468x60 Ads


Tuesday, October 23, 2012

နန်းခင်ဇေယျာရဲ့ ရန်ကုန် လေဆိပ် အပြန် မြင်ကွင်းများ






























အမိမြေကို နိုင်ငံဂုဏ်ဆောင်ပြီး ပြန်လာခဲ့တဲ့ နန်းခင်ဇေယျာရဲ့ ရန်ကုန် လေဆိပ် အပြန် ခရီးကြိုဆိုသူတွေ နဲ့ မြင်ကွင်းတွေပါ။ သူဟာ ဂျပန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွက် ကျင်းပတဲ့ Miss International ပြိုင်ပွဲကို နှစ်ပေါင်း ၅၀ ကျော် ကြမှသာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရင်း People's Choice Award နဲ့ Miss Internet ဆု ၂ ခုကို ဆွပ်ခူးအောင်မြင်လာခဲ့တာပါ။
လေဆိပ်မှာလည်း မိခင်၊ ဖခင် တို့နဲ့ ပအို့ဝ်တိုင်းရင်းသားတွေ၊ ရှမ်းအိုးစည်အဖွဲ့၊ ချစ်ခင်တဲ့ ပရိတ်သတ်တွေက စည်စည်ကားကား ကြိုဆိုခဲ့ကြတာပါ။

အပြန်အလှန် နားလည်မှုတွေနဲ့ တည်ဆောက်ထားရာ နိုင်းနိုင်းတို့ မိသားစုကမ္ဘာ

အောက်တိုဘာ ၁၆ရက်နေ့မှာတော့ နိုင်းနိုင်း မိသားစုက တီဗီကြော်ငြာ တစ်ခုကို ပါဝင်သရုပ်ဆောင် ရိုက်ကူးပေးနေပါတယ်။ ရိုက်ကွင်းပေါ်မှာ ၃နှစ်အရွယ် သမီးကြီး   မြနန္ဒီချို၊ ၁နှစ်နဲ့၂လသားအရွယ် သားငယ်အန်ဒါဆန် ချိုလတ်နဲ့ကိုယ်ဝန် ၇လလွယ်ထားတဲ့ စန္ဒီချိုနဲ့ နိုင်းနိုင်းတို့ရဲ့ ကြည်နူးပျော်ရွှင်စရာ မိသားစု ဘဝလေးကိုလည်း စိတ်ရွှင်လန်းဖွယ် မြင်တွေ့ခဲ့ ရပါတယ်။ ခုလို သာယာပျော်ရွှင်တဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားတဲ့ အကြောင်းအရင်း ကိုမေးတော့ နိုင်းနိုင်းက…”အိမ်ထောင် တစ်ခုမှာ အရေးကြီးဆုံးက တစ် ယောက်နဲ့ တစ်ယောက် အပြန်အလှန် မေတ္တာထားနိုင်ရ မယ်။ နားလည်မှုရှိရမယ်။ ပေးဆပ်နိုင်စွမ်းရှိရမယ်။ အချိန် ပေးနိုင်မှုတွေ၊ ဂရုစိုက်မှုတွေ အများကြီးလို ပါတယ်။ ဂရုမစိုက်ရင်လည်း ပျော်စရာ မကောင်းပါဘူး။ နားလည်မှု မရှိရင်လည်း ပျော်စရာမကောင်းဘူး။ အလုပ်ကိုလည်း အချိန်ပေးတယ်။ အလုပ်ချိန် ပြီးရင် အရေး ကြီးတဲ့လူမှုရေးကိစ္စတွေပြီးရင် ကျန်တာအားလုံး မိသားစုကိုပဲ အချိန်ပေးဖြစ်တယ်” လို့ ပြောပါတယ်။ ဇနီးဖြစ်သူကလည်း အမြဲနားလည်မှု ပေးတတ်ပြီး သူ့ရဲ့ ဇာတ်ကားတွေကို ကြည့်ပြီး အမြဲဝေဖန် အကြံဥာဏ်ပေးတတ်ကြောင်း ပြောပါတယ်။ ကလေးတွေကိုမိဘနှစ်ဦး စလုံးမျှ ပြီးထိန်းကျောင်းသလို၊ ကလေးတွေ ကလည်း အရွယ်သိပ် မကွာတဲ့ အခါ နှစ်ဆပိုပင်ပန်းတဲ့အတွက် တစ်ယောက်တည်း ထိန်းကျောင်းဖို့မလွယ်ဘဲ မိဘနှစ်ဦး စလုံးပဲ အချိန်ရရင်ရသလို ထိန်းကျောင်းကြ   ကြောင်း ပြောပါတယ်။ ကလေးတွေကို အသားနာအောင် ရိုက်တာထက် အသိဥာဏ်တွေပေးပြီး ထိန်းကျောင်းချင်ကြောင်း ပြောတဲ့ နိုင်းနိုင်းက “အခုအချိန်မှာ ကလေး   တွေက ငယ်သေးတော့ အန္တရာယ် မဖြစ် အောင်လောက်ပဲ ဂရုစိုက်ပေးတာပဲရှိတယ်။ သိတတ်တဲ့ အရွယ်ရောက်ရင်တော့ သူတို့ကို အသိ ပညာတွေ သင်ပေးရမှာပေါ့။ ကလေးတွေကို ကျွန်တော်က အသားနာ အောင်ရိုက်တာထက် ဦးနှောက်ထဲအသိပညာဝင် အောင်လုပ်ပေးတာက ပိုကောင်းမယ်လို့ ထင်တယ်။ ကျွန်တော် ကတော့ ကလေး တွေကို အသိဥာဏ်တွေ ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ရိုက်မှ ကြောက်တာထက် ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်သိလို့ မလုပ်တာပိုကောင်းတယ်”လို့ ကလေးတွေကို ထိန်း ကျောင်းသွားမယ့် နည်းလမ်းကိုလည်း ပြောပြခဲ့ပါတယ်။

ပုဂံမှာ မြင်းလှည်းမောင်နေတဲ့ ဝတ်မှုံရွှေရည်

ပုဂံမှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ဗီဒီယို ဇာတ်ကား၂ကားမှာ မြင်းလှည်းမောင်းတဲ့ ကောင်မလေး တစ်ယောက်ပုံစံနဲ့ ယွန်းထည်ဆိုင်က ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ ဝတ်မှုံရွှေရည်က ရိုက်ကူးခဲ့တဲ့ ၂ကားစလုံးကို ရိုက်ချင်တဲ့ဇာတ် ဖြစ်သလို၊ ခရီးထွက်ရတဲ့အတွက် ပျော်ခဲ့ရ တယ်လို့ ဆိုပါတယ်။ မြင်းစီးရင်း မြင်းပေါ် က ပြုတ်ကျတတ်သလို၊ မြင်းနဲ့အကျိုးမပေးပေမယ့် ဒီတစ်ခေါက်မှာတော့ အဆင်ပြေခဲ့တယ်လို့ ဆိုတာကြောင့်..”ခရီးသွားရရင် ကစ်က တအားပျော်တယ်လေ။ အခု ခရီးထွက်ရင်း အလုပ်လုပ်ရတာပျော် တယ်။ ပင်ပန်းတာတော့ ပင်ပန်းတယ်။ အမှတ်တရ ကတော့ မြင်းလှည်း မောင်းတတ်သွားတယ်။ အဆင်ပြေခဲ့တယ်။ ဇာတ်ကလည်း ကစ်တအား ကြိုက်တဲ့ကား ဆိုတော့ အားရတယ်။ အညာသူတစ် ယောက်ပုံစံဆိုတော့ ချည်ထည်တွေချည်းပဲ ဝတ်ရတယ်။ ဒီကားတွေကို ပရိသတ်တွေလည်း ကြိုက်မှာ ပါ။ နေရာလည်း စုံတယ်။ နယ်မှာ ရိုက်တာက ပင်ပန်းတယ်။ မနက်အစောကြီးထပြီး ရာသီ ဥတု အခက်အခဲရှိရင်တောင် အားစိုက် ပြီးလုပ်ရတယ်။ ဒီလို အကုန်လုံး အပင် ပန်းခံရိုက် ထားတဲ့အတွက် ပရိသတ်ကြည့်ရ ကျိုးနပ်မှာပါ” လို့ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူးရင်း ပုဂံမှာ ဘုရားတွေလည်း ဖူးခဲ့ပြီး အချိန် သတ်သတ်မရတဲ့ အတွက်   သေချာ တော့ မသွားဖြစ်ခဲ့ဘူးလို့ ဆိုပါ တယ်။ ပုဂံမှာ ဇာတ်ကားရိုက်ကူးမှု ပြီးတဲ့နောက်ဆုံးနေ့ကိုတော့ ပုပ္ပား ကို အကုန်လုံးသွားခဲ့ကြတယ် လို့လည်း ပြောပြခဲ့ပါတယ်။

‘ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်’အတွက် ဘန်ကောက်ကို သွားရောက်လေ့လာခဲ့တဲ့ နန်းဆုကေဆွမ်

အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်နေ့ အထိ MCCခန်းမမှာ ကျင်းပပြုလုပ်မယ့် ‘ထိုင်းလုလင်ပျိုတို့၏ ဣတ္ထိယအသွင် ကပွဲသဘင်’ မှာ နန်းဆုကေဆွမ်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဒီပွဲမှာ လိုအပ်မှုတွေအတွက် ဘန်ကောက်မှာ သွားရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့တဲ့ နန်းဆုကေဆွမ်က “ဘန်ကောက်ကို ၁၆ ရက်နေ့သွားတယ်။ ၁၈ ရက်နေ့က ပြန်ရောက်တယ်။ အဓိကကတော့ သူတို့ရဲ့ အဝတ်အစားက မြန်မာနိုင်ငံအနေနဲ့ လက်ခံနိုင်တာမျိုးရှိလား ဆိုတာ သွားကြည့်တော့ အဝတ်အစားတွေက မရိုင်းဘူး။ တအားလှတယ်။ သူတို့ရဲ့သရုပ်ဆောင်မှုတွေကို တော်တော်လေးစားတယ်။ သူတို့က ပုံမှန်လူတွေတော့မဟုတ်ပေမယ့် သူတို့တွေ ပြ သတဲ့ အချိန်မှာ တကယ်လေးစားရတယ်။ သူတို့ကို မဝေဖန်ခင် အရင်ဆုံး လာကြည့်စေချင်တယ်။ ပြပွဲကို အယောက် ၃ဝနီးပါးလောက် လာကြမယ်။ ဒီမှာလာလုပ်ရင် MCC က ကျယ်တော့ စင်အနေအထားကလည်း အဆင်ပြေမှာပါ။ မြန်မာနိုင်ငံကို သူတို့က ပထမဆုံးအနေနဲ့ လာတာဆိုတော့ လာကြည့်စေချင်တယ်။ ဒီပွဲအောင်မြင် သွားရင် ပွဲတွေကို မန္တလေးမှာလည်း နောက်ထပ်လုပ်ဖို့ အစီအစဉ်ရှိတယ်။ သူတို့ လေယာဉ်ကွင်းကို စရောက်တဲ့အချိန်ကစပြီး မှတ်တမ်းတင် ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။

"နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို ဆင်ချေပေးပြီး ဖမ်းနိုင်သောဥပဒေ များကို ဖျက်သိမ်းရမည် ဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

 ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်တင်သွင်းမည့် ပုသိမ်မဲဆန္ဒနယ်မှဦး ၀င်းမြင့်(ဒီချုပ်) က"၁၉၇၅ ခုနှစ် တွင် ပြည်သူ့လွှတ်တော် ဥပဒေ
အမှတ် ၃ အဖြစ် ပြဌာန်းခဲ့သော နိုင်ငံတော် အားနှောင့်ယှက် ဖျက်ဆီးလိုသူများ ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပယ်ဖျက်ပေး ပါရန်    အဆိုတင်သွင်းမည်    ဖြစ်ရာ " 'ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က "လူတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေဆိုရင် အားလုံးဖျက်သိမ်းရမှာပဲ၊ ပူဒ်မ ၁၀ တင် မဟုတ်ဘူး    ပုဒ်မ ၅ လည်းရှိသေးတယ်၊နောက်ပြီးတော့ ၁၇ ပေါ့၊စသဖြင့် နိုင်ငံရေးအရ ကိုမလိုလားတဲ့သူတွေကို ဆင်ချေပေးပြီးတော့ ဖမ်းနိုင်တဲ့
ဥပဒေ မှန်သမျှပယ်ဖျက်သင့်တယ်လို့ ယူဆ ရမှာပဲ" ဟု ယနေ့ နံနက်ပိုင်းတွင် လွှတ်တော်အစည်းဝေးတက်ရောက်လာစဉ်ပြောသည်။ထို့ပြင် ယနေ့လွှတ်တော်ကို
မေးခွန်း ၅ ခု ၊အဆို ၂ ခု နှင့် တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို တစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုမည်ဖြစ်ကြောင်းသိရသည်။

ပြည်သူ့ အချစ်တော် နန်းခင်ဇေယျာ အမိမြေသို့  ပြန်လည်ရောက်ရှိ..

Miss Internet နှင့် Miss International 2012 people's choice Award ဆု
ရရှိခဲ့သည့် မြန်မာကိုကမ္ဘာကသိစေသော ပြည်သူ့ အချစ်တော် နန်းခင်ဇေယျာ အမိမြေသို့ ယနေ့ အောက်တိုဘာလ ၂၃ ရက်
မနက် ၁၀ နာရီ၂၅မိနစ်အချိန်တွင် ပြန်လည်ရောက်ရှိကြောင်း

သမ္မတ အိုဘားမား ကိုထောက်ခံ...

 
ဘီဘီစီသတင်းဌာနက နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ အကြို ကောက်ယူခဲ့တဲ့ စစ်တမ်းအရ နိုင်ငံ ၂၀ က သမ္မတ အိုဘားမားကို နောက်တကြိမ် သမ္မတသက်တမ်း ဆက်လက် ထမ်းဆောင်ဖို့ကို မျှော်လင့် ထောက်ခံတဲ့ အကြောင်း ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်.၏ စကားတချို့ ....

" ကျမတို့ဟာ ပန်းတိုင်မရောက်သေးပါဘူး။
ပန်းတိုင်ကိုရောက်ဖို့က
ဥာဏ်နဲ့၊ ၀ီရိယနဲ့၊ လုံ့လနဲ့ လိုပါတယ်။
ဒီတိုက်ပွဲကြီးဟာ
နှလုံးရည်တွက်ပွဲကြီးမို့လို့
ဥာဏ်ပညာကိုသုံးဖို့
အများကြီးလိုပါတယ်။
ကျမတို့ ပြည်သူလူထုဟာ
လုပ်တဲ့အရာတိုင်းကို
ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစား
လုပ်ရပါမယ်။
အများအကျိုးကို ဦးတည်ရပါမယ်။ "

သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာ

ယမန်နေ့ နေ့လည်က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သတင်းထောက်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားနေစဉ် ပွဲစပြီး မကြာမှီ မေးခွန်း ၃ခုခန့် ဖြေဆိုပြီးချိန်မှစ၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဇောချွေးများ ပြန်လာ
ကာ၊ မြေသိမ်း ယာသိမ်းကိစ္စမေးခွန်းများ၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ၎င်း၏ တစ်ဦးတည်းကိုယ်ပိုင်အမြင်အပေါ် မေးခွန်းများ အစရှိသည်တို့ကို ရှောင်လွှဲဖြေဆိုသွားပြီး အလွန်စိတ်အနှောင့်အယှက် ဖြစ်လျက်ရှိပုံ ပေါ်ခဲ့သည်။
ထို့နောက်မကြာမှီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ကာကွယ်ရေးဝန်ကြီးမှ ခန့်အပ်နိုင်မှု အနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်အရောက်တွင် မျက်စိမျက်နှာပျက်ကာ အသံများတုန်လာ၍ ပုံပါအတိုင်း မျက်ရည်များပါ ကျဆင်းလာခဲ့သည်။
အထက်ပါအဖြစ်အပျက်နှင့်ပက်သက်၍ မီဒီယာများအနေနှင့် နားလည်မှရှိစွာ ရေးသားဖော်ထုတ်ခြင်း မပြုလုပ်ကြရန်၊ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း၏ အဖြစ်အပျက်ကဲ့သို့ လူထုအကြား ပြန့်နှံ့ရောက်ရှိမသွားစေရန်အတွက် ပွဲအပြီးတွင် သမ္မတရုံး တာဝန်ခံ ဗိုဟ်မှူးဇော်ဌေးမှ လိုက်လံ ပြောဆိုတောင်းပန်ထားသောကြောင့် မီဒီယာများအားလုံးကလဲ ယခုချိန်ထိ   ရေငုံ နှုတ် ပိတ်လျက်ရှိနေကြသေးကြောင်း အတွင်းသတင်းများ ရရှိထားလျက်ရှိပါသည်။

Monday, October 22, 2012

22-10-2012 အချိန်ပိုင်းအလိုက် မြောက်ဦးမြို့နယ် ဖြစ်စဉ်များ

 
မောင်တောမြို့ခံသား Facebook သုံးစွဲသူ Kohtoohtoo Nyuntlwin ၏ စာမျက်နှာတွင် ယခုချက်ချင်းဆိုသလိုပင် မောင်တောမြို့အတွင်း ကုလားများအသွားအလာနည်းပါးသွားကြောင်းရေးသားထားသည်။

မြောက်ဦးမြို့နယ် ပရိန်ရခိုင်ရွာအား ဘင်္ဂလီများက လာရောက်မီးရှို့နေသည်ဟု RSV သတင်းထောက်မှ သတင်းပေးပို့သည်။ အခြေအနေအပြည့်အစုံကို မကြာခင်ဆက်လက်ဖော်ပြပေးသွားမည်ပါသည်။

