Sunday, October 28, 2012
ကမ္ဘာ့အကျဉ်းဆုံး အိမ်ကလေး
ပိုလန်နိုင် ၀ါဆောမြို့မှာတော့ ကမ္ဘာ့အကျဉ်းဆုံး
အိမ်ကလေးကို တည်ဆောက်ပြီးသွားပါပြီ။ ဒီအိမ်ကလေးကတော့
တိုက်နှစ်လုံးကြားထဲမှာ ဆောက်ထားတာဖြစ်ပြီးတော့ အခန်းရဲ့ ဘေးနှစ်ဖက် အကျယ်ဆုံးဟာ ၅ပေပဲ
ရှိပါတယ်။ အိမ်လေးကိုတက်သွားရင် မြေညီထပ်မှာတော့
ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်နဲ့ ထမင်းစားခန်းတို့ရှိမှာဖြစ်ပြီးတော့၊ အပေါ်ထပ်မှာတော့
အိပ်ယာနဲ့ စားပွဲခုံလေးရှိမှာဖြစ်ပါတယ်။ ဒါဟာ
လူတစ်ယောက်နေထိုင်ဖို့အတွက် အနဲဆုံးသော လိုအပ်ချက်နဲ့ ပြည့်စုံအောင် ဆောက်ထားတာဖြစ်ပါတယ်လို့
ဗိသုကာ ပညာရှင် Jakub Szczesny ကဆိုပါတယ်။
နန်းခင်ဇေယျာအား Brand Ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ စာချုပ်ချုပ်ဆို
လွယ်ဟိန်းကုမ္ပဏီရဲ့ Brand ambassador အဖြစ်နန်းခင်ဇေယျာကို
တစ်နှစ်သက်တမ်း စာချုပ်ချုပ်ဆို လိုက်ပါတယ်။ လွယ်ဟိန်းကုမ္ပဏီက ထုတ်လုပ်တဲ့
Blue Mountain အချိုရည်နဲ့ Alpine သောက်ရေသန့်တို့ ရဲ့
ကြော်ငြာရိုက်ကူးမှုတွေ၊ Billboard တွေမှာ သူနဲ့ပဲအသုံးပြုမှာပါ။
ပထမဆုံးအနေနဲ့ Blue Mountain အချိုရည်ကြော်ငြာ ရိုက်ကူးမှာပါ”ဟု
အဆိုပါစာချုပ်ချုပ်ဆိုမှုတွင် ပါဝင် ခဲ့သည့် ဒါရိုက်တာစင်ရော်မောင်မောင် က
ရှင်းပြခဲ့သည်။
Blue Mountain အချိုရည် ကြော်ငြာကို အောက်တိုဘာလ ၃၁ ရက်နေ့တွင်
စတင်ရိုက်ကူးရန် စီစဉ် ထားကြောင်း၊ ထို့အပြင် ကြော်ငြာ Billboard
များကိုလည်း နန်းခင်ဇေယျာ၏ အလှဓာတ်ပုံများနှင့် လဲလှယ်
သွားရန်စီစဉ်ထားကြောင်း သိရသည်။ နန်းခင်ဇေယျာသည် Miss International
ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss
Internet ဆုနှင့် Popular Choice Award များရရှိခဲ့သူဖြစ်သည်။
အပန်းဖြေစရာ၊ ပုံရိပ်ကမ္ဘာ....
အဓိပ္ပါယ်ရှိတဲ့ ဓါတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းမြောက်များစွာကို
ကိုယ်စားပြုတယ်လို့ ဆိုလေ
တာမို့ ဘလော့ဂ်ကြွလာပ၇ိတ်သတ်များ အပျင်းပြေစေ၊ အတွေးရစေဖို့  အင်တာနက်က တွေ
့မိ
သမျှ ၊ ဖေ့ စ်ဘွတ်မှာတွေ့ မိတာ၊ တစ်ချို့ လည်း ဖော်ဝါ့ ဒ်မေးကရတဲ
့ပုံလေးတွေတင်ပြလိုက်ပါ
တယ်...
အောက်ကစာသားများကတော့ မိမိရဲ့ စိတ်ကူးအတွေးများမို့ တစ်ခါတစ်လေမူရင်းပုံနဲ
့ရည်ရွယ်ရာ
ချင်းလွဲချော်သွားတာမျိုးလည်းရှိနိုင်ပါတယ်...
ဖြည့် စွက်၊ ဖြန့် ထွက်တွေးပြီး ပြုံးပျော်နိုင်ပါစေသတည်း...
မူရင်းဓါတ်ပုံရိုက်ကူးသူကိုဖော်ပြပြီးဂုဏ်မပြုနိုင်ပေမယ့်
ထိုပုံများရိုက်ခဲ့ ပြီးကိုယ်ကျိုးမဖက်ပဲ အင်တာနက်မှာ တင်ထားနိုင်တာကိုက
နည်းတဲ့ စိတ်ထားမြင့် မြတ်မှုမဟုတ်ပါဘူး....
မူရင်းရိုက်ကူးသူမသိပဲ ကြားကတစ်ယောက်ယောက်က ကူးတင်တယ်ဆိုယင်တော့ လည်းမ
တတ်နိုင်ပေဘူးပေါ့ ...သို့ သော်စီးပွားရေးအရမဟုတ်ပဲ ၀ါသနာအရ၊
အပျော်ဗဟုသုတအနေနဲ့ 
တင်တာမို့ သိခဲ့ လျှင်တောင်မှခွင့် လွှတ်နိုင်မယ်ထင်ပါတယ်...
![]() |
| အခုတော့ ကော်ဖီသောက်လိုက်ဦး... ပြီးတော့ မှဆက်ပစ်ကြတာပေါ့ ... |
![]() |
| သာမောဖွယ်ရှုခင်း.... |
![]() |
| မှတ်တမ်းတင်ရိုက်ကူးယင်းနဲ့ စိတ်အစဉ်ကြည်လင်စေမှာ... |
![]() |
| ကိုယ်ကြိုက်တာကိုယ်လုပ်... ၀င်မရှုပ်ကြေး... |
![]() |
အချစ်ရဲ့ သင်္ကေတပါကွယ်...
ပြောင်တာတောင် ကဗျာဆန်ချင်နေသေးတယ်...
|
![]() |
| ဂဏာန်းစတိုင်အဖွင့် နိဿရည်း... |
![]() |
| မျက်ကန်းမျိုးချစ်စိတ်ဓါတ်လွန်ကဲသွားယင် ဒီလိုမျိုးတွေဖြစ်လာတတ်တယ်.... |
![]() |
| ဘယ်သောအခါမှ သူမကားရပ်စောင့် မယ့် မှတ်တိုင်မဖြစ်ရပါစေသား... |
![]() |
| ပုံကောင်းတစ်ပုံရဖို့ ကအရေးကြီးတယ်လေ... |
![]() |
| သြော်....မတော်ခြေချော်သွားမှဖြင့် ....ရင်လေးမိပါဘိတယ် ... |
![]() |
ခေတ်သစ် အင်္ဂလုဂိမာလရဲ့ နှမလေလား...
သူကတော့ ဘာတွေများလိုက်ဖြတ်မလည်းမသိဘူး...အခုအထိတော့ ဖြတ်ထားတာ
တစ်ချောင်းမှမတွေ့ ရသေးဘူး...
