သတင်း ရရှိသည်။
ကနဦး တွင် မိန်းကလေး ၏ မိဘ များ က အကြောင်း စုံ ကို သိသော် လည်း အထက်အရာ
ဖြစ် သည့် ပြင် ၊ ရန် လို ပြု မူ တတ် သည့် ဒုရဲ အုပ် နွေ အောင် ၏ အကျင့် စရိုက် ကြောင့် အထက်
သို့  မတိုင် ကြား ရဲ  ၊ အမှု မဖွင့် ရဲ ဖြစ်နေရာ သည် ဟု သိရသည်။
သားမယား အဖြစ် အကြိမ် ကြိမ် ပြု မူ ခဲ့ သည် ကို ဒိုက်ဦး ပြည်သူ့  ဆေးရုံကြီး ၏ ဆေး
စစ်ချက် မှတ်တမ်း များ မှ သိရှိ ရ ပြီး နောက် နိုဝင်ဘာလ ၁၄ ရက်တွင် မှာ စတင် အမှု
ဖွင့် ခဲ့ ခြင်း ဖြစ်သည်။
ဒုရဲ အုပ် နွေအောင် အားဖမ်းဆီး ထား ပြီ ဟု FNG မှ သိရသော် လည်း ဒိုက်ဦး မြို့  သားများ
မှာ အဆိုပါ သတင်း ကြောင့် ဒေါ သ ထွက် လျှက် ရှိ သည်။
၎င်း သည် နွားဝယ်ရန် လာသည့် သူ များ ကို လည်း နွား ခိုး မှု ဖြင့် စွပ် ဆွဲ ပြီး ငွေ ၁၆
သိန်း တောင်းခံ ခြင်း ကြောင့် အမှု ရင် ဆိုင် နေ ရသူ တစ်ဦး လည်း ဖြစ်သည်။

0 comments:

Post a Comment