468x60 Ads

Friday, November 16, 2012

အင်္ဂလန် ဘုရင်မ သောက်တဲ့ ရေသန့် ကိုတောင် မသောက်နိုင်တဲ့ သမ္မတ အိုဘာမားရဲ့  စီးတော်ယာဉ် The Beast နဲ့  Air Force One အကြောင်း...

 အမေရိကန်သမ္မတခရီးစဉ်အတွင်းအသုံးပြုမယ့်မော်တော်ကား၊ရဟတ်ယာဉ်အပါအဝင်ပစ္စည်းတွေကို မြန်မာ
နိုင်ငံကိုလေယာဉ်နဲ့ကြိုတင်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတရဲ့ မော်တော်ကား
အကြောင်းဗီဒီယိုကိုPlanetMyanmarပရိသတ်ကြီးအတွက်မျှဝေလိုက်ပါတယ်။ဒီဗီဒီယိုထဲမှာကားမှာတပ်ဆင်
ထားတဲ့ ကျည်ကာမှန်အမျိုးအစားကို သေနတ်ဖြင့် ပစ်ခတ်စမ်းသပ်ပြထားတာ တွေ့ရပါတယ်။
အမေရိကန် သမ္မတ ကျနော်တို့နိုင်ငံကိုလာမှ မဟုတ်ပါဘူး..။ သူ့ရဲ့ ခရီးစဉ်တိုင်းမှာ F-16 fighter jet ၃ စင်းကနေ ခရီးစဉ်ရဲ့ လုံခြုံရေး လိုအပ်ချက်အရ ၅ စင်းထိ ဝေဟင်မှာ ပျံသန်းစောင့်ရှောက်ပေးပါတယ်..။
သမ္မတ ဟာ လေယာဉ်ပေါ်မှာအမြဲတမ်း အေးဆေးနားနေ အိပ်စက်ပြီး လိုက်ပါတာမျိုးမဟုတ်ပါဘူး..။ အလုပ်ရဲ့လိုအပ်ချက်အရလယာဉ်ပေါ်မှာလည်းတစ်နေ့တာသူ့လုပ်ရမယ့်အလုပ်တွေကိုလုပ်ပြီးခရီးသွားရပါတ
တယ်..။ကျနော်တို့မှတ်မိကြဦးမယ်ထင်ပါတယ်..။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်မန်မာ
နိုင်ငံကိုလာဖို့မလာဖိုဆုံးဖြတ်ချက်ကို လေယာဉ်ပေါ်ကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဖုန်းပြောဆိုအပြီး ဆုံးဖြတ်ခဲ့တာကိုပါ..။လယာဉ်ပေါ်ကသူ့ရဲ့ အလုပ်စားပွဲဘေးပြူတင်းကနေ သူကြည့်လိုက်ရင် လိုက်ပါလာတဲ့ F-16 fighter jet ကို ပုံပါအတိုင်း သူတွေ့ရပါတယ်..။ အဲ့ဒီလို ဆောင်ရွက်ပေးနေရ တဲ့ အဆင့်ဆင့်သော တာဝန်ရှိသူတွေဟာ လည်း ဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူတတ်ကြပါတယ်..။ 
The most powerful President in the World ဆိုပြီး အမေရိကန် သမ္မတ တွေကို ညွှန်းဆိုပြောဆိုလေ့ရှိကြပါတယ်..။အခုဆိုရင်တော့အမေရိကန် သမ္မတ အိုဘားမားပေါ့..။ အမေရိကန် ပြည
