468x60 Ads

Monday, November 19, 2012

ပြည်သူ့လွတ်တော်ဥက္ကဌကြီး လည်း တရားဥပဒေနှင့် ရင်ဆိုင် ရတော့မည်..

နိုဝင်ဘာလ၁၄ရက်နေ့တွင်ပြုလုပ်သောပြည်ထောင်စုလွတ်တော်ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုစာ
ရင်းစစ်ချုပ်၏ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးသိန်းထိုက်က အစိုးရ၀န်ကြီးဌာန ၁၅ ခုအား အလွဲသုံးစားမှု၊ မသမာသော သဘောဆောင်ရွက်မှုတို့ကြောင့် နိုင်ငံတော်မှ နစ်နာငွေကျပ်သန်း ၅ သောင်းကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သိန်းကျော်ရှိခဲ့သဖြင့် ပြောဆိုခဲ့သည်။
နိုင်ငံတော်သို့ ပေးသွင်း ရမည့် ရရန်ကြွေးအများဆုံးမှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ကျပ်သန်း ၃၅၆၅၃.၇၀၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၇၀၆၅၅.၀၂၀ တို့ ဖြစ်ကြောင်းသိရှိရသည်။
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနမှရရန်ငွေအများစုမှ ပြည်သူ့လွတ်တော်ဥက္ကဌဦးရွှေမန်း၏သားများပိုင်
သောဇေယျာရွှေဝါကုမ္မဏီမှဖြစ်ကြောင်းသိရသည်။၎င်းငွေကြေးများအားဦးရွှေမန်းပုသိမ်တိုင်းမှူးဘ၀တွင်မြူ
ရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးမောင်မောင်သိန်းထံမှ အာဏာအလွဲသုံးစားပြုလုပ်ပြီး ချေးယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်အထိပြန်မဆပ်နိုင်သေးကြောင်းသိရသည်။ထိုသို့ပေးရန်ငွေများအားယခုဘဏ္ဍာရေးနှစ်မကုန်မီပြန်
လည်ပေးသွင်းရန်နှင့်မပေးဆပ်နိုင်ပါကဒဏ်ကြေးများချခြင်းဥပဒေအရတရားစွဲဆိုခြင်းပြုလုပ်မည်ဟုသိရသည်။ ဦးရွှေမန်း၏သားများပိုင်ဆိုင်သောဇေယျာရွှေဝါကုမ္မဏီသည်ဧရာဝတီတိုင်းအတွင်းဆန်စပါးလုပ်ငန်းအပါအ၀င် လုပ်ငန်းအများစုကိုလုပ်ကိုင်ခဲ့သည်။ဦးရွှေမန်း၏သားတစ်ဦးဖြစ်သောတိုးနိုင်မန်းမှာလဲ အရာရှိငယ်ဘ၀တွင် ကားပြိုင်မောင်းသဖြင့်အရာရှိငယ်၂ဦးသေဆုံးသွားပြီး၎င်းနေရာတွင်အခြားတစ်ယောက်အစားထိုးထောင်ကျ
ခံစေကာ ယခုထိအရေးယူခံရခြင်းမရှိကြောင်း သိရှိ ရသည်။

0 comments:

Post a Comment