468x60 Ads

Friday, November 23, 2012

ခွေးရူးကိုက်ခံရမှန်း သိသော်လည်း ဆေးမရှိလို့ မကုရတဲ့ ရခိုင်က ကလေးများ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးရွာ တစ်ခုမှ မူလတန်း ကျောင်းသား ကလေးငယ် (၃) ဦးသည်ကျာင်းမှအပြန် ခွေးရူး ကိုက်ခံခဲ့ရသော်လည်း အနီးအနားရှိ အစိုးရ ဆေးရုံများတွင် ခွေးရူးကု ဆေး မရှိသဖြင့် ဆေးမကုသရဘဲ ဖြစ်နေကြောင်း သတင်း ရရှိသည်။
ခွေးရူးကိုက်ခံရသူ ကလေးငယ် သုံးဦးမှာ ရသေ့တောင်မြို့နယ် မယူကမ်း ဒေသ လောင်းချောင်း တိုက်နယ် အပိုင် နေပူခံ ကျေးရွာမှ မလှဝင်း (၉ နှစ်)၊ မောင်ကျော်ဇော(၈ နှစ်) နှင့် အောင်ခိန်(၁၀ နှစ်) တို့ဖြစ်ကြသည်။သူတို့သည်နိုဝင်ဘာလ၁၉ရက်ညနေ၅နာရီအချိန်တွင်ကျောင်းမှအပြန် ခွေးရူးကိုက်ခံခဲ့ရခြင်း
 ဖြစ်ကြောင်း သိရသည်။
“ ဒီကလေးငယ် ၃ ဦး ကျောင်းက အပြန်မှာ ခွေးရူးကိုက်ခံရပါတယ်။ အနီးအနားက ဈေးကုန်တန်းရွာ အစိုးရကျေးလက်ဆေးပေးခန်းသို့ယူသွားပါတယ်။ဆေးမှူးကိုကျော်မင်းထွန်းကဆေးခန်းမှာခွေးရူးကုတဲ့ဆေး
မရှိဘူးလို့ပြောပါတယ်။ဒါနဲ့ ကလေးတွေ ဆေးမကုရဘဲ ဖြစ်နေတယ်။ ဆေးခန်းကတော့ ခွေးတောက်မြစ်နဲ့ သကြားနည်းနည်းထည့်ပြီးပြန်လွှတ်ပေးလိုက်ပါတယ်”ဟုဆွေမျိုးတော်စပ်သူတစ်ဦးကနိရဉ္စရာကို ပြောသည်။
ဈေးကုန်တန်း ဆေးပေးခန်းတွင် ခွေးရူးဆေး မရှိသော်လည်း အပြင်ဆေးဆိုင်များတွင် ခွေးရူးဆေး ရှိကြောင်း၊ သို့သော်လည်း ဆေးတစ်လုံးကို ကျပ် ၁၅၀၀၀ ကနေ ၂၀၀၀၀အထိ ရှိသဖြင့် မိဖများ အနေဖြင့် ငွေကြေး မတတ်နိုင်၍ မ၀ယ်ယူနိုင်ဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။
ခွေးရူးဆေးမှာ အနည်းဆုံး တရက်ကို တစ်လုံးကျဖြင့် ၁၄ လုံးထိ ထိုးရသဖြင့် မိဖများ အနေဖြင့် မည်သို့မှမတတ်နိုင်ဘဲ ဖြစ်နေကြသည်။
၎င်းပြင်မြို့နယ်ဆေးရုံသို့ယူဆောင်သွားမည်ဆိုလျှင်လည်းလမ်းစရိတ်၊နေစရိတ်၊စားစရိတ်နှင့်ဆေးဖိုးဝါးခများ
ကို မတတ်နိုင်ကြသဖြင့် ကလေးငယ် (၃) ဦး၏ မိဖများမှာ အထူး အကျပ်ရိုက်ကာ အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။
နေပူခံကျေးရွာသည်ရသေ့တောင်မြို့နှင့်၇မိုင်ခန့်သာ ဝေးသော်လည်း မယူမြစ်ကို ဖြတ်ပြီး သွားလာရသဖြင့် စက်လှေခမှာ လူတစ်ဦး အသွားအပြန် ကျပ်၂၀၀၀ ကုန်ကျသည်ဟု ပြောသည်။ ကလေးငယ် (၃) ဦးအား အချိန်မှီ ဆေးဝါး မကုသနိုင်ပါက ခွေးရူး ရောဂါဖြင့် သေဆုံးသွားနိုင်သဖြင့် ဒေသ အတွင်းက လူကြီးများ၏ အစီအစဉ်ဖြင့်ကလေးငယ်(၃)ဦးရသေ့တောင်မြို့နယ်ဆေးရုံသို့ယခုအခါယူဆောင်ရန်စီစဉ်နေကြောင်းဆွေ
မျိုးတော်စပ်သူကပြောသည်။ရသေ့တောင်မြို့နယ် မယူကမ်းဒေသတွင် လောင်းချောင်း၊ မိညို ထောင့် တို့တွင်အစိုးရဆေးခန်းများရှိပြီးစေတီပြင်ကျေးရွာတွင်လည်းတိုက်နယ်ဆေးရုံရှိသော်လည်း ခွေးရူးဆေးမရှိ၍
ငွေကြေး မတတ်နိုင်သူများ အနေဖြင့် ခွေးရူးကိုက်ခံရ၍ သေဆုံးခဲ့ရမူများလည်း ရှိကြောင်း သိရသည်။
အဆိုပါဒေသတွင်ယမန်နှစ်ကစပြီးခွေးရူးဖြစ်ပွားမူနှုန်းမှာကြောက်ခမန်းလိလိတိုးပွားလာခဲ့ပြီးလူအများအပြား
လည်း ခွေးရူးကိုက်ခံခဲ့ရရာ တချို့ ကျေးရွာများတွင် ခွေးရူးကိုက် ခံရမည်ကို စိုးရိမ် ကြောက်လန့် သဖြင့် ယမန်နှစ်က သင်္ကြန်ပွဲတော်ကိုတောင် မပြုလုပ်ဘဲ ရှိခဲ့ကြသည်ဟု သိရသည်။

0 comments:

Post a Comment