Miss International 2012 ပြိုင်ပွဲကို ဂျပန်နိုင်ငံ အိုကီနာဝါမြို့ တွင်
ပြုလုပ်နေခြင်းဖြစ်ကာကမ္ဘာ တစ်ဝန်းရှိ နိုင်ငံအသီးသီးမှပြိုင်ပွဲဝင် ၆၈ ဦး
ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ယှဉ်ပြိုင်မှုကိုအောက် တိုဘာလ ၂၁
ရက်နေ့တွင်ပြုလုပ် မည်ဖြစ်သည်။ ပြိုင်ပွဲစည်းမျဉ်းများ အရ
အမှတ်ပေးရွေးချယ်ရာတွင် ရေကူးဝတ်စုံ ၀တ်ဆင်မှုအတွက် ၄၅ မှတ်၊ ညနေခင်းဝတ်စုံ
ဝတ်ဆင်မှုအတွက် ၄၅ မှတ်နှင့် နောက်ဆုံးအဆင့် ယှဉ်ပြိုင်ရာတွင် ပြုလုပ်မည့်
အမေးအဖြေ ကဏ္ဍအတွက် ၁၀ မှတ် သတ်မှတ် ထားပါသည်။ပြိုင်ပွဲကို နိုင်ငံတကာပြိုင်ပွဲများ၏ ပုံစံအတိုင်း အသားအရည် ကောင်းမွန်ပြေပြစ်မှု၊ ကိုယ်ခန္ဓာ အချိုးအစား အရိုးအဆစ်ကျန်းမာ သန်စွမ်းမှုစသည်တို့ ဆုံးဖြတ်စစ်ဆေးသည့် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်စေ မှု၊ ကြိုက်နှစ်သက်ရာဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသည့် ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်စေမှု၊ ပြိုင်ပွဲဝင်၏ အထွေထွေဗဟုသုတ ကျွမ်းကျင်မှုကို စစ်ဆေးသည့်မေးခွန်းများ မေးမြန်းမှုစသည်တို့ဖြင့် အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ပါသည်။
ရေကူးဝတ်စုံ(သို့မဟုတ်) Two Pieces ၀တ်စားဆင်ယင်မှုသည် နိုင်ငံတကာ အဆင့်ပြိုင်ပွဲများနှင့် လျော်ညီစွာမဖြစ်မနေ ၀တ်စားဆင်ယင်ရသည့် စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။
အသက် ၂၄ နှစ်အရွယ်ရှိ ရှမ်းပအို့ဝ်လူမျိုး နန်းခင်ဇေယျာသည် အင်္ဂလိပ်နှင့် ဂျာမန်ဧည့်လမ်းညွှန် အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး မတ်လအတွင်း က မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ပြုလုပ်ခဲ့သော အလှမယ် ပြိုင်ပွဲတွင် Miss Myanmar International ဆုကို ရရှိခဲ့သည်။ ထိုဆုရရှိခဲ့ပြီးနောက် ထိုင်း၊ ကမ္ဘောဒီး ယား၊ လာအို အစရှိသော နိုင်ငံများ သို့ Miss Myanmar International အနေဖြင့် သွားရောက်ခဲ့ပြီး Miss International 2012 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
0 comments:
Post a Comment