468x60 Ads


Friday, November 9, 2012

နိုက်ကလပ် များ နှင့်  ဘီယာဆိုင်များ ပိတ်ပေးစေလို...

ရန်ကုန်မြို့တော်၏စီးပွားရေးအချက်အချာကျသောသိမ်းကြီးဈေးစီရုံသည်အနယ်နယ်အရပ်ရပ်မရဟန်း ရှင် လူမိဘပြည်သူများနှင့်ကမ္ဘာလှည့်ခရီးသွားများဝယ်ယူအားပေးကြသောအဆင့်မြင့်ဈေးကြီးဖြစ်သည်။သို့သော်
လည်းသိမ်ကြီးဈေးစီရုံပထမထပ်စင်္ကြန်လမ်းတစ်လျှောက်တွင်ဘီယာဆိုင်များဖွင့်လှစ်ရောင်းချသဖြင့်
အများပြည်သူတို့ခုံကျော်တံတားများမှဈေးအတွင်းသို့ဝင်ထွက်သွားလာရာတွင်စိတ်အနှောက်အယှက်ဖြစ်နေကြ
ရသည်။အဆိုပါဘီယာဆိုင်များရှိနေခြင်းကြောင့်သိမ်းကြီးဈေးစီးရုံနှင့်ဒီရုံတို့အပေါ်ထပ်များရှိညကလပ်များ၊အနှိပ်
ခန်း(ပြည်တန်ဆာခန်း)များမှညဥ့်ငှက်မလေးများသည်သရုပ်ပျက်ဝတ်ဆင်ပြီးလာရောက်စားသောက် မြူဆွယ်ခြ
င်း၊အမျိုးသားများမကြာခဏဆိုသလိုမူးယစ်သောကသာမအမျိုးသမီးကောင်များကိုရိုင်းစိုင်းစွာစနောက်ခြင်းတို့မြ
င်တွေ့နေသည်။လောလာဆယ်ဖြစ်ရပ်တစ်ခုမှာ(၈.၁၀.၁၂)နေ့နံနက်(၁၁)နာရီခန့်၌LionWorldဘီယာဆိုင်တွင်ြ
ဖစ်ပွားခဲ့သောအုပ်စုဖွဲ့ရန်ပွဲသည်ဈေးအတွင်းထဲထိဆက်လက်ဖြစ်ပွားခဲ့သည့်အတွက်ဈေးသူ/သားများနှင့်အမျာြး
ပည်သူတို့အထူးစိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းယခင်ကဈေးစင်္ကြန်လမ်းတစ်လျှောက်ဆိုင်များမရှိခဲ့ကြောင်း——ဌာန၏စီမံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့်(သို့မဟုတ်)အဂတိလိုက်စားမှုကြောင့်ပေါ်ပေါက်လာသည်”ဟုဈေးမိဈေးဖ
များနှင့်မိဘပြည်သူတို့ကပြောဆိုလျက်ရှိနေကြကြောင်းသို့ဖြစ်၍ရွှေတိဂုံဘုရားလမ်းမှသိမ်ကြီးဈေးရှိဈေးများနှင့်လုံးဝမ
သင့်လျော်ဥပဒေနှင့်မလွတ်ကင်းသောညကလပ်၊အနှိပ်ခန်း(ပြည်တန်ဆာခန်း)၊ဘီယာဆိုင်များအားဖယ်ရှားပေးရန်ဈေး
သူဈေးသားများကလိုလားလျက်ရှိကြကြောင်း သိရသည်။


နိုဝင်ဘာ (၁) ရက်နေ့ ဟာ အမရေိကန်တွေ အတွက် ၀မ်းနည်းဖွယ် ဖြစ်ပေမယ့် အက်(ရှ်)ဝါယာရိုင်း အတွက်တော့ အပျော် ထပ်ဆင့်ဖြစ်ခဲ့..

စန္ဒီမုန်တိုင်းက နိုဝင်ဘာ၁ရက်နေ့မှာ အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ဒေသများကို တိုက်ခတ်ခဲ့တာဖြစ်ပြီး မြို့နယ်၊ ရပ်ကွက်ဒေသများမှာ ပျက်စီးဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၈ဝဦး ထက် မနည်းသေဆုံးခဲ့ရပါတယ်။ အခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့မုန်တိုင်းတွေထဲမှာ အဆိုးရွား ဆုံးမုန်တိုင်းတစ်ခုဖြစ်ခဲ့ပေမယ့်လည်း ကမ္ဘာကျော် ဘောလီးဝုဒ်မင်းသမီး အက်(ရှ်)ဝါယာရိုင်း အတွက်တော့ အပျော် တွေထပ်ဆင့် ဖြစ်ခဲ့ရပါတယ်...
နိုဝင်ဘာ၁ရက်နေ့ကကမ္ဘာကျော်ဘောလီးဝုဒ်မင်းသမီးအက်(ရှ်)ဝါယာရိုင်းရဲ့အသက်၃၉နှစ်ပြည့် မွေးနေ့ဖြစ်
သလို၊ အောင်မြင်မှုတွေ ထပ်ဆင့်လောင်းတဲ့နေ့ ထူးနေ့မြတ်လို့ပြောရင်လည်း မမှားပါဘူး။ Indo-French ပူးပေါင်းဆောင်ရွက်မှုများ၊ရုပ်ရှင်၊ အနုပညာနဲ့ ယဉ်ကျေးမှုတွေမှာ ဖွံ့ဖြိုး တိုးတက်စေမှု၊ ရုပ်ရှင်လောကမှာ ဘုရင်မတစ်ဦးသဖွယ်အောင်မြင်စွာရပ်တည်နိုင်မှုစတာတွေကြောင့်သူမကိုပြင်သစ်အစိုးရကဂုဏ်ပြုဆုချီးမြှင့် ခဲ့ပါတယ်။
ဂုဏ်ပြုဆုပေးအပ်ပွဲကို ၂ဝ၁၂ခုနှစ် ၊နိုဝင်ဘာ ၁ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး၊ သူမမွေးနေ့ရက်နဲ့လည်း တိုက်ဆိုင်ပါတယ်။ အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ် Francois Richier က ပြင်သစ်အစိုးရ ကိုယ်စား သူ့ကို ဆုချီးမြှင့်ပေးခဲ့ပါတယ်။
ဒီဂုဏ်ပြုပွဲကို သူ့ရဲ့ မိဘ၊ ယောက္ခမဖြစ်သူ ဘောလီးဝုဒ်မင်းသားကြီး အမီတာ ဘချမ်း၊ ခင်ပွန်းဖြစ်သူ မင်းသား အဖီရှပ် အပါအဝင်တစ်မျိုးလုံး တက်ရောက်မှာပါ။ ဒီလို တက်ရောက်နိုင်ဖို့လည်း တခြားအလုပ်တွေ အားလုံးကို ဖျက်လိုက်ရပါတယ်။




ကောက်သစ်စားပွဲ ကို သတိရမိပါတယ် ဆိုတဲ့ ကချင် ဒုက္ခသည်များ..

နိုဝင်ဘာလ ရောက်တိုင်း ကောက်သစ်စားပွဲ ခေါ် ဘုရားသခင် ကျေးဇူးတော် ချီးမွမ်းတဲ့ပွဲတွေကို ကျင်းပပြီး နောက်နှစ် တွေအတွက် ဆုတောင်းတာတွေ၊ အစီအစဉ် ချမှတ်တာတွေ လုပ်ဆောင်လေ့ရှိတဲ့ ကချင်လူမျိုးတွေအတွက် ဒီအချိန် ရောက်ရင် မူရင်းဒေသကို ပြန်ချင်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၀ိန်ပေါင်နိန်းထွဲ အဖွဲ့ တာဝန်ခံ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။
ဒေါ်မယ်ရီတွမ်က“နိုဝင်ဘာဆိုတာစပါးရိတ်သိမ်းတဲ့အချိန်ဖြစ်တယ်။အသီးအနှံတွေလည်းအင်မတန်မှပေါကြွယ်

