468x60 Ads

Sunday, February 23, 2014

ကားချင်းမျက်နှာချင်းဆိုင်တိုက်ရာမှ ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ

မိတ္ထီလာမြို့နယ်၊ ကျောက်ပန်တောင်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၀၉း၃၀ နာရီက မိုင် တိုင်အမှတ်၁၄/၂အနီးတွင်မိတ္ထိလာ-ကျောက်ပန်းတောင်းဦးတည်မောင်းနှင်လာသောCrown 9C/8068 နှင့် မျက်နှာချင်း ဆိုင်မောင်းနှင်လာသော လိုက်ထရပ်ကား 8B/3628 တို့ တိုက်မိပြီး လိုက်တရပ်ကားပေါ်မှ ဗိုလ်ကြီး မျိုးဝေ (၂၄)နှစ် သံချပ်ကာတပ်ရင်း ဗန်းမော်မှာ နေရာတွင်ပင် ပွဲ ချင်းပြီး သေ ဆုံးသွားခဲ့သည်။
ဗိုလ်ကြီးအောင်ဇော်ထက်(၂၅)နှစ်၊ဗိုလ်ကြီးဖြိုးဇော်ဇော်(၂၆)နှစ်တို့မှာဒဏ်ရာအသီးသီးရရှိ၍မိတ္ထိလာစစ်ဆေး
ရုံ သို့ အတွင်းလူနာအဖြစ်တင်ပို့ထားရကြောင်း သိရသည်။
Crown ကားယာဉ်မောင်း ကိုသက်ဇော်အောင် (၂၁)နှစ်မှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး လိုက် ထရပ် ယာဉ်မောင်းဦးမြင့်အောင် (၄၄)နှစ်တို့ ၂ဦးစလုံးအား ရှမ်းမငယ်ရဲစခန်းယာဉ်(ပ)၂/၂၀၁၄၊ ပုဒ်မ-၃၃၇/၃၃၈-၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Ref: တင်လှိုင်(မိတ္ထိလာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment