468x60 Ads


Friday, October 19, 2012

နိုင်းနိုင်း ရဲ့ တတိယမြောက် သမီးရတနာလေး...

ဒါရိုက်တာ စင်ရော်မောင် မောင်ရိုက်ကူးတဲ့ ‘ပန်းကြာဝတ်မှုန်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံမဟာချိုင်၊ဖူးခက်နဲ့စင်ကာပူနိုင်ငံ တို့တွင် Cineplex½ ရုပ်ရှင်ရုံတွေ မှာ ပြသ သွားမှာဖြစ်ကြောင်းသိရပါတယ်။  ဒီဇာတ်ကားကို စင်ကာပူမှာတော့ နိုဝင်ဘာ ၁၇ရက်မှ၁၉ရက်အထိ ပြသမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့တဲ့နိုင်းနိုင်းက လိုက်ပါသွားမှာဖြစ် ပါတယ်။ ထိုင်းမှာသွားပြတဲ့ အခါမှာတော့ မအားတဲ့အတွက် မလိုက်ဖြစ်တော့ဘဲ စင်ကာပူကိုပဲ လိုက်သွားခြင်းဖြစ်တာကို  နိုင်းနိုင်းက “တချို့ ကလည်း ရောက်ဖူးပြီးသား နေရာတွေလည်းပါမယ်။ မရောက်ဖူးသေးတဲ့ သူတွေအတွက်တော့ ရှုခင်းအလှလေးနဲ့တက္ကသိုလ်ရဲ့ဘဝခံစားချက်တွေကို ပြန်ကြည့်ရမြင် ကြရမှာပါ။ ကျွန်တော်တို့ မြန်မာနိုင် ငံမှာရှိတဲ့ တကယ့်သဘာဝအလှ တရားတွေအကုန်လုံးကို သိသွားနိုင်မှာပါ။ ဒီဇာတ်ကားကို သရုပ်ဆောင်တွေ အများကြီးနဲ့ ခရီးတွေရက်ရှည်ထွက်ပြီး ရိုက်ရတာဖြစ်တဲ့ အတွက် ပျော်စရာလည်းကောင်းပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံက ဇာတ်ကားတွေကို နိုင်ငံခြားမှာသွားပြနိုင်တဲ့ အခွင့်အရေးတွေ ရှိလာတဲ့အတွက် နောက်ပိုင်းမှာ မြန်မာရုပ်ရှင် ဇာတ်ကားကြီးတွေကို နိုင်ငံတကာ အဆင့်မီ ဇာတ် လမ်းကောင်းကောင်းတွေနဲ့ ရိုက်ဖို့သင့်ကြောင်း နိုင်းနိုင်းကပြောပါတယ်။ စင်ကာပူကို ဇနီးဖြစ်သူကိုပါခေါ်သွားမှာ ဖြစ်ပြီး၎ရက် ကြာမှာဖြစ်ကာ တတိယကိုယ်ဝန်ကို အယ်လ်ထရာဆောင်း ရိုက်ကြည့်တဲ့ပြီး သမီးလေးဖြစ်တဲ့အတွက် နိုင်းနိုင်းရဲ့ခံစားချက်ကို မေးကြည့်တော့ “ကလေးက ကျန်းကျန်းမာမာလေး နဲ့ ချောချောမွေ့မွေ့လေး မွေးနိုင်ပြီး မိန်းကလေးဖြစ်တဲ့အတွက် သမီးကြီးနဲ့အဖော်ရတော့ ကောင်းပါတယ်။ ကျွန်တော်က ဘာလေးဖြစ်ဖြစ် ချစ်မှာပါပဲ” လို့ပြောပါ တယ်။ နိုင်းနိုင်းက ကလေးကို ပန်းလှိုင်ဆေးရုံမှာ မွေးဖို့စီစဉ်ထားကြောင်း၊ ဇာတ်ကားရိုက်နားနေတဲ့အချိန်မှာ စန္ဒီချိုအင်္ဂလိပ်စာသင်တဲ့ ကလေးဝ တောရကျောင်းနဲ့ အင်းစိန် ဘက်တွေကို လိုက်ပို့ပေးဖြစ်သလို၊ အိမ်ကသားနဲ့ သမီးတွေနဲ့အဖော်ပြုကာ သူတို့နဲ့ အတူကစားဖြစ်တဲ့အကြောင်းလည်း ပြောပါတယ်။ အောက်တိုဘာ ၁၆ရက်နေ့ မှာတော့ နိုင်းနိုင်းက မိသားစုနဲ့အတူ လန်းဆန်းကလေးအဖျားပျောက် ဆေးရိုက်ကူးမှာဖြစ်ကြောင်း သိရပါတယ်။

Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ဝြင်ပြိုင်အုံးမယ့် Nida Taylor

အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ နာမည်ကြီးမြန်မာမော်ဒယ်တစ်ဦး ဖြစ်တဲ့ Nida Taylor က နိုဝင်ဘာ ၃ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ နိုင်ငံတကာကမော်ဒယ်များ လာရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာ့အလှဆုံး Diaspora မော်ဒယ်များနဲ့ အခြားအနုပညာရှင်များလည်း တက်ရောက်ကြ မှာဖြစ်ပါတယ်။ နယူးယောက်မြို့က နာမည်ကြီး မြန်မာ မော်ဒယ်တစ်ဦးဖြစ်တဲ့ Nida Taylor က အမေရိကကို အထက် တန်းကျောင်းသူ ဘဝကတည်းက ရောက်ရှိနေ တာဖြစ်ပြီး ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။ မော်ဒယ်အတွေ့အကြုံ များစွာရှိပြီး စက်တင်ဘာ ၁၄ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ American Cancer Society  ရန်ပုံငွေ မော်ဒယ်ရှိုးပွဲကိုလည်း Nida Taylor က ဦးဆောင်စီစဉ်ကျင်းပ ခဲ့ပါတယ်။ Nida Taylor နဲ့ခင်မင်ရင်းနှီးတဲ့အမေရိကနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအမှုထမ်း ဦးမြစိုးကလည်း Nida Taylor နဲ့ ပတ်သက်ပြီး “Nida Taylor နဲ့စက်တင်ဘာ ၁၄ရက်နေ့က သူကိုယ်တိုင်ကိုယ်ကျစီစဉ်တဲ့ American Cancer Society  ရန်ပုံငွေမော်ဒယ်ရှိုးပွဲကို တက်ပြီး ဓာတ်ပုံရိုက်ဖြစ်ရင်း သိသွားတာပါ။ သူက ထက်မြက်တယ်။ အရည် အချင်းလည်း ရှိတယ်။နယူးယောက်မြို့ကြီးမှာ ဒီလိုပွဲမျိုးကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်နိုင်တဲ့အတွက်လည်းဂုဏ်ယူမိတယ်။ ပြီးတော့ မြန်မာလူမျိုး တစ်ယောက်ကို နာမည်ကျော်ကြားတဲ့ မော်ဒယ်အနေနဲ့ သိရတဲ့အတွက်လည်း ဝမ်းသာတယ်။ နယူးယောက်မှာက လူဦးရေတအားများတော့ နာမည်ကြီးမော်ဒယ်စာရင်းဝင်ဖို့ ခက်တယ်လေ။ ချောတဲ့ လှတဲ့ မော်ဒယ်တွေအများ ကြီးရှိတဲ့အထဲမှာ ဝင်တိုးရတာဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်။ Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ပြိုင်ခွင့်ရတော့ တအားဝမ်းသာပါတယ်။ မြန်မာလူမျိုးအတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ဂုဏ်ယူပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ခိုင်သင်းကြည်ရဲ့ ရိုက်ကွင်းအမှတ်တရ

