468x60 Ads


Monday, December 3, 2012

ကချင်အမျိုးသားများအတွက်တဲ့ 

 
 
 
 
 
နန်းသီရိမောင်၏ လှလှပပ ဖော်ချွတ်ထားပုံများသည် ယောကျာင်္းသားများစွဲမက်စရာပါ။ သို့သော် ရိုရာ ယဉ်ကျေး မှုနဲ့မပိုက်ပေမယ့် ကျန်မာရေးရူထောင့်အရ မိန်းကလေးရဲ့ရင်သားလှလှပပ ကိုကြည့်နေ ရသော  ယောကျာင်္းလေး များအသက်ရှည်တယ်လို့စာစောင်တစ်ခုမှာတွေ့လို့ ကျွန်တော်တို့ ကချင် လူငယ်လေး များ အသက်ရှည်စေချင်သောဆန္ဒနဲ့တင်ပေးလိုက်ချင်းဖြစ်ပါသည်။ 
Ref:ကချင်နေ့ စဉ်သတင်း

ရခိုင်မှာလည်းဒီလိုရှိတယ်

ခုလို ဖမ်းဆီးမိခဲ့တာကို ရဲကျွန်းမှာ ခုတလော ရခိုင်ကမ်းရိုးတန်းမှာ လှေစီးပြီး မလေးကို ထွက်ခွာသွားကြတဲ့ လူတွေ လို့ ယူဆရတဲ့ သူတွေကို ဖမ်းဆီး ရမိတာတွေ များလာနေတဲ့ အတွက် ဒေသခံတွေ အကြား မှာ လည်း  စိုး ရိမ်မူတွေ တိုးလာနေတယ်လို့ သိရပါတယ်။
လွန်ခဲ့ တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့က စက်လှေပျက် တစ်စီးနဲ့ အတူ ကျောက်ဖြူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ဘင်္ဂ လားဒေ့ရှ် နိုင်ငံသား ၄၇ ဦးကို အာဏာပိုင် တွေက စက်ကို ပြင်ဆင်ပေးကာ အစားအသောက်တွေနဲ့ အတူ ပြန်လည် နှင်ထုတ်အပြီးမှာ နောက်ထပ် ပင်လယ်ထဲက ရေကူး တက်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သား လို့ ယူဆရတဲ့ သူ ၂ ဦးကို မာန်အောင်မြို့နယ် အပိုင် ရဲကျွန်းမှာ လွန်ခဲ့တဲ့ တစ်ရက်က ဖမ်း ဆီး မိခဲ့ ပါ တယ်။
ခုလို ဖမ်းဆီးမိခဲ့တာကို ရဲကျွန်းမှာ တည်ရှိတဲ့ မြောက်ပိုင်းရွာက အမျိုးသမီး တစ်ဦးက အခု သံသ ယ ဖြစ် ဖွယ် ရာ လူနှစ်ဦးကို ဖမ်းမိခဲ့တဲ့ ရဲကျွန်းဟာ မာန်အောင်မြို့နဲ့ ဆိုရင် စက်လှေနဲ့ ၂ နာရီခန့် သွားရပြီး ကျွန်းပေါ် မှာ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ တောင်ပိုင်းရွာနဲ့ မြောက်ပိုင်းရွာ နာမည်နဲ့ ရခိုင် ရွာနှစ်ရွာ ရှိတယ်လို့ ဆို ပါ တယ်။
ပင်လယ်ထဲမှာ သီးခြားတည်ရှိနေတဲ့ အတွက် လုံခြုံရေးကို အထူး စိုးရိ မ်နေ ကြ တာကြောင့်  ကျေး ရွာ သားတွေ ဟာ သူတို့ရွာတွေရဲ့ လုံခြုံရေးကို သူတို့ တာဝန်ယူထားရတယ်လို့ ရဲ ကျွန်း  ဒေသခံ အမျိုးသမီး တစ် ဦး က ပြောပါတယ်။အခု တလော ရခိုင်ဘက်မှာ ဖမ်းဆီးရမိတဲ့သူတွေဟာ မလေးကို လှေစီးပြီး ခိုးသွား ကြတဲ့ သူတွေလို့ လူတွေက ယေဘူယျ လက်ခံ ထားကြပေမယ့် ရခိုင် ပဋိပက္ခ နဲ့ ဆက်စပ်သူတွေ ဟုတ် မဟုတ် ဆို တာကို ခွဲခြား မသိနိုင်တဲ့ အတွက် ဒေသခံတွေဘက်က စိုးရိမ်မူ တိုးပွားနေကြတာ ဖြစ်ပါတယ်။
ဒါပြင် မြန်မာ ရေပိုင်နက်ထဲထိ ၀င်ရောက်လာတဲ့ သူတွေကို ရေတပ်ကရော၊ တခြား လုံခြုံရေး တပ်ဖွဲ့ ၀ င်တွေ က ဖမ်းဆီးမိတာ မဟုတ်ဘဲ ဒေသခံတွေက ဖမ်းဆီးပြီး အာဏာပိုင်တွေရဲ့ လက်ကို အပ်ရတဲ့ အ တွက် မြန်မာ နိုင်ငံရေးရဲ့ ကမ်းရိုးတန်း ဒေသ လုံခြုံရေး နဲ့ ပတ် သက်ပြီး လည်း ဒေသ ခံတွေ အကြား မှာ မေးခွန်း ထုတ်စရာ ဖြစ်နေတယ်လို့လည်း သိရှိရပါတယ်။
Ref: BBC

တကျော့ပြန်ဘင်္ဂလီတွေရဲ့  လုပ်ကြံသတ်ဖြတ်မှု

မင်းပြားမြို့နယ်၊ သေကန်ကျေးရွာနေ (ဘ)ဦးကျောက်စိန်အောင်၏သား ဦးမောင်သိန်းနု (၄၉)နှစ်သည် ၂-၁၂-၂၀၁၂ နေ့ ညနေ (၃း၄၅) နာရီအချိန်တွင် နရမ်းကျေးရွာမှ မိမိကျေးရွာသို့အပြန် လမ်းခရီး တွင် ရှိ သည့် စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ဘလေ(မွတ်ဆလင်)ကျေးရွှာမှ ကု လား အယောက်(၂၀)ခန့်သည် တုတ်၊ ဓားများဖြင့် ရောက်ရှိလာကာ ဦးမောင်သိန်းနုအား စတင် ခုတ်ဖြတ် သတ် ရာ မှ ပြန်လည်ခုခံယင်း ဒဏ်ရာပြင်ထန်စွာရရှိကာ မိမိကျေးရွာ သို့ ထွက်ပြေး လွတ်မြောက် လာပြီး ကျေး ရွာမှ သက်ဆိုင် ရာလူကြီးများအား အသိပေး တိုင်ကြားရာမှ ကျေးရွာသူ/သားများမှ မင်းပြားဆေးရုံသို့ အမြန် ပို့ဆောင်ပေးခဲ့ပါသည်။ ဦးမောင်သိန်းနုမှာ ဓါးဒဏ်ရာ များကြောင့်သွေး ထွက်မှု အလွန် များပြားနေ သဖြင့် သတိကောင်းစွာမရရှိဘဲမင်းပြားဆေးရုံတွင် အတွင်း လူနာအဖြစ် အရေးပေါ်ဆေးကုသမှုခံယူနေေ ကြာင်း မျက်မြင် သိရှိရပါသည်။

MPT အတွက်လက်ဆောင်

Ref:from facebook

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ရဲ့ သမိုင်းကြောင်း

မြန်မာ့စီးပွားရေးနှင့် ဦးပိုင် အတွက် သိထားရမယ့် အချက်အလက်သမိုင်းတွေ ဒီမှာလာဖတ်ပါ ဒါတွေက သိထားရမယ် သိမ်းထားရမယ် ဂျပန်ကတီဗွီမှာလာသွားတယ်အကုန်လုံးမသိလိုက်ဘူး နီးစပ်ရာကို မှီ သလောက်ပြ ထားပါတယ် ။အပြည့်အစုံကို ဒီမှာ သွားဖတ်နိုင်ပါတယ်။
Ref: tunwai