ဝတဲ့အချိန်ဖြစ်တယ်။ကျမတို့ကချင်လူမျိုးတွေအနေနဲ့လက်ထဲမှာ ပြည့်ပြည့်စုံနေတဲ့အချိန်လို့တောင် ပြောလို့
ရတယ်။ အထူး သဖြင့် ဒီလဟာ ဘုရားသခင်ကျေးဇူးတော် ချီးမွမ်းတဲ့လဖြစ်တယ်။ ဒီအချိန်မှာ လူတွေက ကိုယ့်ရဲ့ရပ်ရွာမှာ အလုပ်လည်း အရမ်းများတဲ့အချိန်ဖြစ်သလို ရွာတိုင်းမှာ အိမ်တိုင်း တနှစ်တာလုံး စိုက်ပျိုးခဲ့ရတာတွေကို ရိတ်သိမ်းပြီးတော့ ဘုရား သခင်ကို ကျေးဇူးတော် ချီးမွမ်းတဲ့လ။ အဲဒါကို သူတို့ အရမ်းတမ်းတတယ်။ စခန်းထဲမှာရှိနေတဲ့ သူတွေကတော့ဖြင့်ဆိုပြီး သူတို့ကိုယ်စား အရမ်းလည်း စိတ်မကောင်းဖြစ်မိတယ်။ ”
ကချင်လူမျိုးတွေဟာ အသက်မွေးဝမ်းကြောင်းအဖြစ်နဲ့ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတဲ့သူတွေ ဖြစ်ပြီး အရင်က နိုဝင် ဘာလ ရောက်ရင် ကောက်ပဲသီးနှံတွေ ရိတ်သိမ်း ရောင်းချပြီး ငွေစရွှင်တဲ့ အချိန်ဖြစ်တဲ့အတွက်ပျော်စရာကောင်းတဲ့အချိန်ဖြစ်ပေမယ့်အခုတော့သောင်းနဲ့ချီတဲ့ကချင် ရွှေ့ပြောင်းဒုက္ခ
သည်တွေဟာစခန်းတွေ၊တောတွေထဲမှာပုန်းအောင်ပြီးတော့မရေမရာဘ၀နဲ့အချိန်တွေဖြတ်သန်းနေရပါတယ်။ ၁ နှစ်ကြာနီးပါး စစ်ပြေးနေတဲ့ လနာ့ဇွပ်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည်တဦးက အိမ်ပြန်ချင်တဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။
“မပြန်နိုင်သေးတဲ့အပေါ်မှာခံစားရတာကတော့ကိုယ့်ရဲ့ထားထားခဲ့တဲ့ရပ်ရွာ၊အိုးအိမ်၊ခြံတွေကိုအမြဲတမ်းသတိ ရတယ်။အဘိုးအဘွားတွေဆိုရင်မျက်ရည်နဲ့ပဲအမြဲတမ်းနေနေရတယ်။ကျမတို့ပြန်လို့မဖြစ်ပါဘူး။အားလုံးလိုလို က ပြန်ချင် ကြတယ်။ ပြန်လို့ရရင် အတောင်ရှိရင် ချက်ချင်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်ကြတယ်။”
အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ရဲ့ ၁ နှစ်ကျော်နီးပါးကြာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်သောင်းနဲ့ချီတဲ့ ကချင် ဒုက္ခသည်တွေက တောတွင်းနဲ့ နယ်စပ်က စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ သေနတ်သံတွေကြားထဲကနေ အ၀တ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာတဲ့အတွက် ပိုဒုက္ခရောက်တယ်လို့ ဒုက္ခသည် တွေက ပြောပါတယ်။
(၂)ဘက်လက်နက်ကိုင်တွေရဲ့တားမြစ်ထားချက်တွေကြောင့်ကုလသမဂ္ဂကထောက်ပံ့တဲ့ပစ္စည်းတွေကလည်း  ဒုက္ခသည်တွေဆီမရောက်နိုင်သလိုဒုက္ခသည်အများစုကအစားအသောက်နဲ့သန့်ရှင်းတဲ့ရေအလုံ အလောက် မရဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကတရုတ်နိုင်ငံမှာခိုလှုံနေတဲ့ဒုက္ခသည်တွေကိုလည်းတရုတ်အာဏာပိုင်တွ ကအတင်းအကျပ်ပြန်ပို့ခဲ့ပါတယ်။အရင်ရက်ပိုင်းကအစိုးရနဲ့ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြားစေ့ စပ်ဆွေးနွေးပြောဆိုတာတွေကဒုက္ခသည်တွေမူရင်းနေရာကို ပြန်နေရေးအတွက် မျှော်လင့်ချက်တခု ဖြစ်စေ

ခဲ့ပါတယ်။


ငါးဖမ်းနေသော ရွာသား တစ်ဦး ကို ဘင်္ဂလီကုလား များ သေနတ်ဖြင့် ပစ်သတ်...

 ၈.၁၁.၂၀၁၂ ရက် ညဥ့် ၁၀း၀၀ နာရီ ပေါက်တောမြို့နယ်မှ ဒဏ်ရာရ လူနာ ဆေးရုံပေါ် ရောက်ရှိ
၈.၁၁.၂၀၁၂ ရက် ညနေ ၅း၀၀ နာရီ ပတ်ဝန်ကျင်တွင် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆံတော်ရှင် ကျွန်းအနီ ငါးရှာနေသော ဦးလပြည့်ဦး ၊ အသက် (၄၄)နှစ် ဘင်္ဂလီကုလားများမှ ဒေသလုပ် တူမီးလက်နက်ဖြင့် ပစ်ခတ်သဖြင့် လက်မောင်း၊ ရင်းဘတ်၊ ပေါင်း တို့တွင် ကျည်ထိမှန်ခဲ့ရာ ယခုတိ သတိမရရှိသေးဘဲ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာပြီးဖြစ်ပါသည်။ ယခုအခါ အရေးပေါ် လူနာဌာနတွင် ကုသလျှက်ရှိပြီး အခြေအနေမှာ စိုးရိမ်းရလျှက်ရှိသည်ဟု သိရှိရပါသည်။
 
 ည ၉း၃၀ ပေါက်တောမြို့နယ် စိုးမဲကျီကျေးရွာမှ ကျေးရွာသား ၇ ဦးခန့်သည် ဆံတော်ရှင်စေတီမှ အပြန် တွင်ယခုထိခိုက်ဒါဏ်ရာရသူသားအဖနှစ်ဦးသည်အဆိုပါကျေးရွာသားများနှင့်အတူတူမပြန်ပဲဦးလပြည့်ဦး(ခ) လှသိန်းဦးတို့သားအဖနှစ်ဦးသည်ပင်လယ်ကမ်းခြေသို့ဆင်းပြီးငါးဖမ်းနေစဉ်ဘင်္ဂလီစက်လှေဖြင့်လာရောက်ပြီး ယမ်းထောင်းသေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန် ၈-၁၁-၂၀၁၂ နေ့ ည(၉း၂၅)အချိန်တွင် စစ်တွေဆေးရုံသို့ ဦးလပြည့်ဦး(ခ)လှသိန်းဦးမှာ ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။

ရိုဟင်ဂျာများနှင့် အဆက်အသွယ် ရှိသည့် al-Qaeda နှင့် အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့အစည်းများ

