468x60 Ads

Wednesday, November 14, 2012

အိန္ဒိယမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသော နိုင်ငံတော် သမ္မတ အကြောင်း..

မြန်မာနိုင်ငံ၏အဓိကအတိုက်အခံပါတီဖြစ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ကအိန္ဒိယတင်းစာThe Hindu နှင့်အောက်တိုဘာလ ၃၁ ရက် တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့်စစ်တပ်သည်သီးခြားစီသာဖြစ်ကြောင်းပြောကြားခဲ့သည်။''အမှန်ကတော့ သမ္မတက စစ်တပ်နဲ့ အတော့်ကို သီးခြားပါ။ စစ်တပ်ကစစ်တပ်ပါ။အုပ်ချုပ်ရေးက အုပ်ချုပ်ရေးပါ။ ကျွန်မ ဆိုချင်တာ  ကတော့ဖွဲ့  စည်းပုံအခြေခံဥပဒေကဒီမိုကရက်တစ်ကျဖိုအနိုင်နိုင်ဆိုတာပါပဲ။ဒါကြောင့်လည်းစစ်တပ်ကပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်နောက်မှာအပြည့်အ၀ ရှိနေတယ်ဆိုတာကို ကျွန်မတို့ မသိမချင်း ဘာလို့လဲဆိုတော့ သမ္မတကစစ်တပ်ကိုလုံးဝကိုယ်စားမပြုတဲ့အတွက်ကြောင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ နောက်ပြန်မ
သွားဘူးလို့ကျွန်မတို့မပြောနိုင်ပါဘူး''ဟုဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။ပြုပြင်ပြောင်းလဲရေးလုပ်  ငန်းစဉ်သည်နောက်ကြောင်းမပြန်နိုင်ဘူးဆိုသည်ကိုယုံကြည်လက်ခံရန်မည်သည့်အရာသည် စမ်းသပ်မှုဖြစ် မလဲဆိုသည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရက်တစ်မ ကျသည့် ပုဒ်မများကိုပြင်ဆင်ရန်အတွက်စဉ်းစားရန်၎င်းတို့၏အသင့်ရှိမှုသည်စမ်းသပ်မှုဖြစ်လိမ့်မည်ဟုမိမိထင်ကြောင်း
ဖြေကြားခဲ့သည်။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင်သမ္မတဦးသိန်းစိန်၏အခန်းကဏ္ဍနှင့်စပ်လျဉ်း၍မည်မျှအ
မှတ်ပေးလိုသလဲဆိုသည့်မေးခွန်းအပေါ်ဒေါ်အောင်ဆန်းစုကြည်က''သူ့ကိုတော့အမှတ်ပေးရမယ်လိုကျွန်မထင်
ပါတယ်။ဒါပေမယ်လို့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်ပေါ်လာတာကတော့သူတစ်ဦးတည်းကြောင့်လို့တော့ ကျွန်မမထင်ပါဘူး''ဟုပြောကြားခဲ့သည်။ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်က၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
သည်စစ်တပ်ကိုအာဏာအလွန်အကျွံပေးထားကြောင်းစစ်တပ်ကလိုအပ်သည်ဟု၎င်းတို့ထင်ပါကအစိုးရထံမှ
အာဏာများကိုသိမ်းယူနိုင်ကြောင်း၊အမျိုးသားအဆင့်နှင့်ပြည်နယ်အဆင့်ရှိလွှတ်တော်များ၏၂၅ရာခိုင်နှုန်းကို
 ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့်စစ်တပ်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားကြောင်း၊ပြည်နယ်
နှင့်တိုင်းဒေသကြီးအစိုးရများသည်အမှန်တကယ်အာဏာမရှိကြောင်း၊ဗဟိုချုပ်ကိုင်သည့်စနစ်ပဲရှိသေးကြောင်း
၊ယင်းကဲ့သို့ဗဟိုချုပ်ကိုင်သည့်စနစ်သည်ဒီမိုကရက်တစ်တန်ဖိုးများကိုအထောက်အကူပြုမည်မဟုတ်ကြောင်း၊
ယင်းထက်ပိုအရေးကြီးသည်မှာလူမျိုးစုသဟဇာတဖြစ်မှုကိုအားပေးမည်မဟုတ်ကြောင်းအိန္ဒိယတင်းစာThe
Hinduနှင့်တွ့ဆုံမေးမြန်းခန်းတွင်ပြောကြားခဲ့သည်။ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများတောင့်တင်းခိုင်
မာစေရေးကိုလည်းအိန္ဒိယအစိုးရအနေဖြင့်အာရုံစိုက်စေလိုကြောင်း၊ မြန်မာနိုင်ငံသည်များပြားလှသည့်လူမျိုး
စုများနှင့်ပါဝင်သည့် ပြည်ထောင်စုတစ်ခုဖြစ်ကြောင်း၊ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့်ပြည်ထောင်စုတစ်ခုအ
နေဖြင့်အားလုံးပိုမိုနီးကပ်လာစေရေးကိုအာရုံစိုက်စေလိုကြောင်း၊တစ်ချိန်တည်းမှာပင်ဖွံ့ဖြိုးတိုး တက်မှုသည် ဒီမိုကရေစီအတွက်အစားထိုးရန်မဟုတ်ဆိုသည်ကိုလုံးဝသတိမူရန်လိုကြောင်း၊ကျွန်မတို့လူမျိုးစုများ၏ရည်မှန်း
ချက်သည်ဖွံ့ဖြိုးတိုးတက်မှုမျှသာမဟုတ်ဘဲယင်းထက် ကျော်လွန်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြား
ခဲ့သည်။အိန္ဒိယနိုင်ငံခရီးစဉ်မှနိုင်ငံရေးအရမျှော်မှန်းထားမှုမှာနှစ်နိုင်ငံပြည်သူများကြားပိုမိုရင်းနှီးသည့်ဆက်ဆံ
ရေးကိုထူထောင်လိုခြင်းဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့သည်။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံသို့နိုဝင်ဘာလ၁၂ရက်ညပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ
ထိုင်းလေကြောင်းဖြင့်ထွက်ခွာသွားပြီးနိုဝင်ဘာလ၁၃ရက်နေ့မွန်းလွဲပိုင်းတွင်ထိုင်းနိုင်ငံမှတစ်ဆင့်အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။တစ်ပတ်ခန့်ကြာမြင့်မည့်ဒေါ်အောင်ဆန်းစုကြည်၏အိန္ဒိယနို
နိုင်ငံခရီးစဉ်အတွင်းအိန္ဒိယ၀န်ကြီးချုပ်မန်မိုဟန်ဆင်း၊လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး နေရူးအထိမ်း
အမှတ်ဟောပြောပွဲသို့တက်ရောက်ဟောပြောမည်ဖြစ်သည်။

0 comments:

Post a Comment