နှိပ်စက်ခံလူကုန်ကူမှုမှတ်တမ်းဗီဒီယို

MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည် ကြည်နှ  င့် ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းနှင့် လာအိုနိုင်ငံမှ လူ ကုန်  ကူး  ခံရသူ အမျိုးသမီး ဗာဆာနာတို့၏ မချိမဆံ ခံစားခဲ့ရသောအတွေ့အကြုံများကို မှတ်တမ်း တင် ထား ပါ သည်။ အစီအစဉ်မှူးအဖြစ် R ဇာနည်မှ ၎င်းတို့၏ တစ်ကယ့်ဖြစ်ရပ်မှန်များကို လာရောက်သည့် ပရိ သတ် များနှင့် ၎င်းတို့ကိုယ်စားပြုသည့် အသိုင်းအဝိုင်းအဖွဲ့အစည်းများကို တင်ဆက်ပေးသည်။ တစ် ချိန် တည်းပင် လူငယ်များအနေဖြင့် ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့ မိသား စုဝင် များ ကိုသော် လည်းကောင်း လူကုန်ကူးခံရမည့်ဘေးမှ မည့်သို့မည်ပုံ ကာကွယ်နိုင်မည်ဆိုသည်ကို သ ရုပ်ပြ တင် ဆက် သည်။ ဥပဒေရေးရာဆိုင်ရာ အရာရှိ ရဲမှူးအွန်မာရမ်မီနှင့် လူကုန်ကူးမှု ဆန့် ကျင်ရေး တွင် အောင်မြင်ထင်ရှားသော ဒေသခံ မကေသီရှိန်တို့နှင့် တွေ့ဆုံမေးမြန်းခန်းများမှာ စိတ် ဝင် စား ဖွယ်ကောင်း  လှသည်။ ယင်းတွေ့ ဆုံမေးမြန်းခန်းများတွင် လူကုန်ကူးမှု တိုက် ဖျက်ရေး အ တွက် မြန် မာနိုင် ငံ   အတွင်း ဆောင်ရွက်လျက်ရှိနေသည်များ၊ ယနေ့ ဖြစ်ပျက်လျက်ရှိသော အလွန်အရေးကြီးသည့် လူ  မှု  ဆိုင်ရာအမည်းစက်နှင့် ပတ်သက် လျက် ရှိသောြ ပဿာ နာ များ ကို  ဖြေ ရှင်း ရန်  ဆောင် ရွက် ရ  မည့်  အရာ  များကို တင်ပြ သွား ကြသည်။
 Ref:7day news journal

လက်ပန်းတောင်းတောင်အကြမ်းဖက်မှုအပေါ်KIO ရဲ့ သဘောထားထုတ်ပြန်ချက်

Ref:7day news journal


တနေ့ တခြားတိုးတက်လာသောမြန်မာနိုင်ငံ၏မင်းမဲ့စရိုက်ဆန်မှုများ

လှိုင်မြို့နယ်သီရိမင်္ဂလာဈေးသို့လာရောက်သည့်ကားများ၊ဈေးသည်များအားလူမိုက်အဖွဲ့များကခြိမ်းခြောက်  ၍ တရား  မ၀င် ငွေကြေးကောက်ခံမှုများကြောင့် အခက်အခဲများနှင့် ကြုံ တွေ့နေရသည်ဟု ကိုယ် တိုင် ကြုံတွေ့ နေ ရသူများက ပြောကြားခဲ့သည်။
လူမိုက် အဖွဲ့များအနေဖြင့် ဈေးသို့လာသည့်ကားများကို ကားပါကင် ကြေးကောက်ခံခြင်း၊ ပျံကျဈေး သည် များ အား ရောင်းချခွင့် နေရာအတွက် ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေပြီး ၄င်းတို့ကောက် ခံသည့် အခါ တွင် ပြေလည်စွာ မဆက်ဆံပါက ခြိမ်းခြောက်မှုများနှင့် ရိုက်နှက်မှုများ ပြုလုပ်လေ့ရှိကြောင်း ကိုယ် တိုင် ကြုံ သူများက ပြောကြားခဲ့သည်။
သီရိမင်္ဂလာဈေး၌ ဆိုင်ခန်းဖွင့်လှစ်ထားသူ ကိုကျော်က''ကျွန်တော်က ရှမ်းပြည်နယ် ပင်းတယ ဘက် ကနေ ဂေါ်ဖီ ၊ ဂေါ်ရခါးသီး၊ ပန်း စတဲ့ပစ္စည်းတွေကို သီရိမင်္ဂလာဈေးမှာ ပြန်လည်ရောင်းချတာပါ။ ကားပါ ကင်ကြေး အနေ နဲ့ စည်ပင်အဖွဲ့ကိုလည်း ပေးရတယ်။ ဒါ့အပြင် လူမိုက်အဖွဲ့တွေက တစ်စီးကို ကျပ် သုံးထောင်နှုန်းနဲ့ ကောက်ပါတယ်။ မပေးလို့လည်း မဖြစ်ဘူး။ ဈေးမှာက သက်ဆိုင်ရာ တာဝန်ရှိသူတွေထက် အဲဒီ လူမိုက်တွေပြီးမှ အားလုံးအဆင်ပြေနေတဲ့ သဘောရှိတယ်။ ဈေးသည်တွေအများစုက ဒီဈေးကြီးကို အနက်ရောင် နယ်မြေလို့တောင် သုံးသပ်နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ စည်ပင်ကကောက်တဲ့ အခွန်တွေပေး ရတဲ့အပြင် လူမိုက်တွေကောက်တဲ့ ဆက်ကြေးလည်း ပေးနေရပါတယ်'' ဟု ကိုယ် တိုင် ကြုံတွေ့ ခဲ့ရမှုကို ပြောပြခဲ့သည်။
ပျံကျဈေးတန်းတွင် ခရမ်းချဉ်သီး ရောင်းချသူ ဒေါ်နီက ''ကျွန်မက ဈေးထဲမှာ ဆိုင်ခန်းရှိပေမယ့် ကျဉ်း တဲ့ အ တွက် ပျံကျဈေးတန်းမှာ နေရာယူပြီးတော့ ရောင်းချတာပါ။ စည်ပင်ကို တစ်ရက်ကျပ်ငါးရာကနေ တစ်ထောင် ကြား ပေးရတယ်။ လူမိုက်အဖွဲ့ကိုတော့ တစ်ရာသီစာလုံးအနေနဲ့ ကျပ်နှစ်သိန်းပေးရတယ်။ လွန် ခဲ့ တဲ့ နှစ်လတုန်းကလည်း ပျံကျဈေးသည်တစ်ဦးကို လူမိုက်အဖွဲ့ထဲက တစ်ယောက်က ပိုက်ဆံ လာတောင်းတော့ အမြတ်မရသေးလို့ မပေးနိုင်သေးဘူးလို့ ပြောလိုက်တော့ သူတို့က ၀ိုင်း ရိုက်နှက် သွားပါတယ်'' ဟု ဆိုပါသည်။
လူမိုက်အဖွဲ့အနေဖြင့် ယင်းကဲ့သို့ တရားမ၀င် ငွေကြေးကောက်ခံရာ၌ လွယ်အိတ်၊ ခါးကြား စသည့်နေ ရာ များ တွင် ဓားများထည့်ထားပြီး ခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရ သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပိတောက်ချောင်းရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်အောင်ကျော်ဆင့်က ''ကျွန်တော် သိရသလောက်ကတော့ သီရိမင်္ဂလာဈေးဝင်းအတွင်းမှာ လူမိုက်အဖွဲ့ငါးဖွဲ့၊ ခြောက်ဖွဲ့လောက် ရှိ တယ်။ ဖမ်းဆီးမှုတွေ ပြုလုပ်နေပေမယ့် ခြိမ်းခြောက်တောင်းဆိုမှုတွေက နေ့တိုင်းလို ရှိနေပါတယ်'' ဟု  ပြောပြ ခဲ့သည်။
ဈေးအတွင်း ရာသီပေါ်သီးနှံများကို ပွဲစားအဖြစ် လုပ်ကိုင်သူ ကိုထိုက်က ''နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီလောက် က ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်စီးကို လူမိုက်တွေက နေရာရွှေ့ပေးဖို့ ယာဉ်မောင်း ကို  ပြော  တဲ့အခါမှာ ယာဉ်မောင်းက သူတို့ကို လူမိုက်တွေမှန်းမသိတော့ အိပ်ရေးပျက်နေလို့ အသံ မာမာ နဲ့ ပြန်ပြော တဲ့အခါ အဲဒီလူမိုက်တွေက ၀ိုင်းပြီးထိုးကြိတ်ခဲ့ကြပါတယ်။ ကားပါကင်ကြေး တောင်းတဲ့အခါမှာ ဒီအကြောင်းတွေ ကို မသိတဲ့ ယာဉ်မောင်းတွေက မပေးတဲ့ ဖြစ်စဉ်တချို့တွေမှာ အဲဒီလူမိုက်တွေက ကား မှန်တွေ ကို ရိုက်ခွဲတဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ ဈေးထဲမှာရှိတဲ့ ဈေးသည်တွေ အများစုကတော့ ဒီဈေး အနီး တစ်ဝိုက် က တရားဥပဒေစိုးမိုးမှု မရှိဘူးလို့ပဲ သုံးသပ်ကြပါတယ်။ ဒီလို မျိုးဖြစ် စဉ်တွေ က  နေ့တိုင်းလိုလို ဖြစ်နေပါတယ်။ ဒီလိုမျိုးဖြစ်စဉ်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း သိနေ တယ်။  ဒါတွေ ကို အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်'' ဟု ပြောခဲ့သည်။
သိရိ မင်္ဂလာဈေးမှ တာဝန်ရှိသူတစ်ဦးက ''လူမိုက်တွေ အများစုက ဈေးရုံအတွင်းထက် ပျံကျဈေး သည်တွေ ကို အားကိုးပြီး ရပ်တည်နေကြတယ်။ အဲဒီလူမိုက်တွေကိုလည်း စည်ပင်နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘာမှ မပြောရဲကြဘူး။ ကျွန်တော်အနေနဲ့ သွားပြီးထိန်းသိမ်းရင်လည်း လူမိုက်တွေက ဓားထောင်ပြီး ခြိမ်းခြောက် ပါတယ်။ ဈေးသည်တွေက လူမိုက်တွေအပြင် သူတို့လက်သပ်မွေးထားတဲ့ ကလေးတွေ ကို လည်း ကြောက်နေရပါတယ်။ ဈေးလုံခြုံမှုအတွက် အခုချထားတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားထက် ပိုပြီးတော့ ချထား သင့်ပါတယ်'' ဟု ဆိုပါသည်။
လူမိုက်များက ခြိမ်းခြောက်ပြီး ငွေကြေးကောက်ခံမှု ဖြစ်စဉ်များကို ညပိုင်းအချိန်များနှင့် နံနက်စော ပိုင်းများ တွင် ပိုမိုဖြစ် ပွားကြောင်း သီရိမင်္ဂလာဈေးမှ တာဝန်ရှိသူက ဆိုပါသည်။
Ref:elevenmedia