အမေရိကန် ကေဘယ် တီဗီကွန်ယက်ဖြစ်တဲ့ CNN ၏ အာဖဂန်နစ္စတန်မှာ ဒီနှစ် သြဂုတ်လအတွင်းက ရရှိခဲ့တဲ့ al-Qaeda မှတ်တမ်းမှတ်ရာ ဗီဒီယိုခွေ 60 ထက်မနည်းတဲ့ အခွေတွေထဲမှာ တစ်ခုဟာ ဗားမား (မြန်မာ) ဟုဖော်ပြထားပြီး မွတ်စလင် မဟာမိတ်များအား ၎င်းနိုင်ငံအတွင်းမှာ သင်တန်းများ ပို့ချခဲ့တယ်လို့ ရေးထားပါတယ်။ အဆိုပါ အခွေများမှ ညွှန်းဆိုနေတာကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အခြေခံတဲ့ ရိုဟင်ဂျာစည်းလုံးညီညွတ်မှု အဖွဲ့အစည်း (RSO) ဟာ ၎င်းတို့လူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် လွတ်လပ်ခွင့်ရရန် တိုက်ပွဲဝင် တောင်းဆိုနေတယ် ဆိုတာကို ပြသနေပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အဆိုပါ တိပ်ခွေကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။RSO နဲ့ အခြား ရိုဟင်ဂျာ အုပ်စုတွေဟာ မြန်မာနိုင်ငံအတွင်းမှာ မည်သည့် စခန်းမှ မရှိသဖြင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုသာ ဖြတ်ကျော်နေရပါတယ်။ ဗီဒီယိုထဲမှာ ပါတဲ့ စခန်းဟာ Ukhia မြို့အနီး၊ တောင်ဘဇာ (Cox’s Bazzar) ၏အရှေ့တောင်မှာ ရှိပြီးတော့ RSO’s တပ်သားအားလုံးဟာ မြန်မာပြည်က ရိုဟင်ဂျာများ မဟုတ်ကြပါဘူး။ မွတ်စလင်ဘာသာကို ကိုးကွယ်ပြီးတော့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဒေသ တ၀ိုက်က ဘာသာစကားများနဲ့ တူညီတဲ့ ဘာသာစကားကို ပြောဆိုနေတဲ့ ရိုဟင်ဂျာလူမျိုးများဟာ ရန်ကုန်မှာရှိတဲ့ စစ်အစိုးရ၏ တိုးရင်းသားလူမျိုးများ မဟုတ်ကြပါဘူး။ 1978 ခုနှစ် ဖရိုဖရဲဖြစ်နေချိန်မှာ သိန်းနဲ့ချီတဲ့ ၎င်းတို့ဟာ နယ်စပ်ကို လှေဖြင့် ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ကို ၀င်ရောက်ခဲ့ကာ အချို့မှ လက်နက်ကိုင်အဖွဲ့အစည်းအတွင်းသို့ ၀င်သွားပြီး သိတ်မကြာမှီမှာ ဒုက္ခသည်များအတွင်း ပူးပေါင်းသွားပါတယ်။ ကုလသမဂ္ဂဟာ ချက်ခြင်း ကြားဝင်ဖြန်ဖြေပြီး ရိုဟင်ဂျာအများစုကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပါတယ်။ သို့သောလည်းပဲ 1991 နှင့် 1992 နောက်ထပ်လှိုင်းလုံးတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် 250,000 ဟာနယ်စပ်ကို ဖြတ်ကျော်ပြီးတော့ အဲ့ဒိအထဲက အများစုဟာ ပြန်ပို့ခံရပြီး 20,000 နှင့်အထက်ဟာ တောင်ဘဇာ (Cox’s Bazzar) အရှေ့တောင်ဘက်မှာရှိသည့် UNHCR ၏ ကွတ်ကဲမှုအောက်မှာရှိသည့် စခန်းမှာ ကျန်ရှိနေပါတယ်။ ခန့်မှန်းခြေ 100,000 ခန့်ရှိတဲ့ ရိုဟင်ဂျာများဟာ UNHCR ၏ ဒုက္ခသည်စခန်း အပြင်ဖက်မှာနေကြပြီးတော့၊ အမျိုးမျိုးသော အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် စားရမဲ့ သောက်ရမဲ့ နေစရာမရှိတဲ့ ၎င်းတို့ဟာ လူအင်အားစုဆောင်းရန် အခြေခံတစ်ခုအနေနဲ့ တွေ့ရှိခဲ့ပါတယ်။ 1980 အစောပိုင်းမှာ ဖွဲ့စည်းခဲ့သည့် RSO ဟာ ရိုဟင်ဂျာများအတွင်းမှာ ရှိသည့် အလယ်အလတ်လူများမှထဲမှ အစွန်းရောက်လူစုတွေဟာ ခွဲထွက်လာပြီး ရှေ့ထွက်ရိုဟင်ဂျာမျိုးချစ်အဖွဲ့ (RPF) ကိုဖွဲ့စည်းခဲ့ပါတယ်။ အာရကန်မှာရှိတဲ့ ဆေးဆရာဝန် မိုဟာမက် ယူနုစ်၏ ဦးဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်တစ်လျှောက်မှာ ရိုဟင်ဂျာများအတွင်း အဓိကလက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ခွဲထွက်လာခဲ့ပါတယ်။ ပိုမိုတင်းကျပ်သည့် ဘာသာရေးရပ်တည်ချက်ကြောင့် RSO ဟာ မွတ်စလင် ကမ္ဘာအတွင်းက စိတ်သဘောထားခြင်းတူတဲ့ အစွန်းရောက်များ၏ လျှို့ဝှက်စွာ ပံ့ပိုးမှုကို ရရှိလာခဲ့ပါတယ်။ ၎င်းတို့အထဲမှ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်ရှိ Jamaat-e-Islami၊ အာဖဂန်နစ္စတန်ရှိ Gulbuddin Hekmatyar’s Hizb-e-Islami နှင့် မလေးရှား ဂျမူးနှင့် ကရှ်မီးယားရှိ Hizb-ul-Mujahideen (HM) နှင့် အစ္စလာမ်မစ်လူငယ်အဖွဲ့အစည်းမှ Angkatan Belia Islam sa-Malaysia (ABIM) တို့ပါဝင်ပါတယ်။၁၀၀ နီးပါးသော RSO သူပုန်များဟာ အာဖဂန်ရှိ Khost ပြည်နယ်တွင် Hizb-e-Islami Hujahideen တို့နှင့် သင်တန်း တက်ရောက်ပြီးကြောင်း သတင်းပို့ပြီးချိန်မှာတော့ ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်မှာရှိတဲ့ RSO စခန်းများမှာ အာဖဂန် သင်တန်းဆရာများကို တွေ့နိုင်ပါတယ်။ RSO ၏ အဓိက စစ်ဖက်ဆိုင်ရာ စခန်းဟာ Ukhia အနီးရှိ Rabitat-al_Aalam-al-Islami တို့တည်ဆောက်ထားသည့် ဆေးရုံအနီးမှာရှိပါတယ်။ ၎င်းအခြေအနေမှာတော့ RSO တွေဟာ တရုတ်လုပ် RPG-2 ပခုံးထမ်း ဒုံးပစ်လောင်ချာ၊ အပေါ့စား စက်သေနတ်များ၊ AK-47 ခြေမှုန်းရေး ရိုင်ဖယ်များ၊ Claymore ဆွဲမိုင်းများ၊ ဖောက်ခွဲရေးပစ္စည်းများကို ကမ္ဘောဒီးယားနယ်စပ်အနီး ထိုင်းနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည့် အညဖရသတ် (Aranyaprathet) ရှိပုဂ္ဂလိက လက်နက်ပွဲစားများထံမှ လုံလောက်သော အရည်အတွက် ရရှိခဲ့ပါတယ်။ ၎င်းဒေသဟာ အဆိုပါ ဒေသရှိ ပြောက်ကျားများ လှုပ်ရှားမှုအတွက် အဓိက လက်နက်ရောင်းဝယ်ရေး ဈေးကွက်အနေနဲ့ 1980 အတွင်းမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါလက်နက်တွေဟာ ဗီယက်နမ်တော်လှန်ရေးစစ်ပွဲအတွင်း အသုံးပြုရန် ကမ္ဘောဒီးယားသို့ တရုတ်ပြည်မှ သင်္ဘောဖြင့်ပို့ဆောင်ထားခြင်း ဖြစ်ပြီး လိုအပ်သည့် အသုံးချမည့် မည်သူမဆို ၀ယ်ယူနိုင်ရန် ရောင်းချနေခြင်းလည်း ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်မီဒီယာများဟာ နယ်စပ်တလျှောက်မှာ RSO မှ ဖွဲ့ဆည်းတည်ဆောက်နေမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖုံးကွယ်ထားသော်လည်း တဖြည်းဖြည်း ပေါ်ပေါက်လာတာကတော့ အဆိုပါ စခန်းများအတွင်းမှာ သင်တန်းတက်ရောက်နေကြသူများဟာ ရိုဟင်ဂျာတွေကြီးပဲ မဟုတ်ပါဘူး။ ၎င်းတို့ထဲမှ အချို့ဟာ Islami Chhatra Shibir (ICS) အဖွဲ့ဝင်များအဖြစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Jamaat-e-Islami ၏လူငယ်အဖွဲ့အစည်း