468x60 Ads

Tuesday, July 24, 2012

ဆန်းတို့စ်တွင် ဆက်ကစားမည်ဟု အာဆင်နယ် ပစ်မှတ် ဂန်ဆို ပြောကြား

အာဆင်နယ် အသင်း၏ ပစ်မှတ် ထားခြင်းကို ခံနေရသော ဘရာဇီးလ် ကွင်းလယ်လူ ဟင်းနရစ် ဂန်ဆိုသည် ဆန်းတို့စ်တွင်ပင် ဆက်စားရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

သတင်းများက အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် အသက်(၂၂)နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားကို ပေါင်စတာလင် (၁၅)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။ ဂန်ဆို၏ ကိုယ်စားလှယ် ဖြစ်သူ ဒယ်လ်ဆာ ဆွန်ဒါက ဂန်ဆိုသည် ဆန်းတို့စ် အတွက် နောက်တစ်ကြိမ် ကစားပေးဖွယ် မရှိတော့ဟု အစောပိုင်းက ပြောကြားခဲ့သည့်နောက် အာဆင်နယ်က ဂန်ဆိုအား ပိုမို စိတ်ဝင်စား လာခဲ့သည်။ သို့သော်လည်း ဘရာဇီးလ် အိုလံပစ် အသင်းမှ ကစားသမား ဂန်ဆို ကိုယ်တိုင်က Twitter မှတစ်ဆင့် ၎င်းအသင်း ပြောင်းမည့် သတင်းကို ငြင်းဆန်ခဲ့သည်။

ထို့အပြင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌လည်း "ကျွန်တော့် အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေ ကြားရပါတယ်။ Twitterမှာ ကျွန်တော့် စိတ်ဆန္ဒကို ကျွန်တော် လူတွေသိအောင် ပြောပြီးပါပြီ။ ဒီနေ့ ကျွန်တော်ကိုယ်တိုင် ထပ်ပြီး အတည်ပြုပါမယ်။ ဆန်းတို့စ်ဟာ ကျွန်တော့် အနာဂတ်ပါ။ ကျွန်တော် အသင်းမှာ (၂၀၁၅)ထိ စာချုပ်ရှိပါတယ်။ ခုချိန်မှာတော့ ကျွန်တော် အလေးအနက် ထားတဲ့ ကိစ္စက ဘရာဇီးလ်အတွက် အိုလံပစ် ရွှေတံဆိပ်ကို ရယူပေးဖို့ပါပဲ"ဟု ဂန်ဆိုက ဖွင့်ဟ ပြောကြား သွားခဲ့သည်။



0 comments:

Post a Comment