468x60 Ads

Friday, November 23, 2012

ဒီမိုကရေစီ မြန်မာနိုင်ငံ၏ တိုးတက်လာသော ဆန္ဒဖော်ထုတ်ပွဲများ

ဒီမိုကရေစီနိုင်ငံဆီကိုချီတက်နေတဲ့.နေ့ မြန်မာနိုင်ငံတော်ကြီးမှာဘာတွေတိုးတက်ပြောင်းလဲလာပြီလဲဆိုတာ
တော့အတိအကျမပြောနိုင်ပေမယ့်ပြောနိုင်တာတစ်ခုကတော့နိုင်ငံရဲ့နေရာအတော်များများမှာလူထုဆန္ဒဖော်
ထုတ်ပွဲတွေဟာတစ်နေထက်တစ်နေတိုးတက်လာနေပုံတွေကို စုစည်းတင်ပြ လိုက်ခြင်းဖြစ်ပါ သည်။ လူအလိုကိုနတ်မလိုက်နိုင်ဆိုတဲ့ဆိုရိုးစကားရှိခဲ့သလိုလူတိုင်းရဲ့လိုအပ်ချက်တွေကတော့ဖြည့်ဆည်းပေးဖို့ ဆို တာတော်တော်ကိုအချိန်ယူရအုံးမှာဖြစ်ပါတယ်လိုမြင်မိပါတယ်။နည်းနည်းအလိုမကျတာနဲ့ လမ်းလျှောက်ချီ
တက်ပြီးဆန္ဒဖော်ထုတ်လိုက်တာကိုကပေါ်ပြူလာတစ်ခုလိုဖြစ်နေသောယနေ့ မြန်မာနိုင်ငံတော်အကြောင်းကို လက်လှမ်းမှီသလောက်စုစည်းထားခြင်းဖြစ်ပါတယ်..
လှိုင်သာယာမြို့နယ် ပဒံကျေးရွာက ဆန္ဒပြလယ်သမားများ
ငြိမ်းချမ်းစွာ လမ်းပေါ်မှာ ဆန္ဒဖော်ထုတ်တောင်းဆိုနေတဲ့ လှိုင်သာယာ ပဒံက လယ်သမားတွေဟာ ဒိကနေ့ ၁၉.၁၁.၂၀၁၂ ရက်နေ့ အမေရိကန်သမ္မ အိုဘားမား ရောက်ရှိလာတဲ့ နေ့မှာပဲ ဆန္ဒပြ လယ်သမားတွေ စားဖို့အခက်အခဲကြုံနေပြီလို့ သိရှိရပါတယ်။ သူတို့တွေဟာ တောင်းဆိုမှုတွေအပေါ် ဖြေရှင်းပေးသည်အထိ ဇွဲရှိရှိနဲ့စောင့်ဆိုင်းလာရာမှသက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းဖြေရှင်းပေးခြင်းမရှိတဲ့အတွက်စံချိန်တင်ဆန
္ဒဖော်ထုတ်ခြင်းရက်၂၀မြောက်ဖြစ်ခဲ့ပါပြီ။ ဒီကနေ့ မနက်မှာတော့ လယ်သမားတွေဟာရွှေတိဂုံဘုရားပေါ် ကို
အောင်သပြေပန်းတွေကိုင်ဆောင်ပြီးလမ်းလျှောက်ချီတက်သွားခဲ့ကြပါတယ်။ဒီလိုနေ့မျိုးမှာလယ်သမားတွေနေ
နဲ့ထူးခြားဘာမှမလုပ်ဖြစ်ပါဘူး။ဘုရားတက်တာကတော့နေ့စဉ်ပါပဲ။ဒီကနေ့တော့ဒေါ်ခင်ကြည်ရဲ့ ဂူဗိမ္မာန်မှာ သန့်ရှင်းရေးလုပ်ကြမယ်လို့ဆိုပါတယ်။မနက်ပိုင်းမှာပဲအလှူရှင်တစ်ဦးငွေတစ်သောင်းခွဲလာရောက်လှူဒါန်းသွား
တယ်လို့သိရှိရပြီး၁၄ရက်နေ့မှစ၍သုံးဦးသုံးဖလှယ်တွေ့ဆုံညှိနှိုင်းရေး၇ရက်အတွင်းဆောင်ရွက်ပေးရန်တောင်း
ဆိုထားသော်လည်းတာဝန်ရှိသူများ၏လျစ်လျှူရှုခြင်းကိုခံထားရတဲ့လယ်သမားတွေခမျာမှာတော့စားရေးသောက်
ရေးပါအခက်ကြုံလာရပြီဖြစ်ပါတယ်။
ဝါ၀ါဝင်းလက်ထဲအပ်လိုက်ရတဲ့လယ်ယာမြေများကို ပြန်လည်းတောင်းခံ