အဖြစ်သို့ပြောင်း လဲသွားကြပါတယ်။ အချို့တွေဟာ စစ်တကောင်း တက္ကသိုလ်အတွင်းရှိ အစ္စလာမ်မစ် အစွန်းရောက်များနှင့် အလယ်အလတ်ရှိသည့် ကျောင်းသားများကြား “Campus War” အခြင်းများရာမှ ရောက်ရှိလာကြသူများလည်း ပါဝင်ပါတယ်။ RSO ဟာ မြန်မာနိုင်ငံအတွင်းမှာတော့ အနည်းငယ် သို့မဟုတ် လုံးဝ စစ်ဆင်တိုက်ခိုက်ခြင်း မပြုနိုင်ပါဘူး။ မရှင်းလင်းတာကတော့ အခုလက်ရှိမှာ ရေပန်းစားလာတဲ့ ၎င်းဗီဒီယိုခွေရိုက်ကူးခဲ့ချိန်ပဲ ဖြစ်ပါတယ်။ အရှေ့တောင်ပိုင်း တောင်ဘဇာ (Cox’s Bazzar) ရှိ RSO ၏လေ့ကျင့်ရေးစခန်းအား ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းများက 1990 နောက်ပိုင်းမှာ သိမ်းယူခဲ့တာ ဖြစ်သည့်အတွက် ၎င်းအခွေရိုက်ကူးခြင်း ဖြစ်နိုင်ချေရှိသည့် ရက်စွဲမှာ 1990 အစောပိုင်းကာလာများ ဖြစ်နိုင်ပါတယ်။ အိုစမာဘင်လာဒင်၏ အဆိုအရ 1992 ခုနှစ်မှာ ဖွဲ့စည်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်၏ အဓိက လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ Hakrat-ul-Jihad-al-Islami (HuJI)ဟာ ၎င်းထံမှ ငွေကြေးထောက်ပံ့မှု ရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ HuJI ဟာ ရှော်ကက်အိုစမန် ခေါ် မူလာနာ သို့မဟုတ် ရှိခ်ဖာရစ်ရဲ့ ဦးဆောင်မှုဖြင့် အဖွဲ့ဝင် 15,000 ခန့်အင်အားဖြင့် စစ်တကောင်းတွင် အင်အားကြီးလာခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များဟာဘင်္ဂလားဒေ့ရှ်ရှိဘာသာရေးကျောင်းများမှ60,000 နှင့်အထက်ရှိသော ကျောင်းသားများဖြင့် အဓိက စုဆောင်းခဲ့ပြီး ၎င်းတို့ကိုယ်၎င်းတို့ ဘင်္ဂလားဒေ့ရှ် တာလီဘန်လို့ သုံးနှုန်းခဲ့ပါတယ်။
၎င်းအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဟိန္ဒူ လူနည်းစုနှင့် အလယ်အလတ် မွတ်စလင်များအား ပြင်းပြင်းထန်ထန် ထိုးနှက်ရန် နောက်ကွယ်မှ စီစဉ်ညွှန်ကြားသည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားလာပါတယ်။ အမေရိကန်အစိုးရမှ မေလ 21 ရက်နေ့ 2002 တွင်ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် HuJI အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဖော်ပြထားပြီး ပါကစ္စတန်ရှိ အစ္စလာမ်မစ် လက်နက်နိုင်အုပ်စုများနှင့် ဆက်နွယ်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ ရှိနေသည့် ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်များနှင့် al-Qaeda ၏ခိုင်မြဲသည့် အချိတ်အဆက်များသည် ဘင်္ဂလားဒေ့ရှ် ဂျီဟတ်လှုပ်ရှားမှု (Jihad Movement in Bangladesh၊ HuJI အဖွဲ့လက်အောက်ခံ) ၏ ခေါင်းဆောင်ဖြစ်သော ဖာဇယ်လ် ရာမာန်မှတဆင့် ၎င်းဟာ အမေရိကန်ကို ဂျီဟတ် စစ်ပွဲ ဆင်နွှဲမယ်လို့ တရားဝင်ကြွေးကြေငြာချက်တွက် လက်မှတ်ထိုးခဲ့သည့်1998 ဖေဖော်ဝါရီ 23  မှာစတင်ခဲ့ပါတယ်။ အခြားသော လက်မှတ်ရေးထိုးသူများဟာ အိုစမာဘင်လာဒင်၊ အေမန် အယ်ဇ၀ါရီ (အီဂျစ်ရှိ ဂျီဟတ်တော်လှန်ရေး ခေါင်းဆောင်)၊ ရီဖာအာမက် တာဟာ ခေါ် အဘူ ရ ဆာ (အီဂျစ် အစ္စလာမ်အုပ်စု) နှင့် ရှိခ် မာ ဟာ့မ်ဇာ့ (Jamiat-ul-Ulema-e-Pakistan ၏အတွင်းရေးမှူး) တို့ပါဝင်ပါတယ်။ HuJI ဟာ သူ့ရဲ့လူတွေဖြစ်ကြတဲ့ ရိုဟင်ဂျာတွေကို သင်တန်းပေးပြီးတော့ အာဖဂန်မှာ တာလီဘန်နဲ့ al-Qaeda တို့အတွက် တိုက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာ ရိုဟင်ဂျာတွေကို အထူးသဖြင့် အန္တရာယ်အများဆုံးတွေ ဖြစ်တဲ့ မိုင်းရှင်းလင်းခြင်းနှင့် လမ်းကြောင်းရှာခြင်းတို့မှာ စေခိုင်းပါတယ်။ ထောက်လှန်းရေး ရရှိတဲ့ သတင်းတွေအရ ရိုဟင်ဂျာများအား တပ်သားစုဆောင်းရာတွင် တပ်သားသစ်အဖြစ် ၀င်ရောက်ခြင်းအတွက် ဘင်္ဂလားဒေ့ရှ် တာကာ 30,000 (US$ 525) ခန့်နှင့် လစာအဖြစ် တစ်လလျင် တာကာ 10,000 ရရှိပါတယ်။ တိုက်ပွဲအတွင်း သေဆုံးသွားသူ မိသားစုအတွက် တာကာ 100,000 ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ (ဒီစာရွက်ကို ဒေါ်လာနဲ့ ပြန်တွက်ပြရတာကတော့၊ နိုင်ငံသား တစ်ယောက်၏ တစ်နှစ် ၀င်ငွေဟာ $380 ပဲရှိတဲ့အချိန်မှာ ဒီပမာဏဟာ ရက်ရက်ရောရော ပေးအပ်တဲ့ ပမာဏ ဖြစ်ပါတယ်။) လူသစ်တွေဟာ နီပေါနှင့် ပါကစ္စတန်မှတဆင့် ခေါ်ဆောင်သွားပြီး ၎င်းတို့ သင်တန်းပေးရာ အာဖဂန်ရှိ စစ်စခန်းသို့ ပို့ဆောင်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာနဲ့ အခြားသူတွေ ဘယ်လောက်တောင် အာဖဂန်မှာ တိုက်ပွဲဝင်နေလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမဲ့ အရည်အတွက်ကတော့ အတော်အတန် များပြားနိုင်ပါတယ်။ အချို့တွေကတော့ ကရှ်မီးယားနဲ့ အချို့ကတော့ ချေချင်းညှာမှာရှိကြတဲ့ အစ္စလာမ်မစ် စစ်ရေးအဖွဲ့များစီသို့ သွားရောက်ကြပါတယ်။ အမေရိကန်က တာလီဘန် တိုက်ခိုက်ရေးသမား ဂျွန်ဝေါ်လ်ကာလင့်နှင့် CNN တို့ 2001 ဒီဇင်ဘာတွင် အင်တာဗျူးခဲ့သည်တွင် ၎င်းအာဖဂန်တွင် ရှိနေစဉ်အတွင်း al-Qaeda ဗိုလ်မှူးချုပ်အဆင့်ရှိ အန်ဆာ (တမန်တော် အဖွဲ့ဝင်) ညွှန်ကြားခဲ့သည်များနှင့် ပါတ်သက်သည်များတွင် ဘာသာစကားပိုင်းနှင့် ပါတ်သက်၍ ဘင်္ဂါလီ၊ ပါကစ္စတန်နီ (အူရဒူ)၊ အာရေဗျ စသည်ဖြင့် ခွဲခြားထားပြီး ဘင်္ဂါလီစကားပြောခြင်းနှင့် ပါတ်သက်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ရိုဟင်ဂျာတို့အား ထောက်ပံ့ပေးရန်မှာ အရေးကြီးတယ်လို့ အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။ သို့ဖြစ်သောကြောင့် 2001 ခုနှောင်းပိုင်း အာဖဂန်နစ္စတန်တွင် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးသွားကြသည့် လက်နက်ကိုင်အချို့၏ လမ်းဆုံးသည် ဘင်္ဂလားဒေ့ရှ်ဖြစ်သည်မှာ ရှင်းလင်းသွားပြီ ဖြစ်ပါသည်။ ပါကစ္စတန်တွင် အမေရိကန်မှ မြောက်များစွာ ရှိနေခြင်းကြောင့် 2001 အောက်တိုဘာနဲ့ နိုဝင်ဘာတွေမှာ အာဖဂန်နစ္စတန်က ထွက်ပြေးသွားနဲ့ လက်နက်ကိုင်အုပ်စုတွေအတွက် တတိယနိုင်ငံတွေဟာ ပိုမိုစိတ်ချရတယ်လို့ တွေ့ရပါတယ်။ 2002 အစောပိုင်းကာလများတွင် အမျိုးမျိုးသော လက်နက်ကိုင်များကို တင်ဆောင်လာသည့် အာဖဂန်နစ္စတန်မှ သဘောင်္များသည် ကရာချိမှ စစ်တကောင်းသို့ ရွက်လွှင့်သွားကြပေသည်။ 2002 မေလ 10-11 တွင် HuJI အပါအ၀င် အစွန်းရောက် အစ္စလာမ်မစ်အုပ်စုများသည် တောင်ပိုင်း Ukhia အနီးရှိ စခန်းတွင် တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် Manch အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အုပ်စုပေါင်းများစွာ ပါဝင်သည့် ဥသျှောင်အဖွဲ့သစ်သည် ရိုဟင်ဂျာများနှင့် Assam မွတ်စလင် လွတ်မြောက်ရေးကျားများ (MULTA) အား ကိုယ်စားပြုဟန်ဆောင်ပြီး အဖွဲ့အသေးများကတော့ အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ လှုပ်ရှားကြပါတယ်။ ဂျွန်လတွင် အာဖဂန်နစ္စတန် ဆိုဗီယက် ဆန့်ကျင်ရေးတိုက်ပွဲမှ စစ်ပြန်များသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းရှိ စခန်းအနည်းဆုံး 2 ခုတွင် မဟာမိတ်အသစ်များအား သင်ကြားရေးအဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။HuJI အဖွဲ့တွင်း စာရွက်စာတန်းများအရ 19 ခုထက်မနည်းသည့် သင်တန်းပို့ချမှုများအား ဘင်္ဂလားဒေ့ရှ်အနှံ့ ပို့ချခဲ့ပြီး အဲ့ဒိအထဲမှ လူဘယ်နှစ်ယောက်ဟာ စစ်ရေးသင်တန်းကို တက်ရောက်ရန် ကမ်းလှမ်းခံရတယ်ဆိုတာ တိတိကျကျ မသိရပါဘူး။ သေခြာမှုဆိုတာဘာပါလဲ၊ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP) ဦးဆောင်အောက်ရှိ ယာယီညွန့်ပေါင်းအစိုးရသစ် အောက်တိုဘာ 2001 တွင် တာဝန်ယူသည်မှစ၍ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် လက်နက်ကိုင်များဟာ ပိုမိုပြီး အသံကျယ်လောင်လာကာ နိုးကြွားထက်မြက်လာပါတယ်။ အစပိုင်းက အဆိုပါ ယာယီအဖွဲ့တွင် Jamaat မှ ၀န်ကြီးနှစ်ဦးလည်း ပါဝင်ပါတယ်။ 4 ပါတီ ရွေးကောက်ပွဲ မဟာမိတ်အဖွဲ့ဟာ ညွန့်ပေါင်းအစိုးရသစ်အား စွမ်းရည်မြှင့်ပေးပြီး အစ္စလာမ်မစ် ပါတီအသေးလေးများလည်း ပါဝင်လာပါတယ်။ အစ္စလာမ်မစ် Oikya Jote အဖွဲ့၏ ဥက္ကဌဖြစ်သော Azizul Huq ဟာလည်း HuJI’s အဖွဲ့၏ အကြံပေး ကောင်စီမှာ အဖွဲ့ဝင်ဖြစ်လာပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များဟာ ၎င်းအုပ်စုများနဲ့ လှုပ်ရှားမှုများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် စိတ်အားထက်သန်ခြင်း မရှိတာကို တွေ့ရပါတယ်။ ဒီနှစ်အစောပိုင်းက ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ်မစ် အခြေခံအဖွဲ့အစည်းများ၏ မကောင်းသတင်းဟာ နိုင်ငံတကာကို ကျယ်ပြန့်လာတဲ့အခါမှာတော့ ဆန့်ကျင်ဘက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အလယ်အလတ် ရိုဟင်ဂျာအုပ်စုများနှင့် စစ်တကောင်းနှင့် တောင်ဘဇာ (Cox’s Bazaar) ရှိအာရကန် ရိုဟင်ဂျာ အမျိုးသားအဖွဲ့အစည်း (ARNO)များကို ထိထိရောက်ရောက် နှိမ်နှင်းခဲ့ပါတယ်။ ARNO အနေဖြင့် al-Qaeda သို့မဟုတ် အခြားသော ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုများနဲ့ လူသိနိုင်တဲ့ အချိတ်အဆက်မရှိဘူးလို့ ထင်ရပါတယ်။ (မှတ်ချက် ။    ။ မူရင်းရေးသားသူ Bertil Litner အနေဖြင့် ယခုဆောင်းပါးရေးသားချိန်က ၀ီကီလိခ် ဆောင်းပါးပါ အချက်များကို မသိရှိသေးလို့ ယူဆရပါတယ်။) အဆိုပါ ထိထိရောက်ရောက် နှိမ်နှင်းခြင်းအား ပြစ်တင်ဝေဖန်ပြီး ၎င်းတို့မထောက်ခံခြင်းအား အစွန်းရောက်များက ခိုင်မာသည့် ကြေငြာချက်များ ထုတ်ပြန်ခဲ့ပါတယ်။  အခြားတစ်ဘက်မှတော့ RSO ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့၏ ပစ်မှတ်အနေနဲ့ သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။ နောင်နှစ်ပေါင်းများစွာအတွက် ဘင်္ဂလားဒေ့ရှ်ဟာ အလယ်အလတ် သဘောထားရှိသည့် လွတ်လပ်သည့် မွတ်စလင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ မြင်နိုင်ပါတယ်။ အဆိုပါ သိသာထင်ရှားတဲ့ ပြောင်းလဲမှုဟာ ဒီနှစ် မေလအတွင်းမှာ ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် Manch အဖွဲ့ဟာ အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံများနဲ့ ပိုမိုနီးကပ်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်စေရန် ရှင်းလင်းစွာ ညွှန်းဆိုနေပါတယ်။ အာဖဂန်မှာ လက်ရှိရှိနေကြတဲ့ သင်တန်းဆရာများ၊ al-Qaeda ဆက်သွယ်မှုမှ ထပ်မံရောက်ရှိလာတဲ့ အစွန်းရောက်များဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့ဝင်များ၏ ကွန်ယက်တွင် ၎င်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအား ဖော်ညွှန်းပြသနေပါတော့တယ်။ ဘာတီးလစ်တာနာဟာ Far Eastern Economic Review မှ အကြီးတန်း စာရေးဆရာတစ်ယောက် ဖြစ်သလို 1985 ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံကို ၀င်ရောက်ခွင့်မရှိသည့် အမည်ပျက်စာရင်းဝင် ဂျာနယ်လစ်များထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။ (Asia Times မှ Bertil Lintner ၏ Bangladesh: Breeding ground for Muslim terror ကို တတ်နိုင်သလောက် ဘာသာပြန်ဆိုပါတယ်။ ဘာတီးလစ်တာနာ၏ ဆောင်းပါးနှင့် Wikileak’s Ref: ID# 02RANGOON1310 ၏ ဆောင်းပါးအရ ရိုဟင်ဂျာဆိုသည့် စကားလုံးအား အသုံးပြုထားသည့်၊ ရိုဟင်ဂျာများအား ကိုယ်စားပြုသည့် အဖွဲ့အစည်းများသည် al-Qaeda နှင့် အစ္စလာမ်မစ် အကြမ်းဖက် စစ်သွေးကြွ အဖွဲ့အစည်းများနှင့် အဆက်အသွယ် ရှိသည်ကို ထင်ထင်ရှားရှား သက်သေသက်ကာယများဖြင့် တွေ့နိုင်ပါသည်။ ကျွန်တော်တို့ကဲ့သို့သော သာမာန်လူများပင် သိကြသည်ကို ဒေါက်တာဇာနည်ကဲ့သို့သော မျက်စိကြီး၊ နားကြီးသည့်သူအဖို့ ပိုမိုသိနိုင်မည် ဖြစ်ပါသည်။ ထို့အတူပင် နာဇီ ဟစ်တလာ ကြွေးကျော်ခဲ့သည့် “Long Live Narzi” ကဲ့သို့သော စကားလုံးအား အသုံးပြု၍ “Long Live Rohingya”  ဟုကြွေးကျော်ခဲ့သည့် ဒေါက်တာဇာနည်သည်လည်း အကြမ်းဖက် အဖွဲ့အစည်းများအား အားပေးအားမြှောက်၊ အထောက်အကူ ပြုသူတစ်ဦး၊ အဖွဲ့ဝင်တစ်ဦးဟု မှတ်ယူရမည် ဖြစ်ပေသည်။

