468x60 Ads

Monday, November 19, 2012

ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဆုကို ရော်နယ်လ်ဒို ရသင့်ကြောင်း ကားလို့စ် မျှော်လင့်

ယခုနှစ်ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု(FIFABallond'Or)ကိုခရစ္စတီယာနို ရော်နယ်လ်ဒိုအား ပေးအ
အပ်သင့်ကြောင်း ရောဘတ်တို ကားလို့စ်က ပြောကြားလိုက်သည်။
ဘရာဇီးလ်ဂန္ထဝင်ဘယ်နောက်ခံကစားသမားဟောင်းကြီးကယခုနှစ်ကမ္ဘာ့အကောင်းဆုံးဆုကို ရော်နယ်လ်ဒို ရရှိစေလိုကြောင်း ဝန်ခံခဲ့သည်။ ၎င်းက ရီးယဲလ်မက်ဒရစ် ကစားသမားကို ဆန္ဒပြုပေးခဲ့သလို တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟို ရသင့်ကြောင်း ကောက်ချက် ချခဲ့သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဘာစီလိုနာနှင့် အာဂျင်တီးနား လက်ရွေးစင် အသင်း တိုက်စစ်မှူး မက်ဆီက ပြီးခဲ့သည့် (၃)နှစ်ဆက်တိုက် ဆွတ်ခူး သိမ်းပိုက်နိုင်ခဲ့သည်။
ကားလို့စ်က "ဒီနှစ်လည်း လူတိုင်းက မက်ဆီအကြောင်းချည်း ပြောနေသလိုပဲ။ ဒါပေမဲ့ ကျွန်တော်ကတော့ သူဟာ ရသင့်တဲ့ ဂုဏ်ပြုမှုတွေကို လုံလုံလောက်လောက် ပိုင်ဆိုင်ပြီးပြီ ထင်ပါတယ်။ သူ့ရဲ့ ဆုတံဆိပ် ဘီရိုမှာလည်း နေရာတောင် မဆံ့လောက်တော့ပါဘူး" ဟု FIFA.comသို့ ပြောကြားခဲ့သည်။ ၎င်းက "ဒါကြောင့်ကျွန်တော်ရော်နယ်လ်ဒိုကိုထောက်ခံပါတယ်။သူဟာအသင်းကိုမတူညီတဲ့အခြေအနေမျိုးတွေကနေ အနိုင်ရစေဖို့ စွမ်းဆောင်နိုင်သူပါ။ တိုက်စစ်ကို ပုံစံမျိုးစုံ ကစားနိုင်ပါတယ်။ နောက်တစ်ခါလောက် ဒီဆုကိုရဖို့ သူက ထိုက်တန်နေပါတယ်"ဟုလည်း ဆိုသည်။
ကားလို့စ်က နည်းပြဆုနှင့် ပတ်သက်ပြီး "ဘာစီလိုနာကို ဂျိုးဆက် ဂွာဒီယိုလာ စွန့်ခွာသွားချိန်မှာ ဒီဆုဟာမော်ရင်ဟိုပဲရထိုက်သွားပြီလို့ကျွန်တော်ထင်မိပါတယ်။ကလပ်အသင်း တစ်ခုဟာ နိုင်ငံလက်ရွေးစင် အသင်းတစ်ခုထက် ကိုင်တွယ်ဦးဆောင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော် ရီးယဲလ်မှာ ကစားတုန်းက ဖေဘီယို ကာပယ်လိုဟာ အကောင်းဆုံးတွေ လုပ်ပြဖူးပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုရဲ့ ရလဒ်တွေကို ပြန်ကြည့်ရင် သူ့ရဲ့ နည်းပြစွမ်းရည် ထက်မြက်မှုဟာ ပိုပေါ်လွင်နေမှာပါ။ သူဟာ တွေ့ကြုံလာတဲ့ အခြေအနေတွေကို ပီပြင်ဆီလျော်အောင် ထိန်းသိမ်းနိုင်သူပါ"ဟု မှတ်ချက်ပြုသွားသည်။

0 comments:

Post a Comment