468x60 Ads
Thursday, February 27, 2014
NLDမှာဒေါ်အောင်ဆန်းစုကြည်ကလွဲပြီးကျန်တဲ့ကောင်တွေ တစ်ကောင်မှသာက်သုံးမကျဘူး ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့  ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ဝေဖန်
ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၁၄ ခုနှစ်
လူထုထောက်ခံမှု ခိုင်ခိုင်မာမာ ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီတွင် ဒေါ်အောင် ဆန်း စု ကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင်မှ သောက်သုံးမကျဘူး ဟု ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ဝေဖန် ပြောကြား လိုက်
ကြောင်း  သိ  ရှိရသည်။
ပြည်တွင်းထုတ် Hot New သတင်းဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ရာတွင် ဦးလှဆွေက ထို သို့  ပြင်းပြင်း ထန်ထန် ဝေဖန်ပြောကြားလိုက်ခြင်း ဖြစ်သည်။
"၅၉(စ ) က ဒေါ်အောင်ဆန်းစုကြည် ကို ကန့်သတ်ထားတာ ဆိုရင် ဒါစွပ်စွဲတာပဲ။ ကျွန်တော့်အမြင် ကတော့ ဒေါ်အောင်ဆန်း စုကြည် သည် ကျွန်တော်တို့ရဲ့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်း ရဲ့ သမီးဖြစ်တယ်။NLDမှာလည်း ဒေါ်အောင် ဆန်းစုကြည်က လွဲပြီး ကျန်တဲ့ကောင်တွေ တစ် ကောင် မှ သောက် သုံး မကျဘူး ဆိုတာလည်းသိတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ် မယ်ဆို ရင် လည်း လက်ခံတယ်။ ဒီတော့ သူ့ကိုသမ္မတဖြစ်အောင်ဘယ်လို နည်းနဲ့ ဖြေလျှော့ပေးမလဲပေါ့နော်။ သူ့မှာ ခင်ပွန်း က လည်းသေသွားပြီ။ နိုင်ငံခြားက သူ့သားနှစ်ယောက် မြန်မာနိုင်ငံသား ခံယူလိုက်ရင်ပြီးရော၊ ချွေးမတွေ ဘာတွေဆိုရင်လည်း ကင်းလွတ်စေဆိုပြီး ဖြေလျှော့ ပေးလို့ရတယ်ပေါ့နော်။ အဲဒီမှာ ဦးကိုနီက ဘာထ ဖြစ် သလဲ ဆိုရင် ဦးလှဆွေ ပြောတာမဟုတ်ဘူး။ ၁၈ နှစ်ပြည့်ပြီးသား သားနှစ်ယောက်ကို ဘယ်နိုင်ငံသား ခံယူပါ၊ ဒီနိုင်ငံသားခံယူပါလို့ ပြောခွင့်မရှိဘူးတဲ့။ ကျွန်တော် ဆိုလိုချင်တာက သားနှစ်ယောက်လို ပြော လို့မ ရ ရင် သန်းခြောက်ဆယ်သော ပြည်သူတွေကို ဘယ်လိုပြောမလဲ။ ကျွန်တော်ပြောတာ မဟုတ်ဘူး လား။ ကျွန်တော် တို့ တတ်နိုင်သမျှ ဖြေလျှော့ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အရည်အချင်းရှိတဲ့ အမျိုးသမီး တစ် ယောက်ပါ။ သူ့ကို ပုဂ်္ဂလိက အမြင် ကပ်တာမျိုး လုံးဝမရှိပါဘူး" ဟု ဦးလှဆွေ က ပြော ကြား သည်။ ၄င်းအပြင် NLD ပါတီသည် မိမိဓါတ်ပုံကို မိမိ ဖော်ပြ၍ သတ္တိရှိရှိ ယှဉ်ပြိုင်ရဲသူများ မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ ဓါတ်ပုံများကို အကာအကွယ်ယူကာ ဆင်ဖြူတော် မှီပြီး ကြံစုတ်နေ သူများ သာ ဖြစ်ကြောင်း၊ ကိုယ်ပိုင်အရည်အချင်း မရှိကြ သူ များ ဖြစ်ကြောင်း လည်း ၄င်းက ပြောဆိုသည်။
"၂၀၁၅မှာ NLD က ဘယ် လိုပွဲထွက်လာမလဲဆိုတော့ ကိုယ့်ပုံကိုယ် မပြရဲတဲ့သူ တွေပဲ။ လာလိမ့်မယ်။ ကျွန်တော် တို့ ကတော့ ကျွန် တော်တို့ပုံ ကျွန်တော်တို့ ပြရဲတယ်။ ဥပမာအနေနဲ့ ကြားဖြတ်ေ ရွးကောက် ပွဲ ကို ပဲ ကြည့်။ ကြံ့ခိုင်ရေးက ဦးဖြူနဲNLD က ဦးမဲတို့ပြိုင်ကြတယ်ပေါ့နော်။ အဲဒီမှာ ကြံ့ခိုင်ရေးဦးဖြူက သူ့ ဓာတ် ပုံကြီး ချိတ်ပြီးပြတယ်။ ဗီနိုင်းနဲ့ထုတ်ပြီးကားနဲ့ လှည့်တယ်။NLDကဦးမဲက တော့ ဗိုလ်ချုပ်အောင်ဆန်း ဘိလတ် သွားတုန်း အင်္ကျီ ထဲ လက်နှိုက်ထားတဲ့ ပုံကို ချိတ်ပြီး လာ တာ။ နောက် ဒေါ်အောင်ဆန်းစု ကြည်ပုဝါကြီးနဲ့ပုံကို ပုံကြီးချဲ့ ချိတ် ထားတယ်။ ကြံ့ခိုင်ရေးက ဦးဖြူက လူဖော် ပြီးNLD က ဦးမဲက ပုန်းနေ တယ် ဆိုတော့ သူကဘာတုန်း။သူတို့က ကျွန် တော်တို့ ကြံခိုင်ရေးတွေကို မိုးကျရွှေကိုယ်လို့ ပြော ကြတယ်။ သူတို့ကကျတော့ မြေလျှိုးပြီးလာတာဗျ။ ရောက်လာတာဗျ။ ပြောချင်တာက ၂၀၁၅ ရွေး ကောက် ပွဲမှာ ပြိုင် မယ်NLD က အမတ်တွေ ကိုယ့်ပုံ ကိုယ်ဖော်ပြီးပြိုင်ပါ။ ဓာတ်ပုံကြီးနဲ့လာပါ။ ကျွန်တော် ကတော့ ဒီရှုပ် ပါ တီက မောင်မဲဖြစ်ပါတယ်။ ကြံ့ဖွံ့ က ဘူးလက်လှဆွေနဲ့ ပြိုင်ပါမယ်ဆိုပြီး သတိ္တရှိရှိပြိုင် ပါ" ဟု ဦးလှဆွေ က စိန်ခေါ်ပြောကြားသည်။
ထို့အပြင် ဒီချုပ်လား၊ ဒီရှုပ်လား ဟု NLD ပါတီကို မေးခွန်းထုတ်ခဲ့ပြီး လွှတ်တော်တွင်း၌လည်း မပြော ရဲမဆို ရဲ ဖြစ်နေကြောင်း ပြောကြားခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျန်းမာရေးထိခိုက်မည် စိုးသဖြင့် ချင်းတောင်ကဲ့သို့ ရေခဲတမျှအေးသည့် ဒေသများကို သွားရောက်စည်းရုံးခြင်း မပြုဘဲ ချင်းတိုင်း ရင်းသား များ ကို အခွင့်အရေးပေး ပါ ဟု တိုက်တွန်းပြောကြားလိုက်သည်။
"ခုဟာက သူတို့ပုံလည်းမဖော်၊ လွှတ်တော်ထဲ ရောက်တော့လည်း ဘာမှမပြောရဲဘူး။ လွှတ်တော် ထဲမှာ နင် လား၊ ငါလား အစိုးရကို အတိုက်အခံလုပ် တာ ကြံ့ခိုင်ရေးက အမတ်တွေပဲ။ ဒီချုပ်လား၊ ဒီရှုပ် လားတော့ မသိ ဘူး။ လွှတ်တော်ထဲမှာလည်းဘာမှ မပြော။ စည်းရုံးရေးဆင်းတော့လည်းသူ့ ပုံသူ မဖော်။ ဗိုလ် ချုပ်အောင်ဆန်း ပုံကြီးနဲ့ဆိုတော့ ဗိုလ်ချုပ် အောင်ဆန်းကဘယ်တုန်းကများNLD ပါတီဝင် သွားလည်း မသိ ဘူး။ ဗိုလ်ချုပ်ပုံကြီးကိုသုံးပြီး စည်းရုံး ရေးဆင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ ဘယ်လိုမှ မယှ ဉ်နိုင် ဘူး။ ဗိုလ်ချုပ်နဲ့ ကျွန်တော်တို့ဆိုတာက ပြည်သူတွေနဲ့အမြင်မှာ နံ့သာဆီနဲ့ လက်ပံတုံးလိုပဲ။ ကျွန်တော် ယှဉ် ရင် ရှုံးမှာပဲ။ စန်္ဒာမင်းပဲ လာလာ၊ ဇေယျာသော်ပဲလာလာ။ ဘူးလက်လှဆွေနဲ့ပြိုင်မယ်။ စန္ဒာမင်း ဆို လည်းစန်္ဒာမင်းပုံကိုဖော်ပြီးပြိုင်၊ ဇေယျာ သော်ဆိုလည်း သူ့ပုံကိုသူဖော်ပြီးတော့ပြိုင်၊ ဗိုလ် ချုပ်ေ အာင် ဆန်း ပုံ  နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖော်ပြပြီးတော့ သူတို့ပုံကို သူတို့ မဖော် ဘဲ ရွေး ကောက် ပွဲဝင်ပြိုင် ရင်တော့ သတ်္တိမရှိလို့ပဲ၊ ကျွန်တော် ကတော့ ဒီလိုပဲမြင်တယ်။ ဒီလို ပဲ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ဆိုလည်း ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ လာမယ့် ၂၀၁၅ ပွဲထွက်တဲ့အခါNLD အနေ နဲ့ သတိ္တရှိ ကြ ပါ။ နောက် ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာလည်း အသက်လည်းရလာပြီ။ ချင်းတောင် လို ရေခဲ တဲ့နေ ရာတွေ သွားမနေပါနဲ့။ ကျန်းမာရေး ထိမှာစိုးလို့ပါဗျာ။ အဲဒီချင်းတောင်လိုနေရာတွေမှာ တိုင်းရင်းသားတွေ ကိုပဲပေး လိုက်ပါ။ သတိ္တဆိုတာက ဒါငါ့ပုံ ဒီပုံချိတ်ထားပြီး ရွေးကောက်ပွဲဝင် အရွေးခံ မယ်။ ဒါဆိုပြည်သူက အကဲ ခတ်ပြီး ရွေးသင့် မရွေး သင့် စဉ်းစားလို့ရပြီလေ။ ခုဟာက ဗိုလ်ချုပ်ပုံပဲ သုံးနေတယ်။ ဗိုလ်ချုပ်အောင် ဆန်းဟာမြန်မာပြည် သူ တွေရဲ့ နှိုင်းမရတဲ့ ဖခင်။NLD ပါတီရဲ့ ခေါင်း ဆောင်လည်းမဟုတ်ဘူး။ ပါတီဝင် လည်း မဟုတ်ဘူး" ဟု ၄င်းက ပြောဆိုသည်။
ဦးလှဆွေသည် ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ်က ရွှေလက်နှင့် ခေါ်တုန်း မလာ လျှင် Bullet တွေပဲ လာလိမ့်မည် ဟု မှတ်ချက်ပြုခဲ့ခြင်းကြောင်း ဘူးလက်လှဆွေ ဟု အမည် တွင်ခဲ့ သူ ဖြစ်သည်။
