468x60 Ads

Thursday, October 11, 2012

ပတ္တမြား FM ၏ ပရိသတ်အကြိုက်ဆုံး အဆိုတော်အဖြစ် ဆိုတေးနှင့် ဝိုင်းစုခိုင်သိန်းတို့ရွေးချယ်ခံရ

ပတ္တမြား FM တတိယနှစ်ပတ် လည် အထိမ်းအမှတ်အဖြစ် ပတ္တမြား FM ကို တစ်နှစ်ပတ်လုံး သီချင်းတောင်း ဆိုကြသည့် ပရိသတ် အကြိုက် ဆုံး တေးသံရှင်များကို ရွေးချယ်ခဲ့ရာမှာ အဆိုတော် ဆိုတေး နှင့် ဝိုင်းစုခိုင်သိန်း တို့ဖြစ်ကြောင်း သိရသည်။ ပတ္တမြား FM မှ တေးသံ ရှင် ဆိုတေး နှင့် ဝိုင်းစုခိုင်သိန်းတို့ ကိုယ်တိုင် ရွေးချယ်ပေးခဲ့ သည့် သူတို့၏ ပရိသတ် အကြိုက် ဆုံး တေး သီချင်းအစီအစဉ်ကို Best of Audience Choice အမည်ဖြင့် နှစ်ပတ်လည်နေ့ဖြစ်သော အောက်တို ဘာလ ၁ရက်နေ့ အပါအဝင် အောက်တိုဘာလ တစ်လလုံး ထုတ် လွှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။ ပတ္တမြား FM နှစ်ပတ်လည် တိုင်း ထူးထူး ခြားခြား အစီအစဉ် များစွာ ကို ကြိုးစားစီစဉ် ထုတ်လွှင့်ခဲ့ သလို ယခုအောက်တိုဘာလ ၁ရက်နေ့ တတိယ နှစ်ပတ်လည်နေ့တွင် အထူးအစီ အစဉ်များဖြင့် ထုတ်လွှင့် တင်ဆက် ခဲ့ကြောင်း၊ ပရိသတ် များကိုလည်း အမှတ်တရ လက် ဆောင် များ ပေးအပ် ခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment