468x60 Ads

Monday, November 19, 2012

သမ္မတဦးသိန်းစိန်နှင့် အိုဘားမား ဘာတွေပြောခဲ့သလဲ..

အမေရိကန်သမ္မတအိုဘားမားကသမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သောစကားများမှ ကောက်နှုတ်
ချက်အချို့ (မှတ်ချက်- အိုဘားမား၏ ပြောကြားမှုကို စကားပြန်မှ တစ်ဆင့်ဘာသာပြန်ပေးပြီး၊ ၄င်း၏ ဘာသာပြန်ချက်အတိုင်း ဖြစ်ပါသည်)
"နိုင်ငံတော်သမ္မတကြီး(သမ္မတဦးသိန်းစိန်)ကနေဆောင်ရွက်ခဲ့တဲ့နိုင်ငံရေးအရတိုးတက်အောင်ဆောင် ရွက် ခဲ့တဲ့  ကိစ္စတွေ ပြုပြင်ပြောင်းလဲ မှုတွေ၊ စီးပွားရေး အရ ပြုပြင်ပြောင်း လဲ မှုတွေက တကယ်ပဲ ဒီနိုင်ငံကို တိုး
တက်  ရာ တိုးတက်ကြောင်းတွေ ဖြစ်စေမယ့် အကြောင်းရှိပါတယ်။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တိုးတက်မှုတွေလုပ်တာက တကယ်ပဲ ဒေသတွင်း တိုးတက်မှုတွေ၊ ဒီနိုင်ငံတင်မက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။ရှေ့ဆက်မယ့်ခရီးရှည်အတွက်ဒါဟာခြေလှမ်းတစ်ရပ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။
နောက်တစ်ခုကသမ္မတကြီးတို့အနေနဲ့ဆုပ်ဆုပ်ပိုင်ပိုင်လုပ်ခဲ့တဲ့ကိစ္စတစ်ခုကတော့လူအများကို သေကြေပျက်
စီးစေနိုင်တဲ့လက်နက်ကြီးတွေကိုမပျံ့ပွားအောင်လုပ်တဲ့ကိစ္စမှာဒါတွေကအရေးကြီးပါတယ်။အဲဒါတွေကိုလည်း လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ သမ္မတကြီးအခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်တင်မကဘဲ နောက်လည်းလာနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။"

0 comments:

Post a Comment