Ref: ပြည်သူ့ အာဏာ
Sunday, February 23, 2014
သီတဂူဆရာတော်ဘုရားကြီး ရဲ့  ဆုံးမ သြ၀ါဒ
မတူတာတွေမကြည့်နဲ့။တူတာတွေရွေးကြည့်ပေါင်းပါ။
မတူတာတွေငြင်းခုံမနေနဲ့။
ပညာမဲ့တွေကြားမှာပညာရှိတစ်ယောက်ရှိနေရင်လည်း
ဘာမှလုပ်လို့မရဘူး။ရှေ့မရောက်နိုင်ဘူး။
လူ့လောကရောက်လာတဲ့အချိန်လေးငါဘာယူသွားနိုင်မလဲ။
ဘာတွေထားခဲ့နိုင်မလဲ။ဒါတွေတွေး၊စဉ်းစားကြ။
ပညာရှာတဲ့နေရာမှာအသက်တွေသိပ်ပြီးမကုန်စေနဲ့။
ဘ၀မှာလုပ်စရာတွေအများကြီးကျန်သေးတယ်။
 Ref:သီတဂူဆရာတော်ဘုရားကြီး
ဗဟိုအာဖရိက သမ္မတနိုင်ငံအတွက် တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် စေလွှတ်ရန် ဘန်ကီမွန်း တောင်းဆို
ဗဟို အာဖရိက သမ္မတနိုင်ငံ တွင် ကုလသမဂ္ဂမှ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ ကို တပ်ဖြန်ချ
ထားသောလည်းအကြမ်းဖက်မှုများသည် ပိုမိုဆိုးရွား လာသောကြောင့် ၎င်းနိုင်ငံသို့ တပ်ဖွဲ့ဝင် ၃ဝဝဝ ကျော် ထပ်မံစေ လွှတ်ပေးရန်နိုင်ငံ တကာ အဖွဲ့အစည်းများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကဖေဖော်ဝါရီ၂ဝရက်တွင်တောင်း ဆိုခဲ့ကြောင်းသိရသည်။ထို့ပြင်ဗဟိုအာဖရိက သမ္မတနိုင်ငံ အတွင်း ရှိပြည် သူများကို ကာကွယ် ရန်နှင့် နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းရေး ကိုတိုးမြှင့်လုပ်ဆောင်သွား ရန် စသည့် အကြံပြု ထောက်ခံ ချက်များ ပါရှိသည့် အစီရင်ခံစာ တစ်စောင်ကိုလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ သို့ ပေးပို့ သွား မည်ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြားခဲ့သည်။ 
Ref: မြ၀တီ
ကားချင်းမျက်နှာချင်းဆိုင်တိုက်ရာမှ ဗိုလ်ကြီး ၁ ဦးသေဆုံး၊ ဗိုလ်ကြီး ၂ ဦးဒဏ်ရာရ
မိတ္ထီလာမြို့နယ်၊ ကျောက်ပန်တောင်းကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၀၉း၃၀ နာရီက မိုင် တိုင်အမှတ်၁၄/၂အနီးတွင်မိတ္ထိလာ-ကျောက်ပန်းတောင်းဦးတည်မောင်းနှင်လာသောCrown 9C/8068 နှင့် မျက်နှာချင်း ဆိုင်မောင်းနှင်လာသော လိုက်ထရပ်ကား 8B/3628 တို့ တိုက်မိပြီး လိုက်တရပ်ကားပေါ်မှ ဗိုလ်ကြီး မျိုးဝေ (၂၄)နှစ် သံချပ်ကာတပ်ရင်း ဗန်းမော်မှာ နေရာတွင်ပင် ပွဲ ချင်းပြီး သေ ဆုံးသွားခဲ့သည်။
ဗိုလ်ကြီးအောင်ဇော်ထက်(၂၅)နှစ်၊ဗိုလ်ကြီးဖြိုးဇော်ဇော်(၂၆)နှစ်တို့မှာဒဏ်ရာအသီးသီးရရှိ၍မိတ္ထိလာစစ်ဆေး
ရုံ သို့ အတွင်းလူနာအဖြစ်တင်ပို့ထားရကြောင်း သိရသည်။
Crown ကားယာဉ်မောင်း ကိုသက်ဇော်အောင် (၂၁)နှစ်မှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိပြီး လိုက် ထရပ် ယာဉ်မောင်းဦးမြင့်အောင် (၄၄)နှစ်တို့ ၂ဦးစလုံးအား ရှမ်းမငယ်ရဲစခန်းယာဉ်(ပ)၂/၂၀၁၄၊ ပုဒ်မ-၃၃၇/၃၃၈-၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Ref: တင်လှိုင်(မိတ္ထိလာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Saturday, February 22, 2014
မြန်မာပြည်မှာ တပ်မတော်မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့ဘယ်လောက်များသလဲ သင်သိပါသလား
တချိန်က မှိုပေါက်သလို များပြားလှတဲ့ လက်နက်ကိုင် တွေကို စစ်အုပ်ချုပ်ရေးဆိုတဲ့ခေါင်းစဉ်အောက် မှာမ လှုပ်နိုင်အောင်ဖိထား ခဲ့တာပါ အင်အားနည်းအောက်ပြည်မကို ရန်မရှာနိုင် အောင် ရဲဘော် လေး တွေ အ သက် ပေါင်း များ စွာနဲ့ ပေး ဆပ်ပြီး အမိအရ ဖိထား နိုင်ခဲ့ပါတယ် စစ် အုပ်ချုပ်ရေးရဲ့ ဆိုးမွေ တွေ လဲ အ များ အပြား ရှိသလို စစ်အုပ်ချုပ်ရေးကြောင့် အောက် ပါ အဖွဲ့အစည်း တွေ ငြိမ်သက် သွား ရတာ ကို  တော့ မြန် မာနိုင်ငံ သားတစ်ယောက် အနေ နဲ့ သိ ထား သင့် ပါ တယ်။
(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ
(၁၀)PNLO ပအိုဝ်း
(၁၁)SSA/SSPP ထူး ၃ ရှမ်းမြောက်
(၁၂)SSA/RCSS ရှမ်းတောင်
(၁၃)UWSA/P ဝပြည်
(၁၄)KIO/A ကချင် ထူး ၂
(၁၅)ABSDF
(၁၆)AA ရခိုင်
(၁၇)TNLA တအောင်း(န်)
(၁၈)NDA-K ကချင် ထူး ၁
(၁၉)KNPLF ကယား ထူး ၂
(၂၀)KNPDP ကယားနီ
(၂၁)KNDP/A ကယားနဂါး
(၂၂)KNUSO ကယားကြယ်ဖြူ
(၂၃)MNDAA ရှမ်းမြောက် ထူး ၁
(၂၄)Ja Pikwe လားဟူ
(၂၅)Jakuni လားဟူ
(၂၆)လားဟူ ပြည်သူ့စစ်
(၂၇)မက်ခ်မန်း ပြည်သူ့စစ်
(၂၈)DKBA ကရင်
(၂၉)KPF ကရင်
(၃၀)RRF ကချင်
(၃၁)KDA ကချင်
(၃၂)SSA-N ရင်း ၃
(၃၃)SSA-N ရင်း ၇
(၃၄)SSA-S ရင်း ၇၅၈
(၃၅)KNG ကယန်း
(၃၆)PSLP ပလောင်
(၃၇)KNLP ကယန်း
(၃၈)MPDF မွန်
(၃၉)MMA မွန်
(၄၀)WNO/A ဝပြည်
(၄၁)NUPA ရခိုင်
(၄၂)LDU လားဟူ
(၄၃)ASA ရခိုင်
(၄၄)MTUF မြိတ်
(၄၅)ZRO ဇိုမီး
(၄၆)KNO ကချင်
(၄၇)MNDAA ကိုးကန့် ထူး ၁
(၄၈)MNDA မွန်
(၄၉)HRP မွန်
(၅၀)PNO ပအိုဝ်း ထူး ၆
(၅၁)လဝါးယန်ပြည်သူ့စစ်
(၅၂)ရဝမ်ပြည်သူ့စစ်
(၅၃)ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
(၅၄)စိန်ကျောက်ပြည်သူ့စစ် ၁ ၂
(၅၅)မိန်းခေးပြည်သူ့စစ်
(၅၆)ကာလိပြည်သူ့စစ်
(၅၇)ဝမ့်ပန်ပြည်သူ့စစ်
(၅၈)နားပွဲပြည်သူ့စစ်
(၅၉)မန်ပန်အဖွဲ့
(၆၀)မုံးဟင်အဖွဲ့
(၆၁)နောင်မိုအဖွဲ့
(၆၂)မိုင်းကောင်းအဖွဲ့
(၆၃)နားကော်အဖွဲ့
(၆၄)မိုင်းယုအဖွဲ့
(၆၅)ကြူကုတ်အဖွဲ့
(၆၆)မုံးကိုးအဖွဲ့
(၆၇)မုံးပေါ်အဖွဲ့
(၆၈)ရှောက်ဟော်အဖွဲ့
(၆၉)လုံခန်းအဖွဲ့
(၇၀)ပန်စိန်းအဖွဲ့
(၇၁)ကွတ်ကိုင်အထူးပြည်သူ့စစ
(၇၂)ဖွန်းဆိုင်အဖွဲ့
(၇၃)ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
(၇၄)တာမိုးညဲအဖွဲ့
(၇၅)ပန်ဆေးအဖွဲ့
(၇၆)လုံထန်အဖွဲ့
(၇၇)နမ္မတူအဖွဲ့
(၇၈)မန်တုံအဖွဲ့
(၇၉)ဂန့်ဂွမ်း ချီဗွေအဖွဲ့
(၈၀)လူဖီအဖွဲ့
(၈၁)စင်းကြိုင်အဖွဲ့
(၈၂)ကန်ပိုက်တီးအဖွဲ့
(၈၃)ပန်တိန်အဖွဲ့
(၈၄)ဆော့ပိုင်အဖွဲ့
(၈၅)လောက်ကိုင်အဖွဲ့
(၈၆)ပုံပါကျင် လားဟူအဖွဲ့
(၈၇)မိုင်းယု လားဟူအဖွဲ့
(၈၈)တာလေ ဂျာကူနီအဖွဲ့
(၈၉)တာချီလိတ် ပြည်သူ့စစ်
(၉၀)မက်မန်း ပြည်သူ့စစ်
(၉၁)ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
(၉၂)ကျုံထော်အဖွဲ့
(၉၃)ကတိုင်တိအဖွဲ့
(၉၄)ဖာပွန်အဖွဲ့
(၉၅)ပိုင်ကျုံအဖွဲ့
(၉၆)ဒေါ်လန်းအဖွဲ့
(၉၇)မဲပုလဲအဖွဲ့
(၉၈)ရွှေကုက္ကိုအဖွဲ့
(၉၉)မြဝတီအဖွဲ့
(၁၀၀)ထီးဝါးကလေးအဖွဲ့
(၁၀၁)ထီးဟူသန်အဖွဲ့
(၁၀၂)အတွင်းကွင်းကလေးအဖွဲ့
(၁၀၃)ကျိုက်ဒုံအဖွဲ့
အဖွဲ့ဆိုတာက သောင်းကျန်းသူဆန့်ကျင်ရေးခေါင်းစဉ်နဲ့ ကျေးရွာကြီးတွေမှာ ဖွဲ့စည်းထားတဲ့ လက်နက် ကိုင် တပ်ဖွဲ့တွေဖြစ်ပါတယ်တချို့တွေကတော့ တပ်မတော်အောက်ကို BGF တပ်ရင်းများအဖြစ် သစ္စာ ခံ လိုက် ကြပြီဖြစ်ပါတယ်။ဒါ့ကြောင့် နိုင်ငံရေးသမားများ ပြည်မမှာပဲနေပြီး နိုင်ငံရေး စတန့်မထွင် ဖို့ ဘာသာ ရေး လူမှုရေးကိစ္စလို မျိုးတွေနဲ့အချိန်မရွေး တောခိုသွားနိုင်တဲ့ ဒီလိုအဖွဲ့တွေရှိတယ်ဆိုတာ သိ ထားဖို့ ကို တခုခုဖြစ် ရင် အသေခံတိုက်ရတဲ့ ရဲဘော်လေးတွေကိုယ်စားပြောပြလိုက်ရပါတယ်။
Ref: mmforward
ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ
အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။
အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ် အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် အမွေး အမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွား သည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌ အသက် အန္တရာယ် ခြိမ်းခြောက်ခြင်း ကိုပါ ခံစား ခဲ့ရကြောင်း ဟာနန်က ဆိုသည်။ဆယ်ကျော်သက် ကာလ များတွင် ယင်းအမွေးအမျှင် များ ပေါက်နေမှု ကြောင့် စိတ်ဆင်းရဲခဲ့ ရကြောင်း၊ တစ် ပတ်လျှင် နှစ်ကြိမ် ရိတ်သင်ခဲ့ ရပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေ ချင်သည်အထိ ဖြစ်ခဲ့ ဖူးကြောင်း ၄င်းက ထပ်လောင်းဆို သည်။ သို့ရာ တွင် အသက် ၁၆ နှစ် အရွယ်၌ အတွေးအခေါ် ပြောင်းလဲခဲ့ ပြီး နှစ်ခြင်း ခရစ်ယာန်ဘာသာကို သက် ဝင်ယုံ ကြည် ခဲ့ကာ အမွေးအမျှင် များ ပေါက်နေခြင်း အပေါ် သဘော ကျလာ ခဲ့ကြောင်း သိရသည်။”မိဘတွေက ကျွန်မကို အိမ်ထောင် မကျနိုင်မှာနဲ့ အလုပ်မရနိုင်မှာ ကို စိုးရိမ်ကြတယ်။ အခု ကျွန်မ အရှိကို အရှိအတိုင်း လက်ခံ လိုက်တယ်။ လူ တွေအလယ်မှာ ရဲရဲ ဝံ့ဝံ့ နေတယ်” ဟု ဟာနန်က ပြောကြားသည်။ ၄င်းသည် ယခု အချိန်တွင် မူလတန်းကျောင်း ၌ လက်ထောက် ဆရာမ အဖြစ် လုပ်ကိုင် လျက်ရှိသည်။အဆိုပါ သား အိမ် ရော ဂါ တစ်မျိုး မှာ မျိုးဥထုတ် နိုင်စွမ်း မရှိခြင်း၊ ကျား ဟော်မုန်း များပြားနေခြင်းဖြစ်ပြီး ယင်း ဝေဒနာ ကို ကုသနိုင်သော ဆေးဝါး မရှိကြောင်း အများစု မှာ ကိုယ်ဝန်ဆောင် နိုင်သော်လည်း တစ်ခါတစ်ရံ သားအိမ် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။
Ref: Daily Mail
Monday, February 3, 2014
HPV ပိုးက အမျိုးသမီး များမှာ သာအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပြီး အမျိုးသားများအတွက်တော့ ပါးစပ်ကင်ဆာဖြစ်တတ်ပါတဲ့ ...
HPV ခေါ်သည့် ကြွက်နို့ရောဂါပိုးသည် အမျိုးသမီးများတွင် သားအိမ် ခေါင်းကင်ဆာဖြစ်နိုင်သကဲ့သို့ အမျိုး သားများ တွင်လည်း ခံ တွင်း ကင်ဆာနှင့် လည်ချောင်း ကင်ဆာဖြစ်ပွားနိုင်ကြောင်း ကျန်း မာရေးဦးစီးဌာန၊ ခု ခံကျ/ ကာ လသား ရောဂါတိုက် ဖျက် ရေးစီမံချက်မှ အထူးကုဆရာ ၀န်ဒေါက်တာမျိုးသန့်က ပြော ကြား သည်။
အမျိုးသားများတွင် အ ဆိုပါကင်ဆာများဖြစ်ရခြင်းမှာ လိင် ဆက်ဆံသည့်အခါ သဘာ ၀အတိုင်း မ ဟုတ် သည့်  နည်း လမ်း များဖြင့် ဆက်ဆံ ကြခြင်း ကြောင့်ဖြစ်ကြောင်း သိ ရသည်။
““HPVပိုးက လိင်တံတို့၊ သားအိမ်ခေါင်းတို့စသဖြင့် နေ ရာတွေမှာ ကိန်းအောင်းနေတာ တို့ဖြစ်နေရင် မကြာ ခင် ကင်ဆာ အဖြစ်သို့ကူးပြောင်း သွားနိုင်တာပဲ။ ကာမဆက်ဆံတဲ့အခါ ပုံမှန်နည်းအတိုင်းမဟုတ်ဘဲ နည်းမျိုးစုံနဲ့သုံးတော့ ခံတွင်း ကင်ဆာတို့၊ လည်ချောင်းကင် ဆာတို့ဖြစ်နိုင်ပါတယ်””ဟု ယင်း က ဆက် လက်ပြော ကြားသည်။
အဆိုပါ HPV ခေါ် ကြွက် နို့ပိုးရောဂါသည် ကင်ဆာဖြစ် နိုင်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုး ဖြစ်ရာ ယင်းရော ဂါဖြစ်ပေါ်လာ ပါက ခံစားမှုဝေဒနာ ကို ပြသ လေ့ မရှိဘဲ များသောအားဖြင့် အသက်ငါးဆယ် ၀န်း ကျင် အ မျိုး သားများတွင် ပိုမိုအဖြစ်များ ကြောင်းသိရသည်။
““ခံတွင်းကင်ဆာဖြစ်တဲ့ လူနာတွေကတော့ ကွမ်းစားတဲ့ သူတွေပါ။ အဲဒီအထဲ မှာမှ HPV ခေါ် ကြွက်နို့ပိုးကြောင့် ခံတွင်း ကင်ဆာဖြစ်တဲ့သူ ၄ ဒသမ ၈ ရာခိုင်နှုန်း အ ထိတွေ့ ရ တယ်””ဟု ဆေး သုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၏ ၄၂ ကြိမ်မြောက် ဆေးသုတေသန ညီ လာ ခံ တွင် စာ တမ်းရှင်တစ် ဦးကလည်းဆိုသည်။
ယင်း HPV ခေါ် ကြွက် နို့ပိုးရောဂါနှင့်ပတ်သက်၍ သား အိမ်ခေါင်းရောဂါကာ ကွယ်ဆေး ရှိသော်လည်း အ မျိုး သားများ မှာမူ အဆိုပါကင်ဆာရော ဂါ ဖြစ်နိုင် မှုအခြေအနေပိုမိုနည်း ပါးခြင်းကြောင့် ယင်း တို့အ တွက် ကာ ကွယ်ဆေးထိုးနှံရန် အထူး တလည်သတ်မှတ်ထားခြင်းမ ရှိကြောင်း သိရသည်။
““HPV သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး ကို နိုင်ငံခြားမှာဆို မထိုးမနေရ စီမံကိန်း တစ်ခု အေ န နဲ့ ထားပြီး အပျိုဘ၀ကစပြီးထိုးရ တယ်။ မြန်မာနိုင်ငံ မှာတော့ အထူးကု ဆေးခန်းတွေမှာရှိသလို သား ဖွား မီးယပ် ဆေးခန်းတွေမှာလဲ ရှိတယ်။ များသောအားဖြင့် အ မျိုးသမီးတွေ က ကူးစက်မှုပိုများ သလို ကင် ဆာဖြစ်နိုင် မှုမှာလဲ ပိုမိုဆိုးရွားစေတယ်။ ဒါကြောင့် သားအိမ်ခေါင်းကာကွယ်ဆေး ကိုထိုး သင့်တယ်””ဟု ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။
Ref: Yangon media group
သမီးသေဆုံးမှုအတွက် မြေးဖြစ်သူ ဗိုလ်ကြီးကို အဖွားက အမှုဖွင့်
မင်္ဂလာဒုံမြို့နယ် တွင် ဖြစ် ပွားခဲ့သည့် သမီးဖြစ်သူ သေဆုံးမှုတွင် မြေးတော် စပ်သူဗိုလ်ကြီးကို မသင်္ကာဟု အ ဖွားဖြစ် သူက သ တင်းပေး တိုင်ကြားမှုကြောင့် မင်္ဂလာဒုံရဲစခန်းက ရေဝေးသို့ ရောက်ရှိနေသည့် လူသေ အလောင်းကို ပြန်လည်စစ်ဆေးပြီး အမှုဖွင့် ဆောင် ရွက်နေသည်ဟု တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ် ပြန် သည်။ အမှုမှာ မင်္ဂလာဒုံမြို့နယ်နေ ဗိုလ်ကြီးဝင်းလှိုင်၊ ဇနီး မငယ်ငယ်(ခ)မမြတ်စံ ပယ် ထွန်း တို့ နေ အိမ်တွင် ဗိုလ်ကြီးဝင်းလှိုင်၏ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်ကြူမှာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာ ရီခွဲ အချိန် တွင် သေဆုံးခဲ့ပြီး အလောင်းကို ရေဝေးသုဿန်သို့ ပို့ဆောင်ထားခဲ့သည်။ ထိုဖြစ် စဉ်တွင် သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်က သမီးဖြစ်သူသေဆုံးခဲ့ရမှုတွင် သေဆုံးရသည့် အကြောင်း ရင်းကို မသိ ရှိရ ဘဲ ရေဝေးသုဿန်သို့ ပို့ဆောင်ထားသည်ကို သံသယရှိကြောင်း ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီ ခွဲအချိန် တွင် မင်္ဂလာဒုံ ရဲစခန်းသို့ သတင်းပေးတိုင်တန်းခဲ့ခြင်း ဖြစ်သည်။ “သေဆုံးသူက မြောက်ဥက္ကလာပကနေ ကျွန်တော့်ရပ်ကွက်ထဲက သူ့သားနဲ့ ချွေးမဆီမှာ လာနေရင်း ဆေး ကုနေတာပါ။ သူ သေ ဆုံးကြောင်း ထောက်ခံချက်ကို သူ့ဆရာဝန်ကိုယ်တိုင် လက်မှတ်ထိုးထောက်ခံ လို့ ကျွန်တော် တို့ကလည်း ရပ်ကွက်အတွင်း သေဆုံးကြောင်း ထောက်ခံချက်လက်မှတ် ထုတ်ပေးထားပါ တယ်” ဟု အမှတ် (၃/ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိန်ဝင်းက မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန် လည်ဖြေ ကြားခဲ့သည်။ ထို့ကြောင့် မြို့မရဲစခန်းမှူး ဒု-ရဲမှူးဝင်းမြင့်၊ တာဝန်မှူး ဒု-ရဲအုပ် မြင့်အောင်တို့က အခင်းဖြစ်နေအိမ်သို့ သွားရောက်စစ်ဆေးချက်အရ သေဆုံးသူဒေါ်မြတ်မြတ်ကြူသည် ခုခံအား တိုက်ခိုက် ခံ ရ သည့် ရောဂါ Systemic Lupus Erythematosus (SLE) ဖြစ်ပွားသဖြင့် ရွှေဂုံတိုင်ဆေးရုံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၆ ရက်ထိ ဆေးကု သမှုခံယူပြီး နေအိမ် သို့ ခေါ်ဆောင်ပြုစုထားသည်ဟု သားဖြစ်သူ ဗိုလ်ကြီးဝင်းလှိုင်က ထွက်ဆိုထားသည်ဟု ဆိုသည်။ ယင်းသို့ ပြုစုနေစဉ် သေဆုံးသွားသဖြင့် အလောင်းအား သင်္ဂြိုဟ်ရန် ရေဝေးသုဿန်သို့ ပို့ဆောင်ခြင်းဖြစ် သည်။ ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များသည် ရေဝေးရှိ ဒေါ်မြတ်မြတ်ကြူ၏ အလောင်းအား သွား ရောက် စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရသော်လည်း ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ေ ဆးရန် ဒု-ရဲအုပ် မြင့်အောင်က တရား လိုပြုလုပ်တိုင်တန်းလိုက်သည်။ ထိုတိုင်တန်းမှုကြောင့် မင်္ဂလာဒုံရဲ စခန်းက သေမှုသေခင်းအမှတ်စဉ် ၃/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ကိုယ်တိုင် ဆက်လက်စစ်ဆေးနေသည်ဟု သတင်းထုတ်ပြန်ထားသည်။