ရေးသားသူ ဘာတီးလစ်တာနာ (By Bertil Litner Sep 21 2002 at Asia Times)

Thursday, November 8, 2012

ရေပေါ်ကျွန်း...

ရွေ့လျားသွားလာလို့ရတဲ့ အပန်းဖြေ ရေပေါ်ကျွန်းဖြစ်ပါတယ်...လျှပ်စစ်စွမ်းအင်အတွက် လေအားနဲ့ ဆိုလာ(solor)စနစ်တွေကို တပ်ဆင်အသုံးပြုထားပြီး...စိတ်ဝင်စားသူတွေအနေနဲ့ ၂၀၁၃ ရောက်ရင် ၀ယ်ယူအားပေလို့ရပါပြီ...ဈေနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄.၆ သန်း လို့ဆိုပါတယ်....ခင်ဗျား....။
 
 

 
 
 
 
 
 
 
 
 

 
 


ဓါတ်ပုံ ဘေးမှာ သရဲ မ ပုံ ပေါ်နေတယ်တဲ့

 မကြာသေးမီ က မင်္ဂလာဒုံ ဆေးရုံ မှာ ကလေးလေးတစ်ယောက် ခွဲခန်းဝင်တာ ပုံမှန်အတိုင်း OT record အနေနဲ့ သူနာပြုတွေက ဓါတ်ပုံရိုက်ထားတယ် ။ ခွဲစိတ်တာလည်းပြီးတော့ ဓါတ်ပုံတွေကို ပြန်ကြည့်တဲ့ အခါမှာ နောက်ဆုံး operation ပြီးတော့  ကလေးကို ရိုက်ထားတဲ့ ဓါတ်ပုံမှာ ထူးဆန်းစွာနဲ့ ကလေးရဲ့ဘေးမှာ သရဲမ တစ်ယောက်ရဲ့ပုံကို တွေ့လိုက်ရတာပဲ။ သရဲမက အင်္ကျီအဖြူရောင်နဲ့ ဆံပင်ကို ဖားလျားချထားတယ် နဖူးမှာလည်း ဒဏ်ရာနဲ့   ။သေသေချာချာ ကြည့်ရင်တွေ့ရလိမ့်မယ်။ အခုတော့ အဲသည် OT မှာပုရိတ် ရွတ်ဖို့ လုပ်နေတယ်။

စစ်ကား တိုက်လို့ ကျောင်းသူ(၂) ဦး သေဆုံး..

စစ်ကားတစီးက ဝင်တိုက်မိ၍ ရှမ်းပြည် လားရှိုးမြို့ အထက ၃ ကျောင်းသူ နှစ်ဦး သေဆုံးမှု ဖြစ်ပွားသည်မှာ တလကြာမြင့်ခဲ့ပြီဖစ်သော်လည်းတရားစွဲဆိုခွင့်မရသေးကြောင်း သေဆုံးသူများ၏ ဆွေမျိုးများက ပြောသည်။
လားရှိုးမြို့ ရပ်ကွက် ၁၂၊ နယ်မြေ ၃ တွင် နေထိုင်သည့် အထကကျောင်းသူ မဖြူသန့်ကိုနှင့် မအေးအမ်တို့ကို တပ်ကြပ် အောင်ကျော်စိုး မောင်းနှင်လာသည့် အမှတ် ၁ ဝန်တင် တပ်ရင်းမှ တိုယိုတာ စစ်ကား အမှတ် န/ဝ၅၁၂ က စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီကျော်တွင် တိုက်မိပြီး ကျောင်းသူနှစ်ဦး သေဆုံးခဲ့သည်။
သို့သော် မိသားစုဝင်များက အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးရုံးသို့ ဆက်သွယ်ပြောဆိုရာတွင် တာဝန်ရှိသူများက ပြန်လည် ခြိမ်းခြောက်နေသဖြင့်  တရား စွဲဆိုနိုင်ခြင်း မရှိသေးခြင်း ဖြစ်သည်။
“ယာဉ်တိုက်မှု ဖြစ်တာက ဂမ်ဘာရီ လားရှိုးမလာခင် ၂ ရက်က ဆိုတော့ အာဏာပိုင်တွေက တခုခု ဖြစ်မှာစိုးလို့ ထင်တယ်။ အဲဒီတုန်းကတော့ ကျမဆီ ခယက ဥက္ကဌ ကိုယ်တိုင်လာတယ်။ အမှန်အတိုင်း ဖြစ်စေရမယ် ဆိုပြီး လာနှစ်သိမ့်တယ်။ ကျမတို့လည်း ယုံတာပေါ့။ အဲလိုပြောတော့ ဂမ်ဘာရီလည်း ပြန်ရော ဒီနေ့အထိ ဘယ်သူမှ ပေါ်မလာတော့ဘူး။ လွန်ခဲ့တဲ့ ၂ ရက်လောက်က တိုင်းမှူးရုံးကို ဖုန်းဆက်တော့ ခင်ဗျား ဒီကိစ္စလေးလောက်နဲ့ ဘာမှ ဖုန်းဆက်စရာ အကြောင်းမရှိဘူးလို့ ပြန်ပြောတယ်” ဟု မဖြူသန့်ကို၏ အဒေါ်ဖြစ်သူ ဒေါ်လွင်လွင်က ပြောသည်။
သူက ဆက်ပြီး “သူတို့ရုံးက ရုံးအုပ်လောက် အဆင့်ရှိသူကို မေးကြည့်တော့ ယာဉ်တိုက်မှု ဖြစ်တဲ့ စစ်သားက အရမ်းတော်တယ်တဲ့၊ အရက်မသောက်ဘူး၊ ဖဲမရိုက်ဘူးတဲ့။ အဲဒီ တပ်ရင်းမှူးကလည်း နာမည်ပျက် မရှိဘူးတဲ့။ အဲဒီတော့ ထောင်ချဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူးတဲ့။ ဒီလောက် ပြဿနာလေးနဲ့ ထောင်ချရမှာ အရမ်းနှမြောဖို့ ကောင်းတယ်၊ မတော်တဆဖြစ်တာ၊ ဒါစစ်တပ်နဲ့ ဖြစ်တာ၊ ခင်ဗျားပါ နာသွားမယ်လို့ ပြောခဲ့တယ်” ဟု ပြောသည်။
သေဆုံးသွားသူ နှစ်ဦး၏ မိဘဖြစ်သူများကို ဂရုဏာကြေးအဖြစ် တဦးလျှင် ကျပ် ၄ သိန်းစီ လျော်ကြေးပေးရန် စစ်တပ်မှ ပြောကြားလာခဲ့သော်လည်း မိဘများက ဥပဒေအရသာ အရေးယူရန် လိုလားပြီး လျော်ကြေးကို ငြင်းပယ် လိုက်သည်။
ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ရဲစခန်းတွင် အမှုဖွင့်ခွင့်လည်း မရှိဘဲ အလောင်းများကိုလည်း နေ့တွင်းချင်း မီးရှို့သင်္ဂြိဟ် လိုက်ကြကြသည်။
တပ်မတော်ကျောင်းပို့ကျောင်းကြိုယာဉ်သည်အထက(၃)ကျောင်းအဝင်ဝတွင်ဆိုင်ကယ်တစီးကို ရှောင်တိမ်း
ရင်းဆိုင်ကယ်သမားကိုလှည့်၍ဆဲဆိုနေစဉ်အရှိန်လွန်ကာကျောင်းသူ(၄)ဦး လျှောက်လာနေသည့် မြက်ခင်ြး
ပင်ကို ကျော်ကာ ဝင်တိုက်မိရာမှ ယခုလို ၂ ဦးသေဆုံးပြီး၊ ကျန် ၂ ဦးမှာ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“မျက်ခင်းပြင်ပေါ် ကားက အရှိန်နဲ့ ကြိတ်လိုက်တော့ ၂ ယောက်စလုံးက ကားအောက်မှာ ဂျမ်းတုံးဖြစ်ပြီး ရပ်သွားတာ။ ဒါတောင် ကားသမားက မသိသေးဘူး။” ဟု ဒေါ်လွင်လွင်က ပြောသည်။

နိုက်ကလပ် များ နှင့်  ဘီယာဆိုင်များ ပိတ်ပေးစေလို...