|
![]() |
| ကဲ... စုတ်ပြဲလို့ တော့ ဖြင့် စိတ်မညစ်နဲ့  စတိုင်ထုတ်ယင် စတားဖြစ်တယ်... |
ဒါတွေပြန်ပေးရင် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမယ်လို့  ပြောတဲ့ ဒေးဗစ် ကင်မရွန်း
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း
အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို
ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့
။လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။ အခု မြှုပ်နှံခဲ့တဲ့
စစ်သားဟောင်းတွေ ရဲ့မှတ်တမ်း မှတ်ရာတွေ နဲ့ apple ရဲ့
နည်းပညာတွေပေါင်း စပ်ရှာဖွေမှုနဲ့ လေယာဉ် အစင်း ၂၀ ကျော် ကို
ပြန်တူးပြီးအကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ
ဗြိတိသျှသမိုင်းတင်မဟုတ်ပါဘူး ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ်
။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ
။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေး ခဲ့မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ်
။ဟုတ်ပြီ ။ဒီလေယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင်
ဘဲစားဘဲခြေ လေး ကစားကြည့်ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား
ငမောက်ကြီး ဘယ်ရောက်နေတုန်း ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။ ၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ်တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။
ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ် ပြီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာပစ္စည်းတွေ ပြန်ပေးမလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ကျွန်တော် တို့နိုင်ငံက နန်းစဉ်ကျောက်တွေနဲ့ လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကို အကုန်ဝယ်လို့ရနိုင်ပါတဲ့ တန်ဖိုးတွေပါ ။ ဒါတွေပြန်ပေးမလား ။စပစ်ဖိုင်းယားတွေဟာ ဗြိတိသျှရဲ့ အမျိုးသားရေးဂုဏ်တစ်ခုပါ ။တကယ်လေးစားဖွယ်ကောင်းပါတယ် ။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ ကျွန်တော်တို့ နန်းစဉ်ပတ္တမြားတွေကရော တန်ဖိုးမဲ့ခဲ့ပြီလား ။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲ ရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား ။အဲဒီကျောက်တွေကရော ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား ။ကမ္ဘာ့ကျောက်မျက်ရတနာလောကမှာ ပတ္တမြားငမောက်ဆိုတာ ဒဏ္ဍာရီအဆန်ဆုံး နာမည်အကြီးဆုံးပါ ။ Burmese Royal Ruby လို့တသွယ် SuFaYarLatt's Ruby လို့တနည်း နဲ့ ခုချိန်ထိ နာမည်ကြီးဆဲပါ ။တသသပြောလို့မဆုံးတဲ့ ကမ္ဘာ့ကျောက်မျက်လောကရဲ့ စနိုးဝှိုက်ပုံပြင်တစ်ခုပါ ။ ကိုင်း ....အဲဒါနဲ့ တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား ။နိုင်ငံရေးစကားနဲ့ဆိုရရင် Win-Win အခြေအနေပါပဲဗျာ ။ အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာအနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်းတည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအတိုင်းပြန်ဆင်ပြီး အပျော်တမ်းကလပ်ပုံစံ သို့မဟုတ် ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင် လုပ်ထားခဲ့မယ်ဆိုရင် ???? ။
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာ ကြည့်လာလေ့လာရမှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက် အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။ သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့ နိုင်ငံရဲ့အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး
ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။

စည်ပင်ကတော့ ပိုက်ဆံရရင် ဗလီဘိုးအေဆောက်ရင်တောင် လက်ခံတယ်
ဒီနေ့ ရရှိထားတဲ့ အောက်ပါစာရင်းအရဘင်္ဂါလီနဲ့
အစွန်းရောက်မွတ်ဆလင်များက ဘာသာရေး လွတ် လပ် ခွင့်မရှိပါဘူး
ဘာသာရေးဖိနှိပ်နေပါတယ်လို့ လိမ်ညာဝါဒဖြန့်နေကြတဲ့ ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံမှာ ဗလီပေါင်း ၂၂၆၆လုံး၊ နဲ့ အာရဗီစာသင်ကျောင်း ၇၅၉ကျောင်းရှိပါတယ်။ ဒါဟာလွန်ခဲ့တဲ့ နှစ် အတန် ကြာက ကောက်ခဲ့တဲ့စာရင်းဖြစ်လို့
ခုဆိုရင် ဗလီတွေဟာ အနည်းဆုံး အလုံး ၃ထောင်ကျော်ရှိလောက်ပါပြီ။ ဒါဟာ
ဗုဒ္ဓဘာသာ မြန်မာတစ်နိုင်ငံတည်းမှာရှိတဲ့ ဗလီအရေအတွက်ပါ။ မိမိ
မေးခွန်းထုတ်ချင်တာက မွတ်ဆလင်နိုင်ငံအားလုံးမှာ စေတီနဲ့ ဘုန်းကြီးကျောင်း
၃၀ ပြည့်အောင်ရှိပါရဲ့လား?
မိမိတို့ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်ဆူးလေစေတီကြီးနားကပ်လျက်မှာ ဗလီကြီးရှိပါတယ်။
ဆော်ဒီမှာတော့ သီရိလင်္ကာလူမျိုးတစ်ယောက် ဘုရားဆင်းတုတော်လေး ခိုးပြီး ကိုးကွယ်တာ ထောင်ချခံရပါတယ်။ (အစွန်းရောက်)မွတ်ဆလင်ဆိုတာ လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို သူများဆီက ကြောင်ငါးကြော်တောင်းသလို တောင်းတတ်သလောက် ကိုယ့်ဆီကနေတော့ လုံးဝမပေးတတ်သူတွေ ဖြစ်ကြပါတယ်။မြန်မာပြည်မှာ လွတ်လပ်စွာစွာကိုးကွယ်ခွင့်ကို လက်ခံပေမဲ့ ဗလီအသစ်တွေဆောက်တာကိုတော့ တော်သင့်ပါပြီ။ မက္ကာမှာ စေတီတစ်ဆူတည်ခွင့်ရချိန်မှာ၊ အရှေ့အလယ်ပိုင်းမွတ်ဆလင်နိုင်ငံတွေမှာဗုဒ္ဓဘာသာလွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်ရချိန်တွေမှာ စေတီဘုရားကျောင်းကန်တွေ ၃၀၀၀ လောက်ဆောက်ခွင့်ရချိန်ကြမှသာ မြန်မာပြည်မှာ ဗလီတွေ အသစ်ဆောက် ခွင့် ပြန် စဉ်း စားပေး သင့်ပါတယ်။ အာရဗီစာသင်ကျောင်းတွေဖွင့်တာလည်း တော်လောက်ပြီ။ အာရဗီ စာ သင်ကျောင်းတွေ ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်အေးချမ်းတဲ့နိုင်ငံကို တည်ဆောက်ရာမှာ အထောက်အကူမပြုဘဲ အသေခံဗုံးခွဲမဲ့ သူများကို မွေးထုတ်ပေးရာသာဖြစ်နိုင်လို့ အသစ်ထပ်ဖွင့်တာကို အားပေးအပ်တဲ့အရာမဟုတ်ပါ။
မွတ်ဆလင်နိုင်ငံအများစုမှာ ဘုရားကျောင်းကန်ဆောက်ခွင့်မရှိတဲ့အပြင် ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပါမရှိလို့ မြန်မာပြည်ထဲမှာ ဗလီတွေ အာရဗီစာသင်ကျောင်းတွေဆောက်ခွင့်ပေးထားတာ ဘာသာရေးလွတ်လပ်ခွင့်ပေးတာရဲ့ ဟိုဘက်ကမ်းကိုတောင် လွန်နေပါပြီ။
ဆောက်ထားပြီးသား ဗလီတွေ အာရဗီစာသင်ကျောင်းတွေကိုတော့ ရှိပါစေတော့။ မိမိတို့ဗုဒ္ဓဘာသာဆိုတာ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားသူတွေမိုလို့ ရှိပြီးသား ဗလီတွေကိုတော့ ဖျက်စီးတာတွေ လုပ် ဖို့ အား မပေးပါ။ မွတ်ဆလင်ဆိုတဲ့လူများကလည်း ဗလီတစ်လုံးက အုတ်ခဲတစ်လုံးကျိုးအောင် တူနဲ့သွား ထုမိ ရင်တောင် မြန်မာတွေ ဗလီအလုံးတစ်ထောင်ကို ဘူဒိုဇာနဲ့ထိုးနေပါတယ်ဆိုပြီး ကမ္ဘာကို လိမ်ညာဝါဒဖြန့်မဲ့သူတွေ ဖြစ်ပါတယ်။ဒါကြောင့် ဗလီတွေကို ဖျက်စီးတာတော့ အားမပေးပါ။

ကင်ဆာပျောက်တဲ့ ဂျုံမြက်နု...
ကင်ဆာရောဂါတွေ ပျောက်ကင်းစေတဲ့
ဂျုံမြက်နုဆေးပင် ဆိုပြီး သတင်းစာမျက်နှာ တွေပေါ်မှာ အခုတလော တော်တော်လေး
တွေ့နေရပါတယ်။ လက်ရှိ ဒီဆေးဘက်ဝင် အပင်ကို ပြည်တွင်းမှာ ပထမဦးဆုံး စတင်
ဖြန့်ချိတာ တစ်နှစ်လောက် ရှိသွားပြီ ဖြစ်တဲ့FAME ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့
ဟောပြောပွဲတစ်ခုမှာ ကင်ဆာရောဂါတွေကို ခုခံတိုက်ဖျက်ဖို့ အကောင်းဆုံး
ဆေးတစ်မျိုး ဖြစ်တယ်လို့ FAME ရဲ့ မန်နေးဂျင်းဖြစ်သူ အင်္ဂလန်မှ Alternative
Medicine (ခေတ်သစ်သဘာဝဆေးပညာ) ဘာသာရပ်နဲ့ ပါရဂူဘွဲ့ ယူလာ သူ
ဒေါက်တာ ခင်မောင်လွင်မှ ပြောကြား သွားခဲ့ပါတယ်။လက်ရှိ
ပြည်တွင်းဈေးကွက်မှာလုံလောက်စွာ ဖြန့်ဖြူးရောင်းချ ပေးနေသလို
ပြည်ပနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား
စတဲ့ နိုင်ငံများကနေ ၀ယ်ယူရန် ကမ်းလှမ်း လာကြတယ်လို့ FAME ရဲ့
ပြောရေးဆိုခွင့်ရှိသူ ဆေးဝါးတာဝန်ခံတစ်ဦးက မီဒီယာများသို့ ပြောပြပါတယ်။
ဒီတော့ ဒီလောက်တောင် အစွမ်းထက်ကြောင်း နာမည်ရလာတဲ့ ဂျုံမြက်နုနဲ့
ပတ်သက်လို့ မက်ဖန် ပရိသတ်များလည်း သေသေချာချာ သိရအောင် ဂျုံမြက်နုနဲ့
ပတ်သက်သမျှ အကြောင်းအရာ တွေကို စုစည်း တင်ပြပေး လိုက်ပါတယ်။
ဂျုံမြက်နု ဆိုတာ………….
