|
တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ |
|
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ |
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင် သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့
သေ နတ် အတုဖြင့်
စစ်တပ်မှအရာရှိဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရပါတယ်။
ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး
အမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။ ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက
မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင်အမည်မသိလူတစ်ဦးမှ
သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ရောက်လာတဲ့
ရဲအုပ် တင်အောင်နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြ ခဲ့တာကြောင့် အထက်ပါလိမ်လည်သူ
၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့
တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲကိုရောက်လာပါတယ်။ အရာရှိအ၀တ်အစားနဲ့လူက ဗိုလ်ကြီး ရန်နောင်စိုးဖြစ်ကြောင်းနဲ့
နေပြည်တော်မှစေလွှတ်လိုက်တဲ့သူဖြစ်ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း သွားပါတယ်။
ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး
ကားတစ်စီးထပ်တောင်းပါတယ်။ ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကို လုံခြုံ ရေးလုပ်ပေးမယ်လို့ပြောပြီး
ပြန်ထွက်သွားပါတယ်။ ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆိုတာတွေကို
ဆောင်ရွက်ပေးခဲ့တာပါလို့ ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေပူးပေါင်းပြီး
ည ၁၁ နာရီခွဲလောက်မှာ ဒေါ် နန်းစော ရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒိုကား(နံ့သာရောင်)ဖြင့်
လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်း သို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။
၎င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။
၎င်းကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတိုအတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ
ဆက်လက်စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။
0 comments:
Post a Comment