468x60 Ads
Wednesday, October 24, 2012
အိန္ဒိယမှာပဲ ဒီလိုရှိတယ်အစ်ကို....
ကဲ...ဒီတစ်ခါတော့ စွပ်ပရားတို့ ၊ အပ္ပနားတို့ ၊ မူတူးတို့ ဆာမိတို့ ရဲ့ နိုင်ငံက ဖွယ်ဖွယ်ရာရာပုံရိပ်
ကလေးများကိုခံစားကြည့် ရှုကြပါဦး..
သွားကိုက်သွားနာ၊ သွားအလှပြင်တာ
အိန္ဒိယနည်း၊ အိန္ဒိယဟန် safety helmet.. (ကချင်ပြည်နယ်ကို ပို့ရမယ်.....)
သွားစိုက်သည်၊ သွားနှုတ်သည်၊ သွားဖုံးအတုပြုလုပ်သည်...
IT ပညာမှာတော့ အိန္ဒိယကိုလာမယှဉ်နဲ့ နော်..
ကြာသပတေးကြွက်မင်းတို့ ကို နို့ အလှူပေးပြီးယတြာချေချင်ယင် အဲဒီကိုသွား...
ဆင်ကြီးကိုဂဠုံမချီပေမယ့် တာတာချီပါတယ်...
အမျိုးသားရေချိုးကန်...
ကာရန်ညီညီနဲ့ ဆိုနီ၊ မိုနီ တဲ့ ဗျာ...
အလှမ်းမဝေးတဲ့ လမ်းဘေးမှာ....
သူတို့ ဆီက အထမ်းနဲ့ လူသယ်ပုံကတစ်မျိုး...
ကျိုက်ထီးရိုးမှာက တစ်ဖုံပေါ့ လေ...
သစ်တစ်ပင်ခုတ် တောင် ၃ နှစ်ဆိုလို့
လေညင်းခံ ရင်း
ဗီအိုင်ပီမို့ ဒီလိုအခြေအနေရတာ... ရိုးရိုးသာဆိုယင်တော့ မတွေးဝံ့ စရာ...
မြွေဆိုတာသူတို့ အတွက်တော့ ကစားစရာ...
အိန္ဒိယမှာကားကို ၀ယ်ပြီး တင်အောင်သုံးပါတယ်
နွားပြစားတယ်ဆိုတာဒါမျိုးထင်ပ....
လယ်ထွန်မင်္ဂလာ... စပါးတစ်စေ့ ထမင်းတစ်ခဲဖြစ်ဖို့ လွယ်မှတ်လို့ ...
ရှေးဟောင်းဘုရား အဆူ ၃ဝဝ ကို ဖူးမြော်ခဲ့ရတဲ့ နေတိုး
နေတိုးက ပုဂံမှာသွားရောက်ရိုက်ကူးခဲ့ တဲ့ ‘တိမ်တစ်စနဲ့ နွယ်တစ်မျှင်’ဇာတ်ကားနဲ့ ‘ရာဇ ဝင်ထဲကပုဂံသူ’ ဇာတ်ကား၂ကားမှာ ပရိသတ်မမြင် ရတာ ၈နှစ်လောက်ရှိပြီဖြစ်တဲ့ ပုဂံဘုရားမြင် ကွင်းတွေကို တွေ့ရမယ်လို့ဆိုပါတယ်။ စက်ပိုင်း ဆိုင်ရာကို နေတိုးရဲ့ကင်မရာ ဖြစ်တဲ့ 5D Mark III ကင်မရာနဲ့ရိုက်ကူးခဲ့တာလို့လည်းသိရတာကြောင့်
”ကျွန်တော်တို့ ဒီကားကို Full HD နဲ့ ရိုက်ထားတယ်။ ကျွန်တော်က ဒေါ့ကူမန်ထရီရိုက်တဲ့ ကောင်လေးတစ်ယောက်ပုံစံလုပ်ရတယ်။ ကျွန်တော်က ကင်မရာလည်း ဝါသနာပါတော့ အခု ဒီဇာတ်ကားနဲ့လိုက်မယ့် ကင်မရာအမျိုးအစားနဲ့ တွက်ပြီး ဒီကားကို ကျွန်တော့်ကင်မရာ 5D Mark III နဲ့ရိုက်ဖြစ်တာပါ။ ပုဂံက ကျွန်တော် အနု ပညာကိုစလုပ်ခဲ့တာ ပုဂံဒေသနဲ့စခဲ့ရတယ်လို့ ပြော လို့ရတယ်။ အဲဒီအချိန်တုန်းကနဲ့တော့ အခု အချိန်မှာ မတူတော့ဘူး” လို့ပြောပြပါတယ်။
နေတိုးက ပုဂံကပြန်ရောက်ပြီး  ရန်ကုန် မှာပဲ ဒီဇာတ်ကားရိုက်ကူးနေတဲ့ရက် အောက်တိုဘာ ၁၄ ရက်နေ့ ညနေက မှော်ဘီမြို့နယ် မှာရှိတဲ့ အောင်ဇမ္ဗူတောရကျောင်း တိုက်မှာ ရှိတဲ့ ရှေးဟောင်းဘုရားများကို ဝတ်မှုံရွှေရည်၊ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) တို့နဲ့ သွားရောက် ဖူးမြော်ခဲ့ပုံကို “ဘုန်းဘုန်းက ရှေးဟောင်းဘုရားတွေ ကြွလာ တယ်၊ လာဖူးပါဆိုတာနဲ့ ၂ ဆူလောက်ပဲထင်တာ။ ကျွန်တော် ရောက်သွားတော့ ဘုရားအဆူ ၃ဝဝ ဆိုတော့ တော်တော်လေး အံ့သြဖို့ကောင်းတယ်။ ပထမဆုံး ကျောင်းထဲ ဝင်တော့ အပြင်မှာ ဘုရား ၇ ဆူလောက် တချို့ကပျက်စီးနေတာလည်း ရှိတယ်။ ပြန်ပြုပြင်ဖို့ အောက်မှာထားတာ။ ဥာဏ်တော်က ၁ဝပေ ကျော်လောက် ရှိတယ်။ ရှေးဟောင်း ဘုရားအကြီးကြီးတွေလိုပဲပေါ့။ နောက်ကျောင်းထဲရောက်တော့ အပေါ်ထပ်မှာရှိသေးတယ်ဆိုတော့ သွားကြည့် လိုက်တာ အိပ်မက်တစ်ခုလိုဖြစ်သွား တယ်။ ရှေးကျတဲ့ လက်ရာတွေနဲ့ ဘုရားအဆူ ၃ဝဝ ကို တစ်ပြိုင်နက်တည်းဖူးမြော်ရလိမ့်မယ်လို့ မျှော်လင့် မထားဘူး။ ရင်ထဲမှာ တော်တော်လေး ကြည်နူး ပီတိဖြစ်ခဲ့ရ တယ်။ ရှေးဟောင်းဘုရားတွေကိုဒီလို တစ်ပြိုင်နက်တည်းဖူးမြော်ရတော့ တော်တော်လေး ကုသိုလ်ကောင်းတယ်လို့ ထင်မိတယ်။ ယွန်းဘုရားတွေ၊ ကျွန်းဘုရားတွေရော ပါတယ်။ ရွှေသင်္ကန်း ကပ်ထားတော့ ကြေးဘုရားလို့ထင်ရတယ်။ကြေး ဘုရားတွေပါတာလည်းရှိပေမယ့် နည်းတယ်။ ဒီဘုရားတွေကို ပြခန်းမှာ ပဲဖြစ်ဖြစ် သေသေချာချာ ထိန်းသိမ်းထားရင် တစ်စုတစ်ဝေးတည်း ဒီလိုဘုရားတွေကို ဖူးမြော်ခွင့်ရမယ်လို့ ထင်ပါတယ်” လို့လည်း ပြောပြခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့ ညနေက အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ ရှေးဟောင်း ဘုရားအလှူရှင်က လှူဒါန်းမှုကိုလည်း နေတိုးက ထပ်မံသွားရောက် ဖူးမြော်ခဲ့ပါ တယ်။ သီတင်းကျွတ် လပြည့်နေ့မှာတော့ အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ရှင်အပါး ၁ဝဝကို ရှင်ပြုရဟန်း ခံသာသနာ့ဘောင်သွတ်သွင်းမှာဖြစ်ပြီး၊ ရှင်အပါး ၁ဝဝ ထဲမှ ၁၁ ပါးကို နေတိုးတို့ မိသားစုက ပါဝင်ပြီး လှူဖွယ်ပစ္စည်းများနဲ့ ကုသိုလ်ပြုမယ်လို့လည်း သိရပါတယ်။
မီးဟုန်းဟုန်းတောက်နေသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ၏ တစ်နေရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်နှင့် မွတ်ဆလင်များ တစ်ဘက်နှင့် တစ်ဘက် အကြီးအကျယ် မီးရှို့နေကြပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
“ မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ
့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ယခုအခါ နေရာ အတော်များများကို မီးဟုန်းဟုန်း ထလောင်နေပြီ ဖြစ်ကြောင်း သူက ဆိုသည်။
ယခုအချိန်ထိ တဘက်နှင့် တဘက် ရင်ဆိုင် တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်ဘက်က (၆) ဦးဆေးရုံကို ရောက်ရှိလာကြောင်း သိရသည်။
မွတ်ဆလင်များဘက်က အထိအခိုက်ကို မသိရသေးကြောင်း သူက ပြောကြားသည်။
KIA အောင်မြင်မှုများ...
ကချင်ပြည်နယ် မြစ်ကြီးနား-ဆတုံး-ကန်ပိုင်တီလမ်းရှိ လုဂျီ (Lu Ji) နှင့် လဖိုင် (La Hpai) ကြားရှိ မန်ရှန် (Mang Shang) ရွာအနီးတွင် အောက်တိုဘာ၂၁ ရက် တနင်္ဂနွေနေ့ ည ၈ နာရီချိန် မြန်မာအစိုးရ တပ်မ (၈၈) မှ အင်အား ၃၀
ကျော်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၅) အောက် တပ်ရင်း (၃)နှင့် ခြုံခိုတိုက်ခိုက်ကြောင်းသိရသည်။
“လဖိုင်ရွာကနေ အဖွဲ့လိုက် ဆင်းလာကြတာ ကျနော်တို့ ကွက်တိစောင့်ပြီး ပစ်လိုက်တာ” ဟု ရှေ့တန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
မြန်မာအစိုးရတပ်သားများသည် ၎င်းတပ်ရင်း (၃) နယ်မြေအတွင်း လမ်းမကြီးတလျှောက် တပ်ချ၍ လှုပ်ရှားနေကြသော တပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။
တပ်မဟာ (၅) နယ်မြေ ဒေါ့ဖုန်းယန် (Dawhpumyang) ရှိ လုံဂျာကောင် (Lung Ja Kawng) တွင်လည်း မြန်မာအစိုးရတပ်ဖွဲ့ (ခမရ ၃၂၀) အင်အား ၃၀ ကျော်ကို တပ်မဟာ (၅) တပ်ရင်း (၂၄) မှ တနင်္ဂနွေညတွင် ပြောက်ကျား စနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ကျဆုံးမှုရှိနိုင်သော်လည်း အတိအကျ မသိရှိရကြောင်းပြောသည်။
၎င်းအစိုးရတပ်သည် စစ်ဘေးရှောင်နေသောဒေသခံများ၏ ကျွဲ၊ နွား၊ ဝက် တိရိစ္ဆာန်များကို ပစ်ခတ်၊ လုယက်စားသုံးနေသော တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများပြောသည်။
ဒေသခံများသည် KIO ဗဟိုဌာနချုပ် လိုင်ဇာဒုက္ခသည်စခန်းသို့ ခိုလုံနေသော်လည်း ရွာသားအချို့သည် စပါး ရိတ်သိမ်းချိန် တချို့ပြန်လာကြသည်။
KIA တပ်များသည် အစိုးရတပ်၏အင်အားဖြည့်၍ တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက်နေပြီး အောက်တိုဘာ ၁၉ ရက် သောကြာနေ့ ည ၁၀ နာရီကျော်တွင် KIA တပ်မဟာ (၅) အောက် တပ်ရင်း (၃) နယ်မြေအတွင်းရှိ ကောင်ရာ (Kawng Ra) တပ်စခန်းတခုကို မြန်မာအစိုးရတပ် ခလရ (၅၈၊ ၅၇) စုပေါင်းတပ်သည် အင်အား ၁၀၀ ကျော်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ KIA စခန်းကိုနောက်ဆုတ်လိုက်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးပြောသည်။