၁၁း၃၀ အချိန်

မြောက်ဦးမြို့နယ် ပရိန်ဘက်တွင် ပြဿနာရှုပ်ထွေးနေသေးကြောင်းနှင့် ထိခိုက် ဒဏ်ရာရသူများလည်း ရှိနေကြောင်း သိရသည်။
မီးလောင်မှု၊ တုတ်၊ဓါးချင်း တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်းနှင့် လုံခြုံရေးမှ တင်းကြပ်စွာ ကြားဝင်ဖြေရှင်းပေးနေရကြောင်းနှင့် နှစ်ဘက်ခိုက်တိုက်မှု ကို ရပ်တန့်အောင် ဆောင်ရွက်ပေးနေရကြောင်းလည်းသိရသည်။
ပန်းမြောင်းကျေးရွာအနီး သရက်အုပ် ဘင်္ဂလီကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့် (တစ်ရွာလုံး)မီးလောင်သွားပြီဖြစ်ကြောင်း ထိုရွာမှ ဘင်္ဂလီများသည် မြောက်ဦး မြို့နယ် ပရိန်ကျေးရွာ (ချောင်းတစ်ဘက်ကမ်း)သို့ ထွက်သွားကြ ပြီး ယင်းတွင် ပရိန်ရခိုင်ကျေးရွာအား မီးရှို့ရန် ကြိုးစားလျက်ရှိကြောင်းသိရှိ ရပါသည်။ သတင်းအပြည့်အစုံကို မသိရသေးပါ။
သရက်အုပ်တွင် ဘင်္ဂလီများကိုယ့်အိမ်ကို မီးရှို့လိုက်ရာမှ ရွာလုံးကျွတ်သို့ ကူးစက်သွားရခြင်းဖြစ်ကြောင်းသိရသည်။
မီးသတ်ကားသွားလို့မရသည့်နေရာဖြစ်နေခြင်းကြောင့် ပိုဆိုးသွားရခြင်းဖြစ်ပါ သည်။

၁၁း၄၅ အချိန်
ပရိန် ဘင်္ဂလီရွာတွင် အိမ်ခြေ ၄၈၀ ခန့်ရှိကြောင်းနှင့် ထက်ဝက်ကျော်မီး လောင်သွားပြီဖြစ်ကြောင်းသိရသည်။
ရခိုင် ၂ ဦး ဒဏ်ရာရရှိကြောင်းနှင့် ဘင်္ဂလီများက မည်မျှ ဒဏ်ရာရသည်ကို မသိရှိရသေးပါ။
နှစ်ဘက်လုံးတွင် ဒဏ်ရာရရှိနေကြောင်းနှင့် ၀င်ရောက်သတင်းယူ၇န်ခက် ခဲ့နေကြောင်းလည်းသိရသည်။

၁၂း၀၀ အချိန်သတင်း
--------------------
ရခိုင်သား ၂ ဦးကျဆုံးခဲ့ပြီး ဘင်္ဂလီများဘက်မှလည်း ကျဆုံးမှုများရှိကြောင်း သိရသည်။ အခြေအနေကို ထိန်းရန်ကြိုးစာလျက်ရှိကြောင်းနှင့် မီးမှာဆက် လက်လောင်နေဆဲဖြစ်ကြောင်း လည်းသိရသည်။
ပရိန်ရွာတွင် အိမ်ခြေ ၃၀ ခန့်သာမီးလောင်နေခြင်းဖြစ်ပြီးဆက်လက် လောင် နေဆဲဖြစ်ကြောင်း ၄၈၀ အနက် ထက်ဝက်ခန့်လောင်ခြင်း မဟုတ်ကြောင်း နှင့် အိမ်ခြေအရေအတွက် သတင်းများအား အတည်ပြုရန် ခက်ခဲနေသေး ကြောင်း လည်း သိရှိရပါသည်။

၁၂း၄၅ အချိန်
--------------
မြောက်ဦးမြို့နယ် ၊ပရိန်ဘင်္ဂလီရွာနှင့် ပရိန်ကုန်းရခိုင်ရွာတို့ တစ်ဘက်နှင့်တစ်ဘက် အပြန် အလှန် တုတ်၊ ဓါး၊ လေးကွ၊ စရှိသော ရရာလက်နက်များကိုင်ဆောင်ကာ တိုက်ခိုက်နေကြဆဲဖြစ်ကြောင်းနှင့် ရခိုင်ဘက်မှ ၃ ဦးသေဆုံးနေပြီဖြစ် ကြောာင်းလည်းသိရသည်။ ဘင်္ဂလီဘက်မှ ကျဆုံးမှုကို အတည်မပြုနိုင်သေးပါ။မီးမှာလည်းဆက်တိုက်လောင်နေကြောင်းသိရသည်။