ref:https://www.facebook.com/ModelPolicies
သံလွင်ရေကာတာ အလိုမရှိကြောင်း လက်မှတ်ထိုး ကန့်ကွက်ပွဲ ယနေ့ပြုလုပ်မည်
မြန်မာနိုင်ငံ အတွင်းရှိ မြစ်များအနက် ရေစီးအသန်ဆုံး မြစ်အဖြစ် လူသိများသော သံလွင်မြစ် တစ်လျှောက် တွင် တရုတ်နှင့် ထိုင်း ကုမ္ပဏီများက ရေအားလျှပ်စစ် စီမံကိန်းများအတွက် ရေကာတာများ တည်ဆောက် ရန် စီ စဉ်နေခြင်း ကို သံလွင် ရေကာတာ အလိုမရှိဟူသည့် ခေါင်းစဉ်ဖြင့် လက်မှတ်ထိုး ကန့် ကွက် ပွဲကို ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ တွင် ကမာရွတ်မြို့နယ် ဦးထွန်းလင်းခြံလမ်း အမှတ် (၁) အဆောက် အအုံတွင် နံနက် ၁၀ နာရီမှ စတင်၍ ကျင်းပသွားမည် ဖြစ်ကြောင်း ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေး အဖွဲ့မှ ကိုစောသာ ဘိုးက ပြောကြားသည်။ “ကျွန်တော်တို့   ကရင်ပြည် နယ် မှာတော့ ရေကာတာ အလိုမရှိကြောင်း လက်မှတ်တွေ လိုက်ကောက်နေတာ ကြာပါပြီ။ ရန်ကုန်မှာကတော့ အခုမှ ပထမဆုံး လုပ်တာပါ။ ဧရာဝတီမြစ် မြစ်ဆုံ ရေကာတာကို ကန့်ကွက်ခဲ့သလို ပြည်မက လူတွေကော ပါဝင်လာစေဖို့အတွက် ရန်ကုန်မှာလည်း လက်မှတ်တွေ ကောက် ခံရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြော ကြား သည်။သံလွင်ရေ ကာတာ အလိုမရှိကြောင်း လက်မှတ်ထိုး လှုံ့ဆော် မှုများမှ ကောက်ခံ ရရှိသော ကန့်ကွက် သည့် လက်မှတ်များကို စုစည်းပြီး ပြည်ထောင်စုအစိုးရ၊ တရုတ် အစိုးရ၊ ထိုင်း အစိုးရနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနများသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ကရင်မြစ်ချောင်း များ စောင့်ကြည့်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သံလွင်ဒေသတွင် ရေအားလျှပ်စစ် စီမံကိန်း အတွက် ရေကာတာ ခြောက်ခု တည်ဆောက်ရန်အတွက် သဘောတူညီမှု ရယူထားပြီးဟု သိရပြီး လက်ရှိတွင် လမ်းဖောက်ခြင်း များ၊ စက်ယန္တရားများနှင့် မြေညှိခြင်း လုပ်ငန်းများကို စတင်ဆောင် ရွက်နေပြီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။သံလွင်မြစ်အထက်ပိုင်း ရှမ်းပြည်နယ် မြောက် ပိုင်း ကွမ်းလုံမြို့နယ် ဟိုလီကျေးရွာ အထက်ဘက် ၄ ဒသမ ၃ မိုင်နေရာတွင် ၁၄၀၀ မဂ္ဂါဝပ် ထုတ် လုပ်နိုင်မည့် ကွမ်လုံရေ ကာတာ၊ လားရှိုးမြို့ အရှေ့ဘက် တန့်ယန်းမြို့နယ် တာဆန်းလျှံ ကျေးရွာအနီးတွင် ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖာရေကာတာ၊ မိုင်းမောမြို့နယ်တွင်၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်ရေကာတာ၊ တောင်ကြီးမြို့ အရှေ့ဘက် ၁၉၅ မိုင်ခန့်အကွာ မိုင်းပန်မြို့နယ်နှင့် မိုင်းတုံမြို့နယ်တို့ အကြားတွင် ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် တာဆန်း ရေကာတာ၊ ကယားပြည်နယ် ဘော်လခဲ မြို့နယ် အရှေ့ဘက် ၁၄ မိုင်ခန့်အကွာ ရွာသစ်ကျေးရွာအနီးတွင် ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သံလွင်မြစ်နှင့် သောင်းရင်းမြစ်ဆုံ၏ အောက်ဘက် ၂၉ မိုင်အကွာတွင် ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေကာတာတို့ကို ဆောင်ရွက်ရန် သဘောတူညီချက် ရရှိထားပြီး ဆည်ခြောက်ခုမှ မဂ္ဂါဝပ်ပေါင်း ၁၅,၀၇၀ ခန့် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
Ref:The Voice Weekly
ပါးရိုက်ခံဖို့စောင့်နေတာဆိုပဲ.....
မှတ်သားလောက်ပါတယ် သူခိုးကြီး ရယ်.....
ကုန်တိုက်တခုထဲ ဖောက်ထွင်းဝင်ရောက်တဲ့ သူခိုး တဦးဟာ အ၀တ်အစားတွေ ပုံစံပြဖို့ လုပ်ထားတဲ့ အမျိုးသမီးပုံ အရုပ်ကို လိင်ဆက်ဆံခဲ့တာကို စီစီတီဗီ မှတ်တမ်းတခုမှာ တွေ့ရပါတယ်။
ဘရာဇီးနိုင်ငံ တောင်ပိုင်းက ဂျာရဂွာ အရပ်မှာ သူခိုးဟာ ကုန်တိုက်တွင်း ဖောက်ထွင်းပြီး ဝင်ရောက်ကာ အမျိုးသမီးပုံ အရုပ်ကို လိင် မဆက်ဆံခင်မှာ အရုပ်မရဲ့ ရင်သားကိုလည်း နမ်းလိုက်ပါသေးတယ်။ ပြီးမှ သူက တန်ဘိုးကြီးတဲ့ အဝတ်အထည် တွေကို ခိုးယူသွားခဲ့တာပါ။ သူခိုးရဲ့ အမျိုးသမီး အရုပ်ကို လိင်ဆက်ဆံခဲ့တဲ့ စီစီတီဗီ ဗီဒီယိုဖိုင်ဟာ ယူကျုမှာလည်း တက်သွားခဲ့ပြီး ကြည့်ရှုသူ ထောင်နဲ့ ချီတောင် ရှိပါတယ်။(အရုပ် ဆိုတာက အ၀တ်အစားရောင်း တဲ့ဆိုင်ရှေ့တွေမှာထောင်ထားတတ်တဲ့ လူပုံတူ အ ရုပ်တွေ ဖြစ်ပါ လိမ့်မယ်။ ဆိုင်မှာရောင်းတဲ့ အဝတ်အထည်တွေကို ကြော်ငြာတဲ့သဘောနဲ့ အဲဒီအရုပ်တွေကို ဝတ်ပေးထား တတ်ကြပါတယ်။ အရုပ် ဆိုသော်ငြားလည်း လူတချို့ကို တပ်မက်မှု ဖြစ်ပေါ်စေတတ်ကြောင်း ဒီရုပ်သံက သက်သေဖြစ်နေပါပြီ) တနေ့မှာတော့ သူခိုးဟာ ကုန်တိုက်ကို ပြန်လာခဲ့စဉ်မှာ ဝန်ထမ်းတွေကလည်း ယူကျုကို အခါခါ ကြည့်ထား ကြလေတော့ သူ့ကို မှတ်မိသွားခဲ့တာကြောင့် ဖမ်း မိလိုက်ပါတာလို့ ဗြိတိန်အခြေစိုက် Mirror သတင်းမှာ ဖော်ပြ ပါ တယ်။(သူတို့မှာရှိတဲ့ မူရင်းရုပ်သံက အရည်အသွေး အတော်ကောင်းပုံပါပဲ။ အွန်လိုင်းမှာတော့ ခပ်ဝါးဝါး ပဲ တက်လာပါတယ်)
ကုန်တိုက်မန်နေဂျာ Ricardo Carvalho က ဒီသူခိုးဟာ ထူးဆန်းတယ်လို့ မှတ်ချက်ပေးပါတယ်။
ရဲကတော့ သူဟာ မူးယစ်ဆေးအတွက် ငွေလိုအပ်လို့ ကုန်တိုက်ကို ဖောက်ထွင်း ခိုးယူတာ ပဲဖြစ်မယ် လို့ ပြောထား ပါတယ်။ ကုန်တိုက်ဖောက်ထွင်းတယ်လို့ သံသယရှိခံရပြီး အဖမ်းခံနေရသူကတော့ သူ့အနေနဲ့ ကုန်တိုက်ကို ဖောက်ရုံကလွဲပြီး ဘာမှ လုပ်စရာ မရှိဘူးလို့ ဘရာဇီးသတင်း စာတစော င် ကို ပြော ပါတယ်။ ဒါပေမယ့် သူက အမျိုးသမီးအရုပ်ကို လိင်ဆက်ဆံခဲ့တာ နဲ့ပတ်သက်လို့တော့ ဘာမှတ် ချက်မှ မပေးပါဘူး တဲ့။ 
Ref: အေးချမ်းမွန်ဖေ့ဘွတ်
မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဘင်္ဂါလီ ၄၀ ကျော် အသတ်ခံရပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဆိုသော ပြည်ပမီဒီယာအချို့၏ ဖော်ပြချက်များအတွက် သက်သေအထောက်အထား ပြသနိုင်ခြင်းမရှိ