၎င်းတပ်စခန်းသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့များ ခဏတစ်ဖြုတ်လာ၍အခြေချထားသော တပ်စခန်းလည်းဖြစ်ပြီး မြန်မာအစိုးရတပ်သည် ၎င်းတပ်စခန်းကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
ယခုချိန် ၎င်းတပ်စခန်းတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပြန်လည်တပ်ချထားကြောင်း KIA အရာရှိတစ်ဦး ဆိုသည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၃) နယ်မြေ ဆတုံး-ကန်ပိုင်တီလမ်းတွင် မြန်မာအစိုးရတပ် တပ်ရင်း ၁၀ ရင်းကျော် အင်အား ၁၀၀၀ ကျော်ဖြင့် နေ့စဉ်လှုပ်ရှား၍ ထိုးစစ်ဆင်နေကြောင်းသိရသည်။
Tuesday, October 23, 2012
နန်းခင်ဇေယျာရဲ့ ရန်ကုန် လေဆိပ် အပြန် မြင်ကွင်းများ
အမိမြေကို နိုင်ငံဂုဏ်ဆောင်ပြီး ပြန်လာခဲ့တဲ့ နန်းခင်ဇေယျာရဲ့ ရန်ကုန် လေဆိပ် အပြန် ခရီးကြိုဆိုသူတွေ နဲ့ မြင်ကွင်းတွေပါ။ သူဟာ ဂျပန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွက် ကျင်းပတဲ့ Miss International ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော် ကြမှသာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရင်း People's Choice Award နဲ့ Miss Internet ဆု ၂ ခုကို ဆွပ်ခူးအောင်မြင်လာခဲ့တာပါ။
လေဆိပ်မှာလည်း မိခင်၊ ဖခင် တို့နဲ့ ပအို့ဝ်တိုင်းရင်းသားတွေ၊ ရှမ်းအိုးစည်အဖွဲ့၊ ချစ်ခင်တဲ့ ပရိတ်သတ်တွေက စည်စည်ကားကား ကြိုဆိုခဲ့ကြတာပါ။
အပြန်အလှန် နားလည်မှုတွေနဲ့ တည်ဆောက်ထားရာ နိုင်းနိုင်းတို့ မိသားစုကမ္ဘာ
အောက်တိုဘာ ၁၆ရက်နေ့မှာတော့ နိုင်းနိုင်း မိသားစုက တီဗီကြော်ငြာ တစ်ခုကို ပါဝင်သရုပ်ဆောင် ရိုက်ကူးပေးနေပါတယ်။ ရိုက်ကွင်းပေါ်မှာ ၃နှစ်အရွယ် သမီးကြီး   မြနန္ဒီချို၊ ၁နှစ်နဲ့၂လသားအရွယ် သားငယ်အန်ဒါဆန် ချိုလတ်နဲ့ကိုယ်ဝန် ၇လလွယ်ထားတဲ့ စန္ဒီချိုနဲ့ နိုင်းနိုင်းတို့ရဲ့ ကြည်နူးပျော်ရွှင်စရာ မိသားစု ဘဝလေးကိုလည်း စိတ်ရွှင်လန်းဖွယ် မြင်တွေ့ခဲ့ ရပါတယ်။ ခုလို သာယာပျော်ရွှင်တဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားတဲ့ အကြောင်းအရင်း ကိုမေးတော့ နိုင်းနိုင်းက…”အိမ်ထောင် တစ်ခုမှာ အရေးကြီးဆုံးက တစ် ယောက်နဲ့ တစ်ယောက် အပြန်အလှန် မေတ္တာထားနိုင်ရ မယ်။ နားလည်မှုရှိရမယ်။ ပေးဆပ်နိုင်စွမ်းရှိရမယ်။ အချိန် ပေးနိုင်မှုတွေ၊ ဂရုစိုက်မှုတွေ အများကြီးလို ပါတယ်။ ဂရုမစိုက်ရင်လည်း ပျော်စရာ မကောင်းပါဘူး။ နားလည်မှု မရှိရင်လည်း ပျော်စရာမကောင်းဘူး။ အလုပ်ကိုလည်း အချိန်ပေးတယ်။ အလုပ်ချိန် ပြီးရင် အရေး ကြီးတဲ့လူမှုရေးကိစ္စတွေပြီးရင် ကျန်တာအားလုံး မိသားစုကိုပဲ အချိန်ပေးဖြစ်တယ်” လို့ ပြောပါတယ်။ ဇနီးဖြစ်သူကလည်း အမြဲနားလည်မှု ပေးတတ်ပြီး သူ့ရဲ့ ဇာတ်ကားတွေကို ကြည့်ပြီး အမြဲဝေဖန် အကြံဥာဏ်ပေးတတ်ကြောင်း ပြောပါတယ်။ ကလေးတွေကိုမိဘနှစ်ဦး စလုံးမျှ ပြီးထိန်းကျောင်းသလို၊ ကလေးတွေ ကလည်း အရွယ်သိပ် မကွာတဲ့ အခါ နှစ်ဆပိုပင်ပန်းတဲ့အတွက် တစ်ယောက်တည်း ထိန်းကျောင်းဖို့မလွယ်ဘဲ မိဘနှစ်ဦး စလုံးပဲ အချိန်ရရင်ရသလို ထိန်းကျောင်းကြ   ကြောင်း ပြောပါတယ်။ ကလေးတွေကို အသားနာအောင် ရိုက်တာထက် အသိဥာဏ်တွေပေးပြီး ထိန်းကျောင်းချင်ကြောင်း ပြောတဲ့ နိုင်းနိုင်းက “အခုအချိန်မှာ ကလေး   တွေက ငယ်သေးတော့ အန္တရာယ် မဖြစ် အောင်လောက်ပဲ ဂရုစိုက်ပေးတာပဲရှိတယ်။ သိတတ်တဲ့ အရွယ်ရောက်ရင်တော့ သူတို့ကို အသိ ပညာတွေ သင်ပေးရမှာပေါ့။ ကလေးတွေကို ကျွန်တော်က အသားနာ အောင်ရိုက်တာထက် ဦးနှောက်ထဲအသိပညာဝင် အောင်လုပ်ပေးတာက ပိုကောင်းမယ်လို့ ထင်တယ်။ ကျွန်တော် ကတော့ ကလေး တွေကို အသိဥာဏ်တွေ ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ရိုက်မှ ကြောက်တာထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သိလို့ မလုပ်တာပိုကောင်းတယ်”လို့ ကလေးတွေကို ထိန်း ကျောင်းသွားမယ့် နည်းလမ်းကိုလည်း ပြောပြခဲ့ပါတယ်။
ပုဂံမှာ မြင်းလှည်းမောင်နေတဲ့ ဝတ်မှုံရွှေရည်
ပုဂံမှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ဗီဒီယို ဇာတ်ကား၂ကားမှာ မြင်းလှည်းမောင်းတဲ့ ကောင်မလေး တစ်ယောက်ပုံစံနဲ့ ယွန်းထည်ဆိုင်က ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ ဝတ်မှုံရွှေရည်က ရိုက်ကူးခဲ့တဲ့ ၂ကားစလုံးကို ရိုက်ချင်တဲ့ဇာတ် ဖြစ်သလို၊ ခရီးထွက်ရတဲ့အတွက် ပျော်ခဲ့ရ တယ်လို့ ဆိုပါတယ်။ မြင်းစီးရင်း မြင်းပေါ် က ပြုတ်ကျတတ်သလို၊ မြင်းနဲ့အကျိုးမပေးပေမယ့် ဒီတစ်ခေါက်မှာတော့ အဆင်ပြေခဲ့တယ်လို့ ဆိုတာကြောင့်..”