468x60 Ads

Wednesday, December 5, 2012

ဘင်ဖီကာအသင်း၏တိုက်စစ်အပေါ်စိုးရိမ်နေသည့်ပီကေး

ဘာစီလိုနာ အသင်း၏ နောက်ခံလူ ပီကေးမှ သူသည် ဘင်ဖီကာ အသင်း၏ တိုက်စစ်ကို စိုးရိမ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘာစီလိုနာ အသင်းသည် ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲတွင် (၅)ပွဲ ကစားပြီး (၄)ပွဲနိုင်ဖြင့် ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့ပြီ ဖြစ်သော်လည်း ပြိုင်ဘက် ဘင်ဖီကာ အသင်းသည် အုပ်စု ဒုတိယနေရာ အတွက် ဆဲလ်တစ် အသင်းနှင့် ယှဉ်ပြိုင်နေရပြီး ယခုပွဲစဉ်တွင် အနိုင် ရရှိမှ သာ နောက် တစ် ဆင့် တက်ေ ရာက်ရန် မျှော်လင့်ချက်ရှိမည့် အသင်းဖြစ်သည်။ ပီကေးမှ “သူတို့ အသင်းက အိန်းအား၊ ကာဒို ဇို တို့ နဲ့ တိုက်စစ်အရမ်း အားသန်တဲ့ အသင်းပါ။ သူတို့တွေဟာ စွမ်ရည်ပြည့်ဝ နေပြီး ဒီကိုအနိုင်ကစားဖို့ အတွက် လာကြမှာ ပါ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
Ref:soccer myanmar

0 comments:

Post a Comment