468x60 Ads

Friday, October 12, 2012

မိမိနောက်ကအောင်မြင်မှု မအောင်မြင်မှု များ ကပ်ပြီးပါလာမည် ဆိုသူ မိုးဟေကို


အနုပညာ အလုပ်ကို ဝါသနာပါ၍ လုပ်ချင်သည့် စိတ်အပြည့်ဖြင့် လုပ်ခဲ့ခြင်း ဖြစ်ပြီး အောင်မြင်မှု၊ မအောင်မြင်မှုများသည် မိမိ အနောက်က ကပ်ပြီးပါလာ မည်ဖြစ် ကြောင်း မိုးဟေကိုက ဆိုသည်။
”အဓိက ကတော့ ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ခွင့်ရတဲ့ အတွက် ပျော်ပါတယ်။ အစ်မတို့ ဖြတ်သန်း ခဲ့ရတဲ့ အတွေ့အကြုံတွေ ကတော့ အစုံပါပဲ။ သင်ခန်းစာ ယူစရာရှိလည်း ယူတယ်။ မှတ်သားစရာ ရှိတာလည်း မှတ်သားတယ်။ ကိုယ့်အလုပ်လေးကို ပုံမှန် အေးအေး ဆေးဆေးလုပ်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် နေတယ်။ စိတ်ရှုပ်စရာ တွေလည်း ခေါင်းထဲမှာ မထည့်ထားဘူး”ဟု အောင်မြင်မှုနှင့် ပတ်သက်၍ သူ့အယူအဆကို ပြောပြသည်။
သရုပ်ဆောင် အပြင် အဆိုဘက် ဝါသနာပါသော မိုးဟေကိုက ”ကားရိုက် ပြီးတာနဲ့ သီချင်းအတွက် အသံသွင်းဖို့ အပြင် ပြန်မထွက်ချင်တော့ဘူး။ အိမ်မှာပဲ မိသားစုနဲ့ အတူတူ နေဖြစ်တယ်။ ဝါသနာတော့ ပါတယ်။ ဒါတွေက ဒုတိယ အဆင့်ပါ။ အချိန်ပေးနိုင်ပြီး အချိန်ရရင် တော့ လုပ်ဖြစ်မှာပါ။ သီချင်း ဆိုတဲ့ အလုပ်က ကိုယ် ကျွမ်းကျင် တဲ့ အလုပ်လည်း မဟုတ်ဘူး။ သီချင်းနဲ့လည်း နေ့တိုင်း ထိတွေ့မှုမရှိဘူး။ သီချင်း ဆိုရတာ ခက်ခဲမှုတွေ ရှိတယ်။ အဲဒါကလည်း ကိုယ့်အတွက် စိတ်ဖိစီး မှုတွေရှိ တယ်” ဟု ပြောပြသည်။

0 comments:

Post a Comment