ခရီးသွားရရင် ကစ်က တအားပျော်တယ်လေ။ အခု ခရီးထွက်ရင်း အလုပ်လုပ်ရတာပျော် တယ်။ ပင်ပန်းတာတော့ ပင်ပန်းတယ်။ အမှတ်တရ ကတော့ မြင်းလှည်း မောင်းတတ်သွားတယ်။ အဆင်ပြေခဲ့တယ်။ ဇာတ်ကလည်း ကစ်တအား ကြိုက်တဲ့ကား ဆိုတော့ အားရတယ်။ အညာသူတစ် ယောက်ပုံစံဆိုတော့ ချည်ထည်တွေချည်းပဲ ဝတ်ရတယ်။ ဒီကားတွေကို ပရိသတ်တွေလည်း ကြိုက်မှာ ပါ။ နေရာလည်း စုံတယ်။ နယ်မှာ ရိုက်တာက ပင်ပန်းတယ်။ မနက်အစောကြီးထပြီး ရာသီ ဥတု အခက်အခဲရှိရင်တောင် အားစိုက် ပြီးလုပ်ရတယ်။ ဒီလို အကုန်လုံး အပင် ပန်းခံရိုက် ထားတဲ့အတွက် ပရိသတ်ကြည့်ရ ကျိုးနပ်မှာပါ” လို့ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူးရင်း ပုဂံမှာ ဘုရားတွေလည်း ဖူးခဲ့ပြီး အချိန် သတ်သတ်မရတဲ့ အတွက်   သေချာ တော့ မသွားဖြစ်ခဲ့ဘူးလို့ ဆိုပါ တယ်။ ပုဂံမှာ ဇာတ်ကားရိုက်ကူးမှု ပြီးတဲ့နောက်ဆုံးနေ့ကိုတော့ ပုပ္ပား ကို အကုန်လုံးသွားခဲ့ကြတယ် လို့လည်း ပြောပြခဲ့ပါတယ်။
‘ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်’အတွက် ဘန်ကောက်ကို သွားရောက်လေ့လာခဲ့တဲ့ နန်းဆုကေဆွမ်
အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်နေ့ အထိ MCCခန်းမမှာ ကျင်းပပြုလုပ်မယ့် ‘ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်’ မှာ နန်းဆုကေဆွမ်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဒီပွဲမှာ လိုအပ်မှုတွေအတွက် ဘန်ကောက်မှာ သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့ နန်းဆုကေဆွမ်က “ဘန်ကောက်ကို ၁၆ ရက်နေ့သွားတယ်။ ၁၈ ရက်နေ့က ပြန်ရောက်တယ်။ အဓိကကတော့ သူတို့ရဲ့ အဝတ်အစားက မြန်မာနိုင်ငံအနေနဲ့ လက်ခံနိုင်တာမျိုးရှိလား ဆိုတာ သွားကြည့်တော့ အဝတ်အစားတွေက မရိုင်းဘူး။ တအားလှတယ်။ သူတို့ရဲ့သရုပ်ဆောင်မှုတွေကို တော်တော်လေးစားတယ်။ သူတို့က ပုံမှန်လူတွေတော့မဟုတ်ပေမယ့် သူတို့တွေ ပြ သတဲ့ အချိန်မှာ တကယ်လေးစားရတယ်။ သူတို့ကို မဝေဖန်ခင် အရင်ဆုံး လာကြည့်စေချင်တယ်။ ပြပွဲကို အယောက် ၃ဝနီးပါးလောက် လာကြမယ်။ ဒီမှာလာလုပ်ရင် MCC က ကျယ်တော့ စင်အနေအထားကလည်း အဆင်ပြေမှာပါ။ မြန်မာနိုင်ငံကို သူတို့က ပထမဆုံးအနေနဲ့ လာတာဆိုတော့ လာကြည့်စေချင်တယ်။ ဒီပွဲအောင်မြင် သွားရင် ပွဲတွေကို မန္တလေးမှာလည်း နောက်ထပ်လုပ်ဖို့ အစီအစဉ်ရှိတယ်။ သူတို့ လေယာဉ်ကွင်းကို စရောက်တဲ့အချိန်ကစပြီး မှတ်တမ်းတင် ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။
"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ချေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"
 ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့်(ဒီချုပ်) က"၁၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေ
အမှတ် ၃ အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေး ပါရန်    အဆိုတင်သွင်းမည်    ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊ ပူဒ်မ ၁၀ တင် မဟုတ်ဘူး    ပုဒ်မ ၅ လည်းရှိသေးတယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ချေပေးပြီးတော့ ဖမ်းနိုင်တဲ့
ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော်အစည်းဝေးတက်ရောက်လာစဉ်ပြောသည်။ထို့ပြင် ယနေ့လွှတ်တော်ကို
မေးခွန်း ၅ ခု ၊အဆို ၂ ခု နှင့် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။
ပြည်သူ့ အချစ်တော် နန်းခင်ဇေယျာ အမိမြေသို့  ပြန်လည်ရောက်ရှိ..
Miss Internet နှင့် Miss International 2012 people's choice Award ဆု
ရရှိခဲ့သည့် မြန်မာကိုကမ္ဘာကသိစေသော ပြည်သူ့ အချစ်တော် နန်းခင်ဇေယျာ အမိမြေသို့ ယနေ့ အောက်တိုဘာလ ၂၃ ရက်
မနက် ၁၀ နာရီ၂၅မိနစ်အချိန်တွင် ပြန်လည်ရောက်ရှိကြောင်း
သမ္မတ အိုဘားမား ကိုထောက်ခံ...
ဘီဘီစီသတင်းဌာနက နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ အကြို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ နိုင်ငံ ၂၀ က သမ္မတ အိုဘားမားကို နောက်တကြိမ် သမ္မတသက်တမ်း ဆက်လက် ထမ်းဆောင်ဖို့ကို မျှော်လင့် ထောက်ခံတဲ့ အကြောင်း ပြောကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်.၏ စကားတချို့ ....
" ကျမတို့ဟာ ပန်းတိုင်မရောက်သေးပါဘူး။
ပန်းတိုင်ကိုရောက်ဖို့က
ဥာဏ်နဲ့၊ ၀ီရိယနဲ့၊ လုံ့လနဲ့ လိုပါတယ်။
ဒီတိုက်ပွဲကြီးဟာ
နှလုံးရည်တွက်ပွဲကြီးမို့လို့
ဥာဏ်ပညာကိုသုံးဖို့
အများကြီးလိုပါတယ်။
ကျမတို့ ပြည်သူလူထုဟာ
လုပ်တဲ့အရာတိုင်းကို
ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား
လုပ်ရပါမယ်။
အများအကျိုးကို ဦးတည်ရပါမယ်။ "
သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာ
ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာ
ကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။
ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။
အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံး တာဝန်ခံ ဗိုဟ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ   ရေငုံ နှုတ် ပိတ်လျက်ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထားလျက်ရှိပါသည်။