468x60 Ads

Monday, March 24, 2014

သီတဂူမျက်စိအထူးကုအဖွဲ့အလှူဒါနများ..






ရှမ်းပြည်တောင်ပိုင်း၊ ခိုလန်မြို့၊ သီတဂူမျက်စိအထူးကုအဖွဲ့၏ ၅ ရက်မြောက်နေ့ ၁၈-၃-၂၀၁၄ရက်မှ ၂၂-၃-၂၀၁၄ရက်နေ့အထိ ရပ်ဝေး ရပ်နီးမှ ဒေသခံ တိုင်းရင်းသားများ ဖြစ်ကြသော မျက်စိဝေဒနာရှင်ပေါင်း (၁၅၅၅)ယောက်ကို စမ်းသပ်စစ်ဆေးခဲ့သည်။ ထိုအထဲမှ (၂၃၄)ယောက်ကို ခွဲစိပ်ပေးပြီး မျက်စိအလင်း အလှူများ ပြုခဲ့ပါသည်။

သီတဂူ မျက်စိအထူးကုအဖွဲ့တွင် မျက်စိအထူးကု ဆရာဝန်ကြီးများ

၁။ ပရော်ဖက်ဆာ ဒေါက်တာ ဦးမြအောင်(ငြိမ်း)၊ 
၂။ ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်မြင့်ခိုင်(ငြိမ်း)၊ ၃။ ဒေါက်တာဒေါ်ခင်အုန်းဟန်၊ 
၎။ ဒေါက်တာ ဒေါ်ခင်အေးသီ၊ 
၅။ သူနာပြုဆရာမကြီး ဒေါ်ခင်ကြူ၊ 
၆။ လွိုင်လင်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာမြအေး၊ ၇။ ဒေါက်တာသော်တာဝင်း၊ 
၈။ တောင်ကြီးမြို့မှ မျက်စိအထူးကုဆရာဝန်ကြီး အောင်မိုးထွန်း၊ 
၉။ သီတဂူအာယုဒါနဆေးရုံတော်မှ ဒုဆေးရုံအုပ် ဒေါက်တာဒေါ်မိမိခင်နှင့် သီတဂူ အထူးသူနာပြု(၁၀)ဦး တို့က ပါဝင်လုပ်အားဒါနပြုခဲ့ပါသည်။

လိုက်ပါသွားသော သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများ

သီတဂူသာသနာပြု အဖွဲ့ဝင် လူကြီးများဖြစ်ကြသော 
၁။ ဦးတင်အေး(အတွင်းရေးမှူး(၂))၊ 
၂။ ဦးမြင့်အောင်(အတွင်းရေးမှူး(၃)၊ 
၃။ ဦးသန်းလွင်(ဘဏ္ဍာရေးမှူး)၊ 
၎။ ရန်ကုန်ထရန်စဖေါ်မာ - ဦးအောင်သောင်း (အဖွဲ့ဝင်)

သီတဂူရဲ့ ကျေးဇူးတင်စကား

သီတဂူမျက်စိအထူးကုအဖွဲ့တွင် ပါဝင်ကြသော အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ သီတဂူသာသနာပြုအဖွဲ့ဝင်လူကြီးများနှင့် သီတဂူမျက်စိအထူးကုအဖွဲ့ကို စားဝတ်နေရေးအတွက် အစစအရာရာလိုလေသေးမရှိ ဆောင်ရွက်ပေးပါသော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နှင့် ဇနီး၊ အရာရှိ၊ အရာခံ အကြပ်တပ်သားများ အားလုံးကို သီတဂူသာသနာပြုအဖွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။

ဆေးရုံကုသရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ခိုလန်မြို့၊ ကုတင်(၁၀၀)ဆံပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးယုဝေနှင့် အထူးကုဆရာဝန်များ၊ သူနာပြု ဆရာ/ဆရာမများ၊ ခိုလန်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ပတ်ဝန်းကျင်ဒေသရှိ အဖွဲ့အစည်း များကလည်း ပါဝင်လုပ်အားဒါနပြုခဲ့သည်ကို သီတဂူမျက်စိအထူးကု အဖွဲ့က လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါသည်။

မွေးရာပါ မျက်စိနှစ်ကွင်းအလင်းမရသူအား အလင်းရရှိစေခဲ့ပြီ

ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်း၊ မျက်စိအထူးကုအစီအစဉ်မှာ မွေးရာပါ မျက်စိနှစ်ကွင်း အလင်းမရရှာကြသည်ကို ပရော်ဖက်ဆာဒေါက်တာ ဦးမြအောင် (ငြိမ်း)၏ လမ်းညွှန်ချက်ဖြင့် သီတဂူအဖွဲ့က ခွဲစိပ်ကုသရာ ကလေးငယ်(၂)ဦး မအီနေနှင့် မသဇင်ထွန်း မျက်စိနှစ်ကွင်း အလင်းရရှိသွားခဲ့ကြလေသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၅-၃-၂၀၁၄

0 comments:

Post a Comment