သရုပ်ဆောင်ချောရတနာရဲ့ မင်္ဂလာပွဲ

 
 
 

 
ကိုကျော်လင်းနှင့်မချောရတနာတို့၏ မင်္ဂလာဧည့်ခံပွဲ ကိုဒီဇင်ဘာ ( ၁ )ရက်နေ့ ၊နေ့လည် ၁၂း၃၀ အချိန် တွင်  ဆီဒိုး နားဟိုတယ် ( Grand Ballroom )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။မင်္ဂလာပန်းကြဲအဖြစ် ၀တ် မှုံရွှေ ရည်၊ပန်းကုံးဗန်းကိုင် ယုသန္တာတင်၊မင်္ဂလာလက်စွပ်ဗန်းကိုင်အဖြစ် ၀ါဆိုမိုးဦးနှင့် မင်္ဂလာသတို့သား / သမီးအရံအဖြစ် ကောင်းပြည့်နှင့်အွန်ဆိုင်း၊ဆန်းတိုးနိုင်နှင့် Mဆိုင်းလူတို့က ပါ ၀င်ဆောင် ရွက်ပေး ခဲ့ကြ ပါ တယ်။
Ref: powpularnews

လိင်ကိစ္စဦးစားပေးရေးသားသော ညို့မဂ္ဂဇင်း

 စာနယ်ဇင်းကျင့်ဝတ်နှင့်မကိုက်ညီဘဲ ပုံနှိပ်ထုတ်ဝေသော ညို့မဂ္ဂဇင်း

လူမဆန်တဲ့လုပ်ရပ်တွေကိုလုပ်ခဲ့တဲ့လူတွေကို အစိုးရအရေးမယူဘူးဆိုရင် DKBA လည်းပါဝင်လာနိုင်....

သံဃာတော်တွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရလုပ်ရပ်DKBA က ကန်.ကွက်လိုက်သည်။နိုဝင်ဘာလ ၂၉ ရ က်ေ  န့  မုံရွာခရိုင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ ခဲ့ကြတဲ့ သံ ဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ် ဗျူ ဟာ မှူး ဗိုလ်မှူးကြီးဆန်းအောင်ကမနေ့က ကန့်ကွက်လိုက်ပါတယ်။ အာဏာပိုင်တွေရဲ့ ဖြေရှင်းပုံဟာ လူ မဆန် တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကလိုထူးဘောဒေသ အခြေချ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင် က RFA ကို ပြောကြားခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းတုန်းက မိမိတို့ လက်ပိုက်ကြည့်နေခဲ့ရပေ မဲ့၊ ၂ဝ၁၂လက်ပန်းတောင်းတောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေးမယူဘူးဆိုရင် ငြိမ်း ချမ်းရေး ကိစ္စ ကို ပါ ထိခိုက်လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေအနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူးလို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောကြားခဲ့ပါတယ်။
Ref: RFA

ဒီမိုဘက်တော်သားမီဒီယာတွေဘယ်လိုပဲလှုံ့ ဆော်နေပါစေဒေါ်အောင်ဆန်းစုကြည်ရှေ့ရေးကိုကြိုမြင်