 ရန်ကုန်မြို့တော်၏ စီးပွားရေး အချက်အချာကျသော သိမ်းကြီး ဈေးစီရုံသည် အနယ်နယ် အရပ်ရပ်မှ ရဟန်းရှင် လူမိဘပြည်သူများ နှင့် ကမ္ဘာလှည့်ခရီးသွား များဝယ်ယူအားပေးကြသောအဆင့်မြင့် ဈေး ကြီးဖြစ် သည်။သို့သော်လည်းသိမ်ကြီးဈေးစီရုံ ပထမထပ်စင်္ကြန် လမ်းတစ်လျှောက်တွင် ဘီယာဆိုင် များဖွင့် လှစ်ရောင်းချသဖြင့် အများပြည်သူတို့ ခုံကျော်တံတားများမှ ဈေး အတွင်းသို့ဝင်ထွက်သွားလာရာတွင် စိတ် အနှောက်အယှက်ဖြစ်နေကြကြောင်း သိရသည်။ အဆိုပါဘီယာဆိုင်များရှိနေခြင်းကြောင့် သိမ်းကြီးဈေးစီးရုံနှင့် ဒီရုံတို့ အပေါ်ထပ်များရှိ ညကလပ်များ၊ အနှိပ် ခန်း (ပြည်တန်ဆာ ခန်း) များမှ ညဥ့်ငှက်မလေးများသည် သရုပ်ပျက်ဝတ်ဆင်ပြီးလာရောက်စားသောက်မြူဆွယ် ခြင်း၊ အမျိုးသားများမကြာခဏဆိုသလိုမူးယစ်သောက်စားရန်ဖြစ်ခြင်း၊သာမ အမျိုးသမီးကောင်များကိုရိုင်းစိုင်းစွာစနောက်ခြင်းတို့မြင်တွေ့နေသည်။လောလောဆယ်ဖြစ်ရပ်တစ်ခုမှာ(၈.၁၀.၁၂) နေ့ နံနက်(၁၁) နာရီခန့်၌LionWorldဘီယာဆိုင်တွင်ဖြစ်ပွားခဲ့သောအုပ်စုဖွဲ့ရန်ပွဲသည်ဈေးအတွင်းထဲထိ ဆက်လက်ဖြစ်ပွားခဲ့သည့်အတွက် ဈေးသူ/သားများနှင့် အများပြည်သူတို့ အထူးစိုးရိမ် ထိတ်လန့်ခဲ့ ရကြောင်း ယခင် က ဈေးစင်္ကြန်လမ်းတစ်လျှောက် ဆိုင်များမရှိခဲ့ကြောင်း ——ဌာန ၏စီမံခန့်ခွဲရေးညံ့ဖျင်း မှုကြောင့် (သို့မဟုတ်) အဂတိလိုက်စားမှု ကြောင့် ပေါ်ပေါက်လာသည်”ဟု ဈေးမိဈေးဖများနှင့် မိဘပြည်သူ တို့က ပြောဆို လျက်ရှိနေကြကြောင်း သို့ဖြစ်၍ ရွှေတိဂုံဘုရားလမ်းမှသိမ်ကြီးဈေးရှိ ဈေးများ နှင့် လုံးဝမ သင့်လျော်ဥပဒေနှင့်မလွတ်ကင်းသောညကလပ်၊အနှိပ်ခန်း(ပြည်တန်ဆာခန်း)၊ဘီယာဆိုင်များအားဖယ်ရှားပေးရန် ဈေးသူဈေးသား များကလိုလားလျက်ရှိကြကြောင်း သိရသည်။
 

လက်မှတ်လိမ်ရောင်းသော “ချမ်းမြေ့ အေး” အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာအဝေးပြေးဂိတ်မှ ပုသိမ် သို့ပြေးဆွဲလျက်ရှိသော “ချမ်းမြေ့ အေး” အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးကားလက်မှတ်ဝယ်ယူစဉ်တွင်နေ့လယ်၁၂း၀၀နာရီထွက်မည်ဖြစ်သောကြောင့် AIRCON Experss လားဟုမေး ရာ လက်မှတ်ရောင်းသောလူငယ် က AIRCON Experss ဖြစ်ကြောင်း ပြော သည်။ကားစထွက်လျှင်ထွက်ခြင်း Aircon ဖွင့်ထားပြီး မောင်းသွား လိုက်ရာ ပန်းတနော်မြို့နယ်အပိုင်ကြိမ်ပင်ဆည်စားသောက်ဆိုင်၌ယာဉ်ရပ်နားပြီးစားသောက်၍ယာဉ်ပြန်ထွက်သည့်
အဆိုပါ AIRCON Experss ကား ပေါ်ပါလာသည့်ခရီးသည်ထိုင်ခုံ ၄၅ ယောက်အလယ်ခုံ ၁၀ ယောက် စုစုပေါင်း ၅၅ ယောက်မှာ ချမ်မြေ့ အေးကားကိုစီးပြီး မချမ်းမြေ့ဘဲ၊ မအေးဘဲပူလောင်သည့်ဒဏ်ကို ရန်ကုန်မှ ပုသိမ် ၅ နာရီ အပူ လောင်တိုက်အသွင်းခံထားရ၍ ကားသမားအားပြောသောအခါ ဘာမျှပြန်မပြောဘဲဂရုမစိုက်သည်ပုံမျိုးလုပ်နေကြောင်းအဆိုပါချမ်းမြေ့အေးကားပေါ်တွင်ပါဝင်လာသည့်ခရီး
သည်အဒေါ်ကြီးတစ်ယောက်ကပြောသည်။ထိုကဲ့သို့ခရီးသည်များအားမလိမ့်တပတ်ပြောဆိုညာရောင်းပြီးမိ
မိသေငတေမာရင်ပြီးရော  မပြု လုပ်ကြပါရန်၊ သက်ဆိုင်ရာမှ ကြီးကြပ်ဆောင်ရွက်ပေးပါရန် ၁.၁၁.၂၀၁၂ ရက် ခုံနံပါတ် ၁၅-၁၆ တွင်လိုက်ပါလာသော ဦးစိန်ဝင်းနှင့် ဦးတင်ဦးက ပြောကြ ပါသည်။

မော်ရင်ဟို ခေါင်းဆောင်မှုအောက်တွင် ကစားချင်သည့် ဂျရတ်..

ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ကစားခွင့် ရမည် ဆိုပါက မိမိ ပျော်ရွှင်မိမည် ထင်ကြောင်း လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်က ဖွင့်ဟ ပြောဆိုခဲ့သည်။
ချယ်လ်ဆီး အသင်းကို ပေါ်တူဂီသား မော်ရင်ဟို မန်နေဂျာအဖြစ် ကိုင်တွယ်နေစဉ် (၂၀၀၄)နှင့် (၂၀၀၅)ခုနှစ်များက ဂျရတ်အား ချိတ်ဆက်ဖူးသော်လည်း ကစားသမားက အန်းဖီးလ်တွင် ဆက်နေရန်သာ ဆုံးဖြတ်ခဲ့သည်။ ထိုအတောအတွင်း ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ဆုဖလားကို (၂)ကြိမ် ရရှိခဲ့သည်။ ယခုအခါ မော်ရင်ဟိုမှာ ရီးယဲလ် မက်ဒရစ်တွင် နည်းပြအဖြစ် တာဝန် ယူနေပြီး လက်ရှိ ရီးယဲလ် ကစားသမား၊ လီဗာပူးလ်တွင် ဂျရတ်နှင့် တွဲကစားဖူးသူ ရှာဘီ အလွန်ဆိုက ဂျရတ်သည် ဘာနေဗျူးတွင် ပါဝင် ကိုယ်စားပြုရန် ထိုက်တန်သူဟု ထုတ်ဖော် ချီးကျူးခဲ့သေးသည်။
အသက်(၃၂)နှစ်ရှိ ဂျရတ်က "ကျွန်တော်က Special One မော်ရင်ဟို လက်အောက်မှာ ကစားချင်ခဲ့ပါတယ်" ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ဂျရတ်သည် လီဗာပူးလ်တွင် (၁၄)နှစ်ကြာ ကစားဖူးပြီး ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ် အပါအဝင် အာင်မြင်မှုအချို့ ရရှိခဲ့ဖူးသော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့နှင့်မူ ဝးကွာနေခဲ့သည်။ သတင်းထောက်များက မော်ရင်ဟို ချယ်လ်ဆီးတွင် ရှိစဉ်က ၎င်းကို ချဉ်းကပ်ခဲ့ချိန်များနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာ ဂျရတ်က "အဲဒီတုန်းက လီဗာပူးလ်က အောင်မြင်မှုတွေအတွက် စိန်ခေါ်နိုင်တဲ့ အခြေအနေ မရှိဘူးလေ။ ဒါကြောင့် စဉ်းစားစရာ အခြေအနေတွေ ပေါ်လာတာပါ"ဟု ဖြေကြားခဲ့သည်။
၎င်းက "'ဒါပေမဲ့ ကျွန်တော် ချယ်လ်ဆီးရဲ့ ချဉ်းကပ်မှုကို ငြင်းလိုက်ပါတယ်။ နောက်တစ်နှစ်မှာလည်း ဟင့်အင်းလို့ထပ်ပြောခဲ့တယ်။ဒါပေမဲ့လွန်ခဲ့တဲ့(၂)နှစ်ကရီးယဲလ်ကို မော်ရင်ဟို ရောက်လာတော့ နောက်တစ်ခါ ချဉ်းကပ်ခဲ့ဖူးသေးတယ်။ ရီးယဲလ်နဲ့ ဘာစီလိုနာလို အသင်းတွေက စိတ်ဝင်စားတဲ့ ကစားသမားတွေကို ကျွန်တော် စောင့်ကြည့်ဖူးပါတယ်။ ဒါဟာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒါကို မစဉ်းစားတော့ပါဘူး"ဟုလည်း ပြောဆိုသွားသည်။

တရုတ်ကြီး ရဲ့  လျှို့ ဝှက်ချက်...