အေပီ၊ ဘီဘီစီနှင့် အခြားပြည်ပ သတင်းဌာနများမှ ဖော်ပြခဲ့သော ဇန်နဝါရီ ၁၃ ရက် ညပိုင်း က မောင်တော မြို့နယ် ဒုချီးရား တန်းကျေးရွာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အကြမ်း ဖက် သတ်ဖြတ် ခံရ မှုကြောင့် လုံခြုံရေး တပ် ဖွဲများမှ ကျေးရွာအတွင်း ဝင်ရောက်ပြီး ပတ်ခတ်သဖြင့် ဘင်္ဂါလီ ၄ဝ ကျော် သေ ဆုံးပြီး ၂ဝ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်ဆိုသော သတင်းများနှင့် ပတ်သက်၍ အဆို ပါကျေး ရွာတွင် နေ ထိုင် သူများ အနေဖြင့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြသနိုင်ဘဲ အနီး ဝန်းကျင် ကျေးရွာ များတွင် နေထိုင် သူများကလည်း လူအများအပြား သေဆုံးဒဏ်ရာရမှုနှင့် ပတ်သက်၍ ၎င်းတို့ မကြား မိကြောင်း ပြောကြားသည်။ 
 ဇန်နဝါရီ ၁၃ ရက် ညပိုင်းက ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် မောင်တောမြို့နယ် ခရေမြိုင် ရဲစခန်းမှ ရဲ တပ်ဖွဲ့ဝင်များ အပါအဝင် ခရေမြိုင်၊ ကင်းချောင်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိ သူများ လိုက်ပါပြီး နယ်မြေ လုံခြုံရေးအတွက် ကင်းလှည့်လည်စဉ် ဒုချီးရားတန်းကျေးရွာ၌ တာဝန် ထမ်းဆောင် ရင်း အကြမ်း ဖက်မှု ခံခဲ့ရပြီး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
 ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးသွားခဲ့ပြီးနောက်တွင် ပြည်တွင်းအခြေစိုက် ဧရာဝတီ သ တင်း ဌာ န အပါအဝင် နိုင်ငံတကာ သတင်းဌာနများဖြစ်သော AP၊ BBC နှင့် မီဒီယာအချို့၌ လုံခြုံရေး တပ်ဖွဲ့ ဝင်များသည် အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာ အတွင်းသို့ဝင်ရောက်ပြီး အမျိုးသမီးများနှင့် ကလေး သူငယ် ၄ဝ ကျော်အား ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထုတ်လွှင့်ဖော်ပြခဲ့ကြသည်။ ယင်းသို့ သတင်းဖော်ပြမှုများကြောင့် ရန်ကုန်မြို့ရှိ အင်္ဂလန်နှင့် အမေရိကန်က ကြေညာချက်များ ထုတ်ပြန် ပြီး ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။ အစိုးရအနေဖြင့် ဒုချီးရားတန်းဖြစ်စဉ်အတွက် ရခိုင်ပဋိပက္ခ စုံစမ်းရေးကော် မရှင်အား သွားရောက်ပြီး စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့သလို အဆိုပါ တွေ့ရှိ ချက်များအား ဇန်နဝါရီ ၂၈ ရက်တွင် ရန်ကုန်မြို့၌လည်း နိုင်ငံတကာမှ သံတမန်များအား ဖိတ်ကြားပြီး ဒုချီးရား တန်းဖြစ်စဉ်အား အထောက်အထားများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာနိုင်ငံ       ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်သော သံတ မန် အဖွဲ့ သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ကာ ပြည်နယ်အစိုးရအဖွဲ့မှ တာ  ဝန်ရှိ သူ များနှင့် တွေ့ဆုံပြီး ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို မေးမြန်းခဲ့ကာ စစ်တွေ မြို့ရှိ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့သည်။ အဆိုပါ အဖွဲ့သည် ဇန်နဝါ ရီ ၃ဝ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ရောက်ရှိကာ အခင်းဖြစ်ပွား ခဲ့သော ဒုချီးရားတန်းကျေးရွာသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ဒုချီးရား တန်းကျေး ရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များသာရှိပြီး အမျိုးသားများမှာ အခင်းဖြစ်ပွား သည့်အချိန် နောက်ပိုင်း ကတည်းက တိမ်းရှောင်ပုန်းအောင်းနေကြပြီး ၎င်းတို့ပုန်းအောင်နေသော နေရာကို မသိ ရှိကြောင်း ဒေသခံများက ထွက်ဆိုကြသည်။ သံတမန်များက ပုန်းအောင်းနေသူ အားလုံးကို ဖမ်းဆီရန် အစီအစဉ် ရှိမရှိ ကို ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုအား မေးမြန်းရာ ဖမ်းဆီးရန် အစီအစဉ် မရှိဘဲ စစ်ဆေးမေးမြန်းရန်သာ ရှိကြောင်းနှင့် ရဲတပ်ကြပ်ကြီးအား အကြမ်းဖက်မှုတွင် ပါဝင်သူများအား ဖော်ထုတ်နိုင်ပါက ကျန်ကျေးရွာသူ ကျေးရွာသားများအား ဖမ်းဆီး မည် မ ဟုတ်ကြောင်း ပြော ကြားခဲ့သည်။ Eleven Media Group သတင်းအဖွဲ့အနေဖြင့် အခင်းဖြစ်ပွားခဲ့သော ဒုချီးရားတန်းကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများသို့ ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်က သွားရောက်ပြီး စုံစမ်းခဲ့ရာတွင် အဆိုပါကျေးရွာ၌ အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရပြီး ရဲတပ်ကြပ်ကြီး အကြမ်း ဖက်မှုဖြစ်စဉ်အား မေးမြန်းခဲ့ရာ အားလုံးက မသိကြောင်းနှင့် နားမလည်ကြောင်း ကိုသာ ပြောကြားကြ သည်။ အဆိုပါ အမျိုးသမီးများသည် ဒေသခံပြောစကားဖြစ်သော ရခိုင်ဘာ သာစကားကိုလည်း မပြောဆိုနိုင်ကြသလို မြန်မာစကားကိုလည်း လုံးဝနားမလည်သည်ကို တွေ့ရှိရသည်။ လူ ၄ဝ ကျော် အသတ်ခံရသည်ဆိုသော သတင်းနှင့် လူရှစ်ဦးကို ရက်စက်စွာ သတ်ဖြတ် ခဲ့သည် ကို မြင်တွေ့ခဲ့သူ ရှိမရှိ မေးမြန်းရာတွင်လည်း ၎င်းတို့ မမြင်တွေ့ရကြောင်းနှင့် လူရှစ်ဦးအား သတ်ဖြတ်ပြီး ကင်းချောင်းကျေးရွာ သုသာန်ဟောင်းအနီးမှ တောင်ကြားတွင် မြှုပ်နှံထားသည်ဟု ထင်းခုတ်သမား တစ်ဦးက ပြောသဖြင့် သိရကြောင်းသာ ပြောကြားပြီး အဆိုပါ ထင်းခုတ်သမား၏ အမည်နှင့် မည် သည့်ကျေးရွာ က ဖြစ်သည် ကို မေးမြန်းရာ တွင်လည်း ပြန်လည်ဖြေဆိုနိုင်ခြင်း မရှိပေ။  ရဲတပ်ြ ကပ်ကြီး အောင်ကျော်သိန်း တာဝန်ကျရာ ခရေမြိုင်ကျေးရွာမှာ ဒုချီးရားတန်းကျေးရွာနှင့် တစ်မိုင် ခန့်သာဝေး ကွာပြီး ရခိုင်တိုင်းရင်းသားများနှင့် မြန်မာများနေထိုင်သော ကျေးရွာဖြစ်သည်။ အခင်းဖြစ်ပွားခဲ့သော ဇန်နဝါရီ ၁၃ ရက်ည ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကျေးရွာလူကြီး ဦးခင်မောင်ဝင်းနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော် သိန်း၏ ညီဖြစ်သူ ကိုထွန်းဖြူအား တွေ့ဆုံပြီး မေးမြန်းခဲ့ရာတွင် သတင်းမီဒီယာအချို့၏ ဖော်ပြ ချက်နှင့် ဆန့်ကျင်ကွဲလွဲနေသည်ကို တွေ့ရှိခဲ့ရသည်။ ကျေးရွာလူကြီး ဦးခင်မောင်ဝင်းက “ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းက အင်မတန် စိတ်သဘောထားကောင်းတဲ့သူပါ။ အရက်သေစာ သောက်စားတတ်တဲ့သူလည်း မဟုတ်ပါဘူး။တင်းလှည့်သွားတာကလည်း ပုံမှန်လှည့်ကင်း သွားကြတာပါ။ ရွာထဲကိုရောက်တော့ လူအုပ်နဲ့ဝိုင်းပြီး ရန်လုပ်တာ ခံခဲ့ရတာပါ။ ရဲတွေမှာ လက်နက်အင်အား မကောင်းတာ သိလို့ ဒီလိုလုပ်ကြတာ။ တစ် လုံး ထိုး သေ နတ်တွေ ပဲ ရှိ ပြီး အောင်ေ ကျာ် သိန်း ကိုင်တဲ့ M-22 မောင်းပြန်သေနတ်က အခင်းဖြစ်မယ့်နေ့ နေ့လယ်ကမှ မောင်တောက ထုတ်ခဲ့ တာပါ။ ကင်းလှည့်သွားရင်း လူစုနဲ့ရန်ပြုခံရလို့ ခရေမြိုင်စခန်းက ရဲတွေပြန်လာပြီး အောင်ကျော်သိန်း ကျန် ခဲ့ တယ် ဆိုတာ သိရပြီး မျှော်နေကြတယ်။ ချက်ချင်းဆိုသလိုပဲ ခရိုင်နဲ့မြို့နယ်အဆင့်က ရောက်လာကြပြီး သုံးနာရီအတွင်း အောင်ကျော်သိန်းကို ပြန်ထုတ်ပေးဖို့ ပြောပါတယ်။ မပေးတဲ့အတွက် သတ်မှတ်တဲ့အချိန်မှာ ရွာထဲကိုဝင်တော့ ယောက်ျားသားတွေ မရှိတော့ဘူး။ ပတ်သံခတ်သံလည်း မကြား ရပါဘူး။ ခရေမြိုင်နဲ့ ဒုချီးရားတန်းဆိုတာ လမ်းလျှောက်သွားရင်တောင် ဆယ်မိနစ်အတွင်းရောက်တဲ့ အကွာ အဝေးပါ။ လူ ၄ဝ ကို ပစ်ခတ်သတ်ဖြတ်မယ်ဆိုရင် ကျွန်တော်တို့ရွာက