်သူတွေ နဲ့ သူတို့ရဲ့ တကယ့်အင်အားကြီးတဲ့ တပ်မတော်တွေဟာ လည်း သမ္မတ ကိုအရမ်းအလေးပေးပြီး ဂရုစိုက်တတ်ကြပါတယ်..။ အထူးသဖြင့် သူတို့ရဲ့ စစ်တပ်ပေါ့..။ သူတို့တွေဟာ သူတို့ရဲ့ သမ္မတ အတွက် ဂုဏ်ယူကြသလို သမ္မတအတွက် လိုအပ်တဲ့ လုံခြုံရေးတွေကအစ တိတိကျကျ အသေချာဆုံး လုပ်လေ့ရှိပါတယ်..။ အထူးလည်း အရေးပေးပါတယ်..။ ဒါဟာ ဘာကိုပြောနေသလဲ..ဆိုတော့ သိပ်ပြီးရှည်ရှည်ဝေးဝေး စဉ်းစားစရာတောင်မလိုပါဘူး..။ ပြည်သူတွေကို အလေးထားလို့ ပြည်သူတွေ ကရွေးချယ် တင်မြောက်ထားတဲ့ သမ္မတကို သူတို့အနေ နဲ့ ဂရုစိုက်ကြရတာပါပဲ..။ သမ္မတ ရဲ့ခရီးစဉ်တိုင်းကို လုံခြုံရေးအတွက်အထူးအလေးပေးလေ့ရှိတာဟာလည်းသမ္မတကစေခိုင်းတာမဟုတ်ပဲသက်ဆိုင်ရာတပ်ဖွဲ့အ
သီးသီးရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကသာ အဆင့်ဆင့် စေခိုင်းတာဖြစ်ပါတယ်..။ သမ္မတ အတွက် Air ForceOneလေယာဉ်ဟာသမ္မတခရီးသွားစဉ်မှာတောင်အိမ်ဖြူတော်ကိုတစ်ပါတည်း ခေါ်ဆောင်သွားသကဲ့သို့ အိမ်ဖြူတော်ကနေပင်တဂွန် ဌာနချုပ်ကို ဆက်သွယ်ညွှန်ကြားဆောင်ရွက် နိုင်သလိုမျိုး လေယာဉ်ပေါ်ကနေ လည်း ဆက်သွယ်ဆောင်ရွက် ညွှန်ကြားနိုင်တဲ့အထိ လေယာဉ်ပေါ်မှာ နည်းပညာ နည်းစနစ်တွေပြည့်စုံစွာပါရှိနေတာပါပဲ..။အခုကျနော်တို့နိုင်ငံကိုလာမှာမို့လုံခြုံရေးတွေလုပ်တယ်.. မြန်မာ့ရေ
ပိုင်နက်နဲ့အနီးဆုံးနေရာမှာသူတို့ရဲ့စစ်ရေယာဉ်တွေရောက်နေတယ်..သမ္မတမြန်မာနိုင်ငံထဲမှာအသုံးပြုစီးနင်း
မယ့်ကားတွေ..လုံခြုံရေးယူမယ့် စစ်ရဟတ်ယာဉ်တွေ..ကွန်မန်ဒိုတွေ..စတဲ့..စတဲ့..ဆောင်ရွက်ချက်တွေဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေသာဖြစ်ပါတယ်..။ အချို့..အချို့..ကော့မင့်တွေမှာ ဖတ်ရသလိုမျိုး ဒီနိုင်ငံက ဆင်းရဲလို့.. မလုံခြုံလို့.. နိမ်တာ.. အပိုအလုပ်တွေ.. ပါဝါပြတယ်.. ဆိုတာမျိုးမဟုတ်ပါဘူး..။ သူတို့ နဲ့ ပါဝါတူတဲ့ အင်္ဂလန် နိုင်ငံကိုသွားတုန်းကလည်း ဒီလိုပဲ လုံခြုံရေးကို အရေးပေးပြုလုပ်ခဲ့ကြတာပါပဲ..။ ဒီတော့ ပြည်သူတွေကို အလေးထားဦးစားပေးပြီး ပြည်သူ့အကျိုးကို ထမ်းရွက်နိုင်သူကို ပြည်သူတွေ က သမ္မတ အဖြစ်ရွေးချယ်ထားတာပါပဲ..။ သူတို့ ရဲ့တပ်မတော်အသီးသီးဟာ လည်း သမ္မတကို အရေးပေးတယ်ဆိုတာဟာလည်း ပြည်သူတွေကို အလေးထားကြောင်း ဖော်ပြနေတာနဲ့ အတူတူပါပဲ...။
ကျွန်တော်တို့ မြန်မာနိုင်ငံ ကို လာတာမပြောပါနဲ့အုံး အမေ၇ိကန်နဲ့  အင်အားတန်းတူ နီးပါးလောက်၇ှိနေတဲ့
အင်္ဂလန်ကိုသွားတာတောင်မှ ဒီလို ပဲ လုပ်ခဲ့ကြလို့  အင်္ဂလန် လူမျိုးတွေတောင် မျက်လုံးပြူးခဲ့ ရတယ်လို့ သတင်းတွေမှာ ဖော်ပြထား တာတွေကို မြင်နေရပါတယ်..
