ပြီးခဲ့သည့်တနင်္လာနေကဆွီဒင်နိုင်ငံစတော့ဟုမ်းGlobeArenaတွင်တစ်နှစ်တာအတွင်း
ခြေစွမ်းပြကစားနိုင်ခဲ့
သည့်အမျိုးသားနှင့်အမျိုးသမီးကစားသမားများကိုဆုချီးမြှင့်ပွဲကျင်းပခဲ့ရာPSGအသင်းမှဆွီဒင် လက်ရွေးစင်
တိုက်စစ်မှူးအီဗရာဟီမိုဗစ် နှင့် လိုင်ယွန်
(အမျိုးသမီး)အသင်းတိုက်စစ်မှူးရှလင်းတို့က ရရှိသွားခဲ့ကြသည်။
ဆွီဒင်တစ်နှစ်တာအကောင်းကစားသမားဆုကို(ရွှေဘောလုံးအား)၁၉၄၆မှစတင်ချီးမြှင့်ခဲ့ပြီးတစ်ရာသီလုံး
ခြေစွမ်းပြကစားနိုင်သည့်
သူကိုသာ ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း
သိရသည်။ အကောင်းဆုံ အမျိုးသမီး ဆုကိုတော့(စိန်ဘောလုံး)ကိုချီးမြှင့်ခြင်း
ဖြစ်ပြီးဆွီဒင်ဘောလုံးအဖွဲ
့ ချုပ်နှင့် ဆွီဒီသတင်းစာ Sydsvenskans
တို့ကရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါသည်။အသက်(၃၁)နှစ်၇ှိပြီးဖြစ်သောအီဗရာဟီမိုဗစ်သည်ရွှေဘောလုံးဆုကို
(၇) ကြိမ် ရရှိထားပြီး အကြိမ်အများဆုံးရရှိထားသူလည်း
ဖြစ်သည့်အပြင်၂၀၀၇ မှ၂၀၁၂ အထိ (၆) နှစ် ဆက်တိုက် ရရှိထားခြင်းလည်းဖြစ်သည်။ ထို့အတူလိုင်ယွန် အမျိုးသမီး အသင်း တိုက်စစ်မှူးရှလင်းမှာ
ဆွီဒင်တစ်နှစ်တာအမျီုသမီးအကောင်းဆုံးဆုကို၂၀၁၁နှင့်၂၀၁၂များတွင်(၂)စ်ဆက်တိုက်ရရှိထားသူလည်း
ဖြစ်သည်။
0 comments:
Post a Comment