468x60 Ads

Wednesday, November 14, 2012

ပြေတီဦးမွေးနေ့မှာ အိန္ဒြာကျော်ဇင် ဘာလက်ဆောင်ပေးမှာလဲ...

ဒါရိုက်တာ ဟိန်းစိုးရိုက်ကူးတဲ့ ‘ပြိုင်ဘက်’ ဇာတ်ကားမှာ လူမင်းနဲ့အတူ သရုပ်ဆောင်နေတဲ့ အိန္ဒြာကျော်ဇင်က သီတင်းကျွတ် လပြည့်နေ့မှာ နှစ်ဖက်လူကြီး မိဘတွေကို မိသားစုနဲ့အတူ လိုက်ကန်တော့ဖြစ်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ၃ဝရက်နေ့မှာကျရောက်မယ့် ပြေတီဦးရဲ့မွေးနေ့အတွက် လက်ဆောင်ပေးဖို့ ဘာစီစဉ်ထားပြီလဲလို့ အိန္ဒြာကျော်ဇင်ကို မေးတော့ ”ဘာပေးရင် ကောင်းမလဲတော့ စဉ်းစားနေတယ်။ ပစ္စည်းတစ်ခုက ကိုယ်လိုချင်တဲ့ အရာကိုပေးရင် ပိုကြိုက်တတ်ကြတယ်လေ။ ကိုယ်လိုချင်တဲ့ အရာကိုပေးရင် အဆင်လည်းပြေတယ်။ ပိုလည်းကြိုက်တတ်ကြတော့ အစ်မက အဲဒီလိုမျိုးလေးဖြစ်စေချင်တယ်။ကိုယ့်ဟာကိုပေးတယ်ဆိုတာထက်သူဘာလိုချင်မလဲ၊ဘာလိုအပ်မလဲဆိုတာ
ကို မေးပြီး ပေးချင်တာ။ သူကတော့ တင်းနစ်နဲ့ ပတ်သက်တာကို လိုချင်တယ်ပဲပြောမှာပဲ”လို့ ပြောပြီး မနှစ်က မွေးနေ့မှာတော့ တင်းနစ်ဖိနပ်လေးကို လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။
ပြေတီဦးရဲ့မွေးနေ့မှာနှစ်ရက်ခွဲပြီးကျင်းပမယ့်ပြေတီဦးဖောင်ဒေးရှင်းရန်ပုံငွေပွဲမှာပါဝင်မယ့်အိန္ဒြာကျော်ဇင်က “လူကြီးတွေနဲ့meetingပြန်ထိုင်ပြီး ဘယ်လိုပုံစံလေး လုပ်မယ်ဆိုတာ တိုင်ပင်ဆွေးနွေး ကြရဦးမှာလေ။ နှစ်တိုင်း လုပ်နေတယ်ဆိုတော့ အရင်နှစ်နဲ့မတူအောင် ထူးခြားအောင် ဘာလုပ်ကြမလဲလို့ အကုန်လုံးက ခေါင်းထဲမှာ ရှိကြတယ်။ မတူအောင်တော့ လုပ်ကြမှာပါ”လို့ ပြောပြပါတယ်။

0 comments:

Post a Comment