၁း၀၅ အချိန်
-----------
ပရိန်ဘင်္ဂလီရွာမီးလောင်မှုမှာ ဆက်တိုက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းနှင့် မင်းပြားမှ စစ်သားအမြောက်အများ မြောက်ဦး ပရိန်သို့ ဆင်းလာနေပြီ ဖြစ်ကြောင်းနှင့် အဓိကရုန်းကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်းလည်းသိရ သည်။
သတင်းအတိကျ ရယူနိုင်ခြင်းမရှိသေးသဖြင့် အသေးစိတ်ကို ဖော်ပြရန် လောလောဆယ် မဖြစ်နိုင်သေးပါ။
သတင်းများကိုရနိုင်သလောက်စုစည်းတင်ပြခြင်းသာ ဖြစ်ပြီး ဆက်လက်တင်ပြ သွားပါမည်။
မီးကိုလည်း ငြိမ်းသတ်ဖို့ ကြိုးစားနေကြကြောင်းနှင့် တိုက်ခိုက်မှုများကိုလည်း ရပ်တန့်၇န် ဆောင်ရွက်နေကြပြီဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် တစ်ဖက်နှင့်တစ်ဖက် တုတ်ဓါးများဖြင့် ရင်ဆိုင် တိုက်နေဆဲဖြစ်ကြောင်းနှင့် စစ်တပ်မှ ထိမ်းသိမ်းနိုင်ခြင်း မရှိသေးကြောင်း နှင့် အိမ်ခြေ ၁၀၀ခန့်မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။
ရခိုင် သုံးဦး သေဆုံးခဲ့ရာတွင် အလောင်းတစ်လောင်းအား စစ်တပ်မှရှာဖွယ်ရရှိထားပြီးဖြစ်ကာ သေဆုံးသူအမည်ကို မသိရှိရ သေးကြောင်း ၊ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်းသိရသည်။
အခြေအနေမှာ ပြန်လည်တင်းမာလာနိုင်ခြေရှိကြောင်းနှင့် ပရိန်ကုန်းရခိုင် ရွာကို အင်အား လေးငါးထောင်ခန့်ဖြင့် ကာကွယ်ထားရကြောင်းလည်းသိရ သည်။
အလားတူတပ်ရင်း၅၄၀မှတာဝန်ယူထိန်းသိမ်းရန်ကြိုးပန်းလျက်ရှိကြောင်း နှင့်မကြာခင် ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်ခြေရှိကြောင်း
လည်းသိရသည်။

ရခိုင်ပြည် စစ်တွေမြို့တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်ရှိ
---------------
၁၉.၁၀.၂၀၁၂ ရက်နေ့မှ ဦးအောင်နိုင်ဦးဦးအောင်နိုင်ဦး၊ ဦးအောင်ထွန်း၊ ဦးစည်သူ၊ ဦးသီဟအောင်
ဦးအောင်ကိုကို ၊ ဒေါ်မိုးမိုး ၊ဒေါ်ဟယ်လင် အပါအ၀င် စုံစမ်းစစ်ဆေးရေးအဖွဲ့ (၉)ဦးသည် စစ်တွေမြို့တွင် ဇွန်လအရေးအခင်းအတွက် လာရောက်စုံစမ်းစစ်ဆေးလျှက်ရှိပါသည်။ သမ္မတမှ ဖွဲ့စည်းပေးခဲ့သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ယခုအခါ စစ်တွေမြို့နယ် အနီပတ်ဝန်းကျင်ရှိ ဒါးပိုင်ဘင်္ဂလီဒုက္ခသည်စခန်း၊ သဲချောင်းရခိုင်ရွာ၊ မင်းဂံဒုက္ခစခန်း၊ အောင်မင်္ဂလာ(အင်ပါလာ)ရပ်ကွက် ၊ အင်ပါရီအပိုင် ဥယဉ်သာရွာများသို့ သွားရောက်စုံစမ်းစစ်ဆေးခဲ့ပါသည်။ ယခု လက်ရှိ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့တယ်တို့တွင် အခင်းဖြစ်ပွါးမှုများသည် ဘင်္ဂလီကုလားများ ချိန်ကိုက်ထားသကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ရောက်တိုင်း ဖြစ်လေ့ရှိပါသည်ဟု စစ်တွေမြို့ ဒေသခံများကြားပြောကြားလျှက်ရှိပါသည်။
ပထမအကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့လာရောက်တုန်းက စစ်တွေမြို့ သဲချောင်းကျေးရွာတွင် ဘင်္ဂလီကုလားများမှ လုံခြုံရေး ရဲများမှ လက်နက်လူမှု၊ လုံခြုံရေး ကားများ၊ ဆိုင်ကယ်များကို တားဆီပြီး ၀ိုင်းရိုက်မှုများဖြစ်ပွါးခဲ့ပါသည်။
ဒုတိယတကြိမ် စုံစမ်းစစ်ဆေးရေးအဖွဲ့ရောက်လာတုန်းက စစ်တွေမြို့ရှိ အင်ပါလာ(အောင်မင်္ဂလာ)ရပ်ကွက်အတွင်း ရခိုင်ကလေး ၊ ရေခဲချောင်းရောင်းသော ကလေးငယ်ကို ဘင်္ဂလီကုလားများ ၀ိုက်ရိုက်သဖြင့် အခင်းဖြစ်ပွါးရာ ညနေပိုင်းတွင် မျက်ရည်ယိုဗုံးများ၊ သေနပ်များ ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါသည်။
ယခုတကြိမ်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ သုံးကြိမ်းမြောက် ခရီးဖြစ်ပြီး မင်းပြားမြို့၊ မြောက်ဦးမြို့တို့တွင် အခင်းဖြစ်ပွါးလျှက်ရှိပါသည်။