ဂျုံမြက်နုဆိုတာ Triticum aestivum လို့ သိပ္ပံ အမည်ရတဲ့ ကျွန်တော်တို့ နေ့စဉ်စားနေကျ ဂျုံပင်လေးတွေရဲ့ အစေ့ရွက်ကနေ ဖြစ်လာတဲ့ အပင်လောင်းလေးတွေ ဖြစ်ပါတယ်။ ဒီဂျုံပင်လောင်းလေးတွေ ၈ ရက်သားကနေ ၁၀ ရက်သားအတွင်း ရိတ်သိမ်းမှသာ အရည်အသွေး အပြည့်ဝဆုံး ဂျုံမြက်နုကို ရရှိနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား ဂျုံပင်တွေမှာတော့ ကျန်းမာရေးအထောက်အကူပြု အစွမ်းတွေ နည်းပါးသွားတာကို တွေ့ရှိရပါတယ်။
ဂျုံမြက်နုဟာ ကျွန်တော်တို့ အာရှမှာ မကြာသေးမီ ကမှ စားသုံးခြင်း အတန်ငယ် ရှိလာပေမယ့် အနောက်တိုင်း ဥရောပတိုက်မှာတော့ စိုက်ပျိုးရေးဓာတုပညာရှင် တစ်ဦးဖြစ်သူ ချားလ်စ် အက်ဖ် ရှန်နာဘယ် (Charles F. Schnabel) (အသံထွက် လွဲလျှင် ခွင့်လွှတ်ပါရန်) ရဲ့ စမ်းသပ်စစ်ဆေး တွေ့ရှိချက်တွေကြောင့် ၁၉၃၀ ပြည့်နှစ်များ ကတည်းက အနောက်ကမ္ဘာခြမ်းမှာ စတင် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ ရှန်နာဘယ်ဟာ စိုက်ပျိုးရေး ဓာတုပညာရှင် တစ်ဦးဖြစ်ကာ ဂျုံမြက်နုရဲ့ အစွမ်းကို ကမ္ဘာက သိပြီး ပေါ်ပြူလာ ဖြစ်အောင် အားထုတ်ခဲ့သူ ဖြစ်ပါတယ်။
၁၉၃၀ ပြည့်နှစ်မှာ ရှန်နာဘယ်ဟာ ကြက်နာကျလို့ သေလုဆဲဆဲ ကြက်တွေကို ပြန်ကျန်းမာလာအောင် ဂျုံမြက်နုတစ်မျိုးတည်း သုံးပြီး ကုသပေးခြင်းဖြင့် ဂျုံမြက်နုရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိကို စတင်ဖော်ထုတ် လက်တွေ့ပြနိုင်ခဲ့ပါတယ်။ အဲလို ပြန်နေကောင်းလာတဲ့ ကြက်မတွေဟာ တခြား နေကောင်းတဲ့ ကြက်တွေထက်တောင် ဥဥနှုန်းတွေ သိသိသာသာ မြင့်မားလာတာ တွေ့ရပါတယ်။
အဲဒါနဲ့ သူလည်း အားတက်သွားပြီး ဂျုံမြက်နုတွေကို အခြောက်လှမ်း အမှုန့်ပြုကာ ကြက်တွေရဲ့ မွေးမြူရေး ဖြည့်စွက်အစာအဖြစ် ကိုယ်တိုင်လည်းကျွေး၊ ခြံနီးချင်းတွေကိုလည်း ဝေမျှပေးပြီး စမ်းသပ်ကြည့်တဲ့အခါမှာ အရမ်းကို မယုံနိုင်လောက်တဲ့ နှစ်ဆတိတိ နှုန်းနဲ့ ဥတွေ အထွက်တိုး လာတာကို တွေ့ရှိရပြီး နောက်ပိုင်း ရှန်နာဘယ်ဟာ ဓာတုဗေပညာရှင်များနဲ့ အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းတွေဆီ သူ့ရဲ့ တွေ့ရှိချက်ကို ကြော်ငြာကမ်းလှမ်း နိုင်ခဲ့ပါတယ်။
ဂျုံမြက်နုရဲ့ အစွမ်းကို လက်တွေ့ သိရှိလာကြတဲ့ အခါမှာ Quaker Oats နဲ့ American Dairies Inc. တို့လို ကော်ပိုရေးရှင်းကြီး နှစ်ခုကနေ တိရိစ္ဆာန်တွေနဲ့ လူသားတွေအတွက် ဂျုံမြက်နု ထုတ်လုပ်ရေးနဲ့ နောက်ထပ် သုတေသန ပြုနိုင်ရေးများအတွက် ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံ ခဲ့ကြပါတယ်။ ဒါကြောင့် ၁၉၄၀ အရောက်မှာ ရှန်နာဘယ်ရဲ့ ဂျုံမြက်နုအမှုန့် သံဘူးများကို အမေရိကန်ပြည်ထောင်စု နဲ့ ကနေဒါနိုင်ငံတွေ အနှံ့မှာ ရှိတဲ့ ဆေးဆိုင်ကြီးတွေမှာ ရောင်းချနိုင်ခဲ့ပါတယ်။
ယနေ့ ကမ္ဘာပေါ်မှာ ဂျုံမြက်နုကနေ ဖျော်ရည် ထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။ တချို့ တိုင်းပြည် တွေမှာဆို ဂျုံမြက်နုကို အိမ်မှာ တနိုင်တပိုင် ဗန်းငယ်လေးနဲ့ စိုက်ပျိုးပြီး လတ်လတ်ဆတ်ဆတ် အရည်ညှစ်သောက်သုံးတဲ့ အလေ့အထတောင် ရှိကြတယ်လို့ သိရပါတယ်။
ဂျုံမြက်နုရဲ့ ထူးခြားကောင်းမွန်သော အရည်အသွေးများ
(၁) အပင်တွေအားလုံးနီးပါး အစိမ်းရောင် ရှိနေရတာဟာ အပင်တို့ရဲ့ ဆဲလ်ထဲမှာ ပါဝင်တဲ့ အစိမ်းရောင်ခြယ်ပစ္စည်း ကလိုရိုဖီး (chlorophyll) ဆိုတာကြောင့် ဖြစ်ပါတယ်။ ဒီ ကလိုရိုဖီးဟာ လူသားရဲ့ အသက်ရှည် ကျန်းမာရေးကို နည်းမျိုးစုံနဲ့ အထောက်အကူပြုပါတယ်။ ဂျုံမြက်နုဖျော်ရည် (Wheatgrass Juice) ဟာ ကလိုရိုဖီးတွေရရှိနိုင်တဲ့ အကောင်းဆုံး အစားအသောက်ပင်ရင်း ဖြစ်တယ်လို့ ဆိုပါတယ်။
(၂) အလင်းကနေရတဲ့ သဘာဝစွမ်းအင် နဲ့ အောက်စီဂျင် ပါဝင်မှုမှာ ဂျုံမြက်နုက အမြင့်မားဆုံး အစားအသောက် တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။ ဂျုံမြက်နုမှာ ကျန်းမာရေး အထောက်အကူပြု အင်ဇိုင်း (Enzymes) ၈၀ ကျော် ပါဝင်ပြီး ကင်ဆာရောဂါတွေကို ကာကွယ် တားဆီးပေးနိုင်သလို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းသတ္တိရှိခြင်းဟာ သူ့ရဲ့ အကြီးမားဆုံး တန်ဖိုးဖြစ်ပါတယ်။
(၃)နေရောင်ခြည်ရဲ့ သဘာဝစွမ်းအားတွေ စုစည်းထားတဲ့ ဂျုံမြက်နုဟာ နှလုံးနဲ့ သွေးလှည့်ပတ်မှု၊ အူ၊ သားအိမ်နဲ့ အဆုတ်များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို တိုးတက် ကောင်းမွန်စေပါတယ်။
(၄) ကူးစက်ရောဂါပိုးတွေကို ကာကွယ်တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ အနာကျက်မြန်စေတဲ့ ဆေးအဖြစ် သုံးလို့ရပါတယ်။
(၅) ထူးခြားချက် အနေနဲ့ ဂျုံမြက်နုဖျော်ရည်ဟာ သောက်ချလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း ခန္ဓာကိုယ်အတွင်းမှာ ကြေပျက်သွားနိုင်တာ တွေ့ရပါတယ်။
(၆) ဂျုံမြက်နုဟာ ကလိုရိုဖီး ကြွယ်ဝလို့ သွေးအားကို ပြန်ဖြည့်တင်းပေးနိုင် ပါတယ်။ သွေးနီဆဲလ်ပမာဏ အရမ်း ကျဆင်းလို့ သွေးအားနည်းရောဂါ (Anaemia) ရနေတဲ့ သူတွေကို ဂျုံမြက်နု ဖြည့်စွက် ကျွေးမွေးပေးရင် ၄ ရက် ၅ ရက် အတွင်းတောင် ပုံမှန်ပမာဏကို ပြန်ရောက်နိုင်တယ်လို့ သိရပါတယ်။
(၇) မြုံနေတဲ့ နွားထီး နွားမတွေကို ပုံမှန်ကျွေးပေးရင် မြုံနေခြင်း ကနေတောင် ပြန်ကောင်းနိုင်တယ်လို့ သိရပါတယ်။ မဂ္ဂနီစီယမ် ကြွယ်ဝတဲ့ ကလိုရိုဖီးဟာ မျိုးပွားဟော်မုန်းတွေကို ပုံမှန်ကောင်းမွန်စေတဲ့ အင်ဇိုင်း (Enzymes) တွေကို တည်ဆောက်ပေးနိုင်လို့ ဖြစ်ပါတယ်။
