468x60 Ads
Monday, November 5, 2012
မန်ယူမှလွဲ ပြီး အသင်းကြီးတွေ နိုင်ပွဲပျောက်ခဲ့ တဲ့ ပရီးမီးယားလိဂ်
မန်ချက်စတာ ယူနိုက်တက် ၂ - ၁ အာဆင်နယ်
မန်ယူအသင်းသည် အစဉ်အလာ ပြိုင်ဘက်ဟောင်းကြီး အာဆင်နယ်နှင့် ရင်ဆိုင်ရန်အတွက် ဝိန်းရွန်နီ၊ ရော်ဘင်ဗန်ပါစီ၊ တွမ်ကလီဗာလေ၊ မိုက်ကယ်ကာရစ်၊ အန်တိုနီယို ဗလန်စီယာ၊ အက်ရှ်လေယန်း၊ ရီယိုဖာဒီနန်၊ ပက်ထရစ် အီဗရာ အစရှိသည့် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာသည်။ အာဆင်နယ်တွင်မူ အိုလီဗီရာ ဂီရော့ဒ်၊ လူးကက်စ် ပိုဒေါ့စကီး၊ ဆန်တီကာဇိုလာ၊ မိုက်ကယ် အာတီတာ၊ ဂျက်ဝီလ်ရှိုင်းယား၊ အေရွန်ရမ်ဆေး၊ သောမတ်စ် ဗာမေလန်၊ အန်ဒရီဆန်းတို့စ်၊ ဘာကလေ ဆက်ဂ်ညာ အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။
ပွဲအစ (၃)မိနစ်ကတည်းက မန်ယူအသင်း ဦးဆောင်ဂိုး ရရှိသည်။ ညာခြမ်းမှ ရာဖေးလ် ဒါဆေးလ်ဗား ဖြတ်တင်ပေးသော ဘောလုံးကို အာဆင်နယ် အသင်းခေါင်းဆောင် ဗာမေလန် တားဆီးပုံ မသေသပ်သဖြင့် ဗန်ပါစီက ညာခြေဖြင့် ထောင့်ဖြတ် ကန်သွင်းသွားခြင်း ဖြစ်သည်။ ယင်းသည် ဗန်ပါစီ၏ အသင်းဟောင်း အာဆင်နယ်သို့ ပထမဆုံး သွင်းယူသော ဂိုးဖြစ်လာပြီး ၎င်းသည် အာဆင်နယ်ကို လေးစားမှု ပြသသည့် အနေဖြင့် အောင်ပွဲ မခံခဲ့ချေ။ ပထမပိုင်း ပြီးခါနီးတွင် ကာဇိုလာ လက်ထိသည့် ဘောလုံးမှတစ်ဆင့် မန်ယူတို့ ပင်နယ်တီ ရခဲ့သော်လည်း ရွန်နီ၏ ကန်သွင်းချက် ဂိုးပေါက်လွဲသွားသည်။ မန်ယူအတွက် ဒုတိယဂိုးကိုမူ (၆၇)မိနစ်တွင် အီဗရာက ရွန်နီ ကန်တင်ပေးသော ဘောလုံးအား ခေါင်းတိုက်ကာ သွင်းယူခဲ့သည်။ (၆၉)မိနစ်တွင် အီဗရာကို အဖျက်ကြမ်းသဖြင့် ဝီလ်ရှိုင်းယား ဒုတိယ အဝါထိကာ အထုတ်ပယ် ခံရပြီး အာဆင်နယ်တို့ (၁၀)ယောက်ဖြင့် ဆက်ကစားခဲ့ရသည်။ ပွဲပြီးခါနီး နောက်ဆုံး မိနစ်တွင် မန်ယူခံစစ်၏ အမှားမှတစ်ဆင့် ကာဇိုလာက ထောင့်ဖြတ် ကန်သွင်းကာ အာဆင်နယ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည် ရရှိခဲ့သည်။
ဆွမ်ဆီးစီးတီး ၁ - ၁ ချယ်လ်ဆီး
အိမ်ကွင်းတွင် ကစားပုံ သပ်ရပ်ကြောင်း အသိအမှတ်ပြု ခံရသည့် ဆွမ်ဆီးကို အနိုင်မကစားနိုင်ခြင်းကြောင့် ချယ်လ်ဆီးတို့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို မန်ယူလက် လွှဲအပ်လိုက်ရသည်။ ဆွမ်ဆီးတွင် မီချူ၊ ပက်ဘလို ဟာနန်ဒက်ဇ်၊ ကီဆောင်ယောင်း၊ လီယွန်ဘရစ်တန်၊ ဂျိုနသန်ဒီဂါ့ဇ်မန်း၊ ဝိန်းရော့လတ်ဂ်ျ၊ ဘန်ဒေးဗီးစ် အစရှိသည့် ကစားသမားများ ပါဝင်လာသည်။ ချယ်လ်ဆီးကမူ ဖာနန်ဒိုတောရက်စ်၊ အီဒင်ဟာဇက်၊ အော်စကာ၊ ဗစ်တာမော့ဆက်စ်၊ ဂယ်ရီကာဟေးလ်၊ ဂျွန်အိုဘီမီခေးလ်၊ ဆီဇာ အက်ဇ်ပီကျူတာတို့ဖြင့် ပွဲထွက်ခဲ့သည်။
