468x60 Ads

Thursday, November 22, 2012

ဒေါ်လာသန်း ၁၀၀ ရရှိမည့် ပ၇ီးမီးယားလိဂ်

လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် ပရီးမီးယားလိဂ် ဥက္ကဋ္ဌများ အစည်းအဝေးတွင် ပရီးမီးယားလိဂ် အဖွဲ့ချုပ် အမှုဆောင် ဆူရာဂိုက ယခုရာသီ တွင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ဆုကြေးပေါင်းသန်း ၁၀ဝ နီးပါးရရှိဖွယ်ရှိကြောင်း အသိ ပေးပြောကြားခဲ့ရာနိုင်ငံတကာ ဘောလုံးငွေကြယ်ပွင့်များ၏အဓိက ရည်မှန်းချက်မှာ အင်္ဂလန်ပရီးမီး ယားလိဂ် ဖြစ်လာဖွယ်ရှိသည်ဟု သတင်းများကဆိုသည်။ နာမည် ကြီး ရုပ်သံကုမ္ပဏီကြီးများဖြစ် သည့် BSKYB,BT တို့နှင့် သုံး နှစ်ချုပ်ဆိုခဲ့ရာမှ ဝင်ငွေ ပေါင် ၃ ဒသမ ၁ ဘီလီယံရရှိခဲ့ပြီးBSKYB မှ တစ်နှစ်ပြသခွင့်ပွဲပေါင်း ၁၁၆ ပွဲ ရရှိခဲ့ပြီး တစ်ပွဲချင်း တွက်ကြည့် ပါက ပရီးမီးယားလိဂ်တစ်ပွဲ လွှင့် လျှင် ပေါင် ၆ ဒသမ ၆ သန်း ရရှိ မည်ဟုသိရသည်။ လက်ရှိ ပရီး မီးယားလိဂ်ချန်ပီယံ မန်စီးတီးမှာ မန်ယူနောက် ဒုတိယနေရာတွင် ရပ် တည်နေပြီးချန်ပီယံလိဂ်တွင်လည်း အုပ်စုမှပြုတ်ခဲ့ပြီဖြစ်ရာ ပရီးမီးယား လိဂ်သရဖူကိုပင် အသည်းအသန် ကန်ရတော့မည်ဖြစ်သည်။ပင်လယ် ရပ်ခြား ရုပ်သံလွှင့်ခများကိုမူ ပရီးမီးယားလိဂ်အသင်း ၂၀ မှ အချိုးကျခံစားရရှိမည်ဟုသိရသည်။

0 comments:

Post a Comment