အတိုင်းသား ကြားရမှာပါ။ ဘယ်သူ လာမေးမေး ကျွန်တော်ဒီအတိုင်းပဲ ဖြေပါမယ်။ မဟုတ်မမှန်လည်း မပြောတတ်ပါဘူး။ လူ ၄ဝ ကျော်သေ တယ်လို့ ပြောပေမယ့် သူတို့သင်္ချိုင်းက လွန်ခဲ့တဲ့ ၂ဝ၁၂ ကတည်းက အတိုင်းပါပဲ။ သေသူမရှိတဲ့အတွက် ဖုန်းဆိုးကွင်းကြီးတောင် ဖြစ်နေပါပြီ။ သူတို့ဘာသာရေး ထုံးစံအရဆိုရင် ဒီအတိုင်းမြှုပ်ရပါတယ်။ အခုဘာမှ မတွေ့ပါဘူး” ဟု ပြောကြားသည်။ ဒုချီးရားတန်းကျေးရွာအုပ်စုတွင် ကျေးရွာခုနစ်ရွာရှိပြီး အခင်းဖြစ်သည့် ဒုချီးရားတန်းအလယ်ရွာတွင် အိမ်ထောင်စု ၄ဝဝ ကျော်ရှိကာ လူဦးရေ ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။ အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာများဖြစ်သော ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း၊ ကန်သာယာ(အထက်)၊ ကန်သာယာ(အောက်) ကျေးရွာများတွင် အိမ်ထောင်စု ၃ဝ ဝန်းကျင်စီသာရှိပြီး လူဦးရေမှာလည်း ၁ဝဝ ပတ်ဝန်းကျင်သာ ရှိကြသည်။ ရခိုင်တိုင်းရင်းသား ကျေးရွာများမှာ တစ်နေရာနှင့် တစ်နေရာ အလှမ်းကွာသော်လည်း ဘင်္ဂါလီကျေးရွာများမှာ ဆက်စပ်လျက်တည်ရှိကြသည်။ ထို့ကြောင့် ရခိုင်တိုင်း ရင်းသားများ အနေဖြင့် လုံခြုံရေး အစောင့်အရှောက်ဖြင့်သာ နေထိုင်ရဲကြပြီး ဘင်္ဂါလီကျေးရွာ များဖက်သို့ သွားရောက် ရဲကြခြင်း မရှိကြောင်း သိရသည်။ ကင်းချောင်းရဲစခန်းမှ ရဲတပ်သားများကလည်း ဒုချီးရား တန်းကျေးရွာသည် ၂ဝဝ၈ ခုနှစ်ကလည်း ရဲတပ်ကြပ်တစ်ဦးအား ရိုက်နှက်ခဲ့ဖူးပြီး လက် ရှိအချိန် တွင်လည်း စခန်းမှူး ကိုပင် ဓားပြကာ ခြိမ်းခြောက်သည့်ရွာဟု ပြောကြားသည်။ ရွာအနီးရှိချောင်းမှ နာရီ ဝက်ခန့်သွားလျှင် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ရောက်ရှိသဖြင့် ပြစ်မှုကျူးလွန်ပြီးလျှင် ထွက်ပြေးသွား တတ်ကြသည်ဟု ပြောကြား ချက်များအရ သိရသည်။
ရခိုင်ပြည်နယ် ရဲတပ်ရင်းများ ကွပ်ကွဲရေးမှူး ရဲမှူးချုပ်တင်ကိုကိုနှင့် ဇန်နဝါရီ ၃၁ ရက်က တွေ့ဆုံမေးမြန်းခဲ့ ရာတွင် ၎င်းက “ဇန်နဝါရီ ၁၄ ရက်မှာ ရွာထဲကိုဝင်တော့ ဗလီစောင့်တစ်ဦးပဲ ယောက်ျားသားတွေ့ရတယ်။ ကျန်တာက မိန်းမနဲ့ကလေးတွေပဲ။ မေးကြည့်တဲ့အခါ အဖမ်းခံရမှာကြောက်လို့ ထွက်ပြေးသွား ကြတယ် ပြောပါတယ်။ ဗလီစောင့်နဲ့ ရွာနားမှာ ပုန်းနေတဲ့သူတွေကို ခေါ်ယူစစ်ဆေးတဲ့အခါမှာ လူ ၂၇ ဦးရဲ့ အမည်ကို ရပါတယ်။ လက်ရှိအချိန်မှာ ၁၆ ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှူးဆီကိုလည်း သူတို့ဓာတ်ပုံတွေနဲ့ ကိုယ်ရေးအချက်အလက်တွေပို့ပြီး အဲဒီဘက်မှာ ရှိ၊ မရှိ စစ်ဆေးပေး ဖို့ အကူအ ညီတောင်းထားပါတယ်။ အခင်းဖြစ်တဲ့ရွာက အရင်ကတည်းက နာမည်ဆိုးတဲ့ရွာပါ။ ဇန်နဝါရီ ၁၃ ရက်က သူတို့ဘာသာရေးရဲ့ တမန်တော်နေ့ပါ။ ကင်းချောင်းအုပ်ချုပ်ရေးမှူးကိုလည်း ဖုန်းဆက်ပြီး ရွာကိုလာဖို့ခေါ်တယ်လို့ သိရပါတယ်။ နောက်ပြီး မောင်တောက ဌာနဆိုင်ရာ အရာရှိတစ်ယောက်ကိုလည်း ရွာကိုလာဖို့ ခေါ်ပါသေးတယ်။ ဘယ်သူမှမသွားကြဘဲ ကင်းလှည့်သွားတဲ့ တပ်ကြပ်ကြီးကို အခုလို လုပ်လိုက်တာပါ။ ရည်ရွယ်ချက်နဲ့လုပ်တာပြောလို့ ရပါတယ်။ နောက်ပြီး EU သံတမန်တွေ လာမယ် ၃ဝ ရက်မတိုင်မီ ၂၉ ရက်ညကလည်း ရွာကိုမီးရှို့ပြီး ကျွန်တော်ကိုယ်တိုင် ဦးဆောင်မီးရှို့ပါတယ် ဆိုပြီး သတင်းလွှင့်ပါတယ်။ အခုဖြစ်စဉ်က နိုင်ငံတော်ဝန်ထမ်းတစ်ယောက်ကို အကြမ်းဖက်ပြီး လက်နက်လုယူတဲ့ နိုင်ငံတော်ပုန်ကန်မှုပါ။ ဒါကြောင့် ကျွန်တော်တို့တောင်းဆိုထားတဲ့ ရဲတပ်ကြပ်ကြီးနဲ့ လက်နက်မရမချင်း ဖိဖိစီးစီး လုပ်သွားပါမယ်” ဟု ပြောကြားသည်။ မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂက စုံစမ်း စစ်ဆေးပေးရန် တောင်း ဆိုခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာ ဝန်ကြီးကလည်း ဒုချီးရားကျေး ရွာ ဖြစ်စဉ် အပေါ် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်အား သိရှိနိုင်ရန် ဥရောပသမဂ္ဂ သံအမတ်ကြီး ဦးဆောင်သော သံတမန်အဖွဲ့က ရခိုင်ပြည်နယ် စစ်တွေသို့ သွားရောက်၍ ဒေသခံများကို မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ ပြင်သစ်သံအမတ်ကြီးက အစ္စလာမ် ဘာသာဝင်များအား ၎င်းတို့၏ လူမျိုးအပေါ် ထင်မြင်ချက်ကို မေးမြန်းမှုအပေါ် ရွာသစ်ကေရပ်ကွက် တာဝန်ခံဘာဆဲက “ကျွန်တော်တို့ကတော့ ဝန်ထမ်းသားသမီးပါ။ မောင်တောမှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် အတူတကွ စားအတူ၊ သွားအတူနေပြီး ငြိမ်းချမ်းနေပါတယ်။ ၉၉ ရာခိုင်နှုန်း ငြိမ်းချမ်းနေပါတယ်။ လူနည်းစု တစ်စုကသာ ဆူပူမှုပြဿနာဖြစ်အောင် ဖန်တီးနေပါတယ်။ ဒါကို ပူးပေါင်းပြီး အရေးယူဆောင် ရွက် ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေပါ တယ်။ ကျွန်တော်တို့က နိုင်ငံတော် က သတ်မှတ်ပေးတဲ့ လူမျိုးကို လက်ခံပါတယ်။ ကျွန်တော်တို့က မွတ်စလင် လူမျိုးတွေပါ” ဟု ဖြေကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် အီးယူသံအမတ်ကြီးက ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံစကားကို မတတ်ကြဘူး ဆိုတော့ တစ်မျိုးဖြစ်နေကြောင်း ထို့ကြောင့် တရားမဝင် ရောက်လာ သူများလား၊ ဒီမှာပဲ မွေးဖွား သူများလား စသည်ဖြင့် မေးမြန်းမှုကို မြို့မတောင်ရပ်ကွက် တာဝန်ခံဦးအီဆုပ်က “အဲဒီကိစ္စကို ဌာနဆိုင်ရာတွေက ပိုပြီးသိနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ဒီမှာ အချိန်အကြာကြီး ဘိုးဘွား ကအစ နေထိုင်လာခဲ့ကြတာပါ။ ခိုးဝင်လာတယ် ဆိုတာတွေကို ဌာနဆိုင်ရာတွေက စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတော့ ပိုသိမှာပါ။ အဓိကကတော့ ဆင်းရဲပြီး စာမတတ်ကြလို့ပါပဲ။ ကျွန်တော်ပြောချင်တာ က ကျွန်တော်တို့ကို ပညာရေးတိုးတက်အောင် ကူညီပေးစေချင်ပါတယ်။ ပညာရေးမြင့်မား လာပြီဆိုရင် အားလုံးအဆင်ပြေသွားမှာပါ” ဟု ပြန်လည်ဖြေကြား ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်က ဒုချီးရားတန်းကျေးရွာအတွင်း ဝင်ရောက်ပြီး အခင်းဖြစ်ပွား ပုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရှိ ရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂါလီဘာသာဖြင့် (နော်ဘူဇေး-နားမလည်ဘူး၊ နော်စေးနီ-မသိဘူး) ဟုသာ ပြန်လည်ဖြေဆိုကြသည်။ ထိုသို့ မေးမြန်းနေစဉ်အတွင်း မြန်မာနိုင်ငံ လူ့ အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦး စစ်မြိုင်နှ င့်အဖွဲ့ သည် ကျေးရွာ အတွင်း ဝင်ရောက်ပြီး လူ ၄ဝ ကျော် အသတ်ခံရသည့် ဖြစ်စဉ်၊ လူရှစ်ဦးအား သတ်ဖြတ်ြ ပီး တောင် ကြားတွင် မြှုပ်နှံ ထားသည့် ဖြစ်စဉ်များအတွက် သက်သေ အထောက် အထားများအား ရွာခံ အမျိုး သမီးများနှင့် အနီးဝန်းကျင် ကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ယူထားသူ အမျိုး သားများအား မေးမြန်းခဲ့သည်။ လူ့အခွင့်အရေးကော်မရှင်၏ မေးမြန်းမှုကို လာရောက် ကူညီသော မောင်တောမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုစားလှယ် ဦးအောင်မျိုးမင်းအား ဒုချီးရားတန်းကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းသိရှိ ထားသည် များအနက် မှ ပြောကြားပေး ရန် မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်မရှိတဲ့အတွက် ဘာမှ မပြောပြနိုင်ပါဘူး။ ဒေသခံေ တွ ကိုေ မးတာ အကောင်းဆုံးပါ” ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။