ယခုပွဲတွင် ချယ်လ်ဆီးအသင်းက ပွဲကို ဦးဆောင်ခွင့် စတင်ရရှိခဲ့သည်။ (၆၃)မိနစ်တွင် အော်စကာ ကန်တင်ပေးသော ထောင့်ကန်ဘောကို ကာဟေးလ်က ခေါင်းတိုက်သည်ကို မော့ဆက်စ်က လမ်းကြောင်းလွှဲ ခေါင်းတိုက်လိုက်ရာ ဂိုးဝင်သွားသဖြင့် ချယ်လ်ဆီးတို့ ဂိုးစတင် ရရှိသွားသည်။ သို့သော်လည်း ပွဲပြီးခါနီးတွင် ချယ်လ်ဆီးတို့ စိတ်ပျက်စေမည့် ဂိုးကို တိုက်စစ်မှူး ဟာနန်ဒက်ဇ်က ဆွမ်ဆီးအတွက် ပြန်လည် သွင်းယူခဲ့သည်။ ဘီးကုပ်အစပ်နားမှ ဟာနန်ဒက်ဇ် အလစ်လှမ်းကန်သော ဘောလုံးကို ပီတာဆက်ခ်ျ မတားဆီးနိုင်သဖြင့် ဂိုးဝင်သွားပြီးနောက် ပွဲအပြီးတွင် နှစ်သင်းလုံး တစ်မှတ်စီသာ ခွဲယူခဲ့ရသည်။
ဝက်စ်ဟမ်းယူနိုက်တက် ၀ - ၀ မန်ချက်စတာစီးတီး
လက်ရှိချန်ပီယံ မန်စီးတီးသည် အဝေးကွင်းတွင် တန်းတက် ဝက်စ်ဟမ်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည်။ ဝက်စ်ဟမ်းတွင် မက်သရူးဂျာဗစ်၊ အန်ဒီကာရိုးလ်၊ ယိုဆေး ဘီနာယောင်၊ ကီဗင်နိုလန်၊ မာ့ခ်နိုဘယ်လ်၊ ဂျိုယေး အိုဘရိုင်ယန်တို့ ပါဝင် ကစားခဲ့သည်။ မန်စီးတီးတွင် အီဒင်ဂျက်ကို၊ မာရီယို ဘာလော့တယ်လီ၊ ကားလို့စ်တီဗက်ဇ်၊ ဆမ်မီနာဆရီ၊ ဂါရတ်သ်ဘယ်ရီ၊ ယာယာတိုရေး၊ ဗင်းဆင့်ကွမ်ပနီ၊ မာတီဂျာ နက်စ်တာဆစ်၊ ဂေးလ်ကလစ်ချီတို့ ပွဲထွက်လာခဲ့သည်။
ပွဲချိန် (၄)မိနစ်တွင် နိုလန် ဂိုးသွင်းနိုင်ခဲ့သော်လည်း လူကျွံနေခဲ့သည်။ ယခုပွဲတွင် မန်စီးတီးသည် ဝက်စ်ဟမ်းကို ထိုးဖောက်ရန် ခက်ခဲနေခဲ့ပြီး ကာရိုးလ်ဦးဆောင်သည့် ဝက်စ်ဟမ်းတိုက်စစ်ကလည်း မန်စီးတီးကို တုံ့ပြန်သွားခဲ့သည်။ ထို့အပြင် ကာရိုးလ်နှင့် တီဗက်ဇ်တို့လည်း အခွင့်ကောင်းများ အသီးသီး လက်လွှတ်ခဲ့ရသည့်နောက် ဂိုးမသွင်းနိုင်ဘဲ ပွဲအပြီးတွင် ဂိုးဗလာဖြင့်ပင် (၁)မှတ်စီ ခွဲယူသွားကြသည်။
လီဗာပူးလ် ၁ - ၁ နယူးကာဆယ်လ် ယူနိုက်တက်
လီဗာပူးလ်သည် အိမ်ကွင်း အန်းဖီးလ်တွင် နယူးကာဆယ်လ်အား နောက်မှ လိုက်ကစားကာ သရေကျခဲ့သည်။ လီဗာပူးလ်တွင် လူးဝစ်ဆွာရက်ဇ်၊ ရာဟင်စတာလင်၊ ဆူဆို၊ နျူရီဆာဟင်၊ ဂျိုးအလန်၊ စတီဗင်ဂျရတ်၊ ဟိုဆေး အန်ရီကေး၊ မာတင်စကာတယ်လ် အစရှိသည့် ကစားသမားများ ပါဝင်ခဲ့သည်။ နယူးကာဆယ်လ်တွင်မူ ဒမ်ဘာဘား၊ ပက်ပစ်ဆစ်ဆေး၊ ဟေတမ်ဘန်အာဖာ၊ ဂျိုနက်စ် ဂူတီယာရက်ဇ်၊ ယိုဟန်ကာဘာယီ၊ ဒေးဗစ် ဆန်တန်၊ ဖာဘရီစီယို ကိုလော့စီနီ၊ ဗာနွန်အနီတာစသော ကစားသမားများ ပွဲထွက်လာခဲ့သည်။
နယူးကာဆယ်လ်အတွက် ပထမဂိုးကို ပွဲချိန် (၄၄)မိနစ်တွင် ကွင်းလယ်လူ ကာဘာယီက သွင်းယူခဲ့သည်။ ညာခြမ်းမှ ဘန်အာဖာ ဖြတ်တင်ပေးသော ဘောလုံးကို တားယူကာ ကာဘာယီက လှလှပပ ထောင့်ဖြတ် ကန်သွင်းသွားခြင်း ဖြစ်သည်။ လီဗာပူးလ်အတွက် ချေပဂိုးကိုမူ အန်ရီကေး ပေးပို့သော ဘောလုံးမှတစ်ဆင့် ဆွာရက်ဇ်က ဂိုးသမား တင်မ်ကားလ်ကိုပါ လိမ်ခေါက်ဖြတ်ကျော်ကာ အနီးကပ် သွင်းယူခဲ့သည်။ ပွဲချိန် (၈၄)မိနစ်တွင်မူ ဆွာရက်ဇ်ကို ဖျက်ပုံကြမ်းခဲ့သည့်အတွက် နယူးကာဆယ်လ် ခံစစ်မှူး ကိုလော့စီနီ အနီကတ် ထိခဲ့ပြီး လက်ကျန်မိနစ်ပိုင်းကို (၁၀)ဦးတည်းဖြင့် နယူးကာဆယ်လ်တို့ ဖြတ်သန်းခဲ့ရသည်။
ဂိမ်းမဆော့ရလို့ မိခင် ကို ပြန်သတ်တဲ့ ၁၄ နှစ်သား..