ဒီမိုဖက်တီးခေါ် ခွန်ဒီးယမ်းခေါ်  မေဇင်အေးသို့ ရှေ့သို့တိုးရင်းနောက်ပြန်လှည့် ကြတော့ မှာ လား လက်ပံ
တောင်းေ  တာင်   အရေးတော်ပုံက တော်လှန်ရေးစိတ်ဓါတ်တွေ ပိုပြီး မြင့်မားလာစေခဲ့တယ်။ တစ်နိုင် ငံ  လုံး  အုတ် အုတ် ကြွတ်ကြွတ် ပွက်လောရိုက်သွားတယ်။  ဒီအရေးကိစ္စမှာ ဦးသိန်းစိန် အမိန့်ပေးတယ် လို့  Freedom News Group က ပြောတယ်။ Freedom News Group ဆိုတာ ဧရာဝတီသတင်းဌာနရဲ့ ကိုယ်ပွားပဲ ဖြစ်တယ်။ ဧရာဝတီက နှပ်ကြောင်းပေးနေတာနဲ့ Freedom News Group လိုက် ဖက် ညီအောင်  လုပ်နေတာက ဦးအောင်မင်း နှုတ်ထွက်ဖို့၊ ဦးသာအေးနှုတ်ထွက်ဖို့။ အခု ဆန္ဒပြတာတွေ အ ရှိန်မြင့် လာတော့ လုပ်လာတာက ၈၈ တုန်းကအတိုင်းပဲ။ ဒီကိစ္စမှာ ဒေါ်စု ဘာဖြစ်လို့ အမာရှောင်ပြီး အပျော့ကို တိုက်နေတာလဲ။ အားလုံးစဉ်းစားဖို့ ကောင်းတယ်။ ဒေါ်စုကို အစဉ် တ စိုက်  ထောက် ခံခဲ့ တာတော့မ ဟုတ်ဘူး။ ဒါပေမယ့် အခုအရေးမှာတော့ ဒေါ်စုဟာ စံနမူနာ ယူ စ ရာ ခေါင်းဆောင်ကောင်း လို့  မြင် တယ်။ နယူးယောက်တိုင်းသတင်းစာမှာ ရေးထားတဲ့ပုံအရ ရဲတပ်ဖွဲ့ ဟာ အတွေ့ အကြုံ မရှိဘူး။ အခု လို စနစ်တကျ လုပ်ရမယ့်ကိစ္စ။ အထိခိုက် အနည်းဆုံး လုပ်ရမယ့်ကိစ္စမှာ ကျွမ်းကျင်မှု မရှိဘူး။ ဒါဟာ ထင်ထင်ရှားရှား ပေါ်လွင်နေတယ်။ ရေနဲ့ ပက်ပြီးမှ မီးခိုးဗုံးသုံးတဲ့အခါ မီးခိုးဗုံးမှာည ပါတဲ့ ပေါ့စဖတ်နဲ့ ရေ ဓါတ်ပြုပြီး အက်ဆစ် ဖြစ်သွားတယ်။
What happens when phosphoric acid comes into contact with my skin?
The degree of irritation caused by phosphoric acid depends upon the concentration of the solution and the duration of contact. Concentrated solutions can cause corrosive tissue injury or severe burns, based on animal information. Dilute solutions can probably cause mild to moderate irritation. There is no human information available.
 Can phosphoric acid hurt my eyes?
 The degree of irritation caused by phosphoric acid depends upon the concentration of the solution and the duration of contact. Concentrated can cause severe burns and permanent eye damage, based on animal information. Mists may cause eye irritation. There is no human information available. ဒါကို ရဲတွေ သိရဲ့လား။ သူတို့ကို လေ့ကျင့်သင်ကြားပေးတဲ့ ရဲတပ်ဖွဲ့က ဆရာ့ဆရာကြီးတွေရော သိပါသလား။ (မထင်!!!!!!!!!!) ရည်ရွယ်တာကတော့ လူစုခွဲဖို့ပဲ လုပ်ခဲ့တဲ့ သဘော ပါ။ တစ်  ကယ်တမ်း ဖြစ်သွားတာကတော့ အရေပြားတွေလောင်ကျွမ်းတဲ့ အထိ ဖြစ်ကုန်တယ်။ ဆရာေ တာ်ေ တွ ကလည်း စောင်ကို ရေစိမ်ပြီး ရေစိုစောင်ခြုံပြီး ဖယ် မပေး ဘဲ ကျောက် ချ နေ ခဲ့ကြ တာ တွေ့ ရ တယ်။ ဆရာတော်တွေရဲ့ အပြောအရ မျက်ရည်ယိုဗုံးကို ရေစိုအဝတ်နဲ့ ခံသာမယ်ဆိုတဲ့ အသိပဲ။ တစ် ကယ် တမ်းကျတော့ ဒီလို အသားတွေ ကွာကျတဲ့အဆင့်အထိ ရောက်သွားစေတဲ့ အက် ဆစ်တွေ ဖြစ် လာ တာ ဖြစ်တယ်။ ဒီအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ စဉ်းစားကြည့်ရင် သိနိုင်တယ်။ ဦးသိန်းစိန်ကရော ဒီ လိုဖြစ် ပါစေ ဆိုပြီး အမိန့် ပေးမယ်လို့ မထင်။ လိုလားချက်က လူစုကွဲသွားဖို့ပဲ ဖြစ်မယ် ။ ဒီလိုပဲ ယူဆရတယ်။ လက်ပံတောင်းတောင်ကလည်း ဟိုအရင်အစိုးရလက်ထက်ကတည်းက စတင် လုပ် ကိုင် လာ တဲ့ ကိစ္စ။ အခုကျမှ ဖျက်သိမ်းပစ်ရင် ဦးအောင်မင်း ပြောစလို တရုတ်ကြီးနဲ့ ဘယ်လို စခန်းသွားမလဲ။ အခု ဆို ရင် တရုတ်ဘက်က ကြေညာချက်တွေ ထုတ်ပြန်လာပြီဆိုတာ တွေ့ရတယ်။ ဒီအချိန်မှာ ဒီမို ဖက် တီး အမည် ခံ မေဇင်အေး (MICT Park ထဲမှာ ကွန်ပျူတာ ကူုမဏီဖြစ်ထားတဲ့ ဖက်တီးမ) ခွန်ဒီး ယမ်း ဆို တာ လည်း သူပဲ။ သူက အစတွေ အများကြီး ဆွဲပြီး ဖွတယ်။ ဒီဖက်တီးမက အွန်လိုင်းမှ ဒီမို အုပ် စုခေါင်းဆောင် အဖြစ် ကိုယ့်ကိုယ်ကို တင်မြှောက်ပြီး ဒေါ်စုဘက်က တိုက်ပွဲဝင်နေတယ်လို့ သိရတယ်။ သူ တို့အဖွဲ့ နဲ့ စစ်ဗိုလ်များ အုပ်စု အပွဲပွဲနွှဲနေကြတာ။ အခုကျတော့ အချီကြီး ပိုင်ပြီ ဆိုပြီး ဦးသိန်းစိန်ရဲ့ Image ကို ၀ိုင်းပြီး ဆွဲချကြတယ်။ အမှားတစ်ကွက်က တစ်သက်စာ လို့ ဆိုရမလောက်ပဲ။ ဒေါ်စု ဘင်္ဂါ လီ ကို ချော့မော့ တုန်းက ဟိုဘက်က ဆော်ထားတာကို ကလဲ့စားပြန်ချေတာ ဖြစ်တယ်။ ဒီမှာတင် ဘင်္ဂလီ အုပ် စုတွေ အညိုး နဲ့ ဦးသိန်းစိန်နဲ့ အစိုးရကို ၀ိုင်းပြီး တွယ်ကြတာပဲ။ ဘင်္ဂလီဖြစ်စင်မှာ မကျေနပ်ချက်တွေ အ ခု ရောပြီး  ရောတောရှိ လုပ်လာကြတာ အုံနဲ့ ကျင်းနဲ့။ ဒီလိုသွေးထိုးပေးမှုတွေမှာ ပြင်းပြင်းထန်ထန် ထိ ခိုက် ၇ တာကတော့ ဦးသိန်းစိန်ပဲ။ အမျိုးမျိုး