ခိုင်သင်းကြည်က ‘စုန်းပြူး’ ရုပ်ရှင် ဇာတ်ကားကြီးကို နေတိုးနဲ့ ပြင်ဦးလွင်မှာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။  ဒီဇာတ်ကားမှာ သွားရောက်ရိုက်ကူးရင်း အမှတ်တရတွေ ကိုလည်း ”ဒီကားက ဇာတ်လမ်းလည်း ကောင်းတယ်။ ရိုက်ချက်တွေ ၊ကင်မရာတွေ၊ စက်ပိုင်းဆိုင်ရာ၊ ရှုခင်းတွေက ကောင်းတော့ တော်တော်လေးကောင်းတဲ့ ဇာတ်ကား ပါ။ ပရိသတ်တွေ ကြိုက်ကြမယ့်ကားပါ။ဒရာမာ ဆိုပေမယ့် တအားကြီးငိုရတဲ့ ဒရာမာအစစ်လည်း မဟုတ်ဘူး။ ဟာသလည်း မဟုတ်ဘူး။ အဲဒီကားရိုက်တုန်းက မခိုင်လေး နဲ့ နေတိုး ဘီအီးဖောရေတံခွန် အစွန်းလေးမှာ အလှရိုက်တာဆိုတော့ ကရိန်းနဲ့ရိုက်တာ၊ အစွန်းဆုံးလေးမှာရပ်နေရတာ၊ တောင်အောက်မှာက အောက်ကနေ မှန်ထိုးပေးတဲ့သူလည်း ရှိတယ်။ ရေသံနဲ့ဆိုတော့ သူပြောတာကိုမကြားရဘူးဖြစ်နေတာ။ သူက မခိုင်လေးရေ တက်လာပြီပြေးဆိုတော့  ရေတံခွန်က ရေတံခွန် က ရေ တက်လာစရာ မရှိပါဘူး ဆိုပြီး ကြည့်လိုက်တော့ မြွေတက်လာပြီး တောင်ကြားထဲ ဝင်သွားတာ။ လန့်ပြီးအော်ပြေး ကြတာလေးက အမှတ်တရပါပဲ” လို့ ပြောပြပါတယ်။
‘စုန်းပြူး’ဇာတ်ကားကို ရုပ်ရှင်ဇာတ်ကား ကြီးအနေနဲ့ ကျေနပ်အားရခဲ့တယ်ဆိုတဲ့ ခိုင်သင်းကြည်က ဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ကိုလည်း ”ဗီဒီယို ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကားကြီးပဲဖြစ်ဖြစ် ဇာတ်လမ်းထဲမှာ သေသေချာချာ စိတ်နှစ်ပြီး သရုပ်ဆောင်ပါတယ်။ ဒီကားထဲမှာလည်း သေသေချာချာလုပ်ထားတယ်။ အားလုံးက လည်းကောင်းတယ်။ မျှော်လင့်ချက်ဆိုပြီး မထားတာပဲကောင်းပါတယ်။ ဒီကားထွက်လာလို့ ပရိသတ်ကြိုက်သွားတယ် ဆိုရင်ပဲ ကျေနပ်ပါတယ်။ ကျန်တာကတော့ ကံပါပဲ။ ကံစီမံရာပေါ့။ ကံ၊ ဥာဏ်၊ ဝီရိယဆိုတာ ရှိတယ်။ ကံဆိုတာ အရှေ့ဆုံးကလာတာ၊ ဥာဏ် ဘယ်လောက်အားစိုက်စိုက် ကံမရှိရင်မရဘူး”လို့ ခိုင်သင်းကြည် က ပြောပြခဲ့ပါတယ်။

ဆုတွေ အများကြီးရထားတဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းရဲ့ ‘မျက်လှည့်’ ဗီစီဒီ ထွက်ရှိခြင်း အမှတ်တရလက်မှတ်ထိုးပွဲကို အောက်တိုဘာ ၇ရက်၊နေ့ခင်း ၁နာရီမှ ၃နာ ရီအထိ လှည်းတန်းစိန်ဂေဟာနဲ့ ညနေ ၅ နာရီမှ ည ၇နာရီအထိ ဂျန်းရှင်းမော်တင်တို့မှာ အသီးသီးကျင်းပခဲ့ပါတယ်။ လက်မှတ်ထိုးပွဲမှာ ပရိသတ်တွေ တိုးကြိတ်ကာ ဝယ်ယူခဲ့ကြပြီး အနုပညာရှင်တွေကလည်း သီချင်း များဖြင့် ဖျော်ဖြေခဲ့ကြပါတယ်။ တိုးကြိတ်ပြီး အခွေဝယ်ယူအားပေးကြတဲ့ ပရိသတ်များအတွက် ဝိုင်းစုခိုင်သိန်းက “ပရိသတ်တွေကို ဝိုင်းစုကျေးဇူးတင်ပါတယ်။ သူတို့ တအား ပင်ပန်းတယ်။ တအားလည်း တိုးရတယ်။ တချို့ဆို လက်တွေဘာတွေတောင် ထိတယ်။ ချွေးသံတရွှဲရွှဲနဲ့ လာအားပေးကြတာ တအား ကျေးဇူးတင်ပါတယ်။ ဝိုင်းစုရဲ့ တကယ့် ပရိသတ် အစစ်အမှန်တွေပါပဲ။ သူတို့အတွက် ဆက်ပြီးကြိုးစားမှာပါ။ အခုလို အားပေးကြတဲ့အတွက် ကြိုးစားရကျိုးနပ်တာပေါ့” လို့ ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ပတ္တမြား အက်ဖ်အမ်ရဲ့တစ်နှစ်ပတ်လုံး ပရိသတ်အကြိုက် ဆုံးတေးသံရှင်ဆုရရှိ သလို၊ရွှေအက်ဖ်အမ်ရဲ့ ရုပ်ရှင်နဲ့ ဂီတမှာပါအောင်မြင်တဲ့ အမျိုးသမီး အနုပညာရှင်ဆုကိုလည်း ရရှိခဲ့ပါ တယ်။ ဝိုင်းစုခိုင်သိန်းက ပြီးခဲ့တဲ့နှစ်က ရွှေအက်ဖ်အမ်မှာ Rဇာနည်နဲ့ ‘လိုက်ဖက်တဲ့ ဘဝ’ စုံတွဲသီချင်းကို ဆုရဖူးသလို ‘မက်လောက်စရာ’ စီးရီးနဲ့ စီးတီးအက်ဖ်အမ်ဆု ကိုလည်း ရရှိခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းက ‘မျက်လှည့်’ ဗီစီဒီကို ဘားအံ ၊ မန္တလေး၊ မုံရွာ၊နေပြည်တော်၊ မိတ္ထီလာ၊ တောင်ကြီး၊ မကွေးမြို့တွေမှာ ကိုယ်တိုင်သွားရောက် လက် မှတ်ရေးထိုး ဖြန့်ချိမှာဖြစ်ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတို ပြိုင်ပွဲ ပြိုင်ဖြစ်သူ ယွန်းယွန်း

ကလေး သရုပ်ဆောင် နေရာ တစ်ခုကနေ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ယွန်းယွန်း က ပရိသတ်တွေရဲ့ လက်ခံ အားပေးမှုကို ခုချိန်အထိ ရရှိထားသူ လည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လူငယ် ဒါရိုက်တာ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ရင်းက ရွေးချယ်ခံ လိုက်ရကြောင်းလည်း သိရပါတယ်။
”ရုပ်ရှင် အစည်းအရုံး ကနေပြီးတော့ လူငယ် ဒါရိုက်တာ ပြိုင်ပွဲ ”သုံးပွင့်ဆိုင်” ဇာတ်လမ်းတို ပြိုင်ပွဲကို ခေါ်နေတယ်လို့ သတင်း ရတယ်ပေါ့နော်။ မေမေက လည်း လုပ်ကြည့်မလားပေါ့။ သမီးကလည်း အရင်ကတည်းက ကလေး သရုပ်ဆောင်ကို ငယ်ငယ်တုန်းက လုပ်လာတာ ဆိုတော့ ဒါရိုက်တာ လုပ်တာကို စိတ်ဝင်စားတယ်။ အဲဒီ အလုပ်ကို ဝါသနာပါတယ်။ လုပ်ကြည့်ချင်တယ်။ ၃ မိနစ်စာ ဇာတ်လမ်း ဆိုတော့လည်း ကိုယ်လုပ်နိုင်မယ်လို့ ထင်တယ်ပေါ့နော်။ ဇာတ်လမ်းကြီးလည်း မဟုတ် တော့ အဓိက ကတော့ စိတ်ဝင်စားလို့ ဝင်ပြိုင်ဖြစ် သွားတယ်။ သရုပ်ဆောင် ကျတော့ ယွန်းယွန်းရယ်၊ မေမေရယ်ပဲ သရုပ်ဆောင် လိုက်တာပါ။ သိပ်ပြီး တော့ ထွေထွေ ထူး ထူး ပြင်ဆင် ရတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီကားတင်ဖို့ အတွက် နောက်ဆုံး ဖောင်ပိတ်တဲ့ ရက်မှ စရိုက်တာပေါ့နော်။ အကုန်လုံးက ဖုတ်ပူ မီးတိုက်ပဲ။ အရမ်း မြန်မြန် ဆန်ဆန်ကြီး လုပ်လိုက်ရတယ်။ မထင်မှတ်ဘဲနဲ့ ရွေးချယ်ခံ လိုက်ရတယ်”လို့ ဇာတ်လမ်းတို ရိုက်ဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။ ယွန်းယွန်း က မြန်မာနိုင်ငံ ကိုယ်စားပြု လူငယ်အနေနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ပြီး ဇာတ်လမ်းတို ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင် ရမှာ ဖြစ် ပါတယ်။
ခုလိုသွားရတဲ့ အတွက် ဗဟုသုတတွေ အများကြီး ရမယ်လို့လည်း မျှော်လင့်ထား ပြီး ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောပြလာတာကတော့ ”စိတ်ဝင်စားတာ တစ်ခု တည်း နဲ့ ကြိုးစားလိုက်တာပေါ့။ အဲဒါလေးက အမှတ်တရလေး ဖြစ်သွားတော့ တကယ် ဝမ်းသာပါတယ်။ အဲဒီကို သွားရမှာ ဆိုတော့ ဗဟုသုတတွေ အများကြီး ရမှာဖြစ် တယ်လို့ မျှော်လင့်ထားတဲ့ အတွက် ပျော်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြု လူငယ်အနေနဲ့ သွားရတဲ့ အတွက် ကိုလည်း ဝမ်းသာပါတယ်”လို့ ပြောပြသွားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်Forum 2000 အဖွဲ့ရဲ့ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ထဲမှာ ပါဝင်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား တို့ဟာ Forum 2000 အဖွဲ့ရဲ့ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့ထဲမှာ ပါဝင်လာကြပြီလို့ Forum 2000 အဖွဲ့
က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီမိုကရေစီရေးကျိုးပမ်းမှုကြောင့် ကမ္ဘာကချစ်ခင်လေးစားမှုခံရသူ ၂ဦးပါ အခုလို ပါဝင်လာတာမို့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ ပိုမိုအားကောင်း လာမှာ ဖြစ်တဲ့အပြင် ကမ္ဘာအနှံ့က လူတွေအတွက် ပိုအားတက်လာစေတယ်လို့ ဖိုရမ် ၂၀၀၀ ဆွေးနွေးပွဲကို တက်ရောက်မယ့် သူတွေက သုံးသပ်ပါတယ်။

ကမ္ဘာတ၀ှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မျက်နှာချင်းဆိုင်ဆွေးနွေး အဖြေရှာနိုင်ဖို့ စဉ်းစားခဲ့တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက ကွယ်လွန်သူ သမ္မတဟောင်း Vaclav Havel က ဦးဆောင်ပြီး ဂျပန်နိုင်ငံသား Yohei Sasakawa နဲ့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် Elie Wiesel တို့နဲ့ အတူ ၁၉၉၆ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Forum 2000 အဖွဲ့ဟာ နှစ်စဉ် နိုင်ငံတကာက လူ့အခွင့်အရေး ဒီမိုကရေစီရေး ဦးဆောင်နေသူတွေနဲ့ အစည်းအဝေးကျင်းပ နေတာဖြစ်ပြီး ၁၆ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကိုတော့ အောက်တိုဘာလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိ Prague မှာကျင်းပမှာဖြစ်ပါတယ်။

ဒီညီလာခံမကျင်းပခင် ကြာသပတေးနေ့ကတော့ အဖွဲ့အကြီးအကဲ Jakub Klepal က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားတို့ပါ အဖွဲ့ရဲ့ အကြံပေးဘုတ်အဖွဲ့မှာ ပါဝင်လာပြီဖြစ်ကြောင်း ကြေငြာခဲ့ ပါတယ်။

ဒီညီလာခံကိုတက်ရောက်ဖို့ အဖိတ်ကြားခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကတော့ ဒါဟာ ဒီအဖွဲ့ကို ပိုမိုအားကောင်း လာစေတယ်လို့ ပြောပါတယ်။

ဦးကိုကိုကြီး။ ။“ ကွန်ဖရင့် ၂၀၀၀ ကိုစီစဉ်တဲ့ အဖွဲ့အစည်းက People in Need အဖွဲ့ပါ မစ္စတာ ဗားစလပ်ဟာဗဲလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ တည်ထောင်ထားတာ ဆိုတော့ ဒီအဖွဲ့အစည်းက နိုင်ငံတကာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေတဲ့ နိုင်ငံတွေ အတွက် ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် တယောက်၊ မစ္စတာ ဒလိုင်လားမား လို ပြည်သူတွေ အတွက် တောက်လျှောက် ရပ်တည်ခဲ့တဲ့ သူတွေ ပါဝင်လာခြင်းဟာ ဒီအဖွဲ့အစည်း ဒီကွန်ဖရင့်ကို ပိုပြီးအားကောင်း လာစေတယ်။ နောက် ကျွန်တော်တို့ ကမ္ဘာအနှံ့က ပြည်သူတွေ အတွက်လည်း ပိုပြီးတော့ အားတက်စရာတွေ ဖြစ်လာစေတယ်လို့ ကျွန်တော် အဲဒီလိုပဲ ခံစားရပါတယ်။”

မေး။ ။ဖိုရမ်၂၀၀၀ ရဲ့ ၁၆ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံက ဘယ်နှစ်ယောက်တက်မှာပါလဲ ဦးကိုကိုကြီး။

ဦးကိုကိုကြီး။ ။“အခုကျွန်တော်သိသလောက်က အန်ကယ်ဦးအုန်းကြိုင်တက်မယ်။ နောက် ကျွန်တော်တက်မယ်။ ဒေါက်တာကျော်သူနောက် မခင်သန်းမြင့်၊ နောက် ကျွန်တော်တို့ မင်းရန်နောင်တက်မယ်။ နောက်ဒေါ် စူစန်နာ လှလှစိုးက တော့ သူက တခြားအခန်းအနား တခုရှိလို့ မတက်ဖြစ်ဖူးလို့ သိရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ တက်ကြမယ့်သူတွေကတော့ အဲဒါပဲပေါ့လေ။”

မေး။ ။မြန်မာနိုင်ငံက ၆ယောက်ဖိတ်တဲ့ထဲမှာ ၅ယောက်တက်ဖြစ်တယ်ပေါ့နော်။ ဖိုရမ် ၂၀၀၀ နဲ့ ပါတ်သက်ပြီးတော့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတာ။ ကိုယ်ကတော့ ဒါက ပထမဦးဆုံးအကြိမ်တက်တာဆိုတော့ ထူးထူးခြားခြား ဘာတွေများ မျှော်လင့်ထားပါသလဲ။ ဒီအခန်းအနားနဲ့ ပါတ်သက်ပြီးတော့။

ဦးကိုကိုကြီး။ ။“အခုကတော့ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ အစဉ်အလာကြီးမားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီမှာလာပြီးတော့ တက်ကြတာတွေ ပြောကြတာတွေ တွေ့ရတော့ ကျွန်တော်ကတော့ ဒါဟာ ပထမဦးဆုံး အတွေ့အကြုံလည်း ဖြစ်တယ်။ နောက် ဒါကျွန်တော့အနေနဲ့ လေ့လာ သင်ယူစရာ တွေလည်း အများကြီးရလိမ့်မယ်လို့ အဲဒီလိုပဲ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တာပေါ့။ ကျွန်တော်သိသလောက်ကတော့ တက်လာတဲ့သူတွေကနေ ပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ နိုင်ငံတကာက အပြောင်းအလဲတွေ အပေါ်မှာ အမြင်တွေပေါ့လေ။ အဲဒါတွေ သုံးသပ်ဆွေးနွေးကြမယ်။ ကျွန်တော် အဲလောက်ပဲ သိထားပါတယ်။”

မေး။ ။မြန်မာနိုင်ငံက ပုဂ္ဂိုလ် တယောက်အနေနဲ့ အဖိတ်ခံရတဲ့အခါမှာ ဦးကိုကိုကြီးအနေနဲ့ ဘာတွေများ တင်ပြနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဦးကိုကိုကြီး။ ။ “ကျွန်တော်ကတော့ ကျွန်တော်တို့ နိုင်ငံ အပြောင်းအလဲ နောက် ကျွန်တော်တို့ သက်တမ်း အတွေ့အကြုံပေါ့နော်။ အဲဒါတွေနဲ့ ဒီ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍ ပေါ့။ အဲဒါတွေကို ကျွန်တော်ပြောဖို့ စီစဉ်ထားပါတယ်။”

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပါ။ ဒီနှစ်ဆွေးနွေးပွဲကို နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၁၂၀ကျော်တက်ရောက်မှာဖြစ်ပြီး ဒီအထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright တို့ တိဘက်ဝန်ကြီးချုပ် Lobsang Sangay တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်နေအိမ်အကျယ်ချုပ်နဲ့နေရစဉ် ကတည်းက ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး နောင်ဆွေးနွေးပွဲတွေမှာ တက်ရောက်လာဖို့ မျှော်လင့်ထားကြောင်းလည်း ဖိုရမ် ၂၀၀၀ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

အိန္ဒိယကိုသွားအုံးမယ့် ဒ်ါအောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဒါဟာ နှစ်ပေါင်း ၄၀ လောက် ကင်းကွာခဲ့တဲ့ အိန္ဒိယ နိုင်ငံကို ပြန်လည် ရောက်ရှိ မှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraph သတင်းစာတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယအရာရှိတွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေလီမြို့ပြင်ကိုလည်း သွားရောက်နိုင်တယ်လို့ ဆိုပေမယ့် ခရီးစဉ် အတိအကျကိုတော့ မသိရသေးပါဘူး။

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်ကလည်း ဒီနှစ် အစောပိုင်း ရန်ကုန်ကို သွားတုန်း က ဒေါ်အောင်ဆန်း စုကြည် ကို အိန္ဒိယ နိုင်ငံကို လာဖို့ ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း မိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားခဲ့ပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်က နိုင်ငံတကာ နာလည်မှုအတွက် ဂျဝါဟာလာ နေရူး ဆုကို လည်း ချီးမြှင့်ခံခဲ့ရတာပါ။ မိခင်ဒေါ်ခင်ကြည်အနေနဲ့ ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ခန့်အပ်ခံရပြီး ၁၉၆၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ ကို ရောက်လာခဲ့စဉ် နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။