 အသက် ၁၄ နှစ်သား လူငယ်တဦးဟာ ကွန်ပျူတာ ဂိမ်းကစားဖို့ သူ့ကို ခွင့်မပြုတာကြောင့် မိခင်ဖြစ်သူကို သတ်ခဲ့တယ် ဆိုတဲ့အမှုတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖြစ်ခဲ့ပါတယ်။ 
အင်္ဂါနေ့ ညက အသက် ၄၅ နှစ်အရွယ် Areeya Ketdi ဆိုသူ မိခင်ဖြစ်သူကို အိပ်ခန်းထဲမှာ ဆယ်ကျော် သက်အရွယ် သားဖြစ်သူက အသွား ၁ ပေလောက်ရှိတဲ့ ဓားနဲ့ ၄ ချက်လောက် ထိုးခဲ့ပါတယ်။ တားဆီးကာကွယ်ခဲ့တဲ့ သူ့အမ ဖြစ်သူကိုလည်း သူက ရန်ပြုတိုက်ခိုက်တဲ့အတွက် စိုးရိမ်ဖွယ်ဒဏ်ရာတွေ ရခဲ့ရတယလို MCOT online newsအောက်တိုဘာလ ၃၁ ရက်နေ့က သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 
 ကနဦး စုံစမ်းမှုတွေအရ ဆယ်ကျော်သက်အရွယ် အဆိုပါလူငယ်ဟာတောက်တိုမယ်ရ အိမ်အလုပ်တွေ မကူပေးတဲ့အတွက် မိခင်ဖြစ်သူက မြည်တွန်တောက်တီးပြောဆိုခဲ့ကြောင်း၊ နောက်ပြီး ကွန်ပျူတာ ဂိမ်း ကစားခွင့်လည်း မပေးခဲ့တာကြောင့် မပျော်မရွှင် ဖြစ်ခဲ့ကြောင်းဖော်ပြရေးသားထားပါတယ်။ တာဝန်ရှိသူတွေကလည်း အဆိုပါ ဆယ်ကျော်သက်လူငယ်ကို လူငယ်ထိန်းသိမ်းရေး စခန်းတခု ကို ခေါ်သွားခဲ့ပါတယ်။သူ့ဖခင်နဲ့ ညီအကိုဝမ်းကွဲတော်စပ်သူတို့က သူဟာ autistic syndrome လို့ခေါ်တဲ့ စိတ်မူမမှန်တဲ့ ဝေဒနာ ခံစားနေခဲ့ရ တာဖြစ်လို့ ကုသခဲ့ရကြောင်း၊ မိခင်ဖြစ်သူရဲ့ မြည်တွန်တောက်တီးမှုကြောင့် စိတ်ကျမှုလည်းဖြစ်ခဲ့ပြီး မကြာခဏဆိုသူ သူက သူ့အမေကို သတ်ချင်တယ်လို့ ပြောလေ့   ရှိကြောင်း ရဲကို ဖြောင့်ချက်ပေး ခဲ့ပါတယ် တဲ့။ 
ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနရဲ့ လက်ထောက် အထွေထွေဆရာဝန်ချုပ်က Apichai Mongkol က လူတဦး ဂိမ်းစွဲတဲ့ အခါမှာ ဆေးစွဲသလိုပဲ ခန္ဓာကိုယ်က dopamine hormones ဆိုတဲ့ ဟိုမုန်းတမျိုး ထုတ်တတ်ကြောင်း၊ ဒီလိုအခါမျိုးမှာ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်များ သူတို့ စိတ်ခံစားမှုကို ထိမ်းချုပ် မရတာဖြစ်လေ့ရှိပြီး သူတို့ လုပ်ချင်တာ မလုပ်ရဘူးလို့ ငြင်းပယ်ခံလိုက်ချိန်မှာ ထိမ်းချုပ်မှု မရှိဖြစ်တတ်ကာ တပါးသူကို ထိခိုက်နာကျင် စေတတ်တယ် လို့ ပြောထားပါတယ်။ 
Quality Learning Foundation ရဲ့ ပညာရှင် အကြံပေးဖြစ်သူ ဒေါက်တာ Amornwich Nakornthap က သံသယဖြစ်စရာ နောက်ကြောင်းရှိသူတွေကို စမ်းစစ်လေ့လာခဲ့ရာ ကနဦး စဉ်းစားစရာ ၄ မျိုးကို လည်း ပြောပြခဲ့ပါတယ်။ 
ရာဇ၀တ်မှုကို ဖြစ်စေခဲ့တဲ့ attention deficit disorder (ADD) ခေါ် စိတ်မူမမှန်မှုကို သတိထား မိ ခြင်း၊ နောက်တဆင့် ဆေး စွဲတာ၊ နောက် စိတ်ကစဥ့်ကလျားဖြစ်မှုများနဲ့ မိသားစုကိုပါ ထိခိုက်တဲ့ ဆက်ဆံမှု စတဲ့ အဆင့်တွေ ရှိတတ်တယ်လို့ ဆိုပါတယ်။
Sunday, November 4, 2012
8 ရက်နေ့  တစ်ကမ္ဘာလုံး ဆန္ဒပြ တော့မည်...
