468x60 Ads

Sunday, October 14, 2012

နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှ OIC ရုံးကိစ္စ ရှင်းလင်း

အိုအိုင်စီ ရုံး လာဖွင့်မယ့် ကိစ္စနဲ့ စစ်တွေမှာ ဆန္ဒပြ ကန့်ကွက်မူတွေ ရက်ဆက်ဆိုသလို ပေါ်ပေါက်ပြီးတဲ့ နောက် ပိုင်းမှာ အိုအိုင်စီနဲ့ ရုံးဖွင့်လှစ်ရေး အတွက် သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး ချုပ်ဟာ စစ်တွေကို ရောက်ရှိလာပြီး ရခိုင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ သွားခဲ့တယ်လို့ သိရပါတယ်။နယ်စပ်ရေးရာ ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှဟာ နေပြည်တော် ကနေ စစ်တွေကို ရောက်ရှိလာပြီး ရခိုင်ခေါင်းဆောင် ၁၀ ဦးကို ပြည်နယ် နယ်စပ်ရေးရာ ရုံးသို့ ဖိတ်ခေါ်ကာ စစ်တွေမှာ အိုအိုင်စီ ရုံးဖွင့် ကိစ္စ အပေါ် ဆွေးနွေးသွားခဲ့ပါတယ်။

အခု ညွှန်ကြားရေးမှူးချုပ်ရဲ့ ခရီးစဉ်ဟာ ရခိုင်မှာ အိုအိုင်စီနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက် လာရောက် လေ့လာ စုံစမ်းတဲ့ ခရီးစဉ် ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ် ၁၀ ဦးထဲမှာ ရခိုင်ပါတီက လွတ်တော် အမတ်တွေ အပြင် ဒေသ အန်ဂျီအို တစ်ခု ဖြစ်တဲ့ ဝန်လက် ဖေါင်ဒေးရှင်းက ကိုယ်စားလှယ် တခိျု့နဲ့ မြို့မိ မြို့ဖ တခိျု့လည်း တက်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ခုလို ပြည်သူတွေရဲ့ လိုလား တောင်းဆိုတဲ့ အပေါ်မှာ တကူး တက လာရောက် ပြီး ဆွေးနွေး အဖြေရှာတာ ကတော့ ရခိုင်ဒေသမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

0 comments:

Post a Comment