468x60 Ads

Thursday, October 11, 2012

ရီးယဲလ် အသင်းကို အားပေးသည့် ဂျနီဖာ လိုပက်ဇ် မိသားစု

ကမ္ဘာကျော် အဆိုတော် ဂျနီဖာလို ပက်ဇ်သည် ဖျော်ဖြေပွဲ ကျင်းပရန် မိသားစု နှင့်အတူ စပိန်နိုင်ငံ သို့ရောက် ရှိနေကြောင်း သိရသည်။
ဂျနီဖာနှင့် သူမ၏ သားသမီး အမြွှာ နှစ်ဦး ဖြစ်သည့် မက်ဇ်နှင့် အမ်မီတို့ နှစ်ဦးသည် ရီးယဲလ် အသင်းကို အားပေးသည့် အနေဖြင့် ၎င်းအသင်း အင်္ကျီများ ကိုဝတ်ဆင် ခဲ့ပြီး ဖျော်ဖြေပွဲ မတိုင်မီ ပရိသတ် များကို လက်မြှောက်၍ ဝှေ့ယမ်းနှုတ် ဆက်ခဲ့ကြောင်း သိရသည်။
ဂျနီဖာနှင့် သားသမီး အမြွှာ နှစ်ဦးသည် မက်ဒရစ် မြို့၏ လှပသော ရှုခင်းများကို   နှစ်သက် လျက် ရှိကြောင်း ပရိသတ် တစ်ဦး၏ ပြော ကြားချက်အရ သိရသည်၊

0 comments:

Post a Comment