လူ့ခန္စာကိုယ်ကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်များပြပုံ ဖြစ်ပါတယ်
(၈) ကလိုရိုဖီးဟာ အစိမ်းရောင် အပင်တွေ အားလုံးမှာ ပါဝင်ပေမယ့် ဂျုံမြက်နုရဲ့ ကလိုရိုဖီးက သာလွန် ကောင်းမွန်ပါတယ်။ သြဂဲနစ်နည်းပညာနဲ့ စိုက်ပျိုးထားတဲ့ ဂျုံမြက်နုဟာ မြေဆီလွှာထဲမှာ ရှိတဲ့ သတ္တုဓာတ် ၁၀၂ မျိုးထဲ ၉၂ မျိုးအထိ စုပ်ယူနိုင်တဲ့ အတွက် သူ့အထဲမှာ လူသားတွေ လိုအပ်တဲ့ အာဟာရဒြပ်စင် ၁၀၀ ကျော်အထိ ပါဝင်နေတာကို ထူးခြားအံ့သြဖွယ် တွေ့ရှိရပါတယ်။
(၉) ခန္ဓာကိုယ်ရဲ့ တစ်သျှူးတွေကို အသစ်ပြန်လည် တည်ဆောက်ပေးနိုင်စွမ်း ရှိပါတယ်။
(၁၀) ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ နေရာမှာ မုန်လာဥ၀ါဖျော်ရည် အပါအ၀င် အခြားသော သစ်သီးဝလံဖျော်ရည်တွေ ထက်တောင် ပိုအစွမ်းထက်တယ်လို့ သိရပါတယ်။ ဂျုံမြက်နု တစ်ပေါင်ခွဲ စားရင် မုန်လာဥ၀ါ၊ ဆလတ်ရွက်၊ တရုတ်နံနံပင် စတဲ့ ကျန်းမာရေး အထောက်အကူပြု ဟင်းသီးဟင်းရွက်များ ၃၅ ပေါင်စားတာနဲ့ ညီမျှတယ်လို့ သိရပါတယ်။
(၁၁) ဆေးဝါးတွေ ခန္ဓာကိုယ်မှာ စုပုံခြင်းကို ဖယ်ရှားထုတ်ပစ် နိုင်လို့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို နည်းစေပါတယ်။ အဆိပ်အတောက်တွေကို ပျက်ပြယ်စေပါတယ်။ အသည်းသန့်စင်စေလို့ အသည်းရောဂါ ရှိသူတွေအတွက် အရမ်းကောင်းမွန်ပါတယ်။ ဆီးချိုရှိသူတွေ ပုံမှန်မှီဝဲသွားရင် သွေးတွင်းသကြားပမာဏ (blood sugar level) ကို ပိုမို ထိန်းသိမ်းနိုင်လာတာ တွေ့ရပါတယ်။
အဆိပ်ဓာတ်ငွေ့ ကာဘွန်မိုနောက်ဆိုဒ် (Carbon Monoxide) ရဲ့ အဆိပ်အာနိသင်ကို အနည်းဆုံးအထိ လျှော့ချ ပေးနိုင်ပါတယ်။

(၁၇) ခဲ (Lead) ၊ စိန်ဖြူခေါ် အာဆင်းနစ် (Arsenic) ၊ ပြဒါး (Mercury) စတဲ့
အဆိပ်သတ္တုများကို ခန္ဓာကိုယ်ထဲကနေ ထိရောက်စွာ ဖယ်ရှားပေးနိုင်ကြောင်း
တွေ့ရပါတယ်။
(၁၈) သာလစီးမီးယား (Thallasemia) ၊ ဟေမိုဖေးလေးယား (Haemophillia) စတဲ့ သွေးနဲ့ ပတ်သက်တဲ့ ရောဂါများ အားလုံးအတွက် အထူးကောင်းမွန်တယ်လို့ ဆိုပါတယ်။
(၁၉) ဓာတ်တိုးဆန့်ကျင်စွမ်းရည် (Antioxidant Property) ရှိတဲ့ ဂျုံမြက်နုဟာ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး အိုမင်းခြင်းကို အထူးနှေးကွေးစေ ပါတယ်။
ဂျုံမြက်နု၏ ဘေးထွက်ဆိုးကျိုးများလူတချို့မှာ ရှားရှားပါးပါး အနေနဲ့ ဂျုံမြက်နုနဲ့ မတည့်တဲ့ အတွက် စားသုံးလိုက်ရင် (၁) ပျို့တက်ခြင်း (ဒီလိုမဖြစ်အောင် တခြားအစားအစာတွေနဲ့ ဝေးဝေး သုံးဆောင်သင့်ကြောင်း ပညာရှင်များ ညွှန်ကြားထားပါတယ်)
(၂) ခေါင်းကိုက်ခြင်း (ဒီလိုဖြစ်ရင်လည်း အရမ်း ထိတ်လန့်ကြောက်ရွံ့စရာ မလိုပါဘူး။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်အတောက်များကို ဂျုံမြက်နုက ဖယ်ရှားနေတဲ့ အတွက် ပျို့တက်ခြင်း၊ ခေါင်းကိုက်ခြင်းတွေ ခဏလောက် ခံစားရတာ ဖြစ်ပါတယ်။ သူ့အလိုလိုပဲ ပြန်ကောင်းသွားပါတယ်)
(၃) ပထမဆုံးအကြိမ် စသောက်သောက်ချင်းမှာ ဒါမှမဟုတ် အလွန်အကျွံ သောက်လိုက်မိရင်တော့ ၀မ်းလျှောတတ်ပါတယ်။
(၄) ဓာတ်မတည့်ခြင်း (အရေပြားမှာ အဖုအပိန့်များထွက်ခြင်း၊ အသက်ရှူကျပ်ခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့် ဂျုံမြက်နု ထုတ်လုပ်ရာမှာ မသန့်ဘဲ မှိုပါလာလို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘေးထွက်ဆိုးကျိုးတွေဟာ စိုးရိမ်ရလောက်တဲ့ အနေအထားတော့ မရှိပါဘူး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ပုသိမ်ခရိုင်/ပုသိမ်မြို့နယ်)၏ စုပေါင်းနှုတ်ထွက်ပွဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ပုသိမ်ခရိုင်/ပုသိမ်မြို့နယ်)၏စုပေါင်းနှုတ်ထွက်ပွဲနှင့်ဆိုင်း
ဘုတ်ပေးအပ်ပွဲ အခမ်းအနားကိုမနေ့ကနံနက်နံနက်
၁၀း၀၀နာရီကပုသိမ်မြို့တွင်ကျင်းပပြုလုပ်ခဲ့ပြီး၊ ဒေသစံတော်ချိန် နံနက်၁း၅၅နာရီတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံကိုဖြုတ်ချကာဆိုင်းဘုတ်ကိုလည်းပိတ်ဖြူစဖြင့်ဖုံးအုပ်လိုက်ကြောင်း
အဆိုပါနေရာသို့သွားရောက်သတင်းရယူနေသောThe Messenger အကြီးတန်းသတင်းသမားတစ်ဦးက တိုက်ရိုက်သတင်းပေးပို့သည်။

Friday, October 26, 2012
အိုဘားမား ကြိုတင် မဲပေး
![]() |
| ကြိုတင် မဲပေး တာ ကောင်းကြောင်း သိစေချင် |
နောက်လ ကျင်းပတော့မယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာပဲ သမ္မတ
အိုဘားမားက သူ့ဇာတိ ချီကာဂို မြို့မှာ ကြိုတင် မဲပေး ခဲ့ပါတယ်။ သူဟာ ပထမဆုံး ကိုယ်တိုင် ကြိုတင်မဲ ပေးတဲ့ အမေရိကန် သမ္မတ ဖြစ်ပါတယ်။ အိုဘားမားက
ပြည်သူ တွေကို ကြိုတင် မဲပေး တာ ကောင်းကြောင်း သိစေချင်လို့ ပေးခဲ့တာလို့
သတင်းထောက် တွေကို သူက ပြောပြီး ကြိုတင် မဲ ပေးကြသူ တွေကို ကျေးဇူးတင်
ကြောင်း ပြောကြား ခဲ့ပါတယ်။ ရွေးကောက်ပွဲ ကို နိုဝင်ဘာလ ၆ ရက် နေ့မှာ ကျင်းပ မှာ ဖြစ်ပေမယ့် အမေရိကန် နိုင်ငံသား အများအပြား ကြိုတင်မဲ ပေးနေကြပါပြီ။ ကြိုတင်
စစ်တမ်းကောက်ခံ ချက်တွေအရ အကြိတ်အနယ် ပြိုင်ရမယ့် ရွေးကောက်ပွဲ ဖြစ်တာမို့
သမ္မတ လောင်း နှစ်ယောက်လုံးက မဲများများစားစား ရဖို့ အလျင် လိုနေကြတယ်လို့
ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
