468x60 Ads

Wednesday, December 5, 2012

ကူညီပါအုံးသမ္မတကြီးရယ်...


ယခင်မရမ်းကုန်းမြို့နယ်တွင်ဘုရင့်နောင်ပွဲရုံစီမံကိန်းအကောင်အထည်ဖော်ရန်အတွက်ထိုစဉ်ကရန်ကုန်တိုင်း ၊တိုင်းမှူးဒုဗိုလ်ချုပ်ကြီးမျိုးညွှန့်မှ မြေပိုင်ရှင် ဒေါ်ဖွားချုံထံမှ နိုင်ငံတော်အတွက်မြေတောင်းခံခဲ့ရာ ဒေါ်ဖွား ချုံ မှ လယ် လုပ်သောမြေ စုစုပေါင်း(၅၀) ဧကခန့်ရှိသည်အနက်ဗိုလ်ချုပ် မျိုးညွှန့်မှ တုံ့ပြန်သော အားဖြင့် မြေ  ကွက် အမှတ်(၇) (၁၄.၇၈၇) ဧကအား““လယ်ယာမြေဟူသော စကားရပ်တွင် အကျုံး မ ၀င်ကြောင်း  ၀န်ခံ ချက်(၃-ခ)””ထုတ်ပေးမည်ဟုပြောကြားပြီးမြို့တော်စည်ပင်မြို့ပြမြေများစီမံခန့်ခွဲမှုဌာနမှလည်း  ငွေသွင်းရန် အကြောင်းကြားခဲ့ပြီး ပိုင်ရှင်များမှ ကျွန်တော်ငွေပေး သွင်းခဲ့သော်လည်း အသိ အမှတ်  ပြုခြင်း မခံရ သည့် အတွက်နိုင်ငံ တော်သမ္မထံ တိုင်ကြားစာပေးပို့ ခဲ့ကြောင်းသိရှိရသည်။
““နိုင်ငံတော်အတွက် မြေတွေ ပေးလိုက်ပြီး ကျန်တဲ့မြေ(၁၄. ၇၈၇)ဧကကို(၃-ခ)ထုတ်ပေးဖို့ သဘော တူညီ ချက် ရခဲ့ပြီး အခွန် တော်ငွေ(၁၂)သိန်းကိုလည်း တရား ၀င်ပေးသွင်းပြီးပါပြီ ပြီးတော့ စည် ပင် ဘက် က လည်း ငွေပေးသွင်း ဖို့ အကြောင်းကြားစာကမ်းလှမ်း ပြီးပါပြီ။ ဒါဟာ နှစ်ဖက် ပဠိ ညာဉ်  မြောက် ပါတယ်။ စည်ပင်အနေနဲ့ဒီမြေ၁၄ဧကကျော်ကို(၃-)သတ်မှတ်ဖို့ပျက်ကွက်တာလက်ရောက် ပေးခြင်းမပြုတာဟာလည်း ပဠိ ညာဉ်ဥပဒေပုဒ်မ (၃၇)အရ ပဠိ ညာဉ် အား ဆောင်ရွက်ရမည်ဆို တဲ့ဟာလို ချိုးဖောက် ရာ လည်း ရောက် ပါတယ်။နောက် ကျွန်တော် တို့ မြေပေါ်မှာလည်း ယာယီဆို ပြီး လူ(၆၀)လောက်ကို နေရာချ ထားတယ်။ ဒါကြောင့် သမ္မတကြီး ကိုတင်ပြချင်တာက မြန်မာမှာ သာမက ကမ္ဘာမှာတောင် အသိ အမှတ်ပြု ခံရတဲ့သမ္မတကြီးအနေနဲ့ ဒီကိစ္စကို ဥပဒေအတိုင်းဆောင် ရွက်ပေးပါလို့ တင်ပြ ချင် တယ်””ဟု  မြေပိုင် ရှင် ၏ အမွေ ခံ ဦးသီဟမှ Hot News သို့ပြောကြားခဲ့သည်။သမ္မတထံပေးပို့ခဲ့သော တိုင် ကြား အသ နား ခံ စာ ၌စည်ပင်အနေဖြင့်ဝန်ထမ်းများအုပ်ချုပ်သူ တာဝန်ရှိသူများ မည်သို့ပင်ပြောင်း နေစေကာမူ ၎င်း ပဠိ ညာဉ် အားကိုယ်စားဆက်ခံသူတို့က ဆက် လက်ဆောင်ရွက်ပေးရမည်ဟု ဖော်ပြထားပြီး စည်ပင် အနေဖြင့် ယခုအခါမ၁၄.၇၈၇ဧကနှင့်ပတ်သက်၍(၃-ခ)(လယ်ယာ မြေဟူသော စကားရပ်တွင် အ ကျုံး မ၀င်ကြောင်း ၀န်ခံချက်)အားလက်ရောက်မပေးခြင်းမှာပဠိညာဉ်အားကျူးလွန်ဖောက် ဖျက် ရာ ရောက် ပြီး မူလ ပိုင် ရှင် ခွင့်ပြု ချက် မရှိဘဲ အခွင့်မရှိသူများအား နေ ရာချထားခြင်းမှာလည်း ပြစ်မှုဆိုင် ရာ ကျူး လွန်သည့်အပြင် ဥပဒေ အရ လုပ်ပိုင်ခွင့်မရှိသည်ကို ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အာ ဏာ အလွဲ သုံးစား မှု ((Abuse of Power)) ကိုလည်း ကျူးလွန်ရာ ရောက်ကြောင်း သမ္မတထံတိုင် ကြားစာတွင် ထည့်သွင်းဖော်ပြ ထားကြောင်း သိရှိရသည်။
 Ref:ပြည်သူ့ အသံ

0 comments:

Post a Comment