အိုးအိမ်ဌာနက သိမ်းဆည်းပြီး ၀ါဝါ၀င်း လက်ထဲအပ်ထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး နစ်နာ ဆုံးရှုံးမှုတွေကို ဥပဒေအထောက်အထားတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်ရာ ဌာနနဲ့ဝါ၀ါဝင်းကုမ္ပဏီရဲ့လုပ်ဆောင်မှုတွေဟာ မညီညွတ်ကြောင်း ထောက်ပြပြောဆိုပြီး   လယ်သမားတွေ  ရဲ့နစ်နာဆုံးရှုံးခဲ့ရမှုတွေအတွက်ပြန်လည်အရေးဆိုလာခဲ့ရာမှာ  ပင်ပန်းဆင်းရဲခံပြီး ရက်ရှည် ဆန္ဒဖော် ထုတ်တောင်း ဆိုခဲ့ကြသော်လည်းတာဝန်ယူဖြေရှင်ပေးမယ့်သူမပေါ်ပေါက်လာသေးတဲ့အ
တွက် ဆန္ဒပြပွဲဟာ ၂၃ ရက်တိုင်တိုင် ရှိခဲ့ပါပြီ။
မြောင်းတကာရွှေလုပ်သားများဆန္ဒဖော်ထုတ်နေကြစဉ်
မြောင်းကတာသံမဏိ စက်ရုံနဲ့ တစ်ဆက်တည်း သိမ်းဆည်းခံထားရတဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး သက်မှတ်ဧကထက်ကျော်လွန်သိမ်းဆည်းထားတဲ့ကိစ္စလယ်သမားတွေရဲ့နစ်နာမှုအပေါ်ပြန်လည်ဆာင်ရွက်
ပေးရန်ကိစ္စတွေကိုဒီလယ်သမားအရေးလိုက်ပါဆောင်ရွက်ပေးနေသူဦးငွေထွန်းက မြေယာစုံစမ်း ရေးကော်မ
ရှင်ထိ တင်ပြထားပြီးဖြစ်ပါတယ်။
ဒီလယ်သမားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး မှော်ဘီမြို့နယ် တပ်နယ်မှူးက မြေစာရင်း၊ အိုးအိမ် နဲ့ လယ်သမားများအစုံအညီထိပ်တိုက်ရှင်းလင်းပေးခဲ့ပြီးလယ်သမားများ၏တင်ပြချက်အပေါ် ပြန်လည်တိုင်းတာ စစ်ဆေးပေးရေးမြေစာရင်းကိုတိုက်တွန်းပြောဆိုခဲ့ပေမယ့်လည်းယနေ့အချိန်ထိပြန်လည်တိုင်းတာသတ်မှတ်ေ
ပေးခြင်း မရှိပါဘူး။
မိုးထိမိုးမိဒေသက ရွှေလုပ်သားများအမျိုးသားကြီးပွားတိုးတက်ရေးရှေ့ ဆန္ဒဖော်ထုတ်နေကြစဉ်

ရမည်းသင်းမြို့နယ်မိုးထိမိုးမိဒေသကရွှေလုပ်သားတွေဟာအမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဝင်ရောက်
လာပြီးသည့်နောက်ပိုင်းအသေးစားရွှေငန်းရှင်တွေနဲ့မှီခိုရွှေတွင်းလုပ်သားတွေ အခက်ကြုံခဲ့ရပြီး ကုမ္ပဏီဟာ အသေးစားရွှေလုပ်ငန်းရှင်တွေနဲ့ မှိခိုလုပ်သားတွေရဲ့ တောင်းဆိုချက်တွေအပေါ် ညှိနှိုင်းသဘော တူညီမှု ရရှိခဲ့ပြီးစာချုပ်ချုပ်ဆိုထားပါတယ်။အဲဒီလိုစာချုပ်ချုပ်ဆိုထားခဲ့ပေမယ့်လည်းကုမ္ပဏီဘက်ကစာချုပ်ပါသဘော
တူညီချက်တွေကိုလုပ်ဆောင်ပေးခြင်းမရှိတာကြောင့် ရွှေတွင်းလုပ်သားတွေ အခက်အခဲ ဖြစ်ရတဲ့အပေါ် မီဒီယာများတွင်လည်းအငြင်းပွားမှုပြေလည်သွားပြီဖြစ်ကြောင်းဖော်ပြမှုတွေပါလာတဲ့အတွက် ရွှေတွင်းလုပ်သား
တွေဟာ ပြေလည်မှုမရသေးတဲ့အကြောင်း ၂၇.၁၀.၂၀၁၂ ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယနေ့၂၉.၁၀.၂၀၁၂ရက်နေ့မှာတော့အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့မှာတရားဝင်ခွင့်ပြုချက်လျှောက်
ထားပြီး ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပါတယ်။