ရွန်နီကို အန်ဇီး စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဝိန်းရွန်နီကို ရုရှားကလပ် အန်ဇီးက အလို ရှိနေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
ဘီလျံနာ သူဌေး အသင်း ပိုင်ရှင်၏ ကျောထောက်နောက်ခံ ဓန အင်အားဖြင့် အန်ဇီးက အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အား ပြောင်းရွှေ့ကြေး မြောက်မြားစွာ အသုံးပြု ကမ်းလှမ်းလာဖွယ် ရှိနေကြောင်း သိရသည်။ အန်ဇီးသည် ယူရိုပါလိဂ်တွင် လီဗာပူးလ်ကို အန်းဖီးလ်၌ (၁-၀)ဖြင့် အရေးနိမ့် ထားသည်။ အန်ဇီးသည် ရွန်နီအား ခေါ်ယူဖြစ်ပါက အသင်းမှ ကင်မရွန်း တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးကဲ့သို့ပင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၃၅၀၀၀၀)ထိ ပေးချေရန် အသင့်ရှိနေကြောင်းလည်း ဆိုသည်။
အသင်း ဒါရိုက်တာ ရောဘတ်တို ကားလို့စ်က ရွန်နီကို ခေါ်ယူလိုခြင်း ရှိမရှိ မေးမြန်းမှုများအား "ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် ကစားသမား တစ်ယောက်ပါ။ ရွန်နီလို ကစားသမားမျိုး အသင်းကို ရောက်လာလို့ မပျော်ရွှင် နိုင်တဲ့သူ မရှိပါဘူး။ ပြီးတော့ သူ့အသက်ကလည်း ငယ်ရွယ်ပါသေးတယ်။ တကယ် ဖြစ်လာနိုင်တယ်လို့တော့ ကျွန်တော် မပြောနိုင်သေးပါဘူး။ သူ့ကို လိုချင်တာ အန်ဇီး တစ်သင်းပဲ ရှိနေတာလည်း မဟုတ်ပါဘူး။ အီတလီနဲ့ စပိန် ကလပ်တွေလည်း ရှိပါတယ်။ ပြောရရင် တစ်ကမ္ဘာလုံးက အသင်းတိုင်း ရွန်နီလို ကစားသမားကို လိုချင်ကြတာပါပဲ" ဟု ဖြေကြားသွားသည်။
အန်ဇီးသည် ပေါင်စတာလင် (၄)ဘီလျံမျှ ချမ်းသာသည့် ရုရှားသူကြွယ် ဆူလီမန် ကာရီမော့ဗ်၏ ပိုင်ဆိုင်မှုအောက်တွင် ရှိနေသည်။ ကာရီမော့ဗ်သည် အသင်းအတွက် အီတူးအပြင် ခရစ္စတိုဖာ ဆမ်ဘာ၊ လာဆာနာ ဒီယာရာစသည့် ကစားသမားကောင်းများကိုလည်း ဝယ်ယူပေးပြီးဖြစ်သည်။

တယ်ရီ အသင်းမှ ထွက်ခွာမည် ဆိုခြင်းကို ချယ်လ်ဆီး ငြင်းဆို
အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ရာသီကုန်တွင် အသင်းကို စွန့်ခွာမည်ဆိုသော သတင်းများကို ချယ်လ်ဆီးက ငြင်းချက် ထုတ်ခဲ့ရသည်။
အစောပိုင်းက သတင်းများက တယ်ရီသည် ရာသီကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးမည် မဟုတ်ဘဲ စတမ်းဖို့ဒ်ဘရစ်ဂ်ျမှ ထွက်ခွာမည်ဟု ဖော်ပြခဲ့သည်။ FIFA အသိအမှတ်ပြု စပိန်အေးဂျင့် ဖရန်ကွိုက်စ် ဂယ်လာဒိုက တယ်ရီသည် စပိန်ကလပ် ဗလန်စီယာထံမှ ကမ်းလှမ်းမှုကို လက်ခံရရှိထားပြီး ရာသီကုန်တွင် လာလီဂါသို့ ပြောင်းရွှေ့မည်ဟု ပြောကြားခဲ့သည်။ လက်ရှိတွင် တယ်ရီသည် လူမျိုးရေး ခွဲခြားမှု ပြဿနာကြောင့် FA၏ (၄)ပွဲပယ် ပြစ်ဒဏ်ကို ကျခံနေရသည်။
ဖရန်ကွိုက်စ်က "တယ်ရီဟာ ချယ်လ်ဆီးနဲ့ ကိစ္စတချို့ ရှိနေတာကြောင့် အသင်းမှာ သက်တမ်း မတိုးဖြစ်လောက်ပါဘူး။ သူဟာ လာလီဂါမှာ ပြောင်းကစားဖို့ စိတ်ဝင်စားနေပါတယ်" ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လန်ဒန် ကလပ် အသင်းမှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက အဆိုပါ သတင်းများ အားလုံးကို ငြင်းဆိုကာ အခြေအမြစ် မရှိဟု စွပ်စွဲ တုံ့ပြန်သွားခဲ့သည်။ ယခု သတင်းများနှင့် ပတ်သက်ပြီး ကာယကံရှင် တယ်ရီ ကိုယ်တိုင်ကမူ တစ်စုံတစ်ရာ မှတ်ချက်ပေး ဖြေရှင်းမှု မရှိသေးဟု သိရှိရသည်။

RFA ဌာနတွင်းလိင် အရှုပ်တော်ပုံ တွင် အဓိက ဇာတ်ကောင်များ..
ဒီရက်ပိုင်း
ဘီဘီစီမှာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် ။ သတင်းက ဒီလိုပါ။ ဘီဘီစီ
ရုပ်သံလွှင့်ဌာနမှာ Top of the Pops နဲ့ Jim’ll Fix It ဆိုတဲ့
နာမည်ကြီးအစီအစဉ်တွေကို တင်ဆက်ခဲ့သူ Mr. Jimmy Savile ဆိုသူဟာ
သူမသေခင်တုန်းက ကလေးတွေနဲ့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေပေါ်
လိင်ပိုင်းဆိုင်ရာ မတရားကျူးလွန်မှုတွေ ၊ ဘီဘီစီဌာနတွင်း ဝန်ထမ်း
အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ရှိခဲ့တယ်။ အကျူးလွန်
အစော်ကားခံရသူတွေက ဘီဘီစီ အထက်အာဏာပိုင်တွေကို တိုင်ကြားခဲ့ကြပေမယ့်
ဘီဘီစီကတော့ Jimmy Savile ရဲ့ကျော်ကြားမှုကို အကြောင်းပြုပြီး
တိုင်ကြားသူတွေရဲ့အမှုကို အဲဒီအချိန်တုန်းက လျှစ်လျူရှုခဲ့တယ်။ အခုတော့ Jimmy
Savile ဆိုသူ အသက်(၈၄)နှစ်အရွယ်မှာ သေဆုံးသွားပါပြီ။ သူသေပြီးမှ ပြိုင်ဖက်
တီဗွီတစ်ခုက ဒါကိုဖေါ်ထုတ်လိုက်တဲ့အခါ ဗြိတိန်နိုင်ငံနဲ့ ကမ္ဘာမှာပါ
သူ့အမှုက ဥသြသောင်းနင်းဖြစ်သွားပါတယ် ။
သူကျူးလွန်ခဲ့တာတွေကို ဗြိတိန်ပါလီမာန်က အခုအချိန်ကျမှ စုံစမ်းစစ်ဆေးမှုတွေ
လုပ်လာရပါပြီ။ မတရား ကျူးလွန်မှုဆိုတာ နှစ်တွေဘယ်လောက်ကြာအောင်
ဖုံးကွယ်ထားဦးတော့ နောင်မှာ ထုတ်ဖေါ်ကြတာပါပဲ ။ ဒီလိုဆိုရင် RFA ဌာနတွင်း
အခုဖြစ်ပျက်နေတာတွေကရော ဘယ်လိုဖြစ်လာမှာလဲလို့ တွေးမိတယ်။
ပြောချင်တာက ဘီဘီစီ Jimmy အကြောင်းက အဓိကမဟုတ်ပါဘူး။ RFA အကြောင်းပါ။
ဘီဘီစီက Jimmy လို ဇာတ်လမ်းမျိုး RFA ထဲမှာ လက်ရှိဖြစ်နေတဲ့အကြောင်းပါ။ အင်တာနက် သတင်းတွေမှာ ဖတ်ရ နားထောင်ရတဲ့အတိုင်းပဲ RFAမှာ
လိင်သောင်းကျန်းသူအဖြစ် နာမည်ကြီးတဲ့ ဦးခင်မောင်စိုးနဲ့ မခင်ခင်အိ
မသင်းသီရိတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ခုချိန်မှာ ဘယ်လိုဆက်ဖြစ်နေလဲ
