468x60 Ads

Tuesday, November 20, 2012

ညပိုင်းတွေမှာ ဖြစ်တတ်တဲ့ အမှုများ လျော့ နည်း လာတာနှင့်အမျှ KTV နိုက်ကလပ် ပြန်ဖွင့်ခွင့်ပေးမယ်..

ရန်ကုန်တိုင်းဒေသကြီးအတွင်းညပိုင်းမှုခင်းဖြစ်ပွားမှုနှုန်းပေါ်မူတည်၍နိုက်ကလပ်များနှင့်KTVများကိုမူလအ
ချိန်အတိုင်းပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်းပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းအောက်တိုဘာလနှင့်နိုဝင်ဘာလအတွင်းညပိုင်းများ၌အုပ်စုဖွဲ့ရမ်းကားမှုများ၊ ကားပြိုင်မောင်းပြီးအုပ်စုဖွဲ့ထိုးကြိတ်ရိုက်နှက်မှုများ၊တုတ်ဓားစသည့်လက်နက်ပုန်းများကိုသယ်ဆောင်ပြီး သွားလာနေသည့်ယာဉ်များရှိနေသည့်အတွက်ဆက်စပ်သည့်မှုခင်းဖြစ်စဉ်များမကြာခဏဖြစ်ပေါ်နေမှုကြော
နိုက်ကလပ်များနှင့်KTVများကိုည၁၂နာရီအချိန်ထိသာဖွင့်လှစ်ခွင့်ပြုထားပြီးထိန်းသိမ်းမှု ပြုလုပ်ပေးနေရ
ကြောင်း ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှရဲချုပ်ကျော်ကျော်ထွန်းက“အခုရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နိုက်ကလပ်
တွေ၊KTVတွေအများအပြားရှိပါတယ်။အနည်းစုကသာတရားဝင်လိုင်စင်တွေနဲ့ဖွင့်လှစ်နေကြပါတယ်။ နိုက်က
လပ်တွေ၊KTVပိတ်တဲ့အချိန်တွေကို မသတ်မှတ်ချင်ပါဘူး။ ဒါပေမယ့် အဲဒီနေရာတွေကနေ ဆက်စပ်ပြီးတော့ လမ်းမပေါ်တွေမှာခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်ပေါ်နေတဲ့အတွက်ရဲတပ်ဖွဲ့အနေနဲ့ဝင်ရောက်ထိန်းသိမ်းပေးရခြင်း
 ဖြစ်ပါတယ်။ အခုညပိုင်းတွေမှာ သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးတဲ့အခါမှာလည်း ကားတွေပေါ်မှာ တုတ်၊ဓားစတဲ့လက်နက်တွေကိုသယ်ဆောင်ပြီးသွားလာနေတဲ့ယာဉ်တွေကိုလည်းစစ်ဆေးတွေ့ရှိရပါတယ်” ဟု ပြောကြားခဲ့သည်။
ညပိုင်းများတွင် ဖွင့်လှစ်ထားသည့် နိုက်ကလပ်များနှင့် KTV များမှ ပြန်လာပြီး အကြောင်းအမျိုးမျိုးဖြင့် ခိုက်ရန်ဖြစ်မှုများ လုံးဝလျော့ကျသွားပါက မူလအချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။
ယင်းကဲ့သို့ နိုက်ကလပ်များနှင့် KTV များကို ည ၁၂ နာရီ အထိသာဖွင့်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှနိုဝင်ဘာလ(၅)ရက်နှင့်(၆)ရက်နေ့တို့တွင်ဆိုင်များမှပိုင်ရှင်များနှင့်မန်နေဂျာများကို ခေါ်ယူပြော
ကြားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့တော်အတွင်း ကားပြိုင်မောင်းနေသူများနှင့် လက်နက်ပုန်းများသယ်ဆောင်ပြီး သွားလာနေသည့် ယာဉ်များကိုက.ည.န၊အကောက်ခွန်ဌာန၊ရဲတပ်ဖွဲ့၊ယာဉ်ထိန်း၊မ.ထ.သ၊စည်ပင်စသည့်ပူးပေါင်းစစ်ဆေးရေး
အဖွဲ့မှ စစ်ဆေးအရေးယူ ဆောင်ရွက်မှုများကို နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ စတင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ယခုလက်ရှိအချိန်ထိရန်ကုန်တိုင်းဒေသကြီးအတွင်းနိုက်ကလပ်နှင့် စင်တင်စားသောက်ဆိုင် ၁၅၀ ကျော်နှင့် တရားဝင်ဖွင့်လှစ်နေသည့် KTV ဆိုင်ပေါင်း ၁၅ ခုကျော် ရှိနေကြောင်း ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
Ref:eleven

0 comments:

Post a Comment