အိုဘားမားတို့ဘုန်းကြီးလိုက်ပုံများအင်္ဂလန်ဘုရင်မတောင်အရှုံးပေးရတယ်
ပြီးခဲ့တဲ့ ၂၀၁၁ မေလထဲကလဲ အိုဘားမား ဇနီးမောင်နှံနဲ့အဖွဲ့ အင်္ဂလန်ကို လာလည်တော့လဲ လုံခြုံရေးစနစ် များလွန်းလို့ အင်္ဂလိပ်တွေတောင် ရင်သပ်ရှုမော ဖြစ်ကုန်ပါတယ်။
လူ ၅၀၀ ကျော်လောက်ပါတဲ့ အိုဘားမားအဖွဲ့ထဲမှာ အိမ်ဖြူတော် အရာရှိတွေ၊ သမ္မတကို အရေးပေါ်ကုသဖို့ ဆရာဝန် ၆ ဦးပါ ဆေးအဖွဲ့၊ သမ္မတအတွက် စားဖိုမှူးတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ၂၀၀ ကျော်ရှိတဲ့ သမ္မတ ကိုယ်ရံတော် စုံထောက်တွေ ပါဝင်ပါတယ်။
အင်္ဂလန်မှာ ခရီးလှည့်နေစဉ် အမေရိကန်ကနေ လေယာဉ်နဲ့သယ်လာတဲ့ စီးတော်ယာဉ် The Beast ကို အိုဘားမား စီးနင်း ပါတယ်။ အိုဘားမားကားကို တခြားမော်တော်ယာဉ် အစီး ၂၀ ကခြံရံပီး ဒီကားတန်းကိုမှ ရှေ့ပြေးမော်တော်ယာဉ်တွေက ဦး ဆောင်ပါတယ်။
အိုးဘားမားရဲ့ အခြံအရံတွေထဲမှာ ညူကလီယာ ဒုံးပျံတွေ ပစ်လွှတ်ဖို့ လျို့ဝှက် ကုတ်နံပါတ်တွေပါတဲ့ လက်ဆွဲအိတ်ကိုင် အရာရှိတဦးအပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ဌာနကြီး ၆ ခုရဲ့ ကိုယ်စားလှယ်တွေလဲ ပါဝင်ပါ တယ်။ အိုဘားမား စီးတဲ့ Air Force One လေယာဉ်ကြီးဟာ အားကစားရုံတွေ ခွဲစိတ်ခန်းတွေပါဝင်တဲ့ ဧရာမ မိုးပျံဟော် တယ်ကြီးအသွင် ဆောင်နေပါတယ်။ ဒါ့ပြင် ညူကလီယာပေါက်ကွဲမြှုဖစ်ခဲ့ရင်ကာကွယ်ဖို့အတွက် ဓါတ်ရောင်ခြည် ကာ ကွယ်တဲ့စနစ်လဲ တပ်ဆင်ထားပါတယ်။
တည်ကြက် လေယာဉ်တစီးခြံရံထားပြီး ဇိမ်ခံဟော်တယ်ကြီးအသွင် အိုဘားမားစီးတော်မူတဲ့ Air Force One လေယာဉ် ကြီးဟာ တနာရီပျံသန်းတိုင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂သိန်းနီးပါးရှိပါသတဲ့။ အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်ကလဲ ဒုံးကျည်ရန်ကို ရှောင်လွဲနိုင်တဲ့ မီးကျည်တွေ တပ်ဆင်ထားပါတယ်။
အိုဘားမားစီးမဲ့ မရင်းဝမ်း ရဟတ်ယာဉ်နဲ့ တည်ကြက်ယာဉ်တွေအပါအ၀င် ယာဉ်မျိုးစုံ ၄၅ စီးကို အိုဘားမားသွားမဲ့ ခရီး စဉ် မတိုင်ခင် C-17 ဂျက်လေယာဉ်ကြိးနဲ့ ကြိုတင် ပို့ထားရပါတယ်။ အရင်ကဆိုရင် သတင်းစာသမားတွေ တီဗီံ သမားတွေ အ တွက် ဘတ်စကား ၂ စီး၊ ရေဒါဖျက်တဲ့ယာဉ်တစီးနဲ့ SWAT ကွန်မင်ဒိုတွေအတွက် ကားတစီး ပါလေ့ ရှိပါတယ်။ သမ္မတ အို ဘားမားရဲ့ လန်ဒန်ခရီးစဉ်အတွင်း သမ္မတမိန့်ခွန်းရေးပေးသူ ၄ ဦး ပါလာပါတယ်။