အဆုံးသတ်သွားပြီလား ဘာလား ။ ဘာသံမှလည်း ထပ်မကြားရတော့လို့ပါ။ ဒါပေမယ့် ဖဘ သတင်းတွေအရ ကြားလိုက်ရတာကတော့ အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ၊ နှစ်ရက် ဆက်တိုက်အတွင်း အမြဲတမ်းဝန်ထမ်း(၅)ယောက်ကို
RFA ကဖြုတ်ပစ်လိုက်တဲ့ အကြောင်းပါ ။ ၁၈ရက်နေ့မှာ ဦးဇော်မိုးကျော် ၊
ဦးကိုကိုအောင်နဲ့ ဒေါ်အင်ကြင်းနိုင်တို့ကို ထုတ်ပစ်လိုက်ပြီး ၊
၁၉ရက်နေ့မှာတော့ ဒေါ်ခင်မေဇော် (နမ်းခမ်းထွေး)နဲ့ ဦးဥာဏ်ဝင်းအောင်တို့ကို
ထပ်ပြီးထုတ်ပစ်လိုက်တယ်လို့ 
ဖဘ သတင်းတွေမှာ တွေ့ပါတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းတုန်းကလည်း
နော်ဝေအခြေစိုက် RFAသတင်းထောက်ကိုညိုကို ဖြုတ်လိုက်တာ ၊ အချိန်ပိုင်း
ဝန်ထမ်းတွေဖြစ်တဲ့ ဒေါ်ညိုညို ဒေါ်ထားထားမြင့်တို့လည်း
အဖြုတ်ခံလိုက်ရတယ်ဆိုတာကို ဖဘ-တွေကတဆင့် သိခွင့်ရလိုက်ပါတယ်။
ကျွန်တော်တို့ သိထားသလောက် အခု အထုတ်ခံလိုက်ရတဲ့ အမြဲတမ်းဝန်ထမ်း ၅
ဦးထဲမှာ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် ဘ၀တွေမြှုပ်နှံပြီး
လုပ်လာသူတွေ ၊ စစ်အစိုးရလက်ထက် တလျှောက်လုံး အစိုးရက ပြည်သူတွေပေါ်
မတရားအနိုင်ကျင့်မှုတွေကို ဖေါ်ထုတ်ပြောဆိုလာသူတွေဆိုတာ
ရေဒီယိုနားထောင်တဲ့ ပရိသတ်တစ်ဦးအနေနနဲ့ သတိထားမိပါတယ်။
အဖြုတ်ခံရသူတွေထဲမှာ သတင်းလုပ်သက် ၁၃နှစ် ၁၄နှစ်ရှိတဲ့ သူတွေတောင်ပါတယ်လို့
ဖဘသတင်း တစ်ခုမှာတွေ့လိုက်မိပါတယ်။ RFA၀န်ထမ်း ၇ ယောက်ကို တပြိုင်နက်ထဲ
အခုလို ထုတ်ပစ်လိုက်တာကိုတော့ အံ့သြမိပါတယ်။ သူတို့တွေကပဲ တခုခု မမှန်တာ
လုပ်ထားမိလို့များလားဆိုပြီး
တွေးမိတာရှိတယ်။ ဒါက အတွေးသက်သက်ပါ။ ဘာမှတော့ အချက်အလက် မရှိပါဘူး။
တဖက်မှာကျတော့ RFAနဲ့ပတ်သက်ပြီး သတင်းထွက်နေတာက လိင်သောင်းကျန်းတဲ့ အသက် ၆၀
ဦးခင်မောင်စိုးနဲ့ ဟို အသက်၄၀ကျော် ကလေးအမေ RFA
အမျိုးသမီးဝန်ထမ်းနှစ်ယောက် နဲ့
တပြိုင်နက်ထဲ လိင်အရှုပ်တော်ပုံ ဇာတ်လမ်း ဖုံးထားမရပဲ အသံဖိုင်တွေ ဘွားကနဲ
အင်တာနက်ပေါ် ပျံ့လာတာပါပဲ။ ဒီလို လိင်အရှုပ်တော်ပုံကို အခြေခံပြီး RFA
ရုံးချုပ်မှာ ၀န်ထမ်းတွေကို ဦးခင်မောင်စိုးက သိသိသာသာတမျိုး မသိမသာတမျိုး
ဟိုအရင်ထဲက ခွဲခြားဆက်ဆံဖိနှိပ်နေတာကို တိုင်မိတဲ့အတွက် အခုလို RFA၀န်ထမ်းတွေ အလုပ်ဖြုတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းလည်း ကြားမိပါတယ်။
မှတ်မိတာ တခုက ဒီလို RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ မတိုင်ခင်မှာ RFAရဲ့ ဖဘကို ပိတ်ပစ်လိုက်တာ ၊ RFAကို စာရေးသားပေးပို့ကြပါဦးဆိုတဲ့
burmese@rfa.org အီးမေလ် လိပ်စာကို ပိတ်ပစ်လိုက်တယ်ဆိုတဲ့ သတင်းတစ်ခုလည်း
ဖဘပေါ် ပျံ့လွင့်လာတာ ဖတ်မိပါတယ်။ အဲဒီလို ဖဘနဲ့ အီးမေလ်တွေကို
ပိတ်ပစ်တာကလည်း လမ်းဆုံကဂျမ်းဘုံလို့ လူသိများတဲ့ RFA ဌာနမှူး ဒေါ်ငြိမ်းရွှေ
လက်ချက်ဆိုပြီး ဖဘတွေက ထပ်ရေးပါတယ်။ ဒေါ်ငြိမ်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို
TV အင်တာဗျူးလုပ်ထားတာ ကြည့်ရသလို ၊ VOA ဦးကျော်ဇံသာနဲ့
ဒေါ်အောင်ဆန်းစုကြည် TV အင်တာဗျူးလုပ်ထားတာလည်း ကြည့်ရတော့ ယှဉ်ကြည့်ရင်
နံ့သာဆီနဲ့ အီးလောက်ကွာနေတာ သတိထားမိတယ်။ ဒေါ်အောင်ဆန်းစုကြည်လို
ပုဂ္ဂိုလ်မျိုးကို အဆီအငေါ်မတဲ့ တောင်ရောက်မြောက်ရော မေးခွန်းတွေ
လျှောက်မေးထားတာ ၊ ကိုယ်မေးမယ့်မေးခွန်း ဘယ်ရောက်လို့ ရောက်မှန်းမသိပဲ
မေးနေတာ၊ ဒေါ်ငြိမ်းရွှေကိုယ်တိုင် သူမေးချင်တဲ့မေးခွန်းကို
အစဖေါ်မရဖြစ်နေလို့ `ကျွတ်စ်` `ကျပ်စ်`ဆိုတဲ့ တက်ခေါက်သံတွေ
လုပ်နေတာကြားရတော့ စာနယ်ဇင်းလုပ်ငန်း မကျွမ်းကျင်ဘူးဆိုတာ
သတိထားလိုက်မိပါတယ်။ အဲဒီတုန်းက ဒေါ်ငြိမ်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် TV
အင်တာဗျူးကို စကြည့်မိတာနဲ့ ချက်ချင်း ပိတ်ပစ်ချင်စိတ်ပေါက်တယ်။
မြန်မာဌာနရဲ့ ဌာနမှူးတယောက်လုပ်နေပြီး ဒီအဒေါ်ကြီး ဗမာလို
ကောင်းကောင်းမတတ်ပါလားလို့ သတိထားမိတယ် ။ ဒေါ်အောင်ဆန်းစုကြည်က လက်နှစ်ဖက်
ပေါင်ပေါ်အသာတင်ပြီး ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံနေချိန်မှာ
ဒေါ်ငြိမ်းရွှေကတော့ RFA ကိုလာပြီး အလုပ်လျှောက်တဲ့သူတယောက်ကို
ဘော့စ်တယောက်က စစ်ဆေးအင်တာဗျူးနေပုံမျိုး မလေးမခန့်နဲ့ လက်ကြီးပိုက်ပြီး
မေးခွန်းထုတ်နေတာ အားလုံးတွေ့ကြမှာပါ ။ ဒေါ်အောင်ဆန်းစုကြည်ကလဲ
ဒေါ်ငြိမ်းရွှေမေးနေတာကို စိတ်ရှည်တဲ့ပုံ မပြပါဘူး ။ မေးခွန်းတွေကို
ကြားဖြတ်ပြီး အမြန်ပြန်ဖြေနေတာတွေ့ရမှာပါ ။
အကင်းပါးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒေါ်ငြိမ်းရွှေတယောက်
ဘာမှကြိုတင်ပြင်ဆင် မထားပဲ ငါ့ကိုလာမေးနေတာပဲဆိုတဲ့ စိတ်တိုနေတဲ့ပုံပါပဲ ။
အဲဒီလို ဒေါ်ငြိမ်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးကို RFA ဖဘပေါ်
တင်လိုက်တော့ လူတွေက ဝေဖန်သရော်စာတွေရေးပြီး မှတ်ချက်ပေးကြပြန်ပါတယ်။ ဒါကို
မခံနိုင်လို့ ဒေါ်ငြိမ်းရွှေက RFA ဖဘကို ပိတ်ချလိုက်တယ်လို့ သတင်းက
တခါထပ်ထွက်ပြန်တယ် ။ အဲဒီနောက်ပိုင်း YPI သတင်းဌာနက ဖဘပေါ်တင်တဲ့သတင်းမှာ
burmese@rfa.org အီးမေလ် လိပ်စာကို ဆက်သွယ်လို့မရတော့ဘူးဆိုတာ ပါလာပြန်တယ် ။
နောက်တခုကလည်း ကိုAUNG PAN ဆိုတဲ့ ဖဘမှာလဲ လွတ်လပ်တဲ့အာရှအသံက
သူတို့သတင်းဌာနက လုပ်ပုံကိုင်ပုံကို ဝေဖန်တာ မခံနိုင်လို့
