468x60 Ads

Monday, November 12, 2012

တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ကို မချေမငံ ပြောဆိုခဲ့သော ဗိုလ်မင်းသန်းထွန်းအားအမှုဖွင့်

နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး သက်ထွန်းဦး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် နယ်မြေ (၂) မှ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များ ကမ္ဘာအေးလမ်းမပေါ် ဖူစန် တရုတ်ဘုံကျောင်းရှေ့တွင် တာဝန်အရ ယာဉ်များကို ရပ်တန့် စစ်ဆေးနေစဉ် ချော်တွင်းကုန်း ဘက်မှ ကုက္ကိုင်းဘက်သို့ ယာဉ်မောင်း သန့်ဇင် ( ၂၈ ) နှစ် မောင်းနှင် လာသော ၈ဇ/ ၇၂၂၇ ဟိုင်းအေ့ မိုက်ခရိုဘတ်အဖြူနံသာရောင်ကိုယ်ပိုင်ယာဉ်မှာအရှိန်မထိန်းနိုင်ဘဲပိတ်ဆို့တားဆီးစစ်ဆေးရာတွင်အသုံးပြု
သည့်ဗယ်ရီဂိတ်ကိုဝင်တိုက်မိခဲ့ကြောင်းယင်းရဲတပ်ဖွဲ့ရုံး၏အမှုဖြစ်စဉ်တွင်ဖော်ပြထားသည်။ အဆိုပါယာဉ်နှင့် ဗယ်ရီဂိတ် ပျက်ဆီးသွားပြီး ယာဉ်ပေါ် လိုက်ပါလာသူ ကြည်း (၅ဝ၉၃၈ ) ဗိုလ်သန်းမင်းထွန်း က ကားပေါ်မှဆင်းလာကာ တာဝန်ကျ တပ်ဖွဲ့ဝင်များကို မချေမငံ ပြောဆိုခဲ့ခြင်းကြောင့် အမှတ်( ၃ ) တပ်ထိန်းတပ်ဖွဲ့သို့ ဆက်သွယ် အကြောင်းကြားထားပြီး ဖြစ်စဉ်နှင့် ပက်သက်၍ ဗဟန်းရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၂၈ / ၁၂ ၊ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက် အရ သိရသည်။

0 comments:

Post a Comment