468x60 Ads

Thursday, October 11, 2012

ချယ်လ်ဆီး၊ မန်စီးတီးတို့ ဂိုးပြတ်ဦးမယ့် ရက်သတ္တပတ်

ချယ်လ်ဆီး - နော်ဝစ်ခ်ျ
ချယ်လ်ဆီးကတော့ အာဆင်နယ်ကိုနိုင်သွားလို့ ယုံကြည်မှုကတော့ ပြည်ဝသွားခဲ့ မယ်ထင်ပါတယ်။ ချန်ပီယံလိဂ် ကန်ထားပေမယ့် သိပ်ပြီးပင်ပန်းမယ် မထင်ပါဘူး။ နော်ဝစ်ခ်ျက တိုက်စစ်အားနည်းတယ်။ ချယ်လ်ဆီး အနည်းဆုံးနှစ်ဂိုးပြတ်နဲ့ နိုင်မှာမို့ ချယ်လ်ဆီးကို ယုံလိုက်ပါ။ ချယ်လ်ဆီးကို အကြိုက်တွေ့မိပါတယ်။
မန်စီးတီး - ဆန်းဒါးလန်း
မနှစ်က မန်စီးတီးကွင်းမှာ ဆန်းဒါးလန်း ခြေစွမ်းပြခဲ့ပြီး ၃-၁ နဲ့ နိုင်ရာက နေ ၃-၃ သရေကျခဲ့လို့ ဆန်းဒါးလန်းနစ်နာသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ ရှုံးပွဲမရှိသေး တဲ့ ဆန်းဒါးလန်းရှုံးပွဲတွေ့မှာ သေချာသလို မန်စီးတီးအနိမ့်ဆုံး သုံးဂိုးပြတ်နဲ့ နိုင်မယ့်ပွဲဖြစ်ပါတယ်။ မန်စီးတီးကို အကြိုက်တွေ့မိပါတယ်။
ဝက်စ်ဟမ်း - အာဆင်နယ်
ဒီပွဲက လန်ဒန်ဒါဘီပွဲဖြစ်နေပါတယ်။ ၀က်စ်ဟမ်းအိမ်ကွင်းကစားအားကောင်း ပြီး နည်းပြဆမ်အလာဒွိုက်စ်ဟာ အတွေ့အကြုံရင့်သူဖြစ်လို့ အာဆင်နယ် ခက်ခက် ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။ ၀က်စ်ဟမ်း ဒီပွဲကို အနိုင်ထက် သရေကိုပဲ ပထမ ဦးစားပေးကစားလာနိုင်ပါတယ်။ သရေကျသွားနိုင်ပါတယ်။
နယူးကာဆယ် - မန်ယူ
ကာလင်းဖလားပွဲ မန်ယူကွင်းမှာ နယူးကာဆယ်ကို ၂-၁ နဲ့ နိုင်ထားပါတယ်။ အခုပွဲက နယူးကာဆယ်ကွင်းဖြစ်လို့ မန်ယူခက်ခက်ခဲခဲ ကစားရဦးမှာပါ။ ဗီဒစ်မပါလို့ မန်ယူနောက်တန်းပေါက်နေပါတယ်။ နယူးကာဆယ်က အိမ်ကွင်းမို့ သရေအနိမ့်ဆုံးကန်နိုင်မယ်ထင်လို့ နယူးကာဆယ်ကိုပဲ ကြိုက်ပါတယ်။
လီဗာပူး - စတုတ်
နိုင်ပွဲပျောက်နေတဲ့ လီဗာပူးပြီးခဲ့တဲ့အပတ်က နိုင်ပွဲတွေ့လို့ အားပြန်တက် သွားပါတယ်။ အခုလီဗာပူးကွင်းမှာ စတုတ်ဟာ ခံစစ်ဦးစားပေးမယ်မထင်ပါဘူး။ လီဗာပူးဟာမန်ယူကို အိမ်ကွင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ အဲဒီခြေစွမ်း မျိုး စတုတ်နဲ့ပွဲမှာ လီဗာပူးကို တွေ့ရနိုင်ပါတယ်။ လီဗာပူးအောင်ဦးမှာပါ။
စပါး - ဗီလာ
စပါးက နောက်ဆုံးသုံးပွဲမှာ အနိုင်ကစားထားပါတယ်။ ရက်ဒင်း၊ ကျူပီအာရ်နဲ့ မန်ယူတို့ကို နိုင်ထားတာပါ။ တစ်ခုသတိထားရမှာက အဲဒီသုံးပွဲစလုံးမှာ ဂိုးတွေ ပြန်ပေးခံထားရပါတယ်။ ဗီလာက ခြေပုံမှန်မရှိလို့ အထင်သေးစရာဖြစ်ပေမယ့် တစ်ဂိုးတော့ ပြန်သွင်းနိုင်လို့ စပါးရဲ့အနိုင်က မပြတ်သားပါဘူး။
ဆောက်သမ်တန် - ဖူလ်ဟမ်
ဒီပွဲက တိုက်စစ်အားပြိုင်ဦးမယ့်ပွဲဖြစ်ပါတယ်။ ဆောက်သမ်တန်ကို လျှော့တွက် လို့ မရပါဘူး။ တိုက်စစ်ကောင်းပါတယ်။ အခုပွဲက အိမ်ကွင်းမို့ ဖူလ်ဟမ် ခက်ခဲဦး မှာပါ။ တိုက်စစ်ဖွင့်မှာမို့ နှစ်ဖက်သွင်းဂိုးများနိုင်ပြီး ဆောက်သမ်တန် နိုင်သွား ပါလိမ့်မယ်။
ဝက်စ်ဘရွန်း - ကျူပီအာရ်
ဝက်စ်ဘရွန်းက အိမ်ကွင်းမှာ ထူးထူးကဲကဲ ခြေစွမ်းနဲ့ ကစားနေပါတယ်။ ကျူပီအာရ်က နောက်တန်းမှာ ဒဏ်ရရနေသူတွေများနေပါတယ်။ ဒါကြောင့် ၀က်စ်ဘရွန်းနိုင်ပွဲ ထပ်ရဦးမယ့်ပွဲဖြစ်ပါတယ်။
ဆွမ်ဆီး - ရက်ဒင်း
ရာသီအစ တာထွက်ကောင်းတဲ့ ဆွမ်ဆီးဟာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျအပြီးမှာ နောက်ဆုံးသုံးပွဲကို ဂိုးပြတ်တွေနဲ့ရှုံးခဲ့ပါတယ်။ ရက်ဒင်းဟာလည်းအခုထိ မနိုင်သေး လို့ ဂရုတစိုက်ရှိလာနိုင်ပါတယ်။ သရေနဲ့ အဆုံးသတ်ဦးမှာပါ။
ဝီဂန် - အဲဗာတန်
အဲဗာတန်ရဲ့ခြေစွမ်းက တော်တော်လေးကောင်းနေလို့ နှစ်ခြိုက်စရာဖြစ်နေ ပါတယ်။ ဒါပေမယ့် အိမ်ကွင်းဆိုရင် ၀ီဂန်ရုန်းအား ပိုကောင်းပါတယ်။ ၀ီဂန် သရေနဲ့ အနိုင်ဖြစ်လာပါလိမ့်မယ်။

0 comments:

Post a Comment