ဂျမ်းဘုံငြိမ်းရွှေက ရှိရှိသမျှ အကုန်လိုက်ပိတ်နေတယ်ဆိုပြီး တခါ ရေးပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် RFA ရုံးချုပ်ကို သွားလည်ချိန်မှာ ၀န်ထမ်းတွေအားလုံးနဲ့တွဲရို က်ထားတဲ့
ဓါတ်ပုံကို RFA ဖဘပေါ် တင်ပြန်တော့လည်း မသင်းသီရိကို ရည်ရွယ်ပြီး
ဝက်ဆီဖတ်မလို့ နောက်ပြောင်တာ မခင်ခင်အိကိုရည်ရွယ်ပြီး အန်တီစု ညာဖက်မှာ
မေးတင်ထားတာက ဟိုကုတင်ဇာတ်လမ်းထဲက မမ မဟုတ်လားလို့ သရော်ထားတာ
တွေ့ရပြန်ပါတယ်။ ဒီဝေဖန်ချက်တွေကို မခံနိုင်လို့ ဒေါ်ငြိမ်းရွှေက
အကုန်လျှောက်ပိတ်နေတယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော် ဖတ်မိသမျှ လက်လှမ်းမီသမျှ သတင်းတွေကို ဆက်စပ်တွေးနေမိတာပါ။ အဲဒီနောက်ပိုင်းမှာတော့ RFAဌာနတွင်း လိင်အရှုပ်ကိုရှင်းပေးဖို့နဲ့  ၊ မတရား မျက်နှသာပေးနေတာကိုဖြေရှင်း ပေးဖို့
တိုင်တန်းကြတဲ့ ၀န်ထမ်းတွေကို အရေးယူတော့မယ်ဆိုတဲ့ သတင်းလဲ ဖဘပေါ်မှာ
တွေ့လာရပါတယ် ။ အခုတော့ သတင်းတွေ ထွက်ခဲ့တဲ့အတိုင်း RFA ၀န်ထမ်းတွေကို
တကယ်ပဲထုတ်ပစ်တဲ့အထိ အရေးယူလိုက်တော့ သိပ်ပြီး လက်ရဲဇက်ရဲ နိုင်ပါလားလို့
တွေးမိပြန်ပါတယ်။ အားလုံးဆက်စပ် တွေးကြည့်တော့ RFA ရုံးချုပ်မှာ
လိင်အရှုပ်လုပ်သူတွေကို ဒေါ်ငြိမ်းရွှေက အကာအကွယ်ပေးလိုက်ပြီး
တိုင်တန်းတဲ့အုပ်စုကို အလုပ်ကဖြုတ်ပစ်တဲ့သဘော ဖြစ်သွားတယ်လို့ပဲ
တွေးမိပါတယ်။ ကျွန်တော်တွေးသလိုသာ မှန်ခဲ့ရင် ဒေါ်ငြိမ်းရွှေက ဘာ့ကြောင့်
ဟိုသုံးယောက် (ဦးခင်မောင်စိုး ၊ မခင်ခင်အိ ၊ မသင်းသီရိ)တို့ကို အကာအကွယ်
ပေးနေတာလဲ ။ ဘာမှန်းမသိရပေမဲ့ အကြောင်းတခုခုတော့ ရှိမယ်ထင်ပါတယ် ။ (
သိသူများ ဖေါ်ထုတ်ကြပါ )။ အလုပ်ဖြုတ်ခံလိုက်ရသူတွေကို ဂရုဏာဖြစ်မိပေမယ့် ဥပဒေ စိုးမိုးပါတယ်ဆိုတဲ့ အမေရိကားလို နိုင်ငံမျိုးမှာ
အဲဒီလူတွေ ဘာဆက်လုပ်နေကြမလဲ မေးခွန်းထုတ်လိုက်ပါတယ် ။ ကျွန်တော်တို့လို RFA
ပရိတ်သတ်တွေကတော့ အာဏာရှင်ဆန်ဆန် လုပ်တဲ့ RFAဌာနမှူး ဒေါ်ငြိမ်းရွှေတို့ရဲ့
လုပ်ရပ်တွေကို ရှုပ်ချလိုက်ပါတယ် ။ မခင်ခင်အိပြောထားတဲ့
အသံဖိုင်တွေမှာ ဦးခင်မောင်စိုးနဲ့ မခင်ခင်အိတို့ ညိနေကြတာ သိသာလှပါတယ်။
မခင်ခင်အိတို့၊ မသင်းသီရိတို့ ၊ ဦးခင်မောင်စိုးတို့ တီဗွီထဲကနေ
ကိုယ်ရောင်ထင်ရှား ထွက်ပြနေတာကိုကြည့်ရင် ဒီလူတွေဟာ ဘယ်လောက်ထိ
အရှက်ကင်းမဲ့တဲ့လူတွေလဲဆိုတာ
တွက်ဆလို့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ သာမန်ပြည်သူတွေ
လိင်ဖေါက်ပြန်နေတာကို လျှစ်လျူရှုထားလို့ ရနိုင်ပေမဲ့ အထူးသဖြင့်
တိုင်းပြည်ကို မျက်လုံးဖွင့်ပေးနေတဲ့အလုပ် မျိုး
လုပ်နေပါတယ်ဆိုတဲ့ RFAလိုရုံးမှာ လိင်အရှုပ်အထွေး ဖြစ်နေတာကို
ရှင်းရမယ့်အစား ဒါကိုတိုင်မိတဲ့ သူတွေကတော့ ဖြုတ်ထုတ်သတ်ခံလိုက်ရပါပြီ ။
တိုင်တဲ့သူတွေက လူများစုလို့ ကြားမိတော့ RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ
ဒီမှာတင်ပြီးသွားပြီလားဆိုတာ သံသယဖြစ်စရာပါ ။
မှတ်မိတာ တခုက ဒီလို RFA ဌာနတွင်း ဖြုတ်ထုတ်သတ်ပွဲ မတိုင်ခင်မှာ RFAရဲ့ ဖဘကို ပိတ်ပစ်လိုက်တာ ၊ RFAကို စာရေးသားပေးပို့ကြပါဦးဆိုတ
ကချင်ရွာသားနှစ်ဦးကိုမြန်မာ စစ်တပ် ဖမ်းဆီးခေါ်ဆောင်
ကချင်ပြည်နယ် ကာမိုင်းမြို့နယ် နမ့်ဆီးအိမ်ရွာမှာ တပ်မ ၈၈ လက်ေအာက်ခံ အစိုးရတပ်ဖွဲ့ ဝင်တွေ ဟာ ပြီးခဲ့တဲ့
အောက်တိုဘာ ၁၉ ရက်ေန့ ညပိုင်းက ရွာထဲ ၀င်လာပြီး ရွာသေားတွကို ရိုက်နှက် ဖမ်းဆီးကာ ဆယ်အိမ်မှူး ဦးနိုင်လင်းနဲ
့ရွာသား ဦးလေဗျာင်ကွန်းကို ဖမ်းဆီးသွားပါတယ်။
ဦးလေဗျာင်ကွန်းရဲ့အိမ်မှာ နွားပျောက်တဲ့ကိစ္စတခုနဲ့ ပတ်သက်ပြီး အစည်းအေ၀းလုပ်ဖို့ ပြင်နေစဉ် ဖမ်းဆီးသွားတာလို့လည်း
ဦးလေဗျာင်ကွန်းရဲ့ ညီမဖြစ်သူ အမျိုးသားဒီမိုကေရစီအင်အားစုပါတီက ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“စစ်တပ်က
ဝင်လောတာ့ လူအချို့ ကြောက်လန့်ပြီး ထွက်ေပြးကြတယ်။ ကျန်တဲ့သူ လူ ၄ ၅ ဦးကို ကေအိုင်ေအလို့
စွပ်စွဲပြီး ရိုက်နှက်ခဲ့တယ်။ အစိုးရတပ်ဖွဲ့ဝင်ေပါင်း
၆၀ လောက်ရှိပြီး ဦးလေဗျာင်ကွန်းအိမ်ကို မွေနှောက်ရှောဖွခဲ့တယ်။ သေတ္တာထဲ ထည့်ထားတဲ့
စုစေုပါင်း ကျပ် ၁၅ သိန်း တန်ဖိုးရှိ ရွှေငွေလက်ဝတ်လက်စေားတွပါ သိမ်းယူသွားတယ်။”
အစ်ကိုဖြစ်သူ
ဖမ်းဆီးခံရတဲ့ကိစ္စ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဆီ
စောရးတိုင်တန်းဖို့ စီစဉ်ေနေကြာင်း၊ သက်ဆိုင်ရာက စုံစမ်းအေရးယူမှုတွေ မလုပ်ပေးဘူးဆိုရင်
သမ္မတ ဦးသိန်းစိန်နဲ့ လူ့အခွင့်အေရးဆိုင်ရာ အဖွဲ့အစညေ်းတွဆီ ဆက်လက်တိုင်ကြားပြီး တရားဥပေဒအရ အရေးဆိုသွားမယ် လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
လှချင်သလား... ပါးရေတွန့် နေတာတွေပျောက်ချင်သလား.. ထိုင်းအလှပြင်ဆိုင်မှာ ပါးရိုက်ခံလိုက်ပါ... ဒေါ်လာ ၃၅၀ပါ...
ထိုင်းရိုးရာသဘာနည်းဖြင့် အလှပြုပြင်ရေး၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သူမအ
နေဖြင့် နုပျိုလန်းဆန်း၊ ရှင်သန်လှပလိုသူများအတွက် ပါးရိုက်ပေးခြင်းဖြင့် စွမ်းဆောင်ကုသပေး
နေတယ်လို့ ဆိုပါတယ်..
ထိုင့်းရိုးရာပါးရိုက်ဝန်ဆောင်ကုသနည်းဖြင့် အရေးပြားတွန့် ခြင်း၊ရှုံ့ တွခြင်း၊ လျော့ ရဲခြင်းများအား
ခွဲစိတ်ပြုပြင်ဆရာမလိုပဲ သက်ဆိုင်ရာကိုယ်ခန္ဒာအစိတ်အပိုင်းများအား ခပ်ဆတ်ဆတ်ရိုက်ခြင်း၊
နှိပ်နယ်ခြင်း၊ထုပေးခြင်းဖြင့် စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်...
