468x60 Ads

Wednesday, November 14, 2012

အိန္ဒိယကို လာရောက်ရခြင်းမှာ "ကျွန်မအတွက် ဘာမျှော်လင့်ချက်မှ မရှိပါဘူး ဆိုတဲ့" မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန္ဓီလက်ဆောင်များ
 နယူးဒေလီမြို့သို့ရာက်ရှိနေသောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒ်ါအောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံေ
တော် ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၏ နေအိမ်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက စတင်၍ သွားရောက်တွေ့ဆုံနေပြီ ဖြစ်သည်။
ယခု တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့က ရန်ကုန်မြို့သို့ မန်မိုဟန်ဆင်း လာရောက်စဉ် ကလည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက် တွေ့ဆုံခဲ့ဖူးသည်။
ခရီးစဉ်အတွင်း မျှော်လင့်ချက်များနှင့် ပတ်သက်၍ “ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှုအတွက်ပါ” ဟု နံနက်ပိုင်းက သတင်းထောက်များအား ပြောကြားထားသည်။
ထိုသို့ မတွေ့ဆုံမီ နံနက် ၁၀ နာရီခွဲခန့်ကလည်း အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Ranjan Mathai ကဒေါ်အောင်ဆန်းစုကြည်တည်းခိုရာLeelaPalaceဟိုတယ်သို့လာရောက်တွေ့ဆုံ ဆွေးနွေးသွားခဲ့သေးသည်။

မဟတ္တမဂန္ဓီ အထိမ်းအမှတ် ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံတက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်ဂါရဝပြု အဖြူရောင် ပန်းခွေချပြီးနောက် ဂူဗိမာန် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ လက်ဆောင်များထဲတွင် ဂန္ဓီကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်များနှင့် ဂန္ဓီကြီး ရေးသားခဲ့သောစာအုပ်များ၊ ဂန္ဓီကြီး၏ ကိုယ်တပိုင်း ရုပ်တုနှင့် ဂန္ဓီကြီး၏ ‘လူမှုဒုစရိုက်တရား ၇ ပါး’ စာတမ်းများ ရေးထားရာ စာလိပ်ကြီးတခုလည်း ပါဝင်သည်။
အိန္ဒိယနိုင်ငံသို့ခြောက်ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိလာသည်မှာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက်ဖြစ်
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမအနေနဲ့ သီးသီးခြားခြား မျှော်လင့်ထားချက်ရယ်လို့ မရှိပါဘူး။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက်နည်းလမ်းတွေ ရှာဖွေဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ချစ်ကြည် ရင်းနှီးမှု အတွက်ပါ” ဟုနိုဝင်ဘာလ ၁၄ရက်နေ့ကမဟတ္တမဂန္ဓီဂူဗိမာန်သို့လာရောက်ဂါရဝပြုစဉ်သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြား သွားခဲ့သည်။
လိုဒီးဥယျာဉ်သို့ သွားရောက်လည်ပတ်အင်္ဂါနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီရှိ ထင်ရှားလူသိများသောခရီးသွားများလာရောက်လေ့ရှိရာရှေးဟောင်းသုတေသနဌာနကထိန်းသိမ်းထားသော လိုဒီးဥယာဉ်သို့ သွားရောက်လည်ပတ်ခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီရှီ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမာန် Gandhi Samadhi တွင် ကွယ်လွန်သူ အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး ဂါရဝ ပြုကာ လွမ်းသူ့ပန်းခွေချနေသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။

အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် Gandhi Samadhi ၌ အိန္ဒိယနိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဒီအား ရည်စူး၍ နိုဝင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ နံနက်က လွမ်းသူ့ပန်းခွေ ချကာ ဂါရဝ ပြုခဲ့သည်။ ထိုသို့ဂါရဝ ပြုရာတွင် အောက်လွှတ်တော် အမတ် ကိုဖြိုးဇေယျာသော်၊ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေး အရာရှိ ဒေါက်တာ တင်မာအောင် နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့် ကိုဘန်းနီတို့လည်း လိုက်ပါခဲ့ကြသည်။




0 comments:

Post a Comment