စစ်တပ်ဖမ်းထားသည့် ပလောင် ကျေးရွာလူကြီးများ ပြန်လွတ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် အခြေစိုက် အစိုးရစစ်တပ်က ဖမ်းဆီးထားသော ဒေသခံ ပလောင် တိုင်းရင်းသား ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြန်လည် လွတ်မြောက်လာပြီဖြစ် ကြောင်း    ဒေသခံများက   ပြောသည်။
နမ့်ဆန်မြို့နယ် ပလောင်ကျေးရွာများ၌ ဒေသတွင်းလှုပ်ရှားနေသော ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့များ ဝင်ထွက်ခြင်းကို အစိုးရတပ်ထံ အကြောင်းမကြားသဖြင့်ဟုဆိုကာ ယခုလ ၁၆-၁၇ ရက်နေ့ များက ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၀ ဦးကို နမ့်ဆန်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရ တပ်ရင်းများက ဖမ်းဆီးခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့ ရာမှ လွတ်မြောက်လာကြခြင်း ဖြစ်သည်။

ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) သည် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF) ၏ လက်အောက် ခံ တပ်မတော်ဖြစ်သည်။

“အခုတော့ တော်တော်များများ လွတ်လာကြပြီ၊ အဓိကကတော့ တိုင်းရင်းသားတပ်တွေ ရွာထဲဝင်တာကို သူတို့ကို သတင်းမပို့လို့ ဆိုပြီး ဘယ်လိုဆက်နွယ်နေလဲ၊ ဘာကြောင့်လဲဆိုပြီး နှိပ်စက်မေးမြန်းတာတွေ လုပ်တာပေါ့၊ နောက်ဆိုသူတို့ကို သတင်းပေးဖို့ပေါ့” ဟု ဖမ်းဆီးခံရသည့် ကျေးရွာများတွင် ပါဝင်သော ကျေးရွာ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

တပ်မတော် ပြုပြင်ပြောင်းလဲရေး စဖို့လိုပြီ.....

အမေရိကန်အစိုးရ ဌာနပေါင်းစုံမှ အကြီးတန်းအရာရှိများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို လာရောက်ခဲ့ပြိး ဒု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလီယံ ဘန်းစ် လည်း အောက်တိုဘာ ၁၈ ရက
်နေ့တွင် ရောက်လာကာ မြန်မာသမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံမည်မှာ အမေရိကန်သမ္မတ အိုးဘားမားအစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်ကို နောက်ထပ် အဆင့်မြှင့် အကောင်အထည်ဖော်သည့် ခြေလှမ်းဟု ဆိုရမည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ အမေရိကန် ခရီးစဉ် အတွင်း မြန်မာ့ ပို့ကုန် တင်သွင်းခွင့် ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး မကြာသေးခင်ကလည်း ငွေကြေးဆိုင်ရာ ပိတ်ပင်မှု ရုပ်သိမ်းရေးကို အိုဘားမားက လက်မှတ်ရေးထိုး လိုက်သဖြင့် နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းများက မြန်မာပြည်နှင့် ပြန်အလုပ် လုပ်ရန် အစီအစဉ်များ ရေးဆွဲလာကြရသည်။ ပြိးဆုံးခဲ့သော အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အရာရှိများပါ ပါဝင်နေသဖြင့် အမေရိကန်၏ မြန်မာ ခရီးစဉ် ရလဒ်သည် စီစဉ်နေဆဲ နိုင်ငံတကာ အထောက်အပံ့များ အပေါ် ဩဇာ သက်ရောက်မည် သာမက ဒေသတွင်း အမေရိကန် ဦးစီးသော စစ်ရေးပူးတွဲ လေ့ကျင့်မှုများတွင် မြန်မာ ပါဝင်လာစေရေး လမ်းဖွင့်သွားနိုင်လိမ့်မည်။

သို့ရာတွင် မြန်မာ့ဒီမိုကရေစီ တည်ဆောက်ရေးတွင် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်များထဲ ကျန်ရှိနေသေးခြင်း၊ ပြည်တွင်းစစ်ကို အပြီးတိုင် မရပ်စဲနိုင်သေးခြင်း၊ လူမျိုးရေး ဘာသာရေး ခွဲခြားတိုက်ခိုက်မှုများ တအုံနွေးနွေးဖြစ်နေခြင်း၊ လူမှုရေး စီးပွားရေးတို့တွင် မတရားမှုများနှင့် မပွင့်လင်းမှုများ ပျံ့နှံ့နေခြင်း၊ အထူးသဖြင့် စစ်တပ်မှ နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးတို့တွင် ဆက်လက်ချုပ်ကိုင်ထားပြီး လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုများတွင် တရားမျှတမှုကို မဖန်တီးပေးနိုင်သေးခြင်းများကြောင့် ပေးရန် စီစဉ်နေသည့် အထောက်အပံ့များနှင့် ထိုက်တန်မှုရှိ မရှိ တဘက်ကလည်း သံသယ ရှိနေသေးသည်။

ယနေ့အချိန်ကား မြန်မာ့တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ထို့ထက်ပို၍ ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်မည့် လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြုပြင်ပြောင်းလဲတည်ဆောက်ရန် အချိန်ကျပြီ ဖြစ်သည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အကြီးမားဆုံး အခက်အခဲအဖြစ် သံသယ ဆက်ရှိနေသေးသည်မှာ တပ်မတော်၏ အခန်းကဏ္ဍပင်ဖြစ်သည်။ လွှတ်တော်များတွင် ကိုယ်စားလှယ် လေးပုံတပုံကို ယူထားခြင်း၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အမိန့်အာဏာရှိနေခြင်း၊ တိုင်းပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင် ရှိနေသေးသော်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မရှိခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု တသီတတန်း အတွက် တာဝန်မခံနိုင်ခြင်းနှင့် တရားမျှတမှုကို မဖန်တီးပေးနိုင်သေးခြင်းများမှာ ဒီမိုကရေစီစနစ် တည်ဆောက်ရာတွင် လေးဖင့်နေစေသော နောက်ပြန်ဆွဲ အကြောင်းအချက်များ ဖြစ်သည်။

ထို့ပြင် တိုင်းပြည်ဘတ်ဂျက်၏ လေးပုံတပုံနီးပါး သုံးစွဲနေသော်ငြား တပ်အင်အား သုံးသိန်းခွဲကို လူလုံးထွက်အောင် မထောက်ပံ့ပေးနိုင်သောကြောင့် တိုင်းရင်းသားဒေသများတွင် “ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး” အတွက် ရှာဖွေရပ်တည်နေရကာ နယ်မြေခံများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်နေစေခြင်းနှင့် မူးယစ်ဆေးဝါးကဲ့သို့ တရားမဝင် အလုပ်များတွင် ပတ်သက် ဆက်စပ်လာသည် အထိ ဖြစ်လာစေခဲ့သည်ကို ပြောင်းလဲပစ်ရန်မှာလည်း အရေးပေါ်လိုအပ်ချက်ဖြစ်သည်။ တပ်မတော်အတွင်း လူမျိုး ဘာသာ ခွဲခြားဆက်ဆံမှုကလည်း လူနည်းစု တိုင်းရင်းသားများအကြား သံသယကို ပိုကြီးထွားစေရန်သာ ဖြစ်နေစေသည်။

ကလေးစစ်သား သုံးစွဲမှု၊ အမျိုးသမီးများကို အဓမ္မ စော်ကားမှု၊ ပေါ်တာဆွဲ၊ အရပ်သားများကို နှိပ်စက်မှုများနှင့် နာမည်ဆိုးဖြင့် ဆယ်စုနှစ်ချီ ကျော်ကြားခဲ့သော မြန်မာ့တပ်မတော်အား ဒီမိုကရေစီနှင့် တံခါးဖွင့်ဈေးကွက် စီးပွားရေးစနစ်ကို ကာကွယ်စောင့်ရှောက်သော ခေတ်မီတပ်မတော်အဖြစ် ပြန်လည်ဖွဲ့စည်းရန်မှာ လက်ရှိ တပ်မတော်ခေါင်းဆောင်များ၏ ပုခုံးပေါ်သို့ ကျရောက်နေသည့် ကြီးမားသော သမိုင်း၏ တာဝန်ပင်။ လူ့အခွင့်အရေးကို လေးစားခြင်း၊ အရပ်သားအစိုးရက စစ်တပ်အား ကြီးကြပ်မှုကို လက်ခံခြင်းနှင့် လုပ်ငန်းပွင့်လင်းမြင်သာမှု ရှိခြင်းတို့ဖြင့်သာ မြန်မာပြည်သူများနှင့် နိုင်ငံတကာမိသားစုအကြား မြန်မာ့တပ်မတော်၏ တရားဝင်မှုကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း။
Irrawaddy

Thursday, October 18, 2012

ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်နေတဲ့ Myanmar Express ကို ခြေရာခံမိပြီ

MEG ခေါ် Myanmar Express Group တွင် အဖွဲ့ဝင် အနည်းဆုံး ၁၂ ယောက် ရှိမည်ဟု ခန့်မှန်းရသည်။ Myanmar Express အဖွဲ့ဝင်များ အဓိက နေရပ် မှာ အမေရိကန်နိုင်ငံဖြစ်သည်။ နိုင်ငံအနှံ့တွင် ၎င်းတို့၏ သတင်းထောက် သူလျှိုများရှိသည်။

