468x60 Ads

Sunday, October 14, 2012

ရခိုင်ပြည်သူများနှင့်အတူ ကန့် ကွက်လိုက်တဲ့ ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC)ရုံးခန်းဖွင့်လှစ်ခြင်း

အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ် အခြေစိုက်ရခိုင်အမျိုးသားရေးအသင်းမှ ရသေ့တောင်မြို့နယ် ရခိုင်လူထု အစည်းအဝေး၏ အတည်ပြုသတ်မှတ်ချက်များအား ထောက်ခံပွဲ အစည်းအဝေးတစ်ရပ်ကို ယမန်နေ့  အောက်တိုဘာလ ၁၄ရက် နေ့လည် ၁နာရီမှ ညနေ ၄နာရီထိ အောင်မြင်စွာ ကျင်းပခဲ့သည်။

ထိုအစည်းအဝေးသို့ အမေရိကန်ပြည်ထောင်စုပြည်နယ်အသီးသီးမှ ရခိုင်ကိုယ်းစားလှယ်များ မြန်မာတိုင်းရင်းသားများအပါအ၀င် လူ (၁၀၀)ခန့် တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် အဓိကအကြောင်းအရာ အချက်သုံးချက်ကို ဆွေးနွေးတင်ပြဆုံးဖြတ်ခဲ့သည်။

ရသေ့တောင်မြို့ ၌ ပြုလုပ်ကျင်းပခဲ့သည့် ရခိုင်ဒေသလူထုအစည်းအဝေး ၏တောင်ဆိုချက်(၁၈)ချက်၊ ကန့် ကွက်ချက်(၆)ချက်၊ အကြံပြုချက် (၃)ချက် ကိုတက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးတိုင်ပင် သုံးသပ်ကြပြီး တက်ရောက်လာသူအားလုံးမှ တညီတညွတ် တည်းထောက်ခံကြောင်းအတည်ပြုသတ်မှတ်ခဲ့ကြသည်။ထိုအချက်(၁၈)ချက်အားလည်း မြန်မာအစိုးရမှဆောင်ရွက်ပေးရန်တိုက်တွန်းနိုးဆော်လိုက်သည်။

ကမ္ဘာမှူဆလင်အဖွဲချုပ်(OIC)သည် ရခိုင်ပြည်၌ ရုံးခန်းဖွင့်လှစ်၍ ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးတို့ အတူယှဉ်တွဲနေထိုင်ရေးဆိုသော အစီအစဉ်ကို အကျယ်တ၀န်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းအတူယှဉ်တွဲနေထိုင်ရေးအစီအစဉ်အား ရခိုင်ပြည်တွင်းမှ ရခိုင်ပြည်သူများနှင့်အတူ ကန့် ကွက်ပါကြောင်း၊ ဘင်္ဂလီများအား OIC အဖွဲ့ဝင်နိုင်ငံများက ခေါ်ယူကူညီပေးကြပါရန် ရခိုင်ပြည်နယ်ကို အစ္စလာမ်မှူပြုရေးအစီအစဉ်ကို ရပ်တန့်ကရပ်ရန် တိုက်တွန်းလိုကြောင်း၊ လိုအပ်လာလျှင် ကျွန်တော်တို့ တထွေ အရေးကြီးက သွေးနီရလိမ့်မည်ဖြစ်ပါကြောင်း အသင်းနာယက ဦးစံသာ ကဆိုသည်။

0 comments:

Post a Comment