468x60 Ads

Thursday, December 6, 2012

(၁၀)ထပ်ပါအဆောက်အဦးတစ်ခုကို(၄၈)နာရီအတွင်းဆောက်လုပ်နိုင်ခဲ့သောအိန္ဒိယနိုင်ငံ

အာရှစီးပွားရေး အင်အားကြီးနိုင်ငံ တစ်ခုဖြစ်လာသည့် အိန္ဒိယနိုင်ငံမှ စွန့်ဦးတီထွင်သူ လုပ်ငန်း ရှင် တစ်ဦး သည် ၄၈ နာရီအတွင်း ၁ဝ ထပ်ပါ အထပ်မြင့် အဆောက်အအုံကို ဆောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
မိမိတို့၏ ရည်ရွယ်ချက်မှာ အဆိုပါ ၁ဝ ထပ်ရှိ အဆောက်အအုံကို သတ် မှတ်ချိန်အတွင်း တည်ဆောက်နိုင် သည် ကို ပြသလိုခြင်းဖြစ်ကြောင်း၊ လက်တွေ့အားဖြင့်လည်း ၄၈ နာရီအတွင်း ၎င်း အဆောက် အအုံ ကို  ဆောက်ပြနိုင် ခဲ့ကြောင်း အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင် ဟာပယ်လ်ဆင်းဂ်၏ ပြောကြားချက်ကို NDTV ရုပ်သံက ဖော်ပြခဲ့သည်။ ၎င်း ၁ဝ ထပ်ပါ အထပ်မြင့် အဆောက်အအုံကို တည်ဆောက်ရာတွင် အ သင့်သုံး စွဲနိုင်သော ဆောက် လုပ်ရေးပစ္စည်းများကို သုံးစွဲထားပြီး သံမဏိတန်ချိန် ၂ဝဝ ခန့် ပါဝင်ကြောင်း သိရ သည်။ ၎င်းအဆောက်အအုံအား ချန်ဒီဂါမြို့ မှ ၁ဝ ကီလိုမီတာအကွာ မိုဟာလီမြို့တွင် ဆောက်လုပ် ထားခြင်းဖြစ် ပြီး ၎င်းအဆောက်အအုံ၏ အပြင်ဘက်အား အနီရောင်နှင့် မီးခိုးရောင် ဆေးများသုတ် ထားသည်ဟု သိရသည်။၎င်းအဆောက်အအုံသည် ၄၈ နာရီအတွင်း ဆောက်လုပ်နိုင်သော နိုင်ငံ၏ ပထမဆုံး အဆောက်အအုံဖြစ်ကြောင်း၊ အဆောက်အအုံပုံစံသည် မြေငလျင် ဒဏ် မကြာခဏ ခံစားရသည့် Zone-V ငလျင်ဇုန်အတွက် အဓိကထား ဆောက် လုပ်ထားခြင်းဖြစ်ကြောင်း W Marriot ဟိုတယ်ပိုင်ရှင် တစ်ဦးဖြစ် သူ ၎င်းအဆောက်အအုံ ပိုင်ရှင် ဟာပယ်လ်က ပြောကြားခဲ့သည်။ ၎င်းအဆောက် အ အုံ ဆောက် လုပ်ရာတွင် ပထမ သုံးထပ်ကို ၆ နာရီ အတွင်း ပြီးစီးအောင် ဆောက်လုပ်ခဲ့ပြီး နည်းပညာရှင်များ၊အင်ဂျင်နီယာများနှင့်ဆောက်လုပ်ရေးဝန်ထမ်း၂ဝဝကျာ်ဖြင့် အောင်မြင်စွာ ဆောက်လုပ်
နိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားခဲ့သည်ဟု သိရသည်။
 Ref:မြ၀တီ

0 comments:

Post a Comment