468x60 Ads

Thursday, November 15, 2012

ဒါဟာ ဟာသပုံမဟုတ်ပါဘူး ကြေကွဲဖွယ်ရာ မြင်ကွင်းလေးပါ...

အသက် ၂၅နှစ် အရွယ်ရှိတဲ့ ဗြိတိန် စစ်သား Barry Delaney ဟာ အရောင်တောက်တောက် အစိမ်းရောင်ကြိုးတစ်ချောင်းဂါဝန်နဲ့ပန်းရောင်ခြေအိတ်ရှည်ကိုဝတ်ဆင်ပြီးသူ့ရဲ့သေဖော်သေဖက်သူငယ်ချင်း Kevin Elliott ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ ဈာပနာ တစ်ခုမှာ ငိုကြွေးနေတဲ့ပုံပါ...
သူတို့နှစ်ယောက်ဟာအာဖဂန်စစ်မြေပြင်မှာအတူတူတာဝန်  ထမ်းဆောင်ခဲ့ကြတဲ့သူ ငယ် ချင်းကောင်း နှစ်
ယောက်ပါ။ သူတို့ အချင်းချင်း ကတိတစ်ခုပေးထားကြတယ်... အခန့်မသင့်လို့တစ်ယောက်ယောက် ကများ လူ့ဘ၀ကနေ အရင်ဆုံးထွက်ခွာသွားရမယ်ဆိုရင် ကျန်ခဲ့တဲ့ တစ်ယောက်က အမျိုးသမီး ၀တ်စုံကို ၀တ်ပြီး သူ့ရဲ့ ဈာပနာကို လာရမယ်... ဒီမည်းမှောင်မှုတွေ ဖုံးလွမ်းနေတဲ့ မီးခိုးရောင် နယ်မြေ အတွက် အရောင်တောက်ပမှုလေး သယ်ဆောင်လာမယ်လို့ ကတိပြုခဲ့ကြတယ်...မြင်ရသူ အဖို့တော့ ရင်ကို ဆူးနစ်စေတယ်ဗျ... သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းကတိစကားတည်ခဲ့ပါပေတယ်....

0 comments:

Post a Comment