ရန်ကုန်မြို့တွင်းတွင် Myanmar Express Group က ဟု သံသယဖြစ်ဖွယ် အထောက်အထားများ ရရှိ ထားသော ဂျာနယ်လစ် အမျိုးသား ၂ ဦးကိုတွေ့ရှိထားသည်။ ထိုနှစ်ယောက်သည် နာမည်ကြီး ဂျာနယ် တိုက်များမှ သတင်းထောက်များဖြစ်သည်။ တိတိကျကျ သိရလျှင် အဖွဲ့ချုပ် အိုင်တီ သမားများမှ သတင်း ထုတ်ပြန်ပေးမည်။


မြန်မာနိုင်ငံမှ နှစ်ဦး အပြင် မလေးရှားနိုင်ငံတွင် အမျိုးသား တစ်ဦး၊ ရုရှားနိုင်ငံတွင် အမျိုးသား တစ်ဦး စင်္ကာပူ နိုင်ငံတွင် အမျိုးသား တစ်ဦး နှင့် အမျိုးသမီးတစ်ဦး၊ မဲဆောက်တွင် အမျိုးသား နှစ်ဦး နှင့် အမေရိကန်နိုင်ငံ တွင် အမျိုးသား သုံးဦး နှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၂ ဦးအား ခြေရာခံမိထားပြီးဖြစ်သည်။


အဓိကအလုပ်လုပ်နေသည်မှာ အမေရိကန်နှင့် မဲဆောက်ဖြစ်ပြီး အခြားသူများမှာ သတင်းထောက် များ ဖြစ်ဟန် ရှိသည်။


အမေရိကန်နိုင်ငံမှ ၄ ဦး အနက် နှစ်ဦး မှာ လင်မယားဖြစ်သည်။ လင်မယား ၂ ယောက်လုံး မှ တက်တက်ကြွကြွ လုပ်ဆောင်လျှက်ရှိသည်။ အဖွဲ့ခေါင်းဆောင် လင်မယား နှစ်ယောက် ၏ လိပ်စာ နှင့် ဖုန်းနံပတ်မှာ

+1.4252740657 Fax: +1.4259744730 PMB 368, 14150 NE 20th St - F1
C/O myanmarexpress.net Bellevue, WA 98007 US ဖြစ်ကြောင်း http://www.who.is/whois/myanmarexpress.net/ တွင် ဖော်ပြထားသည်။

အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။


Domain name: myanmarexpress.net


Registrant Contact: Whois Privacy Protection Service, Inc. Whois

Agent () Fax: PMB 368, 14150 NE 20th St - F1 C/O
myanmarexpress.net Bellevue, WA 98007 US

Administrative Contact: Whois Privacy Protection Service, Inc.

+1.4252740657 Fax: +1.4259744730 PMB 368, 14150 NE 20th St - F1
C/O myanmarexpress.net Bellevue, WA 98007 US

Technical Contact: Whois Privacy Protection Service, Inc.

+1.4252740657 Fax: +1.4259744730 PMB 368, 14150 NE 20th St - F1
C/O myanmarexpress.net Bellevue, WA 98007 US

Status: Locked


Name Servers: dns1.name-services.com dns2.name-services.com

dns3.name-services.com dns4.name-services.com dns5.name-services.com
Creation date: 10 Nov 2011 06:13:00 Expiration date: 09 Nov 2012 22:13:00

Information Updated: Fri, 1 Jun 2012 07:27:44 UTC


Myanmar Express ဝဘ်ဆိုက်ပိုင်ရှင်သည် နာမည်ကြီးလိုမှုနှင့် ဝဘ်ဆိုက်ကို လူအများ လာစေရန် ရည်ရွယ် ချက်ဖြင့် လူအများ လာစေရန်အတွက် လူထု့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မကောင်းကြောင်းများကို ရှာဖွေရေးသားလျှက်ရှိသည်။


ထိုရေးသားချက်များကြောင့် myanmarexpress.net သို့ လူအများ လာရောက်လျှက်ရှိပြီး တစ်နေ့လျှင် အမေရိကန် ၃ ဒေါ်လာ ရရှိလျှက် ရှိသည်။ ဝဘ်ဆိုက်တစ်ခုလုံးတန်ဖိုးမှာ $1,845 ಉಸ್ದ್ ရှိနေပြီဖြစ်သည် ဟု

http://www.statscrop.com/www/myanmarexpress.net#ಒಪ್ತಿಮಿಜೆ
တွင်ဖော်ပြထား သည်။

၎င်းဖော်ပြချက်တွင် တစ်နေ့လျှင် Page views 840 ဖြင့် တစ်နေ့လျှင် အမေရိကန် ၃ ဒေါ်လာ ရသည် ဟု ဖော်ပြထားသည်။ ယနေ့လေ့လာမှုအရ myanmarexpress.net ၏ Page ವಿಎವ್ಸ್ မှာ တစ်နေ့ 42724 ရှိသောကြောင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ ၁၅၀ ရရှိနေပြီဖြစ်သည်။ myanmarexpress.net ၏ IP Address မှာ 216.239.38.೨೧ဖြစ်သည်။ တည်နေရာမှာ အမေရိကန်နိုင်ငံ ဆန်ဖရန် စစ်စကိုမြို့ ဖြစ်သည်။


http://www.ip-adress.com/ip_tracer/myanmarexpress.net
တွင် ဖော်ပြထားသည့်
myanmarexpress.net ၏ တည်နေရာ မြေပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

http://www.sitetrail.com/myanmarexpress.net
တွင်ဖော်ပြထားသော မြေပုံမှာ အောက်ပါအတိုင်းဖြစ် သည်။

Myanmar Express အဖွဲ့ဝင်များကို အဖွဲ့ချုပ်မှ အလျှင်အမြန်အလိုရှိနေသည်။ သတင်းပေး သူများကိုလည်း ထိုက်ထိုက်တန်တန်ဆုချီးမြင့်မည်။ အထူးသဖြင့် အမေရိကန်နိုင်ငံရှိ အမေစုကို ချစ်သူများ ထံမှ အကူအညီ လိုအပ်သည်။


ယခုရရှိထားသော လိပ်စာနှင့် ဖုန်းနံပတ် မပြောင်းမှီ အချိန်အတွင်း Myanmar Express Group သို့ ရှာဖွေ စုံစမ်းဖော်ထုတ်ပေးရန် အဖွဲ့ချုပ်နှင့် အဆက်အသွယ်ရှိသော အမေရိကန် နိုင်ငံရောက် မြန်မာ့ အရေး လှုပ်ရှားသူ များအား အကူအညီတောင်းထားသည်။ အခြား အမေရိကန်ရောက်မြန်မာများလည်း ကူညီပေးပါ။ အခြား အနယ်နယ်အရပ်ရပ်မှ သဲလွန်စ ရသူများလည်း ဆက်သွယ်ပါ။ အဖွဲ့ချုပ် IT သမားများ၏ Email မှာ nlditgroup@gmail.com ဖြစ်သည်။

အစိုးရ တပ်က လက်နက်ကြီး များဖြင့် ဖားကန့်ဒေသ မော်မောဘွမ်း ကျေးရွာသို့ ပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး (၆) ဦး ဒါဏ်ရာ ရ

ဖားကန့် မြို့ရှိ အစိုးရ စစ်ဗျူဟာ ကုန်းသည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၏ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) နယ်မြေ ဖြစ်သော
ဖားကန့်ဒေသ မော်မောဘွမ်း ကျေးရွာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုကြောင့် ရွာသား နှစ်ဦး သေဆုံးပြီး (၆) ဦး ဒါဏ်ရာ ရခဲ့သည်ဟု ဒေသခံ ကချင်လူငယ် ခေါင်းဆောင် တဦးက ဆိုပါသည်။

“ ပစ်တာက ည (၉နာရီနဲ့ ၁၀) နာရီ ကြားမှာပါ။ ၁၂၀ မမ လို့ ထင်ရတဲ့ လက်နက်ကြီး အလုံး (၂၀) လောက် ရှိမယ် ပစ်တာ။ တပ်ရင်း (၆) က KIA တပ်သားလည်း (၂) ဦး သေပြီး (၂) ဦး ဒါဏ်ရာ ရတယ်လို့ တပ်ထဲက သူငယ်ချင်းက ပြောပြ တယ်လေ။ တိုက်ပွဲ မဖြစ်တာ ကြာပြီးဗျ။ (၁၀) ရက် မကတော့ဘူး။ ပြီးတော့ ဆွေးနွေးပွဲ လေသံတွေလည်း ကြားနေရတော့ ဒီတခါ အေးဆေးပြီးပေါ့ စဉ်းစား နေကြတယ်ဘဲ ရှိသေးတယ်။ ညက ထပစ်လိုက်တော့ မျှော်လင့်ချက်က သဲထဲရေသွန် မလားတော့ မပြောတတ်ဘူး” ဟု ဆိုပါသည်။