လွန်ခဲ့ တဲ့ အပါတ်က ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှု အခြေအနေနဲ့ စပ်လျှဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ် ။ အဲဒီထုတ်ပြန်ကြေညာချက်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွါးမှူ အခြေအနေနဲ့  စပ်လျှဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂိုလ်များ ၊ အဖွဲ့ အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၄င်းတို့ ကို ဖေါ်ထုတ်၍ ဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ( ၁/၂၀၁၂ ) အမိန့် ကြေညာစာနဲ့  ထုတ်ပြန်ကြေညာခဲ့ ပါတယ် ။ တချိန်တည်းမှာဘဲ အောက်တိုဘာလ-၂၁-ရက်နေ့က စလို့  ရခိုင်ပြည်နယ် အတွင်းပဋိပက္ခဖြစ်ပွါးခြင်းနဲ့  လက်နက်တွေကိုလဲ သုံးရက်အတွင်း အပ်နှံရမယ်လို့ လဲ ကြေညာချက်ထုတ်ပြန်ပေးခဲ့ ပါတယ် ။ ခုချိန်ထိလဲဘဲ  လည်လှီးတ်ခံနေရတဲ့ ဓါတ်ပုံသတင်းတွေ မြင်နေရတာ နေ့ စဉ်ရက်ဆက်ဖြစ်နေပါတယ် ။ဒီတော့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ သလို နောက်ကွယ်က ကြိုးကိုင်သူများနဲ့  အဖွဲ့ အစည်းတွေ ရှိနေတယ်ဆိုတာ တကယ်ကော ရှိများ ရှိရဲ့ လားဆိုပြီး ဆန်းစစ်ကြည့်ကြပါတယ် ။ တနေ့ ကဘဲ ဘီဘီစီမြန်မာပိုင်းအစီအစဉ်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်နဲ့ ပါတ်သက်လို့  ဆွေးနွေးခန်း တခုကို ကြားလိုက်ရပါတယ် ။ အဲဒီဆွေးနွေးခန်းမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ၊ နိုင်ငံတော်သမ္မတရုံးမှ ဦးဇေါ်ဋ္ဌေး ( မှူးဇေါ် ) နဲ့  -ABSDF - ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့  ဆွေးနွေးသုံးသပ်ချက်တွေ ကို ဆွေးနွေးကြတာဖြစ်ပါတယ် ။
အဲဒီဆွေးနွေးခန်းကို ကြားကြတဲ့ အခါမှာ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ သူတို့ ရဲ့  ဘင်္ဂလီကုလားတွေရဲ့  သမိုင်းလိမ်ထားတဲ့  ရိုဟင်ဂျာလို့  ခေါ်တဲ့  နာမည်ကို ပြောဆိုသွားပြီး သူတို့ ကို ခိုးဝင်လာသူ မဟုတ်တဲ့ အတွက် ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေကြတဲ့  သူတို့ တွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် ပြု ပေးရမယ်လို့  ပြောဆိုသွားတာကြားရပါတယ် ။အဓိကပြသနာဟာဒါပါဘဲ။နိုင်ငံတော်သမ္မတဦးသိန်းစိန် ကနေအစိုးရ တဖွဲလုံးနဲမြန်မာ နိုင်ငံသားတွေ ကရောအဲဒီဘင်္ဂလီ ကုလားလူမျိုးတွေဟာ ခိုးဝင်လာတဲ့  လူမျိုးတွေပါလို့  အသိအမှတ်ပြု ပြောဆိုကြေညာနေကြပြီး -၁၉၈၂-ခုနှစ် နိုင်ငံသားမူဆိုင်ရာ ဥပဒေနဲ့  ကိုင်တွယ်ဆောင်ရွက်မယ်လို့  ကြေညာထားပြီးသားဖြစ်ပါတယ် ။ အခုလို ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က မွတ်ဆလင်ရိုဟင်ဂျာလို့ ဘီဘီစီဆွေးနွေးခန်းမှာ တိတိကျကျ ထုတ်ဖေါ်ပြောဆိုတာဟာ တကယ်တော့ ကမ္ဘာကို သူက ကြေညာလိုက်တာဖြစ်ပါတယ် ။ ပြီးတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့  အစိုးရကိုပါ စိန်ခေါ်လိုက်တာဖြစ်ပါတယ် ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့  ပြောဆိုချက်ကို မလေးမခန့် နဲ့  အခုလို ပြောဆိုနေတာဟာ ခုတကြိမ် မကတော့ပါဘူး ။ သူ့ ရဲ့  ပြောဆိုချက်တွေကို စုစည်းပြီး