468x60 Ads

Monday, March 24, 2014

မိခင်ဖြစ်သူနတ်ကွန်းသန့်ရှင်းရေးသွားလုပ်နေစဉ်အိမ်ကျန်ရစ်သည့်သမီးအားအဓမ္မပြုကျင့်ခံရ


မုံရွာမြို့နယ်၊ထနောင်းတောတောင်ရွာတွင်ယခုလ၂၂ရက်နေ့မနက်၉နာရီကမိခင်ဖြစ်သူမနတ်စင်အားသန့်ရှင်း သွားလုပ်နေစဉ် နေအိမ်၌ ကျန်ခဲ့သော အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူအား အဓမ္မပြုကျင့်ခံရ သည့်ပြစ် မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်းညောင်ဖြူပင်ရဲကင်းစခန်းမှရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြော ကြားသည်။
ဖြစ်စဉ်မှာမုံရွာမြို့နယ်၊ထနောင်းတော(တောင်)ကျေးရွာနေ ဥယျာဉ်ခြံလုပ်ငန်း၊လုပ်ကိုင်သူ မ… ဆိုသူ သည် ရွာနတ်ကွန်းစင်အားသန့်ရှင်းရေးသွားလုပ်ပြီးနေအိမ်သို့ပြန်ရောက်လာစဉ်နေအိမ်၌အိမ်စောင့် အ ဖြစ် ကျန် ခဲ့သူအသက်(၁၂)နှစ်အရွယ်မ…ဆိုသူမှငိုယိုကာသူမအားတစ်ရွာတည်းနေကိုနေ၀မ်းဆိုသူကသားမယား အဖြစ်ပြုကျင့်ခဲ့ ကြောင်းမိခင်ဖြစ်သူ အားပြောပြတိုင်တန်းခဲ့သည်။
ထို့ကြောင့်မိခင်ဖြစ်သူကသမီးဖြစ်သူ၏ပြောပြချက်များအရညောင်ဖြူပင်ရဲကင်းစခန်းသို့သွားရောက်တိုင်တန်း ခဲ့ရာ ရဲကင်းစခန်းမှူး ရဲအုပ် မင်းဇော်ဦးမှ မုံရွာမြို့မရဲစခန်းသို့ တဆင့်တိုင်တန်းခဲ့သည်။ အဆိုပါ တိုင် တန်း ချက်အား မြို့မရဲစခန်းက အမှုကြီးဖြစ်စဉ်အမှတ် ၂/ ၂၀၁၄၊ ရဲစခန်း(ပ) ၉၂/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အ ရ အ မှုအား လက်ခံစစ်ဆေးလျက်ရှိကြောင်းသိရသည်။
အညာဒေသရှိမိရိုးဖလာနတ်ကိုးကွယ်ယုံကြည်သူများသည်တပေါင်းလသို့ရောက်သောအခါမိဆိုင်ဖဆိုင်ရိုးရာနတ်များအားပူဇော်ပသခြင်း၊နတ်ကွန်းနတ်နန်းများအားသန့်ရှင်ရေးပြုလုပ်ခြင်းများကိုလုပ်ကိုင်သည့် ဓလေ့ထုံးတမ်းများရှိကြောင်း သိရှိရသည်။

ကိုတိုးကြီး (ဖွဘွတ်)


0 comments:

Post a Comment