ဒါဏ်ရာရသော ရွာသား များသည် ဖါးကန့် ဆေးရုံသို့ ရောက်ရှိ နေကြ ပါသည်။ အစိုးရ တပ်ဖွဲ့ရှိသည့် စစ်ဗျူကုန်းနှင့် မော်မောဘွမ်း ကျေးရွာသည် မြေပုံအရ (၃) မိုင်ကျော် ရှိပါသည်။ ဤဖါးကန့်နယ်ထဲ၌ ပြီးခဲ့သည့် ရက်ပိုင်းတွင် မော်မော့ဗုံနဲ့ ဆိုင်ဂျာဗွန် ကျေးရွာဖက်၌ တိုက်ပွဲငယ်များ ဖြစ်ပွား ခဲ့သည်မှ တပါး တိုက်ပွဲ မရှိဟု ဒေသခံ ကချင် လူငယ် ခေါင်းဆောင် ခွန်ဆိုင်က ဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည်၊ ကချင် တပ်မဟာ (၄) ဖက်၌ ဗျူဟာ (၃)ခုနှင့် စစ်ဆင်နေသည်ဟု ပလောင် အဖွဲ့မှ ဆိုပါသည်။ မန် ဆန်မြို့နယ်၊ မန်တုံမြို့နယ်။ ကွတ်ခိုင်မြို့နယ်နှင့် နမ်းခမ်းမြို့နယ်ထဲ ဂွင်ထဲတွင် အစိုးရ တပ်ဖွဲ့ (၁၀) ရင်းကျော် လှုပ်ရှားနေပါ သည်။ ၄င်းစစ်ဗျူဟာမှူးများသည် မန်ဆန်းမြို့၊ မန်တုံမြို့နှင့် နမ်းခန်း (မိုင်းဝီ) ၌ အခြေချပြီး စစ်ဆင် နေပါသည်။

ဤစစ်ဆင်ရေးတွင် ပလောင် ကျေးရွာ လူကြီးများကို ဖမ်းဆီး နေကြပြီး ညှင်းပမ်းနှိပ်စက်မှုဖြင့် KIA နှင့် ပလောင်တပ်ဖွဲ့ သတင်း များကို ဖေါ်ထုတ် နေကြပါသည်။ KIA တပ်မဟာ (၄) ဒေသတွင် ပလောင် လွတ်မြောက်ရေး အဖွဲ့မှ တပ်ရင်း (၄) ရင်း လှုပ်ရှား နေပါသည်။

အစိုးရသည် KIA နှင့် တွေ့ဆုံ ဆွေးနွေးရန် ပြီးခဲ့သည့် အောက်တိုဘာလ (၁၀) ရက်နေ့က ကမ်းလှမ်း ခဲ့ပါသည်။ အောက်တိုဘာ လဆန်း တရက်နေ့မှ (၁၀) ရက်နေ့ အထိ KIA နှင့် ဖြစ်ခဲ့သော တိုက်ပွဲပေါင်းမှာ (၂၀) ပွဲထက်မနဲ ရှိသည်ဟု စစ်ရေး လေ့လာ သူများက ခန့်မှန်း ထားပါသည်။

ဤသို့ကြောင့် တိုက်ပွဲ အဆက်မပြတ် ဖြစ်ပွား နေသည့်ကြားမှ KIA နှင့် အစိုးရတို့၏ တွေ့ဆုံ ဆွေးနွေးရေးသည် ဖြစ်လာဖွယ်ရှိ သော်ငြားလည်း KIA ၏ တောင်းဆို မှုကသာ ဆွေးနွေးပွဲကို လွှမ်းမိုး နေမည် ဖြစ်ကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။

လက်ပန်းတောင်းတောင် ပြည်သူ့ညီ လာခံ...

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ဆည်တည်ကျေးရွာမှာ လက်ပန်းတောင်းတောင် ပြည်သူ့ညီ လာခံကို ဒီကနေ့ အောက်တိုဘာ ၁၈ ရက်နေ့ က စတင်ကျင်းပနေပြီး ဒေသခံ တောင်သူတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ကျောင်း သားတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေက ကိုယ် စားလှ
ယ်တွေ ထောင်နဲ့ချီပြီး တက်ရောက်ခဲ့ပါတယ်။ ညီလာခံ ပထမရက်အတွင်းမှာ လက်ပန်း တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ရခိုင်တိုင်ရင်းသား အရေးနဲ့ ကချင် ဒေသမှာ စစ်ဖြစ်နေ တာတွေ ရပ်ဆိုင်းရေး စတဲ့ အချက် (၃)ချက်ကို အဓိကထား ဆွေးနွေးသွားကျတယ်လို့ ဆည်တည်း ရွာက ဦဇင်း ဦးနန္ဒာစာရက မိန့်ပါတယ်။(၂)ရက်ကြာ ကျင်းပမယ့် ပြည်သူ့ညီလာ ခံကို ပြည်ပရာက် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကလည်း ထောက်ခံ ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

အမေရိကန် ဒုတိယပြည်ထဲရေးဝန်ကြီး willim brun နှင့်အတူတွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည် (18-10-2012)

အမေရိကန် ဒုတိယပြည်ထဲရေးဝန်ကြီး willim brun နှင့်အတူတွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည် (18-10-2012)

သျှမ်းပြည်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစိုးရတပ်ဖမ်းဆီးရိုက်နှက်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့ နယ် နှင့် ပလောင်ကိုယ်ပိုင်အုပ်ခွင့်ရဒေသ အတွင်းမှ ကျေးရွာအုပ်စု နှင့် ကျေးရွာ ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့ နယ်မန့် စံတပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးမေးမြန်းရိုက်နှက်ခဲ့ကြောင်းစုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံအခြေစိုက် တပ်မှူး တဦးဖြစ်သည့်    ဒုဗိုလ်ချုပ်မှူးကြီး သိန်းလွင် မှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အစည်းအဝေး  ဆင့်ခေါ်ကာ    ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်းလူငယ်အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။

ဖမ်းခံသည့်အုပ်ချုပ်ရေးမှူးများမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ နယ်
အတွင်းက အထက်ပန်း တောင်းရွာ၊ အောက်ပန်းတောင်းရွာ၊ အထက်မန်ဝယ်ရွာ၊
အောက်မန် ဝယ်ရွာ၊ အထက်မန်ငိုင်ရွာ၊ အောက်မန်ငိုင်ရွာ၊ မန်းလန်းရွာ၊ မန်ပိန်းရွာ၊
ခေးခင်ရွာ၊ အုမ်လောတ်ရွာနှင့် နမ့်လင်းရွာ တို့ဖြစ်ကြောင်းသိရသည်။

''အစည်းအဝေးခေါ်တယ်ဆိုလို့ အစည်းအဝေးလာတက်တာ အဲဒီမှာကျတော်တို့
အားလုံးကို ကြိုးနဲ့တုတ်ပြီး ဖမ်းသွား တော့တာပဲ၊ လမ်းတစ်လျှောက်မှာကော
တပ်စခန်းရောက်တော့ကော ကျတော်တို့ကို ရိုက်နှက်ညှဉ်းပန်း တော့တာပဲ၊
တုတ်နဲ့လည်းရိုက်တယ်၊ ကန်တယ်၊ အားလုံးကို ဒိုက်ထိုးခိုင်းတယ် သွေးထွက်
သံယိုဖြစ်သွားတဲ့အထိဘဲ'' ဟုကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်
ကပြောပြသည်။

ထိုအစိုးရစစ်တပ်၏ ဖမ်းဆီး နှိပ်စက်ခံရသော ရွာအုပ်ချူပ်ရေးမှူးများကိုဖမ်းဆီးသည့်နေ့
ညနေပိုင်းကပြန် လွတ်ပေးခဲ့ ပြီဖြစ်သော်လည်း ရပ်ရွာ အုပ်ချုပ် ရေးတာဝန် ဆက်
မယူရဲ တော့ ပဲ နှုတ် ထွက်ကြမည်ဟုပြောဆို နေကြကြောင်း ဒေသ တွင်း
သတင်းအရသိရသည်။

အဆိုပါဒေသတွင် ပလောင်နှင့် သျှမ်းလက်နက်ကိုင်တပ်များလှုပ်ရှားနေသောနေ
ရာများ ဖြစ်ကြပြီး ကချင် KIA တပ် မှာမူမရှိသလောက်ဖြစ်ကြောင်း TNLA အထွေထွေအတွင်းရေးမှူးမိုင်းဘုန်းကျော် ကပြောပြသည်။“ဒါကတမင်သက်သက်
လုပ်လိုက်တာပဲ ။

ဒီအစိုးရစစ်တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကို လိုက် တိုက်နေတာ
သူတို့ထဲမှာ ထိခိုက်ဆုံးရှုံးမှုများတယ်လေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်အပေါ်
ထွက်လာတဲ့ဒေါသ ကို အပြစ်မဲ့ ရွာသား တွေအပေါ်ပုံချလိုက်တာဘဲ။ တိုင်းရင်း
သားတပ်တွေကို မထောက်ခံ အောင် ရွာသားတွေကို ညှဉ်းပန်းနှိပ်စက် နေ
တာဖြစ်မယ်” ဟု သူကဆိုသည်။

အစိုးတပ်နှင့် လက်နက်ကိုင်တိုင်းရင်းသားတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကာ
လကြာသည်နှင့် အမျှလူ့ အခွင့် ရေးချိုးဖောက်မှုများလည်း အများအပြားရှိလာ
သည်ကိုတွေ့ ရသည်။

