468x60 Ads

Monday, July 23, 2012

အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား တရားဝင်ဆက်သွယ်မှုအား တရုတ်နိုင်ငံမှ ကန့်ကွက်ခဲ့ခြင်း

  အမေရိကန်နိုင်ငံနှင့်ထိုင်ဝမ်တို့အကြား ခိုင်မြဲသောဆက်ဆံရေးတိုးတက်မှုနှင့် တရားဝင်ဆက်သွယ်မှု များအား  တရုတ်နိုင်ငံမှကန့်ကွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရပုဂ္ဂိုလ် Hong Lei ကဇူလိုင်လ ၁၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးကို တရုတ်နိုင်ငံအနေဖြင့် တစ်သမတ်တည်း ပြတ်သားစွာရပ်တည်နေမည်ဖြစ်ကြောင်း ¤င်းမှထပ်လောင်းပြောကြားခဲ့ပါသည်။  မကြာသေးမီက ထိုင်ဝမ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ Dawn L.McCall  အလည်အပတ်ရောက်ရှိ ခဲ့ခြင်းအား တုံ့ပြန်သည့်အနေဖြင့် Hong  မှ အဆိုပါမှတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
Dawn L.McCall သည် ထိုင်ဝမ်ခေါင်းဆောင် Ma Ying -Jeou  အပါအဝင် ထိုင်ဝမ်အရာရှိ အကြီးအကဲ များနှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံအား One- China Policy  နှင့် တရုတ်-အမေရိကန်ပူးတွဲ ထုတ်ပြန်ချက် ၃ ရပ်အား လိုက်နာရန်တိုက်တွန်းကြောင်း အဆိုပါပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါသည်။ တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ၎င်းတို့၏ငြိမ်းချမ်းစွာဆက်ဆံရေးကို ထိခိုက်စေမည့် လုပ်ရပ်ကိုရှောင်ရှားရန်နှင့် ထိုင်ဝမ်နှင့်မည်သည့်ပုံစံဖြင့် တရားဝင်ဆက်ဆံရေးများကိုမဆိုရပ်တန့်ရန်Hong  က ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment