468x60 Ads

Wednesday, December 5, 2012

အော်သူလားဗိုလ်ကြီးနေမျိုးဇင်ဆိုတာ

နေမျိုးဇင် ဘယ်သူလဲ၊ ဘာကောင်လဲ ဆိုတဲ့အကြောင်း ဒီရက်ပိုင်းမှာ သတင်းပြန့်လာပါတယ်။ အချို့က သူရဲကောင်း တစ်ယောက် သဖွယ်ချီးကျူးကြပါတယ်၊ အချို့ကတော့ အာဏာရူးနေသူဟု ရှုံ့ချကြပါတယ်။ အများစုက နေမျိုးဇင် ကို ယခုမှ နာမည်ကြားဖူးသော နိုင်ငံရေးသမား ဟု ထင်ကြပါတယ်။ အမှန် ကတော့ နေ မျိုးဇင် ဆိုတာ သူရဲကောင်းလည်းမဟုတ်ပါ၊ နိုင်ငံရေးအကြောင်းလည်း ဘာမှ တတ်သိ နား လည် သူ မဟုတ်ပါ။
၁၉၇၅ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် မွေးဖွားသော ယနေ့ အသက် ၃၈ နှစ်အရွယ် နေမျိုးဇင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင်မွေးဖွားခဲ့ပြီးနောက် ၁၀ တန်းအောင်ပြီးချိန်တွင် အခြောက်နဲ့ တူသဖြင့်ဖခင်ဖြစ်သူဦးငွေဇင်မှစစ်တက္ကသိုလ်သို့ပို့ဆောင်ခဲ့ပါတယ်။  နွဲ့နွဲ့နှောင်းနှောင်းနေတတ်တဲ့ နေမျိုးဇင် ဟာ ဖခင်နဲ့ မတည့်ခဲ့တာကြောင့် မိခင် ဒေါ်သီ နှင့် အဖွားများကပဲ စောင့်လျှောက်ခဲ့ရပါတယ်။ ဗိုလ်လောင်း ဘဝ ရောက် ပြီးနောက် စစ်တပ်မှ စစ်ပုံသွင်းခဲ့ရာမှ ယောင်္ကျားပုံ ပြန်ပေါက်လာခဲ့သဖြင့် ဖခင်နှင့် ပြန်ပြီး အစဉ်ပြေခဲ့ပါတယ်။င်းအမှတ်စဉ်၃၉တွင်တတ်ရောက်ချိန်မှာနေမျိုးဇင်ကို အမှတ်စဉ်တူဗိုလ်လောင်းများက "ထေကြီး" လို့ ခေါ်ကြကြောင်းသိရပြီး ဦးထုတ်စောင်းပုံ၊ ဝတ်စားနေထိုင်ပုံများက စမက် မကျ ပဲ ပေစောင်း စုတ် ပျက်နေသောကြောင့် ထေကြီး ဟု ခေါ်ကြတယ်လို့ ဆိုပါတယ်။ဗိုလ်လောင်းဘဝမှာ သူများတွေလို လိုက်ပြီး အတူတကွ မလေ့ကျင့်နိုင်တာကြောင်း ဆေးနားအမြဲ ယူခဲ့တယ်လို့သိရပါတယ်။
ဗိုလ်လောင်း အမှတ်စဉ်  ၃၉ တွင်တတ်ရောက် ချိန်မှာ နေမျိုးဇင်ကို အမှတ်စဉ်တူဗိုလ်လောင်းများက "ထေကြီး" လို့ ခေါ်ကြကြောင်းသိရပြီး ဦးထုတ်စောင်းပုံ၊ ဝတ်စားနေထိုင်ပုံများက စမက် မ ကျ ပဲ ပေစောင်း စုတ်ပျက်နေသောကြောင့် ထေကြီး ဟု ခေါ်ကြတယ်လို့ ဆိုပါတယ်။ဗိုလ်လောင်း ဘဝမှာ သူများတွေလို လိုက်ပြီး အတူတကွ မလေ့ကျင့်နိုင်တာကြောင်း ဆေးနားအမြဲ ယူခဲ့တယ်လို့သိရပါတယ်။
၁၉၉၈ ခုနှစ်မှာ ဗိုလ်လောင်းကျောင်းပြီးချိန်မှာ ဆွာမြို့မှာ တာဝန်ကျခဲ့ပြီးနောက် မကြာခင်မှာ တပ်ထိန်းတပ်မှာ တာဝန်ကျခဲ့တာကြောင့် စစ်သားဘဝကိုကောင်းကောင်းမသိ စစ်မတိုက်တတ်ခဲ့ပေ။
ယခုထိဗိုလ်ကြီးဟောင်းကွဆိုပြီးမာန်တတ်နေတဲ့ နေမျိုးဇင်ဟာ ဇင်မျိုးမော် ကို လိုက်ခဲ့ပါတယ်။ အဲဒီနောက်  အိမ်ထောင်ကျပြီး ချက်ချင်းပဲ သားတစ်ယောက် ရခဲ့ပါတယ်။တောင်းကြီးတွင် တာဝန်ကျစဉ်က တပ်ထိန်း တပ် ကြပ် ကြီးတစ်ဦး၏ ဇနီးတစ်ဦးကို ကြာခိုမှုကြောင့် နာမည်ပျက်ခဲ့ပြီး မကြာခင်မှာပဲ တပ်က ထွက် သွား ခဲ့ ရ ပါတယ်။
၂၀၀၆ ခုနှစ်တွင် စင်္ကာပူ သို့ထွက်ခွာခဲ့ပြီး ကုန်ကားမောင်းခဲ့ပါတယ်။ စစ်ဗိုလ်ဘဝမှ ကားဆရာဘဝသို့ ချက်ချင်းပြောင်းသွားတဲ့နေမျိုးဇင်ဟာ ဘဝပျက်ကာ ဒုက္ခလှလှရောက်ခဲ့ပါတယ်။ အဲဒီနောက် ပိုက် ဆံ ခိုး ယူ မှုဖြင့်အလုပ်ပြုတ်ခဲ့ပြီး ဦးရော်နီငြိမ်းထံအကူအညီတောင်းရာမှ ပြည်ပရောက် စစ်မှုထမ်းဟောင်း အဖွဲ့ ဝင်ဖြစ် ကာ ထောက်ပံ့ကြေးရယူပြီး နိုင်ငံရေးလောကထဲ စရောက်ခဲ့ပါတယ်။ အဲဒီနောက် အင်တာ ဗျူးတွေ မှာ စစ် တပ်မကောင်းကြောင်းတွေ ပြောကာ ဝင်ငွေရှာဖွေခဲ့ရပါတယ်။
ပြည်ပတွင် ၄ နှစ်ကျော်နေထိုင်ပြီးနောက် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ပါတယ်။အဲဒီနောက် မယားဖြစ်သူ ဇင်မျိုးမော် ပိုင်ဆိုင်တဲ့ မှာ BEST 39 အင်တာနက်ဆိုင် ကို မှီခိုပြီး အလုပ် လက်မဲ့ အဖြစ် ယခု ထိ နေ ထိုင်လျှက်ရှိပါတယ်။နေမျိုးဇင်ဟာ ယခုအခါ ဒဂုံမြို့သစ်ရှိ ၁၉ ရပ်ကွက်၊ စည်ပင်လမ်း မှာ  နေ ထိုင် လျှက်ရှိပြီး စစ်တပ်ကထွက်ပြီးကတည်းက စီးပွားရေး မယ်မယ်ရရ မရှိပဲ မိန်းမလုပ်စာကို စားနေခဲ့ပါတယ်။

နေမျိုးဇင်ဟာ အခုချိန်မှာ မြန်မာပြည်သူတွေကို ချစ်သလိုလို၊ အလုပ်အကျွေးပြုချင်သလိုလို လုပ်ပြနေပေ မယ့် ၎င်း ရဲ့ အစ်ကို အရင် ဦးအောင်ကျော်ဇင် ကတော့ မြန်မာနိုင်ငံကို ခြေစုန်ပစ် ထွက်သွားပြီ ဂျပန် နိုင်ငံ သား ခံယူထားပါတယ်။ နောက်ထပ် အစ်ကိုအရင်းဖြစ်တဲ့ ဦးမြင့်မြတ်ဇင် ကလည်း စင်္ကာ ပူရောက်နေပြန် ပါတယ်။ နေမျိုးဇင်က ညီအစ်ကို ငါးယောက်ထဲမှာ တတိယ သားဖြစ်ပါတယ်။အမေရိ ကန်ရောက် တုန်းက လည်း ယခု ကဲ့သို့ပင် ဗိုလ်ကြီးဟောင်းပါဆိုပြီး မာန်တတ်ကာ စစ်တပ်အကြောင်း သူအကုန်သိ၊ သူ အကုန် တတ် သဘောဖြင့် အင်တာဗျူးတွေလုပ်ခဲ့ပါတယ်။ အဲဒီချိန်အတွင်း အသုံးချလိုတဲ့ နိုင်ငံရေးသမားနဲ့ သတင်း ဌာနများ က ဆက်သွယ်မှုကိုကျေနပ်ကာ နိုင်ငံရေးသမားလိုလို ဘာလိုလိုစတင်ပြောင်းလဲလာပါတယ်။ 
၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံပြန်ရောက်လာခဲ့ပြီး အင်တာနက်မှတဆင့် မဟုတ်မမှန် သတင်းများကို သတင်းဌာနများသို့ ပေးခဲ့ပါတယ်။ ၂၀၁၀ မှာ အီလက်ထရောနစ်ပုဒ်မ ၃၃(က)၄ နဲ့ ထောင် ၁၀ နှစ် ကျ ခဲ့ပေမယ့်ရေချိုးခန်းထဲတွင် ချော်လဲအောင် သေချာလုပ်ကာ ဗိုလ်လောင်းတုန်းက အကျင့် အတိုင်း ဆေးနား ယူခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်ပေးချိန်မှာတော့ နေမျိုးဇင် ကို လွှတ်ပေးခဲ့ပါတယ်။ နေမျိုးဇင်ဟာ ထောင်ထဲမှာ ၆ လာ သာနေခဲ့ရပြီး အဲဒီ ၆ လ မှာ လည်း  ဆေး ရုံနဲ့ေ ဆး ခန်း မှာနေတဲ့အချိန်က များခဲ့ပါတယ်။
ထောင်ကထွက်ပြီးချိန်မှာ ခါးမှာ ခါးပတ်ပြားကြီးဝတ်ဆင်ထားရပြီး ဂျိင်းထောက်နဲ့ပင် တခါမှမရောက်ဖူးတဲ့ NLD ရုံးကိုသွားခဲ့ပါတယ်။ အရင်တုန်းက ဘာခံယူချက်မှမရှိ၊ ဘာနိုင်ငံရေးအသိမှမရှိတဲ့ နေမျိုးဇင် ဟာ ၆ လ ထောင်ကျဖူးပြီးပြန်လွတ်ချိန်မှာတော့ နိုင်ငံရေးအကျဉ်းသား ချက်ချင်းဖြစ်သွားပါတယ်။ 
အဲဒီနောက် နိုင်ငံခြားက ထောက်ပံ့ကြေးတွေနဲ့ ဝယ်လာတဲ့ ကားကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်ချိန်တွေ၊ ရန်ကုန်မြို့တွင်းသွားချိန်တွေမှာ ဟိုယောင်ယောင် ဒီယောင်ယောင်လိုက်ပါခဲ့ပါတယ်။ ဖယောင်းတိုင်မီးထွန်းဆန္ဒပြချိန်နဲ့ ငြိမ်းချမ်းရေးနေ့ ဆန္ဒပြချိန်တွေမှာ သူများတွေလို နှဖူးကို ပုဝါစည်းကာ ဆန္ဒတွေ စပြီး ပြခဲ့ပါတယ်။
နိုင်ငံရေး လှုပ်ရှားသူတွေက ညီလေးခေါ်သမျှ၊ မင်းနဲ့ငါနဲ့ ပြောသမျှတွင် ကြေကြေနပ်နပ်ကြီးခံယူကာ သူ့ ကိုယ် သူ ဗိုလ်ကြီးလို့ သဘောမထားကြောင်း အမြဲပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ သူ့ ကိုယ် သူ ဗိုလ်ကြီးဟောင်းပါဆိုပြီး ရဲတပ်ဖွဲ့တာဝန်ကျများကို မင်းနဲ့ငါ နဲ့ မပြောဖို့ အော်ဟစ်ကာ မိုက် မိုက် ရိုင်း ရိုင်း ဆက်ဆံခဲ့ပါတယ်။
ခုအခါ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်ဆိုပြီး အဖွဲ့ဖွဲ့ကာ အလှူငွေများကောက်ခံပြီး နေထိုင် စားသောက် လျှက်ရှိပါတယ်။
Ref: myanmar express


0 comments:

Post a Comment