လေ့လာကြမယ်ဆိုရင် သူဟာ တကယ့် မြန်မာနိုင်ငံကို မီးလောင်တိုက် သွင်းနေတဲ့  သူဖြစ်နေပါတယ် ။ ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ဟာ လွှတ်တော်အတွင်းမှာတောင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တင်ပြရာမှာ သမိုင်းလိမ်တဲ့  ဘင်္ဂလီကုလားတွေအတွက် အတိအလင်း စိန်ခေါ် ပြောဆိုသွားသူဖြစ်ပါတယ် ။ ဒီတော့ နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့  စပ်လျှဉ်းပြီး နောက်ကွယ်က ကြိုးကိုင်သူများနဲ့  အဖွဲ့ အစည်းများ ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးတော့မယ်လို့  ကြေညာထားတဲ့ အတွက် တကယ်ဖမ်းဆီးမယ်ဆိုရင် ဘူးသီးတောင်မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ဖမ်းဆီးရမှာဖြစ်ပါတယ်သူဟာနောက်ကွယ်က ကြိုးကိုင်သူ မဟုတ်ဘဲ ဗြောင်ကြိုးကိုင် ဆောင်ရွက်သူဖြစ်ပြီးယခုအချိန်မှာမြန်မာနိုင်ငံအတွက်ကြောက်စရာအကောင်းဆုံးမွတ်ဆလင်အကြမ်းဖက်သမားခေါင်းဆောင်တဦးဖြစ်နေပါတယ်နောက်ဆုံးကြားသိရတဲ့  သတင်းတွေအရ ဘီဘီစီ တွေ့ ဆုံဆွေးနွေးခန်းကို စာရွက်များဖြန့် ဝေနေကြပြီး လာမဲ့နိုဝင်ဘာလ-၈-ရက်နေမှာ( လွှတ်တော်ကိုယ်စားလှယ်-ဦးရွှေမောင်ကို ထောက်ခံကြဆိုတဲ့ သဘောနဲ့  နိုင်ငံတကာ မွတ်ဆလင်တွေ ဆန္ဒပြပွဲတွေ ပြုလုပ်ကြမယ်လို့  ကြားသိရပါတယ် ။ တကယ်တော့ ဘူးသီးတောင် မြို့ နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ဟာ တိုင်းရင်းသားလဲ မဟုတ် နိုင်ငံသားမဟုတ်တဲအတွက်၂၀၁၀-ခုနှစ်ရွေးကောက်ပွဲ ကိုဝင်ရောက် ယှဉ်ပြိုင်ဖိုအတွက်ပြည်နယ် ရွေးကောက်  ပွဲ ကော်မရှင်မှာ ပယ်ဖျက်ခြင်း ခံရတဲ့  သူတဦးဖြစ်ပါတယ် ။ ပြည်ခိုင်ဖြိုးပါတီကနေပြီး ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် လုပ်လာတဲ့ သူမို့ လို့  ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကနေပြီး ဘူးသီးတောင်မြို့ နယ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကပယ်ဖျက်ထားသည့်တိုင်အောင်-ကန်ကွက်ထားသည့်တိုင်အောင် ၀င်ရောက် ယှဉ်ပြိုင် ခွင့်ပေး လိုက် တာဖြစ်ပါတယ်။ဒီပြသနာကိုလဲဘဲပြည်ခိုင်ဖြိုး ပါတီက ဦးဋ္ဌေးဦးတို့ က ဖြေ၇ှင်းပေးရန် လိုအပ်နေပါသေးတယ်ဒီတော့ခါ အခုဆိုရင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားတဲ့  ကြေညာချက်အထဲကလို နောက်ကွယ်က ကြိုးကိုင်သူ မဟုတ်တော့ဘဲ လွှတ်တော်ထဲမှာတင် ဗြောင် ကြိုးကိုင်သူဖြစ်နေတော့မို့  အမြန်ဆုံး ထိရောက်စွာ ဥပဒေနဲ့ အညီ အရေးယူရမှာဖြစ်ပါတယ် ။ ရခိုင်ပြည်နယ်ဖြစ်စဉ်မှာ ရုန်းရင်းဆန်ဆတ်နဲ့  မြို့ သူမြို့ သားတိုင်းကို မဲမဲမြင်ရာ ပုလိပ်မျက်စိနဲ့  ဖမ်းဆီးနေဖို့ အစား အခုလို ဗြောင်လှုံ့ ဆော်သူများကို ဖမ်းဆီးရန်သာ လိုအပ်ပါတယ်လို့  ပြောကြားပါရစေ ။။
Friday, November 2, 2012
ဒီလို ရှု့  ခင်းမျိုးက တစ်ခါတစ်လေမှရတာ