အစဉ်အလာရှိတဲ့ မီးတိုက်မှုလို့ ရခိုင်ပြည်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်
--------------------------------------
Ref: EMG
''အခုလောလောဆယ် တပ်အင်အား သုံးပြီးတော့ ထိန်းထားပါတယ်။ ဆက်လက်ကူးစက်မှု မဖြစ်အောင် တပ်မတော်အကူအညီကို ရယူသွားမှာ ဖြစ်ပါတယ်။ ယင်းအင်အားနဲ့ ထိန်းလို့ မရရင် သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပြအုပ်ချုပ်ရေးရဲ့ အကူအညီတောင်းခံခြင်းဆိုတဲ့ အစီအစဉ်အရ တောင်းခံပြီး ထိန်းသိမ်းသွားဖို့ အစီအစဉ်
ရှိပါတယ်။ အခြေအနေအရ မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ဖို့ အလားအလာ ရှိပါတယ်။ ဒြီ့ဖစ်စဉ်မျိုးက အရင်ကလည်း ရှိခဲ့တယ်။ ၁၉၇၈ နဂါးမင်းစစ်ဆင်ရေးတုန်းကလည်း သူတို့ဟာ ကိုယ့်ရွာကို ကိုယ် မီးရှို့မှုတွေ လုပ်ခဲ့ဖူးတယ်။ ပြီးတော့ ၁၉၉၂ ခုနှစ်တုန်းကလည်း ဒီလိုမျိုး တစ်ခါ လုပ်ခဲ့ဖူးတယ်။ သူတို့မှာ ဒီလိုလုပ်တဲ့ အလေ့အကျင့်ဟာ သူတို့မှာ ရှိပြီးသားဖြစ်တယ်။ အမှန်တကယ် စဉ်းစားမယ်ဆိုရင် ဖြစ်နိုင်ခြေမရှိဘူးလို့ ယူဆရပေမယ့် အမှန်တကယ် ဖြစ်ခဲ့တယ်။ စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ခိုးဝင်တဲ့သူတွေကို စာရင်းကောက်တဲ့အခါ သူတို့က တရားမ၀င် ၀င်လာတဲ့သူတွေဆိုတော့ စစ်ဆေးမခံဘဲနဲ့ ထွက်ပြေးတဲ့အခါမှာ ကိုယ့်အိမ်ကို ကိုယ် မီးရှို့ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ထားခဲ့ရမှာဆိုတော့ မြေလှန်စနစ်နဲ့ နောက်လာတဲ့သူတွေကို ဘာမှ မရနိုင်အောင် လုပ်ထားခဲ့တာ ဖြစ်တယ်။ လောလောဆယ်မှာတော့ ဒီပြသနာရဲ့ သတင်းအပြည့်အစုံကို မရရှိသေးပါဘူး။''ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ အောက်တိုဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သတင်းထောက်များနှင့် တွေ့ဆုံပြောကြားခဲ့ပါသည်။
မြောက်ဦး ၃၇၇ စစ်တပ်ကို ကုလားတွေ ဝိုင်းထားလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် မြောက်ဦးသားတွေ ကူဖို့ လိုက်သွားကြပါတယ်။
နောက်ထပ် ပန်းမြောင်း မီးလောင်ပြီး ပြီးချင်း မြောက်ဦး ကျောက်တွင်းကုန်းရွာကို ကုလားတွေ ဝင်ရောက် တိုက်ခိုက်တာ အရမ်း ပြင်းထန်တယ်လို့ သိရတဲ့အတွက် မြောက်ဦးသားတွေ အများအပြား လိုက်သွားကြကြောင်း သိရှိရပါတယ်။
နေရာက သုံးနေရာတောင်ပါ။ ပရိန်ရွာအခြေနေကလဲ ရခိုင်ဘယ်လောက် ကုလားဘယ်လောက် သေဆုံး၊ ဒဏ်ရာရသလဲ ဆိုတာ အတိကျ မသိရသေးပါဘူး။
ဒီတိုင်းဆိုရင် ကုလားမီးက ပေါ့သေးသေး မဟုတ်တော့တာ သေချာသွားပါပြီ။ အစိုးရဖက်က ပျော့တိပျော့ဖတ် လုပ်နေလို့ အခုလို ရောင့်တက်လာတာ ဖြစ်ပါတယ်။ ခုဆို ကုလားက စစ်တပ်ကိုတောင် စိတ်ခေါ်တိုက်ခိုက် လိုက်ပါပြီ။
(Lun Tayza)

၎း၁၉ နာရီ သတင်း
-------------------
မြောက်ဦးမြို့နယ် ပရိန်ကျေးရွာတွင် ဘင်္ဂလီများမှ သေနပ်များဖြင့် ပစ်ခတ်မှုဖြင့် ရခိုင် ၄ ယောက်နှင့် စစ်တပ်မှ ၂ ယောက် ကျဆုံးဟု ဖုန်းသတင်းအရ သိရှိရပါသည်။ စစ်တပ်မှ ဗိုလ်အဆင့်ရှိ တယောက်ပါဝင်ဟုလည်း သိရပါသည်။ ယခုသတင်းကို အတည်ပြုနိုင်ရန်အတွက် အသေအပျောက် လူစာရင်းနှင့် နာမည်အတိအကျကို RSV မှ ဆက်လက်စုံစမ်းနေပါသည်။

၅း၀၀ နာရီ သတင်း
---------------
စစ်တပ်မှ အသေအပျောက်စာရင်မှာ မဟုတ်မှန်ကြောင်းကို ဒေသခံတို့မှ အသေအချာ ပြန်ပြောပြပါသည်။ ပစ်ခတ်မှုလည်း မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါသည်။ အခု ဖြစ်ပေါ်နေသော သတင်းများမှာ အလွန်မြန်ဆန်သဖြင့် တချို့ သတင်းများသည် အတည်ပြုချက်များ ရယူနိုင်ဖို့အတွက် ကြိုးစားနေပါသည်။ အခင်းမှာ ယခုအခါ တရွာမှ အခြားတရွာသို့ ဆက်လက် ကူးစက်လျှက်ရှိပါသည်။ လုံခြုံရေးအားနည်းသော ဒေသသို့ ချက်ချင်း ကူးစက်လျှက်ရှိပါသည်။

၅း၄၅ နာရီ သတင်း
-----------------
မင်းပြားမြို့နယ် အောင်ဒိုင်းကျေးရွာ အိမ်ခြေ (၅၀၀) ခန့် မီးလောင်းကျွမ်းသွားပြီး စမ်းဘလီကျေးရွာတွင် အိမ်ခြေ (၄၀၀) ခန့်လောက် မီးလောင်းကျွမ်းနေဆဲ ရှိပါသည်ဟု ခိုင်လုံသော သတင်းထောက်မှ ပေးပို့ပါသည်။ အခြေအနေမှာ တခြား ရွာများသို့ ဆက်လက် ကူးစက်သွားနိုင်ပါသည်။ လုံခြုံရေးမှ အခြေအနကို အမြန်ဆုံး ထိန်းသိမ်းရန်လိုအပ်လျှက်ရှိသည်ဟု သိရှိရပါသည်။

