468x60 Ads

Thursday, October 11, 2012

ရှမ်းပြည်တိုးတက်ရေးပါတီ (SSA-N/SSPP) နှင့် ဆွေးနွေးခြင်း


ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSA-N/SSPP) တို့သည် နှစ်ဖက်တပ်များ နေ  ရာ  ချထားရေးနှင့်   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှမ်းပြည်နယ် လား ရှိုးမြို့ တွင်   အောက် တို ဘာ ၁၀ ရက် နေ့လယ် ၁ နာရီခွဲမှ စတင်ဆွေးနွေးနေကြောင်း သတင်း ရရှိ သည်။ 
ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အစိုးရဘက်မှ သမ္မတ ရုံးဝန် ကြီး ဌာ န ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုဝန်ကြီးအချို့ တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်တိုးတက်ရေးပါတီဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးခွန်ဆိုင်းအပါအ၀င် အဖွဲ့ဝင် ၁၀ ဦး တက်ရောက် ဆွေးနွေးနေကြသည်။

0 comments:

Post a Comment