အိုင်ယာလန်ကအပြန် လန်ဒန် ဘာကင်ကမ် ဘုရင်မနန်းတော်ကို အိုဘားဘား ညအိပ်လာရောက် လည်ပတ်ခဲ့ပါတယ်။ ဘာ ကင်ကမ် နန်းတော်ဆိုတာ အင်္ဂလန် ပြည့်ရှင် အင်မတန် ချမ်းသာတဲ့ ဘုရင်မနန်းတော်မို့ အစစ ဘယ်လောက် ပြည့်စုံ မလဲ ဧည့်ဝတ်ကျေမလဲ မှန်းကြည့်နိုင်ပါတယ်။ အိုဘားမား ဇနီးမောင်နှံထားမဲ့ နန်းတော်အခန်းဆိုတာကလဲ နယ်လဆင်မန် ဒဲလားတို့ အမေရိကန်သမတ ကနေဒီတို့ လာတုံးက တည်းခိုခဲ့တဲ့ သမိုင်းဝင် အခန်းဖြစ်ပါတယ်။
ဘယ်လောက်ဘဲဘုရင်မနန်းတော်အရာရှိတွေဘက်ကပြည့်စုံအောင် လုပ်ထားပါစေ…အမေရိကန် သမ္မတရဲ့ လုံခြုံရေး အရာရှိတွေအတွက်တော့ မပြည့်စုံဘူးလို့ ယူဆပါတယ်။ ဒီမှာတင် အမေရိကန်ကနေ သမ္မတကိုယ်ရံတော်လုံခြုံရေးစုံထောက်တွေယူလာတဲ့ဗုံးဒဏ် ကာကွယ်နိုင်တဲ့ မှန်နှစ်ထပ်ပုံစံ အလွှာတခုကို အိုဘားမားအိပ်မဲ့ အခန်းပြတင်း ပေါက် တွေမှာ အပြင်က ထပ်တပ်ခွင့်ပေးရမယ်လို့ တောင်းဆိုလာလို့ နန်းတော်အရာရှိအံ့အားတသင့်ဖြစ်ကုန်ပါသတဲ့။ဒီကြားထဲသမ္မတအိုဘားမားရဲ့ကိုယ်ရံတော် ထောက်လှမ်းရေး
တပ်ဖွဲ့က နန်းတော်မြေအောက်ခန်းမှာ စစ်တပ်ပုံစံ အိပ်စင်တွေနဲ့နေရာ ယူ…ကိုယ်ပိုင် ဆက်သွယ်ရေး စက်ကိရိယာတွေတပ်ထားပါတယ်။အိုဘားမားလုံခြုံရေးစုံထောက်တွေသေနတ်တွေတကားကားနဲ့အင်္ဂလန်ဘု
ရင်မနန်းတော်ထဲမှာသူတို့ကိုယ်ပိုင်နန်းတော်အလားပြေးလွှားနေလိုက်ကြတာ၂၄ဆိုတဲ့တီဗွီဇာတ်လမ်းကြည့်ေ
နေရသလားထင်ရတယ်လို့ မျက်မြင်သက် သေ တွေက ပြောပါတယ်။ အိုဘားမား ကိုယ်ရံတော်တွေဟာ သမ္မတကိုအရေးပေါ်သွေးသွင်းနိုင်ဖို့ပစ္စည်းတွေအပါအ၀င်ဆေးခန်းအသေးစားလေးတခုကို ဆေးရုံးသုံးစက်က
ရိယာတွေနဲ့ နန်းတော်ထဲမှာ တပ်ဆင်ထားပါတယ်။ နောက်ဆုံး အိုဘားမားကို အင်္ဂလန်ဘုရင်မအတွက် သီးသန့်ထုတ်လုပ်ထားတဲ့သောက်ရေသန့်ကိုတောင်တိုက်ခွင့်မပေးနိုင်၊သူတို့အမေရိကန်ကသယ်လာတဲ့သမ္မ
တအိုဘားမားသောက်နေကျသောက်ရေသန့်ကိုသာတိုက်မယ်လို့အိုဘားမားကိုယ်ရံတော်ထောက်လှမ်းရေးအ
ရာရှိတွေပြောတော့နန်းတွင်းအရာရှိတွေအံ့သြသွားပါတယ်။ဘာကြောင့်လဲလို့မေးတော့“ကျွန်တော်တို့သမ္မတ
ရေပြောင်းရေလွဲမှာဗိုက်နာတာမျိုးအဖြစ်မခံနိုင်လို့ပါ”လို့သမ္မတကိုယ်ရံတော်တွေကဖြေပါသတဲ့….။ဘာပြော
ကောင်းမလဲ။အင်္ဂလိပ်သတင်းစာတွေဆိုတာ ဆွေ့ဆွေ့ခုန်သွားတာဘဲ။အိုဘားမားတို့ဘုန်းကြီးလိုက်ပုံများအင်္ဂ
လန်ဘုရင်မတောင်အရှုံးပေးရတယ်။အင်္ဂလန်ဘုရင်မသောက်တဲ့ရေတောင်အိုဘားမားကိုမတိုက်နိုင်ဘူး...တဲ့။

0 comments:

Post a Comment