ရှင်းလင်းချက် (၆း၀၀)နာရီ
--------------
ယခုဖြစ်နေသော အရေးအခင်းတွင် RSV သတင်းများကို တင်ပေးရာတွင် ဒေသခံများဆီမှ ဖုန်းဆက်ပြီး မေးမြန်ခဲ့သော သတင်းများသာဖြစ်ပါသည်။ RSV သည် မိမိအကျိုးတခုမှ မပါဘဲ သတင်းဖြစ်ပေါ်မှုများအား အချိန်နှင့် တပြေးညီတင်ပြပေးနေခြင်းသာဖြစ်ပါသည်။ ဒေသခံများကို မေးမြန်ရာတွင် လည်း ရခိုင်များ၏ ဖုန်းနံပါတ်များနှင့် ဌာနဆိုင်ရာ ဖုန်းနံပါတ်များကိုသာ အဓိကထား မေးမြန်ခဲ့ရသဖြင့် လွဲချော်မှုများရှိကောင်းရှိနိုင်ပါသည်။
သို့သော်လည်း အချိန်ကုန် ၊ ငွေကုန်ခံပြီး ကြိုးစားကာ စေတနာဖြင့် တင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ယခု လက်ရှိ ဖြစ်ပွါးနေသော အခြေအနေကို RSV မှ ပြင်းထန်းစွာ ကန့်ကွက် ရှုတ်ချပါကြောင်း အသိပေးအပ်ပါသည်။ ယခု အရေးအခင်းသည်လည်း အမြန်ဆုံး ငြိမ်းချမ်းပါစေဟု RSV မိသားစုမှ ဆန္ဒပြုပါသည်။

သတင်းဖတ်ဖိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက်
RSV မိသားစု

ည ၇း၀၀ နာရီသတင်း
ယနေ့ မင်းပြား၊ မြောက်ဦးနယ်တစ်ဝိုက်တွင်ဖြစ်ပွားခဲ့သော ပြဿနာများတွင် ရခိုင်(၈)ဦးထိဒါဏ်ရာရှိခဲ့ကြောင်း မြောက်ဦးဆေးရုံမှ RSV သို့ အတည်ပြုပြောကြားခဲ့ပါသည်။ အဆိုပါ (၈)ဦးအနက် (၃)ဦးမှာ ဒါဏ်ရာပြင်းထန်လွန်းသဖြင့် ယခုချက်ချင်း စစ်တွေဆေးရုံသို့ပို့ဆောင်ရန်စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။ သေဆုံးသူဦးရေမှာ (၄)ဦးဟုကြားသိရသော်လည်း အတိအကျကိုမူအတိအကျအတည်မပြုနိုင်သော်လည်း ယခုလက်ရှိ မြောက်ဦးဆေးရုံတွင် လူသေအလောင်း(၁)လောင်းရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ယခုလက်ရှိ မြောက်ဦးဆေးရုံသို့ ရောက်ရှိနေသော လူသေအလောင်း(၁)လောင်းမှာ မောင်အောင်မိုးဖြစ်ကြောင်းလည်း သိရှိရပါသည်။
မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်
ညမထွက်ရအမိန့်အား ညနေ ၇ နာရီမှ နံနက် ၅ နာရီအတွင်းသတ်မှတ် လိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။
ယနေ့ည ၁၀ နာရီထုတ်ပြန်ချက်ဖြစ်ပါသည်။

ည ၁၁း၀၀ နာရီအချိန်သတင်း
-------------------------------
စစ်တွေဆေးရုံသို့ စက်လှေဖြင့် ခေါ်ဆောင်လာသော ဒဏ်ရာရသူများမှာ

(၁) မြင့်ခိုင်အောင် ၊ ၄၀ နှစ်၊ ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ
(၂) မောင်ထွီးစိန်၊ ၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ၊
(၃) မောင်မောင်ခိုင်၊ ၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ၊ တို့ဖြစ် ကြောင်း သိရှိရပါသည်။
မြောက်ဦးဆေးရုံသို့ရောက်နေသော
သေဆုံးသွားသူမှာ ဘလူးကန်ရွာမှ အောင်မိုးဖြစ်ကြောင်းနှင့် တစ်ကိုယ်လုံး ဓါး ဒဏ်ရာဖြင့် သေဆုံးနေခဲ့ခြင်းကိုတွေ့ရှိခဲ့ရကြောင်းလည်းသိရသည်။

Sunday, October 21, 2012

ပြည်ထောင်စုလွှတ်တော်မနက်အပိုင်းအပြီး ဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်.....

" အန်တီတို့တပ်မတော်အနေနဲ့ တတ်နိုင်သမျှ ပြင်ပတပ်မတော်တွေနဲ့အထိအတွေ့ရှိတာ ကောင်းတယ်လို့ အန်တီမြင်ပါတယ် "
ဒေါ်အောင်ဆန်းစုကြည် ( ပြည်ထောင်စုလွှတ်တော်မနက်အပိုင်းအပြီးတွင် ဧရာဝတီသတင်းထောက်သို့ပြောကြားခဲ့သည်။ )

