468x60 Ads

Monday, November 12, 2012

ရွန်နီ ဂိုး(၂၀)အထက် သွင်းမည်ဟု ဖာဂူဆန် ယုံကြည်

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဝိန်းရွန်နီသည် အသင်းအတွက် ယခုရာသီ ဂိုး(၂၀)မျှ သွင်းပေးနိုင်မည်ဟု ထောက်ခံ ပြောကြားလိုက်သည်။
ရွန်နီသည် တိုက်စစ်တွင် ရော်ဘင် ဗန်ပါစီ၏ ခြေစွမ်းပြမှု အရိပ် ထိုးခြင်းကို ခံနေရသလို ယခုရာသီတွင် တိုက်စစ်နေရာထက် ကွင်းလယ်ကို အားပြုသော Playmaker ပုံစံမျိုး ပိုမို အားပြု ကစားလာခဲ့သည်။ ထိုအနေအထားတွင် ရွန်နီ၏ ဂိုးသွင်းနှုန်း ကျဆင်း သွားမည်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း ဖာဂူဆန်ကမူ အင်္ဂလန် လက်ရွေးစင် တိုက်စစ်သမားသည် မန်ယူအတွက် ဂိုး(၂၀) သွင်းပေးမည်ဟု ခိုင်ခိုင်မာမာ ပြောဆိုသွားသည်။ ရွန်နီသည် ယခုရာသီ တတိယမြောက် သွင်းဂိုးကို စပို့တင်း ဘရာဂါနှင့် ချန်ပီယံလိဂ် ပွဲစဉ်၌ ပင်နယ်တီမှ တစ်ဆင့် ရရှိခဲ့သည်။ထိုအတော အတွင်း ဗန်ပါစီက မန်ယူအတွက် (၁၁)ဂိုး၊ဟာဗီးယားဟာနန်ဒက်ဇ်က(၆)ဂိုးစီသွင်းယူပေးထားပြီးဖြစ်သည်။ဖာဂူဆန်က"ရွန်နီဟာဂိုး (၂၀)နဲ့အ
ထက်သွင်းပေးမှာပါ။ဒါကိုကျွန်တော်သေချာပေါက်ပြောရဲတယ်"ဟုဆိုသည်။"ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းမှာ အားကောင်းမောင်းသန်ပေါင်းစပ်မှုမျိုးရှိနေတာပါ။ဗန်ပါစီကအတွေ့အကြုံရင့်ကစားသမား တစ်ယောက်ဖြစ် ပါတယ်။သူနဲ့တွဲကစားနေတာဟာရွန်နီအတွက်ဂိုးသွင်းခွင့်တွေပိုပြီးဖြစ်ပေါ်စေပါတယ်"ဟုလည်း ဖာဂူဆန်က မှတ်ချက်ပြုခဲ့သည်။
၎င်းက "လက်ရှိ အသင်းတိုက်စစ်မှာ ဗန်ပါစီက (၁၁)ဂိုးနဲ့ ဟာနန်ဒက်ဇ်က (၆)ဂိုး သွင်းပေးထားပါတယ်။ ဒါဟာ ဟာနန်ဒက်ဇ်ရဲ့ ပုံစံကောင်း ပြန်ရလာတာပါ။ တစ်ဖက်က ကြည့်ရင် နွေရာသီမှာ အပြည့်အဝ အနား ရခဲ့တာကသူ့ရဲ့ခြေစွမ်းပြန်တက်လာဖို့အထောက်အကူဖြစ်ခဲ့တယ်ထင်ပါတယ်"ဟုလည်း ပြောဆိုသွားသည်။

0 comments:

Post a Comment