468x60 Ads

Sunday, October 14, 2012

ဒီမိုကရေစီစနစ်ကို စည်းစနစ်ကျနစွာ ကျင့်သုံးဆောင်ရွက် ကြရန် သူရဦးရွှေမန်း တိုက်တွန်း

ဒီမိုကရေစီစနစ်သည် အများကြိုက်ကြသော စနစ်ဖြစ်သကဲ့သို့ ၊ အများကသာ ပိုင်ခြင်းကြောင်း   ပြည်ထောင်စု    ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ   ဒုတိယ   ဥက္ကဌ     ဖြစ်သည့် သူရဦးရွှေမန်းက ယနေ့ကျင်းပသော ပြည်ခိုင်ဖြိုးပါတီဗဟိုညီလာခံတွင် ပြောကြားလိုက်သည်။

ထိုသို့ အများနှင့်သက်ဆိုင်နေသောကြောင့်ပင် ဒီမိုကရေစီစနစ်ကို စည်းစနစ်ကျနစွာ ကျင့်သုံးဆောင်ရွက်ကြရန်လည်း လိုအပ်ပြီး ထိုသို့မဟုတ်ပါက ဒီမိုကရေစီကိုအကြောင်းပြ၍ ပရမ်းပတာလုပ်ဆောင်မှုများ ဒီမိုကရေစီ အနိုင်ကျင့်မှုများ ၊မင့်မဲ့စရိုက်ဆန်ခြင်း ၊ဗိုလ်ကျစိုးမိုးမှုများဖြစ်တတ်ကြောင်းကို သတိပြု၍ အများကြိုက်သောဒီမိုကရေစီစနစ်ကို အများအတွက်ကောင်းအောင်လုပ်ဆောင်ရာတွင်ပါတီဝင်ထုတစ်ရပ်လုံး ပါဝင်နေရန်လိုအပ်သည်ဟု သူရဦးရွှေမန်းက ပါတီကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ယနေ့ကျင်းပသောညီလာခံတွင် ပြည်နယ်နှင့် တိုင်းအလိုက် ညီလာခံကိုယ်စားလှယ်များက သက်ဆိုင်ရာ ပြည်နယ်တိုင်းတွင်း မိမိပါတီလှုပ်ရှားမှု၊ စည်းရုံးမှု၊    အခြားပါတီများ၏     လုပ်ဆောင်မှုအခြေအနေများနှင့် ပါတီအပေါ် ပြည်သူလူထု၏ အမြင်သဘောထားများ ၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ပြင်ဆင်သင့်သည်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။

0 comments:

Post a Comment