ထို့အပြင် အီးယူသံအမတ်ကြီးက ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံစကားကို မတတ်ကြဘူးဆိုတော့ တစ်မျိုးဖြစ်နေကြောင်း ထို့ကြောင့် တရား မဝင် ရောက်လာသူများလား၊ ဒီမှာပဲ မွေးဖွားသူများလား စသည်ဖြင့် မေးမြန်းမှု ကို မြို့မတောင်ရပ်ကွက် တာဝန်ခံဦးအီဆုပ်က “အဲဒီကိစ္စကို ဌာနဆိုင်ရာတွေက ပိုပြီးသိနိုင်မယ် ထင် ပါ တယ်။ ကျွန်တော်တို့ဒီမှာ အချိန်အကြာကြီး ဘိုးဘွား ကအစ နေထိုင် လာခဲ့ကြတာပါ။ ခိုးဝင်လာတယ် ဆိုတာတွေကို ဌာနဆိုင်ရာတွေက စစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတော့ ပိုသိမှာပါ။ အဓိကကတော့ ဆင်းရဲပြီး စာမတတ်ကြလို့ပါပဲ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကို ပညာရေး တိုးတက်အောင် ကူညီပေးစေချင်ပါတယ်။ ပညာရေးမြင့်မားလာပြီဆိုရင် အားလုံး အဆင်ပြေသွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်က ဒုချီးရားတန်းကျေးရွာ အတွင်း ဝင်ရောက်ပြီး အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင် အမျိုးသမီးများနှင့် ကလေးငယ်များကိုသာ တွေ့ရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဘင်္ဂါလီဘာသာဖြင့် (နော်ဘူဇေး-နားမလည်ဘူး၊ နော်စေးနီ-မသိဘူး) ဟုသာ ပြန်လည်ဖြေဆိုကြသည်။ ထိုသို့မေးမြန်းနေစဉ်အတွင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်နှင့်အဖွဲ့သည် ကျေးရွာ အတွင်းဝင်ရောက်ပြီး လူ ၄ဝ ကျော်အသတ်ခံရသည့် ဖြစ်စဉ်၊ လူရှစ်ဦးအား သတ်ဖြတ်ပြီး တောင်ကြားတွင် မြှုပ်နှံထားသည့် ဖြစ်စဉ်များအတွက် သက်သေအထောက် အထားများအား ရွာခံအမျိုး သမီးများနှင့် အနီးဝန်းကျင် ကျေးရွာများမှ အုပ်ချုပ်ရေးတာဝန်ယူထားသူ အမျိုးသားများအား မေးမြန်းခဲ့သည်။ လူ့အခွင့်အရေးကော်မရှင်၏ မေးမြန်းမှုကို လာရောက် ကူညီသော မောင်တောမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုစားလှယ် ဦးအောင်မျိုးမင်းအား ဒုချီးရားတန်းကျေးရွာဖြစ် စဉ်နှင့် ပတ်သက်ပြီး ၎င်းသိရှိထားသည် များအနက်မှ ပြောကြားပေး ရန် မေးမြန်းခဲ့ရာတွင် “ဖြစ်စဉ်ဖြစ်တဲ့အချိန်မှာ ကျွန်တော်မရှိတဲ့အတွက် ဘာမှမပြောပြနိုင်ပါ ဘူး။ ဒေသခံတွေကိုမေး တာ အကောင်းဆုံးပါ” ဟုသာ ပြန်လည်ဖြေကြားသွားခဲ့သည်။ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ဇနီး ဒေါ်ခင်အေးလွင်နှင့် တွေ့ဆုံခြင်း
မေး - အစ်မတို့ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပါပြီလဲ။
ဖြေ - ၂၀၁၂ ခုနှစ် အောက်တိုဘာလကမှ အိမ်ထောင်ကျခဲ့တာပါ။ သူကအဖေနဲ့ ၁၀ နှစ်ကျော် လက်တွဲအလုပ်လုပ်ခဲ့တဲ့သူဖြစ်လို့ သူမောင်တောကို ပြောင်းခါနီးမှာ ကျမနဲ့ အိမ်ထောင်ချပေးခဲ့တာပါ။ အဖေကလည်း ရဲဝန်ထမ်းပါပဲ။ အခု ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကုလားထိပ်ရဲစခန်းမှာ တာဝန်ကျနေပါတယ်။ သူက အသက် ၄၀ ၊ ကျွန်မက ၃၀ ပြည့်တော့မယ်။
မေး - မောင်တောကိုပြောင်းလာတာ ကြာပြီလား။ တပ်ကြပ်ကြီး အောင်ကျော်သိန်းက အခုဖြစ်တဲ့ ရွာ နဲ့ ပြဿနာဖြစ် ဖူးတာရှိလား။
ဖြေ - မကြာသေးဘူး ဒီကိုပြောင်းလာတာ။ လက်ထပ်ပြီးနောက်မှ။ သူက ခရေမြိုင်ရဲကင်းမှာ တာဝန်ကျလို့ အဲဒီကိုလိုက်နေတာ လေးလလောက်ပဲ ရှိသေးတယ်။ သူက မသောက်တတ် မစားတတ်ပါဘူး။ ပတ်ဝန်းကျင်ရွာတွေနဲ့လည်း အဆင်ပြေပါတယ်။ ပြဿနာတစ်စုံတစ်ရာမှ မဖြစ်ခဲ့ဖူးပါဘူး။
 မေး - အစ်မက မီဖွားခါနီးဆိုတော့ ဘယ်အချိန်က မောင်တောကို ပြန်ပြောင်းလာတာလဲ။
ဖြေ - ဇန်န၀ါရီ ၈ ရက်ကမှ ဆေးရုံတက်ဖို့ မြို့ကိုပြန်လာတာ။ သူက တစ်နေ့တစ်ခေါက်တော့ လာပါတယ်။ ၁၃ ရက်ကလည်း လက်နက်လာထုတ်တာဆိုပြီး နေ့ခင်းမှာ ရောက်လာပါတယ်။ အလုပ်တွေ ရှိသေးလို့ဆိုပြီး အိမ်ထဲကိုတောင် ၀င်မသွားပါဘူး။ အပြင်ကနေပဲ စကားပြောပြီး ပြန်သွားတယ်။ အဲဒါ နောက်ဆုံးတွေ့လိုက်ရတာပါပဲ။ ညပိုင်းမှာ ဖြစ်တယ်လို့သိရပြီး ပြန်တွေ့နိုးနိုး စောင့်နေရတာ အခုချိန်အထိပါပဲ။
မေး - မီးဖွားဖို့အတွက် ဒီကိုရောက်လာရင်း ဖြစ်သွားတာဆိုတော့ အခက်အခဲတွေ ရှိမှာပေါ့။
ဖြေ - အခက်အခဲကတော့ ရှိတာပေါ့။ မြို့နယ်ကရော ခရိုင်ကပါ ၀ိုင်းကူညီကြလို့ အစစအရာရာ အဆင်ပြေပါတယ်။ ကလေးက ခွဲပြီးမွေးရတယ်။ လူကလည်း သောကစိတ်နဲ့ဆိုတော့ ကျန်းမာရေး မကောင်းတဲ့ကြားက ခက်ခက်ခဲခဲ မွေးခဲ့ရတာ။
မေး - ကလေးငယ်လေးနဲ့ဆိုတော့ ဒုက္ခရောက်နေမှာပေါ့။
ဖြေ - သူအဲဒီလိုဖြစ်တယ် သတင်းကြားတော့ ဖျာပုံမှာရှိတဲ့ အဖေနဲ့အမေ ရောက်လာပါတယ်။ သူတို့ကလည်း ရဲဝန်ထမ်းတွေဆိုတော့ အခက်အခဲတွေကြားက လာကြရတာလေ။ အဖေကလည်း သူလိုရဲတပ်ကြပ်ကြီးပါ။ အမျိုးသားရော ကျမတို့ကပါ ရခိုင်တိုင်းရင်းသားတွေပါ။
မေး - ရှေ့ဆက်ပြီး ဘယ်လိုလုပ်မယ် စီစဉ်ထားပါသလဲ။
ဖြေ - ဒီမှာ ကလေးငယ်လေးနဲ့ ဘယ်လိုမှနေလို့ မဖြစ်ဘူးလေ။ အဖေတို့ရှိရာကို လိုက်သွားရမှာ။ ကလေးငယ်သေးလို့ ခဏစောင့်နေရတာ။ ကုလားထိပ်မှာက နေလို့အဆင်မပြေတော့ အမာမြို့သစ်မှာ အမေတို့နဲ့အတူ နေရမှာပေါ့။ သွားရေးလာရေးကခက်တော့ မောင်တောကနေပြန်ဖို့ ခက်နေတယ်။ စစ်တွေကနေ လေယာဉ်နဲ့ပြန်ဖို့ အဆင်မပြေမှာ စိတ်ပူတယ်။
မေး - တခြား ဘာများပြောချင်တာ ရှိပါသေးလဲ။
ဖြေ - ကျမတို့က ရခိုင်တိုင်းရင်းသားတွေပါ။ ကိုယ့်လူမျိုးကို စောင့်ရှောက်ရင်း အခုလိုဖြစ်သွားရတဲ့ သူ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် ဂုဏ်ယူပါတယ်။ လူကြီးတွေကလည်း သူ့အတွက် ၀မ်းနည်းလို့မဆုံးပါဘူး။ ကလေးရှေ့ရေးအတွက်တော့ စိတ်ပူရတာရှိပေမယ့် ကြိုးစားသွားရမှာပေါ့။ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့အတွက် အခုလိုမျိုး ဖြစ်သွားရတာပါ။ ဒါကိုသူက သက်သေပြသွားတာပါ။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
(Profile)
အမည်- ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း
ကိုယ်ပိုင်အမှတ် - ၁၇၂၁၀၈
မွေးသက္ကရာဇ် - ၁၁-၁၂-၁၉၇၅
လုပ်သက် - ၁၈ နှစ်
ဇနီးအမည်- ဒေါ်ခင်အေးလွင်
 Eleven Media Group
ခေါ်ရင်လာ ခိုင်းတာလုပ် ပြန်မပြောနဲ့  ဓါးနဲ့ ခုတ်ခံရမယ်
တိုက်ကြီးမြို့နယ်တွင် ထမင်းမချက်သည့် ယောက်ျားကို မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်မှုတစ်ခု ဖေဖော်ဝါရီ ၂ရက်က ဖြစ်ပွားခဲ့ သည်ဟု မြို့နယ် ရဲစခန်း မှူးဖြစ်သူ ရဲအုပ် သန်းဦးက မဇ္ဈိမကို ပြောသည်။အဆိုပါ အမှုမှာ တိုက်ကြီးမြို့နယ် စပါးကိုင်းအုပ်စု၊ လက်ပံကုန်းရွာတွင် နံနက် ၁၀နာရီက ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး ကျော်လွင်ဦး (၄၉)နှစ်ကို ဇနီးဖြစ်သူ မတင်မာဝင်း (၄၂)နှစ်က ထမင်းချက်ခိုင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ယောက်ျားဖြစ် သူက ထမင်းမချက်ဘဲ ထမင်းကြော်ထားကြောင်း၊ ထမင်းကြော်ပဲ စားရန် ပြောရာ မကျေနပ်ဘဲ စကား များပြီးနောက် မိန်းမဖြစ်သူက ဓါးမဖြင့် ခုတ်ခဲ့သော အမှုလည်း ဖြစ်သည်။