ထူးထူးဆန်းဆန်း ပန်းရောင်ရေကန်ကြီး ဆီသို့ 
















တကယ်လို့များ သင်ဟာ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း တည်ရှိနေတဲ့ ပန်းရောင်သန်းနေတဲ့ရေကန်ကြီးကို မြင်ဖူးချင်တယ်ဆိုလို့ရှိရင် ဆီနီဂေါလ်နိုင်ငံလေးကို အလည်သွားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။အများအားဖြင့် ရေကန်လို့ဆိုလိုက်ရင် ကြည်လင်တဲ့ စိမ်းပြာရောင်၊ အပြာရောင်၊ ရေနောက်တယ်ဆိုရင် အဝါရောင်စသည်တို့သာရှိတတ်ပေမဲ့လည်း ရေကန်ကြီးတစ်ခုလုံး ပန်းရောင်ဖြစ်နေတာမျိုးကတော့ အင်မတန်မှ ရှားရှားပါးပါးဖြစ်ပါတယ်။ သဘာဝရဲ့ ထူးဆန်းအံ့သြဖွယ် ဖန်တီးချက်တွေဟာ ဆန်းကြယ်လှတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
ဆီနီဂေါလ်နိုင်ငံရဲ့ မြောက်ဖက် မြို့တော် ဒါကာကနေ မိနစ်သုံးဆယ် ခရီး အကွာအဝေးမှာ ရှိတဲ့
Lake Retba ဟာ နွေးထွေး ကျယ်ဝန်းတဲ့ ကန်ရေပြင်ကြီးတစ်ခုလုံး ပန်းရောင် သန်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမှာမြင်ရတဲ့အတိုင်းပါဘဲ... ကန်ကြီးထဲက ရေတွေအားလုံးဟာ အခြားသော ဘယ်ရေကန်နဲ့မှ မတူအောင်ပန်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီရေကန်ကြီးဟာ ဘာကြောင့်များ ပန်းရောင်ဖြစ်နေရတာလဲဆိုတော့ရေကန်ထဲမှာ ထူးဆန်းတဲ့ ရေညှိပင်တစ်မျိုး( Dunaliella salina )ဟာ ရှင်သန်ပေါက်ဖွားနေတဲ့ အတွက်ကြောင့်လို့ဆိုပါတယ်။ အဲဒီ Dunaliella salina တွေဟာ ဆားငံရေတွေမှာ ရှင်သန်တဲ့ သေးငယ်လှသော ရေညှိအမျိုးဖြစ်ပါတယ်။
အဲဒီရေညှိတွေကြောင့် ရေကန်ရဲ့အရောင်ဟာ ပန်းရောင်ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ Lake Retba လို့ခေါ်တဲ့ပန်းရောင် ရေကန်ဟာလည်း ( ပင်လယ်သေလို) အင်မတန်မှ များပြားတဲ့ ဆားတွေပျော်ဝင်မှု သိပ်သည်းဆများလွန်းတဲ့အတွက် လူကို ရေပေါ် ပေါ်စေနိုင်စွမ်းရှိပါတယ်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များနဲ့ ပြည်တွင်းခရီးသွားများကို အလွန်ဆွဲဆောင်နိုင်တဲ့ ပန်းရောင်ရေကန်ကြီးဟာ ကန်ထဲမှာ ရေစိမ်ရင်း ရေပေါ်မှာ ပေါ်နေတဲ့ အရသာကိုခံ စားချင်သူ တွေအတွက်အလွန်နှစ်သက်ဖွယ် ဖြစ်ပါတယ်။ရေထဲကို နှစ်မြုပ်သွားတာမျိုး မဖြစ်နိုင်တဲ့အတွက် ရေကူးသင်ချင်သူများ အတွက်လည်း အလွန်အဆင်ပြေပါတယ်။ရေကန်ရဲ့အရောင်ဟာ စတော်ဘယ်ရီသီးကို နို့နဲ့ဖျော်ထားသလို ပန်းရောင် သန်းနေတဲ့ အရောင် ဖြစ်နေပါတယ်။နေရောင်ခြည် အတက်အကျပေါ် မူတည်ပြီးလည်း ပန်းနုရောင်ကနေ ပန်းရင့်ရောင်အထိ မြင်တွေ့နိုင်ပါတယ်။ဆားပါဝင်မှုနှုန်း များပြားလှတဲ့ ပန်းရောင်ရေကန်ကြီးမှာ ယောက်ျား၊ မိန်းမ စတဲ့ ဆားစုဆောင်းသူတွေမနည်းမနော ရောက်လာပြီး တစ်ရက်ကို ၆နာရီထိ ကန်ရေထဲမှာ စိမ်ကာ ရေကန်အောက်ခြေကဆားပွင့်များကို သယ်ယူစုဆောင်းကြပါတယ်။ ဒေသခံများအတွက်တော့ ပန်းရောင်ရေကန်ကြီးဟာအသက်မွေးဝမ်းကြောင်း ပြုကြတဲ့နေရာကြီးတစ်ခု ဖြစ်နေပါတယ်။

၅-ကီလိုမီတာ ရှည်လျားတဲ့ ကမ်းစပ်တစ်လျှောက်မှာ ဆားစုဆောင်းသူများရဲ့ ဆားပုံများ၊ နေအိမ်များကို
အစီအရီ တွေ့ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးများဟာ ရေအောက်က ဆားပွင့်များကို စုဆောင်းကြပြီး
အမျိုးသား များကတော့ ဆားတွေကို ရောင်းချတာ၊ လိုအပ်တဲ့နေရာတွေကို ပို့ဆောင်ပေးတာ စသဖြင့် ပြုလုပ်ကြပါ တယ်။
၎င်းအပြင် ပန်းရောင်ရေကန်ကြီးဟာ ပင်လယ်ငါးနဲ့ ပင်လယ်သတ္တဝါမျိုးစုံတို့ ရောင်းဝယ်ဖောက်ကားရာနေရာလည်း
ဖြစ်ပါတယ်။ ပင်လယ်နက်ထဲသို့ ညကတည်းက ငါးဖမ်းသွားကြတဲ့ ငါးဖမ်းလှေ များစွာတို့ဟာ နေ့လည်ခင်းတွေမှာ
ပြန်ရောက်လာကြပြီး မိမိတို့ ဖမ်းမိလာတဲ့ ငါး၊ ပုဇွန်စတဲ့ ပင်လယ်သတ္တဝါ တိန်ချိန် များစွာတို့ကို ပန်းရောင်ရေကန်ရဲ့
ကမ်းခြေမှာ ရောင်းချကြပါတယ်။ ပန်းရောင် ရေပြင်ရဲ့ ဆားပါဝင်မှု နှုန်းဟာ တစ်လီတာကို ၃၈၀ ဂရမ်ထိ
ပါဝင်တာကြောင့် အလွန်မြင့်မားတဲ့ နှုန်းထားဖြစ်ပါတယ်။ ရေကန်ရဲ့ အနီးတစ်ဝိုက်မှာတော့ ဒေသခံတွေရဲ့
ရွာတွေနဲ့ သစ်တောတွေ ရှိပါတယ်။