လက်ပံတန်းတောင်စီမံကိန်းအားကန့် ကွက်နေကြသူများ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြည်ထောင်စု အစိုးရ အဆင့်မှ လာရောက် မဖြေရှင်းမချင်း စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသ မြန်မာ
ဝမ်ပေါင်ကုမဏီ ရှေ့တွေ ဒေသခံရွာသား များထောင်ချီ၍ ထိုင်သပိတ်ဆင်နွှဲသွား မည်ဖြစ် ကြောင်း” ဓာတ်ပုံသတင်းနဲ့တကွမြင်တွေ့လိုက်ရတော့အားပေးခြင်း၊ထောက်ခံခြင်းကရင်ထဲက  နှစ်နှစ်ကာကာဖြစ်ပေါ်
လာတယ်။ ဒီအရေးကိစ္စကြီးနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေဟာ ပွင့်လင်းမြင် သာမှု မရှိဘဲ အလုပ်မရှိအလုပ်ရှာ လုံခြုံရေးအင်အား အမြောင်အများသုံးပြီး ၀မ်ပေါင်နဲ့ ဦးပိုင်ဘက်က နေဘာကြောင့် ကာကွယ်ပေးနေရသလဲဆိုတာကပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့်စဉ်းစားရကြပ်နေတဲ့ အချက်တစ်ချက်ပါ။
စမ်းချောင်းသမ၀ါယမအသင်းသားများ
စမ်းချောင်းမြို့နယ်၊ကျွန်းတောရပ်ကွက်ရှိသမ၀ါယမအသင်းသားအသင်းသူတွေဟာအဖွဲ့အစည်းပိုင်မြေပေါ်
မှာအသင်းသား အသင်းသူတွေရဲ့ဆန္ဒသဘောထား မပါဘဲ ကန်ထရိုက်တိုက် အဆောက်အဦးဆောက်လုပ်
ခဲ့ခြင်းအပေါ်ပြန်လည်ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။သူတို့တွေဟာသမ၀ါယမအသင်းရဲ့ဝန်ထမ်းတွေ
ဟာအသင်းသူအသင်းသားတွေရဲ့ဆန္ဒမပါဘဲဆောက်လုပ်သွားသောအဆောက်အဦးအတွက်ဆန္ဒဖော်ထုတ်ေ
တောင်းဆိုခြင်းဖြစ်တဲ့အပေါ်သူတို့တွေရဲ့တောင်းဆိုမှုကိုတာဝန်ရှိသူတွေအနေနဲညှိနှိုင်းဖြေရှင်းပေးစေလိုတဲ့အ
တွက် ဆန္ဒဖော်ထုတ်တောင်းဆိုခြင်း ဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူ တစ်ဦးက ပြောပါတယ်။
ဘင်္ဂါလီများအားထိရောက်စွာကိုင်တွယ်ဖြေ၇ှင်းပေးရေး
ဘင်္ဂါလီများအားထိရောက်စွာကိုင်တွယ်ဖြေ၇ှင်းပေးရေး
(၂၅.၁၀.၂၀၁၂)ရက်နေ့မှာရဟန်းသံဃာတော်တွေနဲ့အတူပြည်သူလူထုပါဝင်တဲ့ဘင်္ဂလီကျူးကျော်သူ များ အရေး ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးနိုင်ရေး ရန်ကုန်မြို့ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာ ထပ်မံဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ဆန္ဒပြပွဲမှာကျူးကျော်ဝင်ရောက်လာတဲ့ဘင်္ဂါလီများရဲ့ယုတ်မာ ရက် စက် မှုကြောင့်   ရခိုင်လူမျိုးတွေ ထိခိုက်အနာတရ ဖြစ်ခဲ့ရပုံတွေကို ကိုင်ဆောင်ထားပြီး ဆူးလေ ဘုရားပေါ်မှာ စတင်ဝတ်ပြုဆုတောင်းပြီး မြို့တော်ခန်းမရှေ့မှာ နာရီဝက်ခန့် တန်းဆီ၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဆန္ဒဖော်ထုတ်ရခြင်းနဲ့ပတ်သက်လို့သံဃာတော်တွေကဦးဆောင်ပြီးအချက်(၃)ချက်ကိုတောင်းဆိုထားပါတယ်။