အပုပ်ချ-အပုပ်ချလို့လည်း ကောင်းမှကောင်း။ ဒီတော့ သပိတ် စုံ  အကုန်ထ-သပိတ်စုံ အကုန်ရ ဆိုတဲ့ အနေအထားကို ဦးတည်လာကြပြီ။ ဒီနေရာမှာ ဒေါ်စုက ဘာဖြစ် လို့  ရွှေပြည်အေး တရားတွေ ပေးနေသလဲ။ စဉ်းစားဖို့ အရမ်းကောင်းတယ် နော်။ ဒီမိုအုပ်စုတွေ သည်း ကြီး  မည်းကြီး ချနေ လိုက်ကြတာ ရစ၇ာကို မရှိတော့ဘူး။ ဒီကြားထဲ Eleven နဲ့ အခြား မီဒီ ယာတွေ က လည်း အကွက်ကောင်းတွေ့ ပြီး ဟုတ်တာရော မဟုတ်တာရော ၀ိုင်းပြီး ဆော်ကြတယ်။ ဒေါက်တာ သန်း ထွဋ်အောင် သိ ထားဖို့က စိုင်းသိန်းဝင်းဆိုတာ နိုငငံတော်သစ္စာဖောက်။ တပ်ပြေး ခွေးသူုခိုး သူတောင်း စား သာသာ ပဲ။ ဒါကို ကိုးကားပြီး စာမျက်နှာပေါ် တင်လာတာကတော့ မီးလောင်ရာလေပင့် လုပ်ပစ် လိုက် တာ ပဲ။ ဒီမှာ တင် အုံကြွမှုတွေ ပိုပြီး ဆိုးရွားလာတာကို တွေ့ရတယ်။ ရန်ကုန်နဲ့ မနလေးမှာ သပိတ်စုံ သူပုန် ထမယ့် လမ်းကြောင်းပေါ် ရောက်လာနေပြီ။ လက်ပံတောင်းတောင် ကိ စ္စ  ပြန် ကြည့် ရင် နောက် ကွယ် မှာ နိုင်င့ရေးတိုက်ကွက်တွေ အများကြီးပဲ။ ဂိုဏ်းပေါင်း စုံ လည်း ရောထွေးနေ  တယ်။ လက် ပံတောင်းတောင် ဟာ နိုင်ငံရေး လုပ်စားတွေအတွက် စင်မြင့်ဖြစ်နေ တယ်။ လိမ်  ဆင်တွေ ဓါတ်ပုံရိုက်ပြီး သတင်းထုတ်တယ်။ လူသေကောင်တွေ ဖုတ်ဝင်တဲ့ ပါဖောမယ့်တွေ ပါ တယ်။ တရုတ် ဆန့်ကျ င်ရေး မှိုင်း လုံးတွေ ပါ တယ်။ စစ်တပ်ဆန့် ကျင်ရေး တိုက်ကွက်တွေ ပါတယ်။ အစိုးရ အကျပ်တွေ့ ရေး  ထော င်ချော က်ေ  တွ ပါတယ်။ ဒါကို ၂၃ ရက်နေ့က လွှတ်တော်မှာ တရားဝင် ဖော်ဆောင်လာတယ်။ လွှတ်ေ တာ် ကြီး တစ်ခု လုံး က လက်ပံတောင်းတောင် နောက်မှာ ရှိတယ် ဆိုတဲ့ အချက်ပြမှုပဲ။ ဒီမှာတင် ဆရာတော်တွေ ထပ် မံ အာြး ဖည့်ြ ပီး ဖယ်မပေးဖို့ - စီမံကိန်း ဖျက်မှ သပိတ်လှန်ဖို့အထိ လုပ်လာကြတယ်။ ဒီနေရာမှာ ဦး သိန်း စိန် အစိုးရ အကျပ်အတည်းထောင်ချောက်ထဲ ၀င်သွားတယ်။ ဒီလိုဖြစ်အောင် ဆင်ထားတဲ့ကြားထဲကို သိသိ နဲ့လား မသိလို့လားမသိ။ ဒဲ့ဝင်သွားတာ တွေ့ရတယ်။ ဒေါ်စု ၂၉ ရက်နေ့ လာမယ် မလာခင် ရှင်း ထား မှ ဆိုပြီး ရှင်းကြပါလေရော။ အစက ဦးအောင်မင်း သွားညှိတာ ၁၀ ရက်ကြာရင် အကြောင်းပြန် ဖို့ ပဲ။ ဒေါ် စု သွားတော့ ပြည်ထဲရေးက အမိန့် တွေ ထုတ်ပြီး လုပ်လာကြပါရော။ ဒါဟာ ထောင်ချောက်ထဲ တည့် တည့် တိုးမိတာပဲ။ ဒီတော့ အခုက စပြီး ဘာဆက်ဖြစ်မလဲ။သေသေချာချာ စဉ်းစားကြည်ရင် ရှင်းရှင်းလေး။ သပိတ်စုံ သူပုန်ထ 101
(1) သပိတ်တွေ ပိုပြီးအားကောင်းလာရင် တောင်းဆိုချက်က ဘာလဲ။ (၀န်ချတောင်းပန်ပါ။ အဲဒီစကားက ပြည်သူ့လွှတ်တော်က စတဲ့စကား။ ပြီးတော့မှ ဧရာဝတီတိုင်းလွှတ်တော်ကို ရောက်သွားတာ။ သိက္ခာချချင်လို့ ပြောတဲ့စကား။)
(2) မတောင်းပန်ရင် ဘာလုပ်မလဲ။
(ထွက်ပေးဖို့ တောင်းဆိုမယ်၊)
(3) ဘယ်သူတွေလဲ။
(ဦးသိန်းစိန်အစိုးရကိုပေါ့)
(4) မထွက်ပေးဖူးဆိုရင် ဘာဆက်ဖြစ်မလဲ။
(သူပုန်ထမယ်။ ဟိုသိမ်း ဒီသိမ်း လုပ်မယ်။)
(5) အဲဒီတော့ အစိုးရ က ငြိမ်နေမလား။
(ရဲနဲ့ ဖြိုခွင်းမယ်။ အခုလို ရေပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပေါ့။)
(6) ဒီလို ရှင်းရင် ဘာဖြစ်မလဲ။
(ဆူကြ ပူကြ သောင်းကျန်းကြနဲ့ ကြည့်ကောင်းလိုက်မယ့် ဖြစ်ခြင်း။ ဒီတစ်ခါ ခေါင်းဆောင်တွေက ဒေါ်စု မဟုတ်တော့ဘူး။ ၈၈ မဟုတ်တော့ဘူး။ ဆရာတော်တွေ။)
(7) အဲဒီတော့ ဘာဆက်ဖြစ်မလဲ။
(ရှင်းရှင်းလေး။ တပ်က ပြန်ပြီး အာဏာသိမ်းလိုက်တော့ပေါ့။)
ကြည့်စမ်း -အရင်တုန်းက ၁၉၆၂ ခုနှစ်တုန်းကနဲ့ တစ်ပုံစံတည်း ဖြစ်လာမှာပါလား။ ကလင်ဒါကျ မှ တစ်ကယ့်ကို ကလင်ဒါကျ ဖြစ်နေတော့မှာ။
ဒါဆိုရင် ဒေါ်စု အခု ဘာ့ကြောင့် ရွှေပြည်အေးတရားလမ်းကို လျှောက်နေသလဲ။ ရှင်းရှင်းကလေးရယ်။ ဒါတွေ ကို ကြိုမြင်လို့။ ဒါတွေ ဖြစ်လာမယ်ဆိုတာ သိထားလို့။
ဒေါ်စုကို အမည်ခံပြီး အွန်လိုင်းပေါ်မှာ ချလိုက်ပါလား-ဒါတော့ လွန်နေပြီ- သပိတ်မှောက်ကြတော့။ မဖြစ် သင့် ဘူး နှုတ်ထွက်ပေးပါ အမျိုးစုံအောင် အော်ဟစ်နေတဲ့ ဘင်္ဂလီကုလားတွေ။ ဒီမိုဖက်တီး ခေါ် ခွန် ဒီး ယမ်းခေါ်မေဇင်အေးဦးဆောင်တဲ့ဒီမိုအုပ်စုတွေ။ အပြင်မှာထောက်ပံ့ကြေးမရတော့တဲ့ပြည်ပြေးတွေ- မီ ဒီ ယာတွေ အကုန်လုံးဟာ စည်းလုံးခြင်းသည် အင်အားဆိုတဲ့ ဆောင်ပုဒ်နဲ့ အစိုးရက ပယ် ပယ် နယ် နယ်  ဆော်ေ န တာ သတိထားဖို့ လိုတယ်။
ဟော့နယူး၈ျာနယ်မှာ ဦးအောင်မင်း ပြောထားတဲ့ စကား ရှိတယ်။ ရှေ့တန်းမှာ စစ်ဆင်ရေးမှာ ဆောရီး ဆိုပြီး လုပ်လို့ မရဘူး။ အသက်ပါသွားတာပဲ ဆိုတဲ့ စကား။
အခုလည်း ဖက်တီးတို့ သတိထားကြ-နောက်ပြန်လှည့်သွားမှ ဆောရီး လုပ်လို့ မရဘူးသတ္တိ ဆို တာ နေ ရာ မှန် မှာ အသုံးချမှ တန်ဖိုး ရှိသလိုပဲ သတိ ဆိုတာ ဆင်ခြင်တတ်ဖို့ ထားခဲ့တာ ဖြစ်တယ် ဆိုတာကိုပဲ သိစေချင်တာပါ။