တရုတ်နိုင်ငံသည် ကိုယ်ပိုင် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မှု စတင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
တရုတ်ရေတပ်သည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောအဖြစ် လီယာအိုနင်ကို ယခုနှစ်အတွင်း စတင် အသုံးပြုခဲ့သော်လည်း ယင်း၏ ကိုယ်ထည်အခွံကြီးကို ယူကရိ
န်းမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ကိုယ်ပိုင် နည်းပညာဖြင့် တည်ဆောက်သော လေယာဉ်တင် သင်္ဘော စီမံကိန်းကို စတင်နေပြီဟု ဆိုသည်။ ရေကြောင်းဆိုင်ရာ ဗိသုကာ ပညာရှင် ဝူဇီယိုဂွမ်းက မိမိတို့သည် ပြည်သူများ၏ မျှော်လင့်ချက်ကို အလဟဿ ဖြစ်စေမည် မဟုတ်ဟု Xinhuaသို့ ပြောကြားခဲ့သည်။
အနောက်အုပ်စုမှ ပညာရှင် တစ်ဦးက ယူကရိန်း ပညာရှင်များ၏ အကြံပေး ကူညီမှုဖြင့် ဆိုပါက တရုတ်သည် (၁)နှစ်ခွဲအတွင်း လေယာဉ်တင် သင်္ဘောတစ်စင်း တည်ဆောက်နိုင်စွမ်း ရှိနေကြောင်း သုံးသပ်ထားသည်။ လက်ရှိ အသုံးပြုနေသော လီယာအိုနင် (ဓာတ်ပုံတွင် ပါရှိသည့် သင်္ဘောကြီး)၌ J-15 တိုက်လေယာဉ်များ အခြေစိုက် အတက်အဆင်း ပြုလုပ်နိုင်ကာ တရုတ်၏ ကိုယ်ပျောက် တိုက်လေယာဉ် J-31ကိုလည်း လေယာဉ်တင် သင်္ဘောမှတစ်ဆင့် စစ်ဆင်ရေး ပြုလုပ်နိုင်ရန် ပြင်ဆင်မွမ်းမံနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

မြွေဖမ်းနည်း သင်ပေးမယ်...

အော်...ဒီလူတွေဖမ်းစရာ ရှားလို့ မြွေကိုဒီနည်းနဲ့ ဖမ်းကြတာတဲ့..။ မတွေးရဲ စရာပဲနော် ။ Anaconda မြွေ
အမျိုးအစားတွေကို ဒီနည်းနဲ့ဖမ်းကြတာပါ ။
ပထမဆုံး လက် အ၀တ်နဲ့ အရင် စည်းပါတယ်
လက်ကိုစည်းထားတဲ့ လူ က တွင်းထဲ မှာ မြွေ ရှိမရှိ ၀င်ကြည့်ပါတယ်

မြွေ ကို ၇ှာဖွေရန် မီးတုတ်ငယ်လေူကိုသာ အသုံးပြုကြပါတယ်
မြွေ ကို တွေ့ ပါပြီ
မြွေ ဟာ လူကို တွေ့တွေ့ ချင်း လှမ်းကိုက်တဲ့ ပုံ ဖြစ်ပါတယ်
ခုနက အ၀တ်စည်းထားတဲ့ လက် ကိုကိုက်ခံထား ပြီးတော့ ကျန်လက်တစ်ဘက်နဲ့ မြွေ ကို အပြင် ဆွဲ ထုတ် ..
အပြင် က လူကလည်း ခြေထောက်ကိုင်ပြီး ဆွဲ ထုတ် စဉ်

ဒီနေ့ တော့ ဗိုက်ခွေးနမ်း ပြီပေါ့ကွာ.....

အင်တာနက်၊ ဖုန်း များနှင့် ပြောသမျှကို ခိုးနားထောင်နိုင်...

တိုင်းပြည် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေး (သို့) ရပ်ရွာ အေးချမ်း သာယာရေး ကို ထိခိုက် စေနိုင်သော သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး စနစ်များ ကို အစိုးရ က ကြားဖြတ် ဖမ်းယူခြင်း နှင့် ဝင်ရောက် စစ်ဆေး ကြည့်ရှု နိုင်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြ ထားသော ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ပါရှိသည်။
ထို့အပြင် လျှို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေး ယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက် များကို ပေးပို့ခြင်း (သို့) ဖြန့်ချိခြင်း (သို့) ပါဝင် ဆောင်ရွက်ခြင်း၊ သိုမှီး ထိန်းသိမ်း ထားသည့် သတင်း အချက်အလက် များ တစ်ရပ်ရပ် ကို ဖြစ်စေ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်း အချက် အလက် တစ်ရပ်ရပ် ကို ဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် (သို့) သဘော တူညီချက် မရှိဘဲ ဝင်ရောက် ကြည့်ရှုခြင်း၊ ရယူခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ခြင်း၊ ပျောက်ဆုံး စေခြင်း (သို့) ပေးပို့ ဖြန့်ချိခြင်း၊ မူပိုင်ခွင့် ပိုင်ရှင် ၏ ခွင့်ပြုချက် မရှိဘဲ စာပေ အနုပညာ လက်ရာ ကို ဖြစ်စေ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေး တစ်ရပ်ရပ် ကို ဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း၊ အရုပ်နှင့် အသံ တို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း (သို့) တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာ ကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် သုံးနှစ် ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံ ရမည် ဟု ယင်း ဥပဒေကြမ်း တွင် ဆက်လက် ဖော်ပြသည်။
"လုံခြုံရေး အခြေအနေ အရ ဆိုတာ ကိုတော့ အတိုင်းအတာ တစ်ခု လောက် လက်ခံ ပါတယ်၊ အကြောင်း ရှိတိုင်း လုံခြုံရေး ကို အကြောင်းပြ နေရင် ဘယ်လို လုပ်မလဲ၊ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ ဆိုရင် လူ တစ်ဦးချင်း လွပ်လပ်ခွင့် ဆိုတာကို ထည့်သွင်း စဉ်းစား ရပါမယ်" ဟု IT လုပ်ငန်း လုပ်ကိုင် နေသူ ဦးဖြိုးဝေမြင့် က ပြောကြားသည်။
ပြည်သူ့ အကျိုး ဆောင်ရွက်ရန် အခြေအနေ ပေါ်ပေါက်သည့် အခါတိုင်း အစိုးရ အဖွဲ့ သဘော တူညီ ချက် ဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်း များအား ယာယီ ရပ်ဆိုင်းရေး၊ ဆက်သွယ်မှု အမျိုးအစား တစ်ရပ်ရပ် ကို မပြုလုပ်ရေး၊ တားဆီး ထိန်းသိမ်း ထားရှိရေး၊ ကြားဖြတ် ဖမ်းယူရေး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ နှင့် ဆက်သွယ်ရေး ပစ္စည်း များကို ယာယီ ထိန်းသိမ်း သုံးစွဲရေး တို့ကို လုပ်ငန်း လိုင်စင် ရှိသူက ခွင့်ပြု ပေးရမည် ဟု ဖော်ပြ ပါရှိသည်။
ယခု ဆက်သွယ်ရေး ဥပဒေကြမ်း တွင် ယခင်က အသုံး ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေများ ဖြစ်သည့် ၁၈၈၅ မြန်မာ့ ကြေးနန်း အက်ဥပဒေ The Myanmar Telegraph (1885) နှင့် ၁၉၃၄ မြန်မာ့ ကြိုးမဲ့ကြေးနန်း အက်ဥပဒေ The Myanmar Wireless Telegraphy (1934) တို့ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း လည်း ဖော်ပြ ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန်အိမ်ရှေ့မင်းသမီးတို့ တွေ့  ဆုံစဉ်

7-11-12 ညနေ (6:30) တွင် တော်ဝင်ကုမုဒ္ဒာ  ဟိုတယ် တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်    မြန်မာ အ၀တ်အစားနဲ့  Germany Princess H.H. Princess Inaara the Begun Aga Khan ဂျာမန်ကအိမ်ရှေ့ မင်းသမီး..
 
 

Wednesday, November 7, 2012

ဝတ်ကြအုံးမလား ပူစီဖောင်း ဂါဝန်များ