ဘရဇီးလ်မော်ဒယ်လ်ဂဲလ်တစ်ယောက် စန္ဒီမုန်တိုင်းကြောင့် ပျက်စီးတဲ့နေရာတွေမှာ အိုင်တင်ပုံစံအမျိးမျိုးနဲ့ ဓါတ်ပုံလိုက်ရိုက်နေတယ်ဆိုလို့ နယူးယောက်မြို့သူမြို့သားတွေ အရမ်းဒေါသာ ထွက်နေပါတယ်။ လူတွေရဲ့ သောကဒုက္ခကို အလှအပအဖြစ် ခံစားနေတဲ့သူမကို အင်တာနက်ပေါ်တက်ထားလို့ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
ရခိုင် အရေးအခင်း ကို ကြိုးကိုင် လှုပ်ရှားသူ...
နိုင်ငံတော်က ရခိုင်အရေးနှင့် ပါတ်သက်၍ သွေးထိုးလှုံ့ ဆော်သူများ နှင့်နောက်ကွယ်က ကြိုးကိုင်သူများကို ဖမ်းဆီးအရေးယူတော့မည်ဆိုသော ကြေညာချက်သတင်း ထွက်ပေါ်လာသည် ။ သို့ အတွက်ကြောင့်   ပြည်တွင်းပြည်ပမှမည်သူကကြိုးကိုင်နေကြသည်၊မည်သူက သွေးထိုးလှုံ့ ဆော်နေသည်ကိုလ့လာကြည့်လျှင်
ရှေးဦးစွာ ပြည်ပမှ ဧရာဝတီ အယ်ဒီတာ အောင်ဇေါ်ကို တွေ့ ရမည်ဖြစ်သည် ။ယခုလောလောဆယ်ပင် ရခိုင်   အရေးနှင့် ပတ်သက်၍ နိမိတ်ဆိုး ဆိုသော ဆောင်းပါးကိုရေးသားဖေါ်ပြပြန်ရာ ၄င်းဆောင်းပါးသည် တည်ငြိမ်စပြုနေပြီဖြစ်သောရခိုင်ပြည်နယ် ပဋိပက္ခကို ဆက်လက်ကြီးထွားစေရန်အတွက်လောင်စာကြီး   တခုဖြစ်နေသည် ။ တချိန်တည်းမှာပင် နိုင်ငံတော်၏ ဆောင်ရွက်နေသော စီမံချက်များ  ကိုလည်း အား မနာပ စော်ကားခြင်းဖြစ်သည် ။     ၄င်းဆောင်းပါးထဲမှာ စိတ်ပျက်စရာကောင်းလောက်အောင်
ဒေါ်အောင်ဆန်းစု  ကြည်နှင့် နိုင်ငံရေးအဖွဲ့ အစည်းများမှ ခေါင်းဆောင်များတို့သည်လည်း ယခုရခိုင်ပြ ည်   နယ်အရေးနှင့် ပါတ်သက်ပြီး မည်သို့ မျှဝင်ရောက်ပြေဆိာုကိုင်တွယ်ခြင်းမရှိဟု ဝေဖန်တိုက် ခိုက်ထား သည် ကို တွေ့ ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်ဥရောပ  ခရီးစဉ်နှင့် အမေရိကပြည်ထောင်စု ခရီးစဉ်များအတွင်းရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေးကို လိုအပ်သည်ဟုပြောဆိုထားပြီးဖြစ်သည် ။ ဘင်္ဂလီကုလားများက သူတို့ အားတိုင်းရင်း  သားလူမျိုးများအဖြစ် အသိအမှတ် မပြု၍ ဒေါ်အောင်ဆန်းစုကြည်အားရစရာ မရှိအောင် ဝေဖန်တိုက်ခိုက်နေသည် ။ သူတို့  ၏   ဝေဖန်ချက်တခုမှာနိုဘယ်ငြိမ်းချမ်းရေးဆုနှင့် မထိုက်သူဖြစ်ပြီး ၄င်းဆုကိုပင်ပြန်လည်  သိမ်းယူရမည်ဟု ဘင်္ဂလီအရေး ဆောင်ရွက်သူများကဝေဖန်တိုက်ခိုက်ရေးသားနေကြသည် ။ ယခုလည်း   အောင်ဇေါ် ၏   ရေးသားချက်မှာ ၄င်းတို့၏ လေသံနှင့် ထပ်တူထပ်မျှဖြစ်ရာ ဘင်္ဂလီကုလားတို့ ကို သွေးထိုးလှုံ့ဆော်  သူအဖြစ် အောင်ဇေါ်သည် အဓိက သတ္တ၀ါတကောင်ဖြစ်န်ေသည် ။   အာဆီယံအဖွဲ့ မှ ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတကာမှပူးပေါင်းပါဝင်ရန် တိုက်တွန်းသည်ဆိုသော သတင်းကိုလည်း ကြားကြရသည် ။ သို့အတူ ဗြိတိန်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ သံအရာရှိကိုလည်း ခေါ်ယူတွေ့ဆုံကာ ရခိုင်အရေးကို စိတ် မအေးကြောင်း ပြောဆိုသည်ဟု သိရသည် ။ကမ္ဘာ့ကုလသမ္မဂဖြစ်စေ မည်သည့် နိုင်ငံတကာ အဖွဲ့  အစည်း မှဖြစ်စေရခိုင်ပြည်နယ်အရေးကို