ထိုင်း မှောင်ခိုဒီဇယ် လီတာသိန်းချီ အစိုးရတပ်ငွေကောက်၍ တင်သွင်းခွင့်ပြု

လွန်ခဲ့သည့်လမှစ၍ သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်းအခြေစိုက်သည့်အစိုးရတပ်က လက်နက်ကိုင် တပ်ဖွဲ့တခုမှ တင်သွင်း
သည့် ထိုင်းဒီဇယ်များအား တလီတာ(ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့်ကောက်ကာနေ့စဉ် တင်သွင်းခွင့်ပြုနေသည်ဟု စုံစမ်းသိရှိရပါသည်။

“စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဇာကား နဲ့ နေ့တိုင်း တင်သွင်းနေတယ် ။ ဝ တပ် ဌာနချုပ် ဟွေ့အော့်မှာ သိုလှောင်ထားတယ် ပြောတယ် ” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန်ရွာသား တဦး ကပြောပါသည်။

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ တပ်မဟာတခု၏ ဌာနချုပ် ဟွေအော့်သို့ ထိုင်းမှ ဒီဇယ်များတင်သွင်းနေကြောင်း၊ တစီး ဂါလံ ၁၆၀၀ ဆန့် တရုတ်လုပ် ဆီဘောက်ဇာကားဖြင့် တရက်နှစ်စီးသယ်ယူနေကြောင်း၊ ထိုင်းမှ ဒီဇယ်သယ်ယူ သို လှောင်နိုင်ရေးအတွက် ဂိတ်စောင့်အစိုးရတပ် ခလရ ၂၂၅ နှင့် ၆၅ တို့ထံ တဂါလံ ၂ ဘတ် ပိုက်ဆံပေး ရ ကြောင်း - ဝ တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံတဦးက ပြောပါသည်။

“ဒီလုပ်ရပ်က ဒေသခံလူထုအတွက် အကျိုးမရှိဘူး။ သျှမ်းပြည်ဝင်ငွေလဲ မဟုတ်ဘူး။ ဒီမှောင်ခို ပစ္စည်းကို အစိုး ရစစ်တပ်က လာဘ်စားပြီးခွင့်ပေးတယ်။ ဝ တပ်ဖွဲ့အကျိုးသက်သက်အတွက်ဘဲလေ။ သူတို့ရဲ့ရာဘာခြံ လုပ်ငန်း၊ မော်တော်ယာဉ်အတွက် သုံးဖို့ဘဲ။ ခလရ ၂၂၅ ပြောင်းသွားတော့ ဒီဟာတွေရပ်သွားပြီလို့ ထင်နေ တာ။ နားကောင်းမူးအခြေစိုက်တဲ့ ခလရ ၆၅ ရောက်လာတော့လဲ ဆက်ရှိနေသေးတာဘဲ” - ဟု နိုင်ငံရေး ပါတီဝင် သျှမ်းပြည်အရှေ့ပိုင်းသားတဦးက ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံမှ အတည်ပြုချက်မရသေးပေ။

အလားတူသီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ ဩဂုတ်လက သျှမ်းပြည်တပ်မတော် (RCSS/SSA) စီးပွားရေး တာဝန်ခံအဖွဲ့က ထိုင်းမှ ဓါတ်ဆီ၊ ဒီဇယ်များအား သျှမ်းပြည်သို့ တရားဝင် တင်သွင်း ခွင့်ပါမစ်ကို နေပြည် တော်သို့သွားရောက်တောင်းခံခဲ့ကြောင်း၊ နေပြည်တော်အစိုးရက သျှမ်းပြည်အစိုးရထံမှ တောင်းခံရန် လွှဲချခဲ့ သည်ဟုဆို၏။

သျှမ်းပြည်နယ် အစိုးရထံတောင်းခံသော် ထိုင်းနိုင်ငံမယ်ဆိုင်မှတင်သွင်းမည်ဆိုပါက တာချီလိတ်ခရိုင်အာဏာ ပိုင်နှင့်သာဆိုင်ကြောင်း၊ တာချီလိတ်ခရိုင်ကလည်း ‘ ပေးပိုင်ခွင့် အာဏာ လုံးဝမရှိ အဆိုပါကိစ္စများ နေပြည်တော်အစိုးရနှင့်သာ သက်ဆိုင်သည်’ ဟု တုန့်ပြန်ပြောဆိုလိုက်သဖြင့် ထိုကိစ္စအပေါ် သျှမ်းပြည် တပ်မတော်မှ စိတ်လက်မအီမသာဖြစ်ခဲ့ရကြောင်း နီးစပ်သူတဦးက ပြောပါသည်။

Wednesday, October 17, 2012

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်...

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကိုယနေ့ အောက်တိုဘာလ ၁၈ရက်နေ့မှာစတင်ကျင်းပပြီး တပ်မတော်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများပြုလုပ်ခဲ့ကြသည်။ ယနေ့လွှတ်တော်အစည်းအဝေးတွင် တစ်နှစ်လျှင် ခြောက်လထက်မပိုသောကာလအထိသာလွှတ်တော်ပုံမှန် အစည်းအဝေးများကျင်းပရန် လွှတ်တော်များသို့တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ဦးအောင်သိန်းလင်း ရဲ့ပြောကြားချက်နှင့် ပတ်သက်၍ လုံးဝလက်မခံပါ ဟု ၈၈ မျိုးဆက်ကျောင်းသား ဦးကံညွှန့်ဆို

““ဦးအောင်သိန်းလင်းရဲ့ လူ ထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည
်း ညီညွတ်ရန်လို ကြောင်းဆိုတာကို ပြည်သူလူထု က ဆန္ဒပြုရင် ဖွဲ့စည်းပုံနှင့်ကိုင် ပြီးတော့ ဟိုဟာမလုပ်ရဘူး၊ဒီဟာ မလုပ်ရဘူးဆိုပြီး ပြည်သူလူထု ဆန္ဒကို ဖွဲ့စည်းပုံက မျက်ကွယ် ပြုနေမှာလား၊ပြည်သူလူထုရဲ့ဆန္ဒ ကို ဖွဲ့စည်းပုံက မျက်ကွယ်ပြုလို့ မရဘူး။ပြည်သူလူထုရဲ့ဆန္ဒကို ဖွဲ့ စည်းပုံကော၊လွှတ်တော်ကော၊ အစိုးရကော လိုက်လျောရမယ်။ ပြည်သူလူထုရဲ့ဆန္ဒက အဓိကကျ တယ်၊ဖွဲ့စည်းပုံက အဓိကမကျဘူး။ ဖွဲ့စည်းပုံကို ပြည်သူလူထုဆန္ဒနဲ့ပဲ ပြင်ဆင်ရေးဆွဲလို့ရတယ်။

အဲဒါ ကြောင့် ဒီမိုကရေစီ တိုင်းပြည်မှာ ဆိုလျှင် ပြည်သူသာလျှင်အဓိက ကျတယ်၊အစိုးရအဖွဲ့လည်း ပြည် သူကပဲ တင်မြှောက်ရမှာ၊လွှတ် တော်ကိုယ်စားလှယ်ကိုလဲ ပြည် သူကပဲ တင်မြှောက်ရမှာ၊ဖွဲ့စည်း ပုံကို ပြည်သူတွေက သူတို့ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ် နာဖို့ရှိတယ်ဆိုရင် အချိန်မရွေးပြင် ဆင်ပိုင်ခွင့်ရှိတယ်၊ဖွဲ့စည်းပုံအခြေ ခံဥပဒေမှာလည်း တရားဝင်ပြဋ္ဌာန်း ထားပြီးသား၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ် ဆိုတာ ပြဋ္ဌာန်းထားပြီးသား၊အဲ ပြင်ဆင်ရမဲ့ဟာတွေကို ပြည်သူ ကပဲလုပ်ရမှာ၊(၄၇)ခုနှစ်ကလဲ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိခဲ့ပြီးသား ပဲ၊ဖွဲ့စည်းပုံအခြေခံဥပဒေတွေ က ရှိခဲ့ဖူးတာပဲ။ ဥပဒေတွေက ယနေ့ အထိ တည်ရှိနေပါသလား။ပြည် သူတွေကပဲ ပြင်ဆင်ခဲ့ရတာလေ၊

မလိုအပ်တော့ဘူး၊ပြည်သူနဲ့မကိုက်ညီတော့ဘူးဆိုရင် ပြည်သူတွေပဲ ပြင်ဆင်ခဲ့ရတာပါ၊ကြိုက်တဲ့အချိန် မှာ ပြည်သူလူထုတွေက ကြိုက်တဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်ရှိတယ်၊ ပြည်သူသာလျှင်အာဏာရှိဆုံးလုပ်ပိုင်ခွင့်ရှိဆုံး၊အဓိကကျဆုံး ဖြစ်တယ်””ဟု ပြည်သူလူထု၏လုပ် ပိုင်ခွင့်နှင့်ပတ်သက်၍ ထောက်ပြ ခဲ့သည်။

