468x60 Ads

Friday, October 12, 2012

ပြန်လည်ပြေလည်သွားသော KNU ထဲ အမြင်သဘောထားကွဲမှု

အောက်တိုဘာ လဆန်းပိုင်း က KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေး၊ ဗဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကို အဖွဲ့ရဲ့ စည်းမျဉ်း၊ဥပဒေ ချိုးဖေါက်တယ် ဆိုပြီး အဖွဲ့က ထုတ်ပစ်ဖို့ လုပ်သလို၊ တဖက်ကလည်း လာမယ့် စနေနေ့ မှာ မြဝတီမြို့ KNLA ဆက်ဆံရေးရုံး မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ် ဆိုပြီး တင်းမာမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမယ့် KNU တပ်မှူးတွေ၊ ခရိုင်ဥက္ကဌ တွေ ပြန်လည် ကြားဝင် စေ့စပ် ပေးတဲ့ အတွက် နှစ်ဘက်ကြား နားလည်မှု ရသွားပြီ ဖြစ်တဲ့ အကြောင်း KNU ခေါင်းဆောင် ဗဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။ KNU အဖွဲ့ အတွင်းမှာ အမြင်ကွဲလွဲမှု တွေ ကို သင်ပုန်းချေပြီး ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှာ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက် ကြတဲ့ အကြောင်း ဗဒိုမန်းငြိမ်းမောင် က ရှင်းပြပါတယ်။
ကရင်အမျိုးသားထု တရပ်လုံးရဲ့ ညီညွတ်ရေးကို ရှေ့ရှူ တဲ့ အနေနဲ့ အခုလို   ကြေအေးလိုက်ကြတာပါ။   ပြဿနာ အရင်းခံကတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ KNLA တပ်မဟာများ ဆက်ဆံရေးရုံးဖွင့် တဲ့ ကိစ္စ အပေါ်မှာ KNU ခေါင်းဆောင်ပိုင်း အကြား သဘောထား ကွဲရာက KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗိုလ်ချုပ်ကြီး မူတူးစောဆေး၊ ဗဒို စောဒေးဗစ်ထော နဲ့ ဗိုလ်မှူးကြီး ရောဂျာခင် တို့ကိုအဖွဲ့က ထုတ်ပစ်တဲ့ အထိ အခြေအနေ တင်းမာသွားတာပါ။
တဖက်မှာ လည်း ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ တပ်မဟာ ၃ ဆက်ဆံရေးရုံး၊ ထားဝယ်မှာ တပ်မဟာ ၄ ဆက်ဆံရေးရုံး နဲ့ မြဝတီမှာ တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားပြီ ဖြစ်တဲ့ အတွက် နောက်ကွယ် မှာ နက်နဲတဲ့ အကြောင်းအရာတွေ ရှိနိုင်တယ် လို့ အကဲခတ် တွေ ကလည်းသုံးသပ် နေကြပါတယ်။
KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေး ကိုတော့ ဘယ်နေရာ မှာ ဘယ်နေ့ ကျင်းပမယ် ဆိုတဲ့ အကြောင်း ကိုတော့ ထုတ်ဖေါ်ပြောခြင်း မရှိသေးပါဘူး။ ဒါပေမယ့် သတင်းစာ ရှင်းလင်းပွဲ မလုပ်တော့ ဘူးလို့ ဗဒိုမန်းငြိမ်းမောင် က ဘီဘီစီ ကိုပြောပါတယ်။

0 comments:

Post a Comment