468x60 Ads

Sunday, October 7, 2012

၂၀၁၂ ဒီမိုကရေစီဆုပေးပွဲ နှင့် သတင်းဓာတ်ပုံများ

ယခု အပတ်အတွင်း အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့  ရဲ့  လမ်းတွေပေါ်၊ ရထားတွေ ပေါ်မှာ ဗမာဝတ်စုံ(ဒါမှမဟုတ်) တိုင်းရင်းသားဝတ်စုံတွေ နဲ့  အမေရိကရောက်မြန်မာများ ကို လှုပ်လှုပ်ရှားရှားမြင်တွေ့ နေရပါတယ်။ အပြည်ပြည်ဆိုင်ရာ သတင်းစာတွေ၊ ရုပ်မြင်သံကြားသတင်းတွေ မှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းတွေ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များရဲ့ ဆွေးနွေးမှုတွေ က ဝေေ၀ဆာဆာ နေရာယူလို့ နေပါတယ်။

ဒေါက်တာစင်ဒီယာမောင် နှင့် ကိုကျော်သူ

၂၀၁၂ ဒီမိုကရေစီ ဆု ကို ပူးတွဲ လက်ခံယူကြစဉ်၊ စက်တင်ဘာ ၂၀ ရက်
နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် ရဲရဲ ၀ံ့ဝံ့ စွန့် လွတ် အနစ်ခံမှု များကို ၀ိုင်းဝန်းအသိမှတ်ပြုခြင်းခံရပြီ
 စက်တာဘာလ ၁၉ ရက်နေ့  မနက်ပိုင်းမှာ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ US Campaign for Burma မှ ကိုအောင်ဒင်၊ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်ဒီယာမောင်၊ နာရေးကူညီမှု အသင်း မှ ကိုကျော်သူ တို့   က လက်ရှိမြန်မာ့နိုင်ငံရေး။လူမှုရေး တိုးတက်ပြောင်းလဲမှုများ နဲ့  ဆက်လက်လုပ်ကိုင်ရန် လိုအပ်ချက်များ ကို ဆွေးနွေးကြပြီး၊ မေးခွန်းများကို လက်ခံဖြေကြားခဲ့ပါတယ်။ (နောက်ထပ်ဆုရှင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကတော့ ဆုပေးပွဲ ကို မတက်ရောက်ခဲ့ပါဘူး) 
၀၁၂ ဒီမိုကရေစီ ဆုပေးပွဲအခမ်းအနား ကို   မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။ 
ကျွန်မ လေးစားကြည်ညို ရတဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးက ခေါင်းဆောင်တွေ အားလုံး ကို အခုလို တစုတစည်းတည်း ဆုံတွေ့ ရလိမ့်မယ် လို့  အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ ဂျွန်မက်ကိန်းအပါအ၀င် အမေရိကန်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ က အကြီးအကဲတွေ၊ အခမ်းအနားတက်ရောက်လာသူတွေ ရဲ့ မျက်ဝန်းတွေ မှာ  လေးစားတဲ့ အရိပ်အယောင်တွေ နဲ့  အပျော်အပြုံးတွေ ကူးစက်လို့  နေခဲ့ပါတယ်။
  (NED အကြောင်း အကျဉ်းချုပ်။ ။ ၁၉၈၃ ခု တွင် စတင် ဖွဲ့ စည်းခဲ့သည့် NED အဲန်ဂျီအို အဖွဲ့ သည် US Congress (အမေရိကန်လွှတ်တော်) ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့် အဖွဲ့  ဖြစ်ပြီး၊ နိုင်ငံပေါင်း ၉၀ ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ နှစ်စဉ် အဖွဲ့ ပေါင်း ၁၀၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒီမိုကရေစီ စာစောင်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း အပါအ၀င် လှုပ်ငန်းပေါင်းများစွာ ဖြင့် ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့ ကြီးဖြစ်သည်။ အဲန်ဂျီအို အဖွဲ့ အနေဖြင့် လှုပ်ရှားဆောင်ရွက်နေသော်လည်း၊ US State Department  အစိတ်အပိုင်းတစ်ခုဖြစ်သည့် USAID ( U.S.agency for Development Assistance) မှ နှစ်စဉ် အသုံးစားရိတ်များ ခွဲဝေ ပေးခြင်းခံရသည့် အဖွဲ့ ဖြစ်သည်။၂၀၁၁ ဒီမိုကရေစီ ဆု ကို ဒူနီးရှီးယန်း နှင့် အီဂျစ်နိုင်ငံမှ နိုင်ငံရေးလှုပ်ရှားသူ များ အား ပေးအပ်ခဲ့သည်။) 

0 comments:

Post a Comment