Friday, November 30, 2012

ရေတော့ရေပဲ ငရဲ ကရေဖြစ်နေတယ်

ကိုယ်တော်တို့ သည်းခံကြပါ။ ဒီပြဿနာက ရေနဲ့ဖြန်းတာပဲ။ ဒါပေမယ့် ငရဲပြည်က ရေဖြစ်နေတယ်" ဟု သီ တ ဂူ ဆရာတော်ကြီးက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင် အား သုံးနှိမ်နှင်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းသို့ မိန့်ကြားသည်။

မီးခိုးဗုံးအကြောင်းသိစေချင်


Smoke bomb တစ်လုံး ကို ပေါက်ကွဲအောင် ယမ်းကနေ အစပျိုးရတာပါ.. အဓိကရုဏ်း နှိမ်နင်းသူများက မီး ခိုးဗုံးတွေကို သပိတ်စခန်းတွေထဲကို ပစ်ထည့်ပြီး လူစုခွဲတဲ့အခါမှာ အစပျိုးယမ်းမီးကြောင့် သပိတ် စခန်း ထဲက အ၀တ်အစားတွေ ၊ ရွက်ဖျင်တဲအမိုးတွေ ၊ လှန်းထားတဲ့ အ၀တ်တွေ လောင်တာဖြစ်ပါတယ်.. ( မယုံ ရင် မိမိ အ၀တ်အစားတွေပုံထားတဲ့အထဲ မီးခိုးဗုံးတစ်လုံးပစ်သွင်းပြီး စောင့်ကြည့်ကြည့်ပါ ) အပေါ်က ဗီဒီ ယို လင့်တွေကို လေ့လာကြည့်ပါ.. မီးခိုးဗုံးတစ်လုံး ဘယ်လိုလောင်ကျွမ်းသလဲဆိုတာ တွေ့ရပါလိမ့်မယ်.. ခု ကိစ္စမှာ မီးလောင်ဗုံးသုံးတယ်ဆိုရင် တော့ အစအနတောင်ကျန်မှာမဟုတ်ပါဘူး.. မီးလောင်ဗုံးကို အင်္ဂ လိပ် လို Napalm Grenade / Bomb လို့ခေါ်ပါတယ် မီးလောင်ဗုံးတစ်လုံး ပေါက်ကွဲတဲ့ အခါ တွက်ရှိလာတဲ့ အပူ ချိန် ဟာ 800 degrees Celsius (1,500°F) to 1,200 degrees Celsius (2,200°F) ထိ ရှိ ပါ တယ်.. ရေတောင် ၁၀၀ ဒီဂရီ မှာဆူတာ ၈၀၀ ဒီဂရီဆိုရင် ပြာတောင် ကျန် မှာ မဟုတ် ဘူး.. နောက် တစ်ခု က ခုပြောနေတဲ့ Napalm မီးလောင်ဗုံးတွေကို မြန်မာနိုင်ငံအနေနဲ့ မ၀ယ်နိုင်သေးသလို ထုတ်လည်း မ ထုတ်နိုင်သေးပါဘူး.


ဒေါ်လာ ၁၅ ကျပ်တန်Simcard များSea Gameမှာရောင်းချပေးမည်

လာမည့်နှစ် တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှအား ကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ များကို အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များ ကို  ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။အဆိုပါ SimCard များ ကို ရောင်းချရာတွင် SimCard တန် ဖိုးမှာ ၅ ဒေါ်လာသာဖြစ်ပြီး ကျန် ၁၀ ဒေါ်လာသည် ဖုန်းပြောနိုင် ရန် ကြို တင်ပေးသွင်းထားရသည့် ငွေကြေးဖြစ်ကြောင်း သိရသည်။
ယင်း SimCard များအတွက် ပြော ဆိုခကိုလည်း ထပ်မံဖြည့်သွင်းနိုင် ပြီး အားကစားပွဲသို့ လာရောက်သူ များမှဝယ်ယူရန်ဆန္ဒရှိပါကရောင်း ချပေးမည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လာမည့် SEA Game တွင် ကမ္ဘာ့အဆင့်မှီ ဆက် သွယ်ရေး ရရှိရန် အတွက် ဆောင် ရွက် သွား မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပ မည့် နေပြည်တော်ရှိ အားကစား ကွင်းများတွင် သီးသန့် Fiber cable ကွန် ရက် များတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ အားကစားပွဲတော် ကျင်းပမည့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ရုပ် သံ များ ဆောင် ရွက်နိုင် ရန် Fiber Cable နှင့် Satellite များတပ်ဆင်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အားကစားကွင်းများတွင်WiFi နှင့်Wi max အင်တာနက်ဆက်သွယ်ရေးစနစ်များကို တိုးချဲ့ ချထားပေးနို င်  ရန် ဝန်ဆောင်မှုပေး မည့် ကုမ္ပဏီများကိုရွေးချယ် ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရပါသည်။
“လာ မယ့် SEA Game မှာ အင်တာနက် အမြန်နှုန်းကောင်းဖို့ က တော်တော်အရေးပါပါတယ်။ ဘာလို့ လည်း ဆိုတော့ ဒီကိုလာပြီး သတင်းယူကြမယ့် လူတွေနဲ့ လာပြီး ကြည့်မယ့်သူတွေအတွက် အင်တာ နက် သုံး တဲ့နေ ရာမှာ အမြန်နှုန်း ကောင်းဖို့ လိုပါတယ်။ ဒါမှသူတို့ သတင်း အချက်အလက်တွေ ကို ပေးပို့တာတို့ ရယူ တာ တို့က အဆင် ပြေမှာပေါ့။ တစ်ခုရှိတာက အဲဒီ ကစားပွဲပြီးသွားရင်လည်း အင်တာ နက်မြန်နှုန်းကို ဒီထက် ပိုကောင်း အောင်တော့ ဆောင်ရွက်ပေးထား ရင်သုံးရတဲ့သူတွေ အဆင်ပြေမှာ ပေါ့”ဟု အိုင် တီ လုပ် ငန်းဆောင် ရွက်နေသူတစ်ဦးက ဆိုပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တရားဝင်ထုတ်ပြန်ချက်များအရ UMTS (3G) စခန်းပေါင်း ၂၄ ခုနှင့် GSM (2.75) တယ်လီဖုန်း ဆက် သွယ် ရေး စခန်းပေါင်း ၅၁ ခု စုစုပေါင်း ၇၅ ခု ၂၀၁၂-၂၀၁၃ ခုနှစ်တွင် UMTS (3G) စခန်းပေါင်း ၄၀ ခုနှင့် GSM (2.75)တယ်လီ ဖုန်း ဆက် သွယ်ရေး စခန်းပေါင်း ၁၂၀ ခု အထိ တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရပါ သည်။
Ref: Mobile Guide

မသေကောင်းမပျောက်ကောင်း

တရုတ်နိုင်ငံမှ ကျားလီအမည်ရှိ အသက်လေးနှစ် အရွယ်မိန်းကလေးငယ် တစ်ဦး၏ နှာခေါင်းဝသို့ မတော် တဆထိုးစိုက်ဝင်သွားခဲ့သည့် ဝက်အူလှည့် တစ်ချောင်းကို ခွဲစိတ်အထူးကုဆရာဝန်ကြီး ယူချင်က ဦးဆောင် ၍ အောင်မြင်စွာ ခွဲစိတ်ဖယ် ရှားနိုင်ခဲ့ပြီး ထိုမိန်းကလေးသည် ယခု အခါ တွင် ပြန် လည်ကောင်း မွန် လာ ပြီ ဖြ စ်ကြောင်း အင်တာနက်သတင်းတစ် ရပ်အရ သိရသည်။ အဆိုပါ မိန်းကလေးသည် တရုတ်နိုင်ငံ ကန် စုပြည် နယ် ထျန်းရွှီးမြို့တွင် နေထိုင်ပြီး သူမ၏ လက်ထဲတွင် ဝက်အူလှည့်ကို ဆုပ်ကိုင်ထားရာမှ မတော် တ ဆ မှောက်လဲပြီး မျက်နှာအား ထိုးမိခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သူမအား ဒေသတွင်းရှိ ဆေးရုံနှစ်ရုံသို့ ခေါ်ဆောင် သွားခဲ့သော် လည်း အဆိုပါ ဆေးရုံများက လက်မခံဘဲ အခြားဆေးရုံသို့ လွှဲပြောင်းပေးခဲ့သောကြောင့် ခွဲစိတ်အထူးကုဆရာဝန်ကြီး ယူချင် ၏ ဆေး ရုံ သို့  ရောက် ရှိလာ ခဲ့ခြင်းဖြစ်သည်။ထို့နောက်တွင် သူမ၏ မျက်နှာအား X-rays နှင့် CAT Scans များ ရိုက် ယူ စစ်ဆေး ခဲ့ရာ ထိုဝက်အူလှည့်သည် မျက်စိသူငယ်အိမ် အောက်နားအထိ စိုက်ဝင်ခဲ့၍ ဦးနှောက်ကို ထိ ခိုက် ရန် ၂-၃ မီလီမီတာခန့်သာ လိုတော့ ကြောင်း၊ ဦးနှောက်ကို ထိခိုက်သွားပါက အလွန် အန္တရာယ် ရှိကြောင်း  ၎င်းဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး က ပြောကြားခဲ့သည်။
ထို့နောက် သူမ၏ မျက်နှာပေါ်ရှိ နှာခေါင်းတွင် စိုက်ဝင်နေသည့် ဝက်အူလှည့်ကို ခွဲစိတ်အထူးကု ဆရာ ဝန် ကြီး  က ခွဲစိတ် ကုသ ဖယ်ရှားပေးခဲ့ရာ သူမသည် ယခုအခါတွင် ပြန်လည်ကောင်း မွန်လာပြီဖြစ်ကြောင်း ဗြိ တိသျှသတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။
Ref:myawady

လူကုန်ကူးခံရခြင်းဖြစ်ရပ်မှန်


MTV EXIT အထူးအစီအစဉ်အဖြစ်၊ တရုတ်နိုင်ငံသားနှင့် လက်ထပ်ရန် လူကုန်ကူးခံခဲ့ရသည့် မကြည် ကြည်နှင့်  ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေတွင် အလုပ်လုပ်ရန် ရောင်းစားခံခဲ့ရသည့် ကိုမင်းတို့၏ မချိမဆံ ခံစား ခဲ့ ရသော အတွေ့အကြုံများကို မှတ်တမ်းတင်ထားပါသည်။ အစီအစဉ်မှူးအဖြစ် R ဇာနည်မှ ၎င်းတို့၏ တစ်ကယ့်ဖြစ်ရပ်မှန်များကို လာရောက်သည့် ပရိသတ်များနှင့် ၎င်းတို့ကိုယ်စားပြုသည့် အသိုင်း အဝိုင်း အဖွဲ့ အစည်း များကို တင်ဆက်ပေးသည်။ တစ်ချိန် တည်းမှာ ပင်လူငယ် များအေ နဖြင့် ၎င်း တို့ ကိုယ် တိုင်သော် လည်းကောင်း၊ ၎င်းတို့မိသား စုဝင်များ ကိုသော် လည်းကောင်း လူကုန်ကူးခံရမည့်ဘေးမှ မည့် သို့  မည် ပုံ ကာကွယ်နိုင်မည်ဆိုသည်ကို သရုပ်ပြတင်ဆက်သည်။ ဥပဒေရေးရာဆိုင်ရာ အရာရှိ ရဲမှူး အွန် မာ ရမ်မီနှင့် လူကုန်ကူးမှုဆန့်ကျင်ရေးတွင် အောင်မြင်ထင်ရှားသော ဒေသခံ မကေ သီရှိန် တို့နှင့် တွေ့ ဆုံမေးမြန်း ခန်းများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ယင်းတွေ့ဆုံမေးမြန်းခန်းများတွင် လူကုန် ကူးမှု တိုက် ဖျက်ရေးအတွက် မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိနေသည်များ၊ ယနေ့ဖြစ်ပျက်လျက်ရှိသော အလွန် အရေးကြီးသည့် လူမှုဆိုင်ရာအမည်းစက်နှင့် ပတ်သက် လျက် ရှိသော ပြဿာ နာများ ကို  ဖြေ ရှင်း ရန် ဆောင် ရွက်ရမည့်အရာများကို တင်ပြသွားကြသည်။


Thursday, November 29, 2012

သပိတ်မှောက်တာကိုဓါတုလက်နက်နဲ့ ပစ်လိုက်တာလူတွေရော၊ဘုန်းကြီးတွေရောမီးလောင်ကုန်ပါလေရော