"လောလောဆယ်တော့ ဓါးနဲ့ခုတ်သူက ရှောင်နေပါတယ်။ ကျွန်တော်တို့ လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်။ သူက ဓါးမနဲ့ခုတ်လို့ နာကျင်စေမှု ပုဒ်မနဲ့ အမှုဖွင့်ထားတယ်။ ယောက်ျားဖြစ်သူကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး” ဟု စခန်းမှူး ရဲအုပ်သန်းဦးက ပြောသည်။
ဖြစ် စဉ် တွင် စကား များ ရန်ဖြစ်စဉ် ခင်ပွန်းဖြစ်သူ ကျော်လွင်ဦးမှာ ဝါးခုတ် ဓါးမ အား ဘေး ချ ထား ပြီး နှီး ဆက် ထိုးနေ စဉ် ဇနီးဖြစ်သူ မတင်မာဝင်း က ဓါးမအား ကောက် ၍ နောက် မှ ခုတ် ခဲ့ခြင်း ဖြစ် သည် ဟု ရဲ တပ်ဖွဲ့က ဆိုထားသည်။
ထို့ကြောင့် ကျော်လွင်ဦးတွင် ဦးခေါင်းနောက်စေ့၊ ဦးခေါင်းဝဲဘက်နောက်စေ့နှင့် ယာလက် ခလယ် ၊ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ကြီးဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသနေရသည်။
ထို့နောက် ဇနီးးဖြစ်သူ မတင်မာဝင်းကို အရေးယူပေးရန် ကျော်လွင်ဦးက တိုင်တန်းသဖြင့် တိုက်ကြီး ရဲစခန်း က (ပ)၄၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး နာကျင်စေမှုပုဒ်မ ၃၂၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို လိုက် လံ ရှာဖွေဖမ်းဆီးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
Ref:News in Burmese
လှိုင်သာယာ၌ စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ အမ်အေပွိုင့် (၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ခုပါဝင်
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် လှိုင်သာယာမြို့နယ် အမှတ်(၁၉) ရပ်ကွက် ဓည၀တီ(၂)လမ်း အမှတ်-၃၃၂ နေ ဦးခင်သန်း အသက်(၆၀)နှစ် နေအိမ်မှ ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၁ နာရီ ခန့် တွင် (MA. ၁၂၃၄) ဖိုင်ဘာကျည်အိမ် ၈၁ ခုနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။
၎င်းဖြစ်စဉ်အားစုံစမ်းသိရှိရသည်မှာ ကချင်ပြည်နယ် မိုးကောင်းမြို့ (ဆ.ခ. ခ-၃) တပ်ရင်းမှ သားဖြစ်သူ တပ်သားငယ် လေးနှင့် တပ်သား ကိုရဲ (သမက်)တို့နှင့်သွား ရောက်တွေ့ဆုံခဲ့ပြီး နေရပ်သို့ပြန်လည်ထွက် ခွာလာသော ဦးခင်သန်း၊ ဇနီးဒေါ်ငယ်လေး၊ မခင်မာထွေးနှင့်မြေး  ငယ်လေးတို့သည်မိုးကောင်း မှ မန္တလေးသို့ ရထားစီးနင်း လိုက်ပါလာစဉ်က ၎င်းတို့နှင့်အတူ မြွေရေခွံ လက်ဆွဲအိတ်တစ်လုံး၊ အလျား ၂ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မအမြင့်ရှိ အစိမ်းရောင် သံသေတ္တာ တစ်လုံးတို့ အတူ ပါရှိလာခဲ့သည်။
မြစ်ကြီးနား-မိုးကောင်း-မန္တလေး ခရီးစဉ်ပြေးဆွဲသည့် စာပို့ရထားအတွင်း ၌ တပ်မတော် သားစစ် သည် များ ရောနှောလိုက် ပါစီးနင်းခဲ့ကြပြီး ဦးခင်သန်း အပါအ၀င် မိသားစုဝင်တို့သည် မိုးကောင်း-မန္တလေး ခရီးစဉ်မှ မူလနေထိုင်ရာ ရန်ကုန် မြို့ လှိုင်သာယာမြို့နယ် အမှတ် (၁၉) ရပ်ကွက် နေအိမ် သို့ရောက်ရှိ စဉ် သေတ္တာ သော့အားဖျက်၍ ဖွင့်လိုက်ရာ ၎င်းတို့ပိုင် ပစ္စည်းမဟုတ်သော (MA-၁၂၃၄)ဖိုင်ဘာ ကျည်ဘောက် များ အပြင် စစ်သုံးပစ္စည်းများကိုပါ တွေ့ရှိ လိုက်ရသဖြင့် ကြောက်လန့်တကြားနှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးမြင့်အေးနှင့် တာဝန်ရှိသူများကို အသိပေး အကြောင်း ကြားခဲ့သည်။
ဦးခင်သန်းပြော ဆိုချက်အရ မြို့နယ်အဆင့် လှိုင်သာယာမြို့မ ရဲစခန်း သို့ ဆက်သွယ်မှုရယူကာ အသေးစိတ် စိစစ်ချက်အရ တွေ့ရှိရသော ကျည်ကတ် (၈၁) ခု အပါအ၀င် ပစ္စည်းမျိုးစုံအား စနစ်တကျ စာရင်းပြုစုကာ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များသို့ ဆက်သွယ် အကြောင်းကြားကာ ပိုင်ရှင်လက်ဝယ်သို့
ပို့အပ်နိုင်ရန် လှိုင်သာယာမြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်ပိုင်(လှိုင်သာယာ)
ကိုယ်ခန္ဓာတောင့်တင်း ပြည့်ဖြိုးလှပလိုသူတိုင်းလိုက်နာသင့်သောအချက်များ
“လူ့အလို နတ်မလိုက်နိုင်”ဆိုတဲ့ စ ကားအတိုင်း ဝတဲ့သူတွေက ပိန်ချင်ကြပြီး ပိန်တဲ့သူတွေက ခန္ဓာကိုယ် ပြည့်ဖြိုး အလှတိုးချင်ကြပါတယ်။
အစားအသောက်
- တစ်နေ့ အနည်းဆုံး ထမင်း ငါးကြိမ် စားပါ။ ဒါမှ ကယ်လိုရီ များများ ရရှိမှာ ဖြစ်ပါတယ်။ သစ်သီးခြောက်၊ ဒိန်ချဉ်၊ နို့ နဲ့ နို့ထွက် ပစ္စည်းတွေကို များများထည့် စားပါ။ သင့်ကိုယ် အလေးချိန်၊ အရပ်အ မောင်းနဲ့ လှုပ်ရှားမှု အဆင့်ပေါ်မူတည်ပြီး ကယ်လိုရီ လိုအပ်ချက်က ပြောင်းလဲနေ တတ်ပါတယ်။ ပရိုတင်းဓာတ် များများရ ရှိတဲ့ အစာတွေကို စားပေးတာကြောင့် ကြွက်သားသန်စွမ်းအောင် တည်ဆောက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ပဲနီလေး၊ ကုလား ပဲ၊ ပဲစိမ်းစတဲ့ ပရိုတင်းပါဝင်မှု မြင့်မား တဲ့ အစာတွေကို စားပေးပါ။
- ဥအမျိုးမျိုး၊ ငါးနဲ့ အသားတွေအပြင် နို့နဲ့ နို့ထွက် ပစ္စည်းတွေကို များများ စား ပေးပါ။
- မစ်ရှိတ်(Milk Shake)၊ သစ်သီး ဖျော်ရည် စတာတွေကို သောက်တာ ကြောင့် ကိုယ်အလေးချိန်ကို မြင့်တက် စေနိုင်ပါတယ်။
- သံလွင်ဆီ၊ အခွံမာတဲ့ အစေ့အဆန်၊ မြေပဲ စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မပြည့်ဝဆီတွေကို များများ စားပေးပါ။
- သီဟိုဠ်စေ့၊ သဖန်းသီး၊ ငှက်ပျောသီး စတဲ့ သရေစာတွေကို ထမင်းစားချိန်တစ် ချိန်နဲ့ တစ်ချိန်ကြား စားပေးသင့်ပါတယ်။ - အာလူးနဲ့ ပြောင်းဖူးတို့လို ကစီဓာတ် များတဲ့ ဟင်းသီးဟင်းရွက်တွေကို များ များ စားပေးပါ။
- သစ်သီးဖျော်ရည်နဲ့ သစ်သီးခြောက် တွေမှာ ကယ်လိုရီအများအပြား ပါဝင် တာကြောင့် သင့်ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။
အနားယူမှု
- တစ်ညအနည်းဆုံး အိပ်ချိန် ရှစ်နာရီ ထားပေးရပါမယ်။
- စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ပြီး များများအနား ယူပေးပါ။
လေ့ကျင့်ခန်း
- လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် လျော့ကျဖို့ အတွက်ပဲ အသုံးဝင် တယ်လို့ လူအများစုက ထင်နေကြ ပါတယ်။ နေ့စဉ် အသင့်အတင့် လေ့ကျင့်ခန်း လုပ်တာ ကြောင့် ကြွက်သားထု ထည်ကို တိုးစေပြီး အစာစားချင်စိတ်ကို ကောင်းမွန်စေ ပါတယ်။
- ပုံမှန် လေ့ကျင့်ခန်း အသင့်အတင့် လုပ် တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေကာ အစာခြေဖျက် နှုန်း တိုးတဲ့အတွက် ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ အညီ တိုးစေတာ ဖြစ်ပါ တယ်။ အဆီတွေ မတိုးဘဲ ကြွက်သား ထုထည်တိုးကာ ပြည့်ဖြိုးလှပစေဖို့ရာအ တွက် လေ့ကျင့်ခန်းက မဖြစ်မနေ အရေး ပါလှပါတယ်။ 
Ref:good health