(၁)ယခုချက်ချင်းအစိုးရမှ ရခိုင်ပြည်သူလူထု၏ အသက်အိုးအိမ်များကို အမြန်ဆုံး ကာကွယ် ပေးရန်။
(၂)ပြည်ထောင်စုတိုင်းရင်းသားသွေးချင်းအားလုံးရခိုင်ပြည်သူလူထုအတွက်ဝိုင်းဝန်းတောင်းဆိုမှုများ ပြုလုပ်
ပေးရန်။
(၃)ယခုဖြစ်စဉ်၊ဖြစ်ရပ်များသည်တရားမ၀င်ကျူးကျော်အကြမ်းဖက်မွတ်ဆလင်ဘင်္ဂါလီများကြောင့် ဖြစ်ပေါ်
လာရခြင်းကြောင့် ကမ္ဘာ့လူသားအားလုံး သိရှိစေရန် အစွန်းရောက် အကြမ်းဖက်ဝါဒကို လက်မခံကြောင်း သိသာစေရန်။´ ဟု တောင်းဆိုထားသည်။
မင်္ဂလာဒုံစက်မှုဇုန်အတွင်းကလယ်သမားများ
ဇေကမ္ဘာကုမ္ပဏီမှ သိမ်းဆည်းသွားခဲ့သော လယ်မြေများဖြစ်သည့် မင်္ဂလာဒုံစက်မှုဇုန် (၂)အတွင်းက လယ် သမားတွေဟာ သူတို့ရဲ့ နစ်နာမှုတွေ  အတွက် သိမ်းဆည်းရ ယူစဉ်က တည်းက သဘော တူထား  တဲ့အ ချက်တွေ ကိုယနေ့တိုင်ဆောင်ရွက်ပေးခြင်းမရှိသေးတာကြောင့် ၁၃ . ၁၀ . ၂၀၁၂ရက်နေ့မှာဆင်ဖုံကျေး    ရွာ၊သင်္ဃန်းကျွန်းကြီးကျေးရွား နှင့်အခြားကျေးရွာများမှလယ်သမားတွေဟာလယ်မြေအလွတ်ရှိနေတဲ့ နေရာ
တွေမှာ စုပေါင်းပြီး ခြံစည်းရိုးပြန်ခတ်ကြပါတယ်။
အခုလိုလုပ်ဆောင်ခြင်းနဲ့ပတ်သက်ပြီးဆင်ဖုံကျေးရွာမှလယ်သိမ်းခံ လယ်သမားတစ်ဦးဖြစ်သူ ဦးစံဝင်းမြင့်ကို
မေးမြန်းကြည့်ရာ ` ဦလေးတို့လယ်သမားတွေက နစ်နာကြေးပေးမယ်လို့ ပြောထားခဲ့တာကိုလည်း မရဘူး။ ခြံကွက်ပြန်ချပေးမယ်လို့ပြောထားတဲ့ကိစ္စကလည်းအခုထိဖြစ်မလာဘူး။ဒီကိစ္စတွေနဲ့ ပတ် သက် ပြီးလယ် ယာမြေ  စုံ စမ်းရေးကော်မရှင်ကိုလည်းတင်ပြထားတယ်။ဦးလေးတို့ကအဲဒီလိုတင်ပြထားပေမယ့် ကော်မ
ရှင်က ဘာမှ လာပြီးစစ်ဆေးဆောင်ရွက်ခြင်းမရှိသေးဘူး။ ဒီလိုအခြေအနေမှာ ကုမ္ပဏီတွေအနေနဲ့လည်း ဆက်မလုပ်စေချင်ဘူး။ သူတို့ဘက်က အလျှင်အမြန်လုပ်နေကြတော့ ဦးလေးတို့ အနေနဲ့ကလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်လာရင် ပြနိုင်အောင် အခုလို လုပ်ရတာပါ´ လို့ ဆိုပါတယ်။
ကျောင်းသားများဆန္ဒပြလမ်းလျှောက်နေကြစဉ်
စစ်ကိုင်း ရွာသစ်ကြီး တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးကျောင်းက ကျောင်းသား ၆၀၀ ၀န်းကျင်ဟာ ယမန်နေ့ နိုဝင်ဘာ လ ၂၂ ရက်နေ့ ည ၇ နာရီက စတင်ပြီး ကျောင်းပြောင်းရွှေ့မည့်ကိစ္စ မကျေနပ်တဲ့ အတွက် မန္တလေးမြို့ အထိ လမ်းလျှောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ တိုင်းရင်းသားကျောင်းသားများဟာ ယခင် မန္တလေးမြို့ မှ  ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်မှ ဖြစ်ကြပါတယ်။



0 comments:

Post a Comment