မီးမလောင်ခင်သပိတ်စခန်းများ
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သ ပိတ်စခန်း များအား အင်းအား သုံးဖြို ခွင်းရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သပိတ်စခန်း တည်ရှိရာေ နရာ များ သို့မီးလောင် စေသော ဓါတုပစ္စည်း ပါဝင်သည့် လက်နက် (ဓါတုလက်နက်)ဖြင့်  အင်အား သုံးနှိမ် နင်း ခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။
"ကျွန်တော် တို့က စဖြစ်တဲ့အချိန်မှာ ၀မ်ပေါင်ကုမ္ပဏီရှေ့မှာရှိတဲ့ ပင်မသပိတ်စခန်းမှာ ရှိနေခဲ့တာပါ။ သူတို့က ပထမပိုင်းတုန်းက အင်းအား သုံးပြီး ဖြိုခွင်းမယ်ဆိုပြီး ကြေညာပါတယ်။ မနက် ၃နာ ရီကျော် လောက် မှာတော့ မီးသတ်ကားနှစ်စီးက ပိုက်တွေနဲ့လေး၊ငါးကြိမ်လောက်ထိုးပြီး လူစုခွဲခဲ့ပါတယ်။ ဒါပေ မယ့် လူစုက ကွဲမသွားတဲ့အတွက် နောက်ပိုင်းကျတော့ မီးကျည်ဗုံးလို့ခေါ်မလား၊ မီးလောင် ဗုံးလို့ ခေါ်မလား။အဲဒီဗုံးတွေနဲ့ပစ်ကုန်ရော။အဲဒီဗုံးတွေကပစ်လိုက်တဲ့အခါလေပေါ်မှာပေါက်ပြီးမီးကျည်တွေ ပြန်ကျဲ
ပြီးကျလာပါတယ်။ အဲဒီမီးကျည်ကျတဲ့ နေရာတွေအကုန်လုံး မီးလောင် တာတွေ ဖြစ်ကုန်တယ်။ အဲဒီ မီးကျည် ထိတဲ့ သူတွေအကုန်လုံး မီးလောင်ပြီးတော့ အရေပြားတွေ လန်ကုန် တယ်။ အဲဒီဗုံးက မျက်ရည် ယိုဗုံး မဟုတ်ဘူး။ ဗုံးကျလာတဲ့အချိန်မှာ မျက်ရည်ကျတာမျိုးတွေ မရှိဘူး။ မီးကျည် ကျတဲ့နေရာ၊ ထိမှန် တဲ့ သူတွေ အကုန်လုံး မီးလောင်ကုန်တယ်။ လက်ရှိအချိန်မှာတော့ သပိတ် စခန်းတွေမှာရှိတဲ့ သံဃာတော်တွေ နဲ့ လူတွေကို ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်းတွေ၊ အိမ်တွေမှာ ဆေးကုသနေရတယ်။ ထိခိုက်တဲ့အထဲမှာ လူတွေ ထက် သံဃာတော်တွေက ပိုပြီးဒဏ်ရာရကြတာ တွေ့ရတယ်။ တစ်ချို့  ကို မုံရွာဆေးရုံကို ပို့ ပေးပြီးတော့ ဒဏ်ရာပြင်းထန်သည့် သံဃာတော်တစ်ပါးကို မန္တလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်" ဟု ကိုယ်တွေ့ ကြုံခဲ့သူတစ်ဦးမှ ပြောကြားခဲ့သည်။
”စဖြစ်တာက နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်မှာ စတင်ဖြစ်သွားခဲ့တာပါ။ အစဦးဆုံး မီးသတ် ပိုက် နဲ့ မထိုးခင်မှာ ကျော်ရွာဂိတ်ဆီက သေနတ် ၃ ချက် ဖောက်လိုက်သံကြားလိုက်ရတယ်။ အဲဒီနောက် မှာပဲ စတော့တာပါပဲ။ ပထမ မီးသတ်ပိုက်နဲ့ သပိတ်စခန်းထဲမှာ ရှိနေတဲ့သူတွေကို ရေတွေနဲ့ စဖျန်းပါတယ်။ ၁၀ မိနစ်လောက်ကြာတဲ့အခါမှာတော့ မီးကျည်လိုအရာတွေနဲ့ စပစ် တယ်။ နောက် မီးခိုးတွေ ထွက်တယ် နောက်ပေါက်ကွဲတယ်။ အစကတော့ သပိတ်စခန်းထဲမှာ နေရင် အခြေအနေ မဟန်တော့ ဘူးဆို တာ သိပါတယ်။ အဲဒီတော့ သပိတ်စခန်းတွေ ပျက်ဆီးချင် ပျက်ဆီးသွားပါစေ။ လူတွေကိုတော့ လွတ် ရာကိုပြေးကြဖို့အတွက် ဆရာတော်တွေက ဆော်သြပေးတယ်။ ဒါနဲ့ပဲ လွတ်ရာကိုတောင် ကြား၊ တောင်ပေါ်တွေကနေ ပြေးခဲ့ကြရပါတယ်။ သံဃာအများစု ထိခိုက်ဒဏ်ရာရကြတယ် လူတွေလည်း အနည်းငယ် ထိခိုက်မှုတွေရှိပါတယ်။  သံဃာတချို့ကိုလည်း ရဲကားတွေအပေါ်မှာ ပါသွား တာမြင် လိုက် ရ ပါ တယ်။ အခုချိန် ထိဖြိုခွဲခံရတဲ့ သပိတ်အဖွဲ့ဝင်တွေဟာ လုံခြုံတဲ့နေရာမှာ ရှိနေ ကြပါ တယ်” ဟု  မောင်းတန်ဂိတ်(တောင်ပေါ်ဂိတ်) သပိတ်အဖွဲ့ဝင်တစ်ဦးက ကိုယ်တွေ့ ကြုံခဲ့သည်များ ကို ပြော ပခဲ့ သည်။
ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အများစုမှာ သံဃာတော်များဖြစ်ကြောင်း သိရသည်။ လတ် တလော ရရှိထေားသော သတင်းများအရ မုံရွာဆေးရုံတွင် ရောက်ရှိကုသခံနေရသူ ၅၀ကျော်ခန့်ရှိပြီး အ များ စုမှာ မီးလောင်ဒဏ်ရာများဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒဏ်ရာရသူများထဲမှ ဒဏ်ရာ အခြေ အနေ  ပြင်းထန် သည့် သံဃာတော်တစ်ပါးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရ သည်။ အင်အားသုံးဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူ ရာဂဏန်းခန့်ရှိပြီး အတည်မပြုနိုင်သော သတင်းများအရ ယခုဖြစ် စဉ်ကြောင့် သေဆုံးသူများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရသူများလည်း ရှိနေကြောင်း သိရှိရသည်။



ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နှက်များ အသုံးပြုနှိမ်နင်းခဲ့သည် ဆိုသည်ကို သိရှိ နိုင်ရန် အ တွက် မြန်မာ  နိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးသို့ ဆက်သွယ် စုံစမ်းလျက်ရှိပြီး မြန်မာနိုင်ငံ ရဲချုပ်နှင့် တာဝန် ရှိသူ များ သည် နိုင်ငံတော် သမ္မတရုံးတွင် ယခုကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ပြုလုပ်နေကြောင်း သိရ သည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှ ရဲတပ်ဖွဲ့ဝင်အင်အား မည် မျှဖြင့် မည်သည့်လက်နှက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက်သွယ်မေးမြန်းခဲ့ရာ "ခင်ဗျားတို့ မြင်ပြီး မလား၊ ကြားပြီးပြီမလား။ ကျွန်တော်တို့အနေနဲ့ ပြောပိုင်ခွင့် မရှိပါဘူး။" ဟု ပြန် လည် ဖြေကြားခဲ့ပါသည်။
ထို့ အတူ ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ Eleven Media Group မှရဲတပ်ဖွဲ့ဝင်အင်အား မည်မျှဖြင့် မည်သည့်လက်နှက်များ အသုံးပြု နှိမ်နင်းခဲ့သည်ကို ဆက် သွယ်ေ မးမြန်း ခဲ့ ရာ "ကျွန်တော်တို့ ဘာမှ မသိရသေးပါဘူး။" ဟု ပြန်လည် ဖြေကြားခဲ့ပါသည်။\
Ref:eleven media group

တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီး




 
 
 
 
တောင်ငူမြို့တည်နန်းတည် ၅၀၂ နှစ်ပြည့်ပွဲတော်ကြီးကိုနိုဝင်ဘာ၂၆ရက်မှ၂၈ရက်အထိမြို့လုံးကျွတ်စည် ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိရာ နောက်ဆုံးနေ့ဖြစ်သည့် ၂၈ ရက်နေ့တွင် ၀င်းခင် သဘင် ပွဲတော် ကြီး ကို တောင် ငူခေတ်ရိုးရာပုံစံအတိုင်း ဆင်ယင်ကျင်းပပြုလုပ်ခဲ့သည်။ တောင်ငူမြို့တည်ဘုရင် မဟာသီ ရိဇေ ယျ သူမင်းကြီးညိုနှင့် မိဖုရားခေါင်ကြီးအဖြစ် အကယ်ဒမီရဲအောင်နှင့် အကယ်ဒမီမို့မို့မြင့်အောင်တို့က ပါ ၀င်ပေးခဲ့ပြီး အိမ်ရှေ့စံမင်းသားနှင့်ကြင်ယာတော်အဖြစ် သရုပ်ဆောင် ဇေယျ၊ မေကဗျာ၊ အိမ်ရှေ့ မင်း သမီးများအဖြစ်အကယ်ဒမီစိုးပြည့်သဇင်၊မေသက်ခိုင်တို့ကဆောင်ရွက်ပေးခဲ့ကြသည်။ဝင်းခင်းသဘင်ေ တာ် ကြီး ကို တောင်ငူမြို့အရှေ့ဖက်အောင်နန်းတံခါးမှ စတင်ကာ ဗိုလ်မှူးဖိုးကွန်းလမ်းအတိုင်း ကန်တော် ကြီး အထိ လမ်းတလျှောက်ထွက်ရှိခဲ့ကြပြီး မြို့လုံးကျွတ် လာရောက် အားပေး ခဲ့ကြ သည်။ တောင်ငူ မြို့တည် နန်းတည် ပွဲတော်ကြီးကို နှစ် ၅၀၀ ပြည့်မှစတင်ကာ ကျင်းပပြု လုပ်လာ ခဲ့ခြင်းဖြစ် သည်။
Ref: 7day news




မုံရွာမှာပွဲကြမ်းနေသလိုရန်ကုန်မှာလည်းမငြိမ်ပါ

 
 
မင်းဓမ္မပန်းကွင်းရှိ ပန်းပျိုးဥယျာဉ်နှင့် မြေယာရှုခင်းတည်ဆောက်သူ လုပ်ငန်းရှင် ၁၀၀ ကျော် ယနေ့ နံနက် ၉ နာရီမှစ၍ ၉ နာရီ ၄၅ မိနစ် ၀န်းကျင်အထိ မင်းဓမ္မပန်းကွင်းအား မပြောင်းရွှေ့ မဖျက်သိမ်းရန် ငြိမ်း ချမ်း စွာ ဆန္ဒဖော် ထုတ်နေစဉ်။
Ref: 7 daynews