468x60 Ads

Sunday, February 23, 2014

ဗဟိုအာဖရိက သမ္မတနိုင်ငံအတွက် တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် စေလွှတ်ရန် ဘန်ကီမွန်း တောင်းဆို

ဗဟို အာဖရိက သမ္မတနိုင်ငံ တွင် ကုလသမဂ္ဂမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ကို တပ်ဖြန်ချ
ထားသောလည်းအကြမ်းဖက်မှုများသည် ပိုမိုဆိုးရွား လာသောကြောင့် ၎င်းနိုင်ငံသို့ တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် ထပ်မံစေ လွှတ်ပေးရန်နိုင်ငံ တကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကဖေဖော်ဝါရီ၂ဝရက်တွင်တောင်း ဆိုခဲ့ကြောင်းသိရသည်။ထို့ပြင်ဗဟိုအာဖရိက သမ္မတနိုင်ငံ အတွင်း ရှိပြည် သူများကို ကာကွယ် ရန်နှင့် နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းရေး ကိုတိုးမြှင့်လုပ်ဆောင်သွား ရန် စသည့် အကြံပြု ထောက်ခံ ချက်များ ပါရှိသည့် အစီရင်ခံစာ တစ်စောင်ကိုလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သို့ ပေးပို့ သွား မည်ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြားခဲ့သည်။ 
Ref: မြ၀တီ

0 comments:

Post a Comment