ကိုင်တွယ် ဖြေရှင်း အေးချမ်းစွာ တည်ငြိမ်လိုလျှင်ရှေးဦးစွာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ထုတ်ပြန်ထားချက်ကိုလေးစားလိုက်နာရန်လိုသည် ။ ယင်းထုတ်ပြန်ချက်မှာမြန်မာ   နိုင်ငံတိုင်းရင်းသားလူမျိုးထဲမှာ သမိုင်းလိမ်နေသောဘင်္ဂလီကုလားလူမျိုးမှာ မပါဝင်ဆိုသော ထုတ်ပြန် ချက်ဖြစ်သည် ။ ထို့ ကြောင့်၎င်းတို့ ၏ ဘင်္ဂလီကုလားလူမျိုးကို အသိအမှတ်ပြုရေး ၊ -၁၉၈၂-ခုနှစ် ဥပဒေကို
ဖျက်သိမ်းပြီး မြန်မာနိုင်ငံရှိ ခိုးဝင်လာနေကြသော မည်သည့် နိုင်ငံခြားသားမဆို တိုင်းရင်း သား လူမျိုး များ အဖြစ် လက်ခံအသိအမှတ်ပြုရေးဆိုသော ပေါ်လီစီမျိုးနှင့် လာရောက် ပြောဆို   တိုက်တွန်းခြင်းများကို မပြု လုပ်ကြဖို့ လိုသည် ။ သို့ မဟုတ်ကမြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးသည် မငြိမ်သက် လျှင် လည်း   ပြသနာမဟုတ် ။ သမ္မတကြီး ဦးသိန်းစိန်၏ မိန့် မြွက်ထားသည့်အတိုင်း ဆောင်ရွက်သွား  ရန်သာဖြစ်၍ တပြားသားမျှ မလျှော့ကြောင်း အာဆီယံအဖွဲ့ အစည်းပါ ကမ္ဘာ့ကုလသမ္မဂပါ သိစေရန် လုပ်ပြရ မည်ဖြစ် သည် ။ကျွန်တော်တို့ လိုချင်သည်မှာ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးဆိုသောလူသားတို့ ၏ ရပိုင်ခွင့်များကို   အေးအေးချမ်းချမ်းလိုချင်သူများဖြစ်သည် ။ မိမိတို့ နေအိမ်မှာနေ၍ ခိုးဝင်လာသော သူများက   နေအိမ် များကို မီးရို့  ၊ မိန်းခလေးများကို မုဒိမ်းကျင့် ၊ မြို့ လုံးကျွတ် မီးလောင်ကျွမ်းအောင် ဖျပ်ဆီးသူ  များနှင့် မနေလိုပေ ။ မြန်မာနိုင်ငံတွင် လွပ်လပ်စွာ ဘာသာတိုင်းကို ကိုးကွယ်ခွင့် ရရှိထားကြရာ မည်သည့် ဘာသာ ကိုမျှ မကိုးကွယ်ရဆိုသော ပြသနာမှာ မပေါ်ပေါက်ခဲ့  ။ ခုတော့ လွပ်လပ်စွာ ဘာသာတရားကို လိုက်စား ခွင့် ပြု၍ ဘာသာရေးဆရာများက မှိုင်းတိုက်သောကြောင့် ပြသနာများ ဖြေရှင်းမရအောင် ဖြစ်နေကြရပြီ ။
     သူတို့ ၏ လူမျိုးကို သူတို့ ၏ ဘာသာရေးဆရာမများက လှုံ့ ဆော်နေသည်မှာ သဘာဝကျသော် လည်း   အောင်ဇေါ်လို အကောင်များက ယခုလို ရခိုင်အရေးမှာ ၀င်ရောက်စွက်ဖက်မှုကိုတော့ ခွင့်မလွှတ်နိုင်ချေ။ ရခိုင်အရေးကို ဖြေ၇ှင်းရန်အတွက် မည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည့် နည်းကား ဤသို့ ရှိသည်ဟု   ပြောဆိုလျှင် လက်ခံနိုင်စရာ ရှိသည် ။  ဒုက္ခသည်များအား ကယ်ဆယ်ရေးစခမ်းများ၌ ထားရှိရေး ၊ နောင်ကိုမဖြစ်ပွါးအောင် စီမံချက်ရေးဆွဲရေး  ၊  အစိုးရက သတ်မှတ်သည့် ဥပဒေစံနုံးစံညွှန်းနှင့် အညီ
နိုင်ငံသားဖြစ်ရေး ၊ ခိုးဝင် လာသူများဟု သတ်မှတ်လျှင် ဒုက္ခသည်များအဖြစ် သတ်မှတ်ရေး ၊ နယ်နှင် ဒဏ်ပေးရေး ၊ စသည့် စီမံချက်များကို  ရေးသား ဖေါ်ပြက ဖြစ်နိုင်သေးသည် ။ ခုတော့ သေသေချာချာပင် ဘင်္ဂလီကုလားတို့ ဆီမှဒေါ်လာငွေတခုတည်းကို ကြည့်၍ သွေးထိုးလှုံ့ ဆော်နေပါပြီ ။  အကယ်၍ အစိုးရမှ
အရိုက်ခံရင်း မေ့သွားသော 4 နှစ်အရွယ် ကလေးငယ်တစ်ဦး..