ပြည်သူတွေအနေနဲ့ ဥပဒေ တွေကို လေ့လာမှုအားနည်းတဲ့ အခါကျတော့ သူတို့ရဲ့ဆန္ဒတစ်ခု ထဲနဲ့သူတို့သဘောကျတဲ့ သူကို နိုင်ငံခေါင်းဆောင်အဖြစ်တင် မြောက်လို့ရတယ်လို့ထင်ရတယ်၊ ဒီလိုမရပါဘူးဟု ဦးအောင်သိန်း လင်း၏ ပြောကြားချက်နှင့်စပ် လျဉ်း၍ ဦးကံညွှန့်မှ ““ဘယ်သူ သမ္မတဖြစ်ရေး၊မဖြစ်ရေးကိုပြော နေတာမဟုတ်ပါဘူး၊ဥပဒေတွေ ကို ပြည်သူတွေအနေနဲ့လေ့လာမှုအားနည်းတဲ့အခါ၊သူတို့ရဲ့ဆန္ဒတစ်ခုထဲနဲ့သူတို့သဘောကျတဲ့သူကို နိုင်ငံခေါင်းဆောင်အဖြစ်တင် မြောက်လို့ရတယ်လို့ထင်ရတယ်။

ဒီလိုမရဘူး၊ဖွဲ့စည်းပုံဥပဒေဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ပင်မကျောရိုး ကြီးလေ၊ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့ကျွန်တော်တို့နိုင်ငံမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါအချက် တွေလို လုံးဝလုံးဝသွေဖယ်လို့မရ ဘူးလေ ဆိုတဲ့စကားကို သိပ်သ ဘောမကျဘူး၊ပြည်သူက သူတို့ လိုချင်တဲ့လမ်းကို သူတို့ဖောက် သွားရမှာ ပြည်သူကို ဟိုလမ်းသွား ပါ၊ဒီလမ်းသွားပါလို့ညွှန်ကြားလို့ မရဘူး၊ပြည်သူ့ဆန္ဒပဲ အဓိကကျ တယ်၊

သန်း(၆၀)သော ပြည်သူတွေ က တစ်ခဲနက် ထောက်ခံနေလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ကော ကန့်ကွက်မှာလား၊ဖွဲ့စည်းပုံကြီးကိုကိုင်ထားတဲ့လူတွေက ကောကန့်ကွက်မှာလား၊ဖွဲ့စည်းပုံအခြေခံဥပဒေအဓိကထားပြီး ပြည်သူ့ဆန္ဒကို အဓိကမထားဘူး ဖြစ်နေတယ်၊စာအုပ်ကြီးအတိုင်း သွားပါ၊ကောင်းပါတယ်၊တိတိကျ ကျ စာအုပ်ကြီးအတိုင်းသွားတာ က ပိုကောင်းပါတယ်၊သူတို့လည်းပဲဒီစာအုပ်ကြီးထဲကအတိုင်း လေးစားပြီးတိတိကျကျလိုက်နာ နိုင်မယ်ဆိုရင်ပိုကောင်းပါမယ်၊ဒါ ပေမဲ့ ပြည်သူရဲ့လိုအပ်ချက်ကိုလဲ ဖြည့်ဆည်းပေးဖို့လိုတယ်၊ပြည်သူ က မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေဖြစ်ပါတယ်၊ ဖွဲ့စည်း ပုံက မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေဖြစ်ပါတယ်၊ဖွဲ့စည်း ပုံက မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေမဟုတ်ပါဘူး၊

ဒါကြောင့် ပြည်သူတွေရဲ့အသံတွေကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တွေက နားထောင်ပေး၊တင်ပြပေးရမှာပါ၊ သူပြောချင်တာထက်၊အများပြည် သူဆန္ဒကို လိုက်လျောတင်ပြပေးရမှာပါ၊နောက်ဆုံးပြောချင်တာက တော့ ပြည်သူတွေဆန္ဒရှိမယ်ဆို ရင်၊ကိုယ်တင်ချင်တဲ့သဘောကျ တဲ့၊လိုလားတဲ့ ခေါင်းဆောင်တို့တင်ခွင့်ရှိပါတယ်။လိုချင်တဲ့ ခေါင်း ဆောင်ကိုလွတ်လပ်စွာရွေးချယ် တင်ပိုင်ခွင့်ရှိရပါမယ်၊ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းရဲ့အပြောနဲ့ ပတ်သက်၍ လုံးဝလက်မခံပါ””ဟု သူ၏ သဘောထားကိုပြောပြခဲ့ သည်။

မြောက်ဦးရဲက လာဒ်စားလိုက်ခြင်းအား

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရဲစခန်းတွင် ပေါင်းတုတ်ကျေးရွာ ဗလီအတွင်း လက်နက်အလက်(၂၀၀) ရှိသည်ဟု ဖြောင့်ချက်ပေး ခဲ့သော ဘင်္ဂလီ မူဆလင်ဘာသာဝင် မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် ထံမှ မြောက်ဦးမြို့ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀) က ငွေ (၁၀) သိန်းတောင်းယူလျှက် ယနေ့ အောက်တိုဘာလ
(၁၄) ရက်၊ နံနက် (၁၀း၃၀) နာရီ ခန့် အချိန်တွင် အချုပ်ခန်းမှ လွှတ်ပေးလိုက်ကြောင်း Arakan Review မှ သတင်းရရှိသည်။

အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အောက်တိုဘာလ (၁၂) ရက်နေ့တွင် ပေါင်းတုတ်ကျေးရွာမှ မြောက်ဦးမြို့သို့ ဈေးဝယ်ရန်အကြောင်းပြပြီး မြို့ပေါ်အခြေအနေများအား စုံစမ်းရန် ရောက်ရှိလာသူ မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် ဆိုသူအား ၄င်းနေ့ နံနက် (၁၁း၀၀) နာရီ အချိန်တွင် မြောက်ဦးမြို့ခံများနှင့် ရဟန်းတော်များက မသင်္ခါ၍ မြေက်ဦးမြို့ ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးမေးမြန်းပေးရန် အပ်နှံခဲ့သည်။

ထိုသို့ မေးမြန်းချက်အပေါ် မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က ဖြောင့်ချက်ပေး ဖြေကြားသည်တွင် –

မိမိတို့ ကျေးရွာရှိ ဗလီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လိုက်သော သေနပ်အလက်(၂၀၀)နှင့် ၄င်း ကျည်အမျိုးအစားများနှင့် ကျည်ကပ်များရှိကြောင်းကို ဖြောင့်ချက်ပေးထွက်ဆိုခဲ့သည်။ သို့သော် ထိုအမှုနှင့်ပတ်သက်ပြီး မြောက်ဦးရဲစခန်းမှ မြို့ခံလူထုသို့ ပြန်ကြားချက် တရပ်တွင် အမှုမှန်ပေါ်ပေါက်နိုင်ရေးနှင့် ခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိနိုင်စေရန် မြောက်ဦး ရဲတပ်ဖွဲ့မှူး၊ သတင်း ရဲတပ်ဖွဲ့ တပ်ဆွယ်မှူး၊ မယက၊ လ၀ကနှင့် သာသနာရေးဦးစီးတို့ ကဆက်လက် စစ်ဆေးမေးမြန်း နေသည်ဟု ဆိုခဲ့သည်။

ထိုသတင်းမှာ မှန်ကန်မှုလုံးဝမရှိသည့်အပြင် ယနေ့ နံနက် (၁၀း၃၀) နာရီခန့် အချိန်တွင် မြေက်ဦးမြို့ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀) က ကျပ်ငွေ (၁၀) သိန်းယူလျှက် အချုပ်ခန်းမှ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်ရက်များအတွင်းက မြောက်ဦးမြို့သို့ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စုံစမ်းဖို့ ရောက်ရှိလာသော ဘင်္ဂလီ မူဆလင် ဘာသာဝင် (၃၀) ဦးအား တာဝန်သိ မြို့ခံပြည်သူများနှင့် ရဟန်းတော်များ ပူးပေါင်းကာ စုံစမ်းစစ်ဆေးပေးရန် မြောက်ဦးမြို့ ရဲစခန်း သို့ အပ်နှံမှုများ ရှိခဲ့သည်တွင်လည်း ထို နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀) က တဦးလျှင် ကျပ်ငွေ (၅၀၀၀၀) စီတောင်းခံပြီး ပြန်လည်လွှတ်ပေးခဲ့သည်။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက် ဘီအိုစီ တွင် နေထိုင်ခဲ့သူဖြစ်ပြီး ရခိုင် မိဘ နှစ်ပါးမှ ဖွားမြင်လာသူလည်း ဖြစ်သည်။

ထိုသို့သော လုပ်ရပ်များကြောင့် မြောက်ဦးမြို့ရှိ မြို့ခံများနှင့် ရဟန်းတော်များက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး အား မကျေ မနပ်ဖြစ်နေကြသည့်အပြင် သူနှင့် ပတ်သက်သည့် သာရေးနာရေး ကိစ္စရပ်များကို မည်သူမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မလုပ်ကြရန်ကို ဆုံးဖြတ်ထားကြကြောင်း Arakan Review မှ သတင်းရရှိသည်။

Happy birthday bro ....


ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ အသက်(၅၀)ပြည့်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာ သူ့ရဲ့ ရွှေရတုမွေးနေ့ကို ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာရှိတဲ့ ထိန်လင်း ကုသိုလ်ဖြစ် ဆေးခန်းမှာ လူမှုရေးကူညီမှုအလှူဒါန ပြုလုပ်နေပါတယ်။

မြန်မာအလှမယ် နန်းခင်ဇေယျာ ရဲ့ အလှဓါတ်ပုံများ