ထိုင်းနိုင်ငံတွင် လေ့ ကျင့် သင်ကြားတတ်မြောက်လာခဲ့ သည့် တာတာဆွမ်ဘန်သမ် က သူမ၏
ပါးရိုက်ကုသခြင်းနုပျိုလန်းဆန်း အလှပြင်ခန်းဟာ အနောက်ကမ္ဘာမှာတော့ ပထမဦးဆုံးလို့ ဆို
နိုင်မှာဖြစ်ပြီး ဆန်ဖရန်စစ်စကိုမြို့ ရှိ ဆိုင်ခန်းတွင် ၁၅မိနစ်ကြာ အလှပြုပြင်ဖန်တီးပေးမှုအတွက်
ဒေါ်လာ ၃၅၀ မျှသာ ၀န်ဆောင်ခယူပါတယ်လို့ ဆိုပါတယ်...
ထိုသို့ ပြုလုပ်ခြင်းဖြင့် အိုမင်းရင့် ရော်ခြင်း၊ အေ၇ပြားလျော့ တွဲခြင်းကို တားဆီးပြုပြင်နိုင်ကြောင်း
ဆေးပညာဆိုင်ရာ အထောက်အထား မရှိသေးသော်လည်း ထိုသို့ ရိုက်ခတ်ပေးခြင်းဖြင့် သွေး
လှည့် ပါတ်မှုအားကောင်းစေပြီး ကျန်းမာရေးအထောက်အကူပြုစေနိုင်ပါတယ်လို့ ဆရာဝန်များ
က သဘောတူ ၀န်ခံပြောဆိုခဲ့ ကြောင်း အေဘီစီ သတင်းကဆိုပါတယ်...

သို့ သော်လည်း သိသာထင်ရှားမှု၊ အကျိုးဆက်ကတော့ ချက်ခြင်းမြင်နိုင်ပါတယ်လို့ ထိုအလှပြု
ပြင်ခြင်း ပါးရိုက်အနှိပ်ခန်းကို တာတာနှင့် အတူပိုင်ဆိုင်သည့် သူမ၏ခင်ပွန်း မာဝမ် တို့ ကဆိုပါ
တယ်....
"ဘာလက်ဝတ်ရတနာမှဝတ်မထားမိပါစေနဲ့ ... လက်တွေ၊ ခြေတွေအကြောလျော့ ထားပါ... ခိုင်း
တဲ့ အတိုင်းလိုက်နာပြီး ကြောက်ရွံ့ စိုးရိမ်မှုမထားပါနဲ့ ...
ဒါဟာ အလကားပြောနေတာမဟုတ်ဘူး... အလေးအနက်ကိုပြောနေတာဖြစ်ပါတယ်..." လို့ မာ
ဝမ်က ယမန်နေ့ တွင်ဖွင့် လှစ်ခဲ့ သည့် တာတာအနှိပ်၊အလှပြုပြင်ခန်းတွက်ပြောကြားခဲ့ ပါတယ်...
ထိုင်းနိုင်ငံတွင်တော့ အမျိုးသမီးများနောက်ပိုင်းအလှတောင့် တင်းထင်ပေါ်အောင်၊ တင်ပါးများ
အား လက်သီးဖြင့် အထိုးခံခြင်း၊ ရင်သားများဖွံ့ ထွားတိုးတက်အောင် အရိုက်ခံခြင်းဖြင့် အလှပြု
ပြင်ခြင်းများလည်း ခေတ်စားနေပါတယ်...
ထိုင်းနိုင်ငံဘန်ကောက်တွင်တော့ ထိုပါးရိုက်နားရိုက်၊ ထိုးကြိတ်ခြင်းဖြင့် အလှပြုပြင်ခြင်းလုပ်ငန်း
ကို အသက် ၄၄ နှစ်ရှိ ခွန်ယင်တော့ဘ်နွန် အမည်ရှိအမျိုးသမီးတစ်ဦးက နှစ်ပေါင်း ပရိစ္ဆေဒကြာ
မြင့် ခဲ့ သည့် နည်းပညာအဖြစ် ဆက်လက်လုပ်ဆောင်နေပြီး သူမရဲ့ ကျွမ်းကျင်မှုကြောင့် လည်း
လူကြိုက်များလျှက်ရှိနေပါတယ်...
ရှေးတုံးကတော့ အခုခေတ်လို ရင်တွေ၊ တင်တွေကြီးတာသေးတာ ဂရုမစိုက်ကြတာမို့ အဲဒီခေတ်
ကလူကြီးတွေက ဒီနည်းပညာကို မဖြန့် ဝေခဲ့ ကြပါဘူး လို့ သူမက ဘန်ကောက်ပို့ စ် သတင်းစာ
ကိုပြောကြားခဲ့ ပါတယ်...
သို့ သော်လည်း ယခုကဲ့ သို့ ခပ်ဆတ်ဆတ်လေးရိုက်ခြင်းဖြင့် ပျံ့ ကြဲနေသည့် အဆီများအား အလို
ရှိသည့် ရင်သားနေရာသို့ စုစည်းပေးခြင်းဖြစ်ပါတယ်....
ခွန်ယင်တော့ ဘ်နွမ် ရဲ့ ရင်သားအလှပြုပြင်နည်းကိုမယုံကြည်သူများအနေဖြင့် ထိုင်းနိုင်ငံကျန်း
မာရေးဝန်ကြီးဌာနဲ့ သူမရဲ့ အနှိပ်ပြုပြင်ခြင်းကြောင့် ပျိုမေတို့ ရင်သား ဖွံ့ ထားလာခြင်းမှာအမှန်
တစ်ကယ်ဖြစ်ကြောင်း လေ့ လာစမ်းစစ်ချက်ပြုလုပ်ကာ ထောက်ခံပြောဆိုခဲ့ ခြင်းကို တွေ့ မြင်နိုင်
ပါတယ်...
ထိုသို့ မိမိတို့ ၏အလှအပများ စုဝေးဖြစ်တည်လိုသူအမျိုးသမီးများအနေဖြင့် ခွဲစိတ်ကုသမှုမပြုပဲ
ကိုယ်တိုင် ရိုက်ခတ်၊ နှိပ်နယ်ကာ ကြီးထွားဖွံ့ ဖြိုးစေနိုင်မည့် နည်းစနစ်ပညာပေးမှုကို ၀န်ကြီးဌာ
နအနေဖြင့် ပင် အကုန်အကျခံပြုလုပ်ပေးခဲ့ ပါတယ်...
အလှပြုပြင်လိုသူတွေအနေနဲ့ အခုလိုအရိုက်ခံ၊ အနှိပ်ခံယုံဖြင့် သိသိသာသာကြီးထွားလာမှာဖြစ်
တယ်ဆိုတာ အသိပေးလိုပါတယ်လို့ လည်း ခွန်ယင် ကဆိုပါတယ်...
ဥပမာအားဖြင့် ရင်သားအရွယ် ၃၀ လက်မ ရှိသူအနေဖြင့် ပြုပြင်မှုအပြီးမှာ ၃၂ လက်မ အထိကြီး
လာနိုင်ပါတယ်...ဒါဟာသက်သေအထောက်အထားနဲ့ ကိုပြနိုင်ပါတယ်လို့ သူမကဆိုပါတယ်...
လှချင်ယင်တော့နည်းနည်းတော့ အနာခံရမှာဖြစ်ပါတယ်လို့ လည်းသူမကဆိုပါတယ်...

တစ်ချို့ ရိုက်နှက်ပြုပြင်ပေးလို့ မရနိုင်လောက်အောင်သေးငယ်တဲ့ ရင်သားရှိသူတွေကိုတော့ ဝမ်း
နည်စွာနဲ့ ပဲ ငြင်းပယ်ခဲ့ ရတာမျိုးတော့ လည်းရှိခဲ့ ပါတယ်လို့ သူမကဆိုပါတယ်...
အခုအခါမှာတော့ တိမ်မြုပ်ပျောက်ကွယ်လုမတတ်ဖြစ်နေသည့် ရှေးဟောင်း ရိုက်နှက်၊ နှိပ်နယ်ခြင်းနည်းပညာကိုသင်တန်းကြေး ဒေါ်လာ ၃ သိန်း ၃သောင်း၊ ၂သိန်း ၆သောင်း၃ထောင်၊၁သိန်း ၆ သောင်း ၄ ထောင် စသည်ဖြင့် ရက်ရက်ရောရော ဖြန့် ဝေကာ ပညာအမွေပေးလျှက်ရှိနေပါတယ်....မြန်မာပြည်မှစိတ်ပါဝင်စားသူများဆက်သွယ်ကြပါကုန်...

| ပါးရိုက်မခံရခင်နှင့် ပါးရိုက်ခံအလှပြုပြင်ပြီးပုံ... |
![]() |
လျော့ ရဲ၊ ပျော့ တွဲနေတာတွေ တင်းရင်း၊ ၀င်းပနေအောင် အရိုက်ခံကြပါစို့ ...
ထိုင်းနိုင်ငံတွင် တီထွင်ကြံဆသည်... အမေရိကန်တွင် လုပ်စားသည်... |
![]() |
| နဲနဲလေးတော့ နာပါတယ်... နာတာလေးလည်းကောင်းပါတယ်... |
![]() |
| ငါဆရာရိုက်ကာပေးလိုက်မယ် .....ကြီးမားစေသား... |
![]() |
| ကိုယ်ကလည်းအရိုက်ခံရသေး၊ ပိုက်ဆံလည်းပေးရသေးတယ်...
ဒါမျိုးအနောက်ဥရောပမှာ ပထမဦးဆုံးပါပဲ...
|
Subscribe to:
Posts (Atom)