 ဘယ်လိုနားလည်ရမလဲ သားသမီးချင်းကိုယ်ချင်းမစာတာလား ဦးနှောက်မရှိတာလား ဆိုတာ ကို ဘယ်လို ပြောရမုန်းကို မသိတော့ဘူး ကလေးရဲ့ မိဘတွေကတော့ ဘယ်လိုနေမလဲ မသိဘူး အခု ကြည့်ရတာတောင် တော်တော်ရင်နာဖို့ကောင်းတယ် ကလေးတစ်ယောက်ကို ဒီလောက်ထိ ဆုံးမနေတာ၊ ဆုံးမနေတာမဟုတ်ပါဘူး နှိပ်စက်နေတာ နဲ့တူတယ် ကလေးတစ်ယောက်ကို အရုပ်လေးတစ်ရုပ်လို သဘောထားပြီးတော့ လုပ်ချင်တိုင်းလုပ်နေတာကြည့်ကြပါအုံး...။ အဲဒီကလေးလေးက အရိုက်ခံနေရင်းနဲ့  မေ့ သွားတယ်ဆိုပဲ..( မြန်မာနိုင်ငံ က မဟုတ်တာတော့ သေချာပါတယ်)
သုံးလောင်းပြိုင်လူသတ်မှု နှစ်ခု အကြောင်း ..
ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် သုံးေ လာင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာ ၀န်ရှိ သူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ယင်းကဲ့သို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်များကို အောက်တိုဘာလ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် နိုဝင်ဘာလ ၁ရက်နေ့ နံနက်ပိုင်း တွင် မှော်ဘီမြို့နယ် တို့၌ ဖြစ်ပွား ခဲ့ပြီး ခြောက် ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၉ရက်နေ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ် မှာ ၆၉ရပ်ကွက်၊ မင်းလှမင်းခေါင်လမ်း၊ အမှတ် ၁၃၇၃တွင် နေထိုင်သည့် ယောက္ခမဖြစ်သူ ဒေါ်လှမြင့်၊ ၆၀ နှစ်နှင့် သမက်ဖြစ်သူ ကျီးကန်း(ခ)စိုးစိုး၊ ၃၈နှစ်တို့မှာ နေအိမ်အတွင်း စကားများ ရန်ဖြစ်နေသည်ကို လမ်းတစ်ဖက် မျက်နှာချင်းဆိုင် နေအိမ်တွင် နေထိုင်သည့် ပြည့်ဖြိုးအောင်၊ ၂၇နှစ်ဖြစ်သူက "နေ့ဆူ၊ ညဆူအိပ်မရဘူး" ဟုပြောဆိုပြီး ကျီးကန်း(ခ)စိုးစိုးအား အိမ်ပေါ်တက်ရောက်ကာ ပါးရိုက်ခဲ့ကြောင်း သိရ သည်။
ယင်းကဲ့သို့ ပါးရိုက်ခံရသည့် ကျီးကန်း(ခ)စိုးစိုးမှာ လောက်ေ လးခွဖြင့် ပြည့်ဖြိုးအောင် ကို ပြန်လည်ပစ်ခဲ့ သည့်အတွက် ပြည့်ဖြိုးအောင်မှ ၄င်း၏နေအိမ်သို့ ပြန်သွားပြီး အရိုးအသွား ၂၃လက်မခန့်ရှိ အသွားနှစ် ဖက်ပါ ဓားမြောင်နှင့် အရိုးအသွား ၁၂လက်မရှိ ဓားမြောင်တစ်ချောင်းတို့အား ယူဆောင်ပြီး ကျီးကန်း(ခ) စိုးစိုး၏ နေအိမ်ပေါ်သို့ တက်ရောက်ကာ ကျီးကန်း(ခ)စိုးစိုးကို ဘယ်ဘက်ရင်အုံနှင့် ညာဘက်ရင်အုံတို့ကို ထိုးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။
အဆိုပါကဲ့သို့ အခင်းဖြစ်ပွားနေချိန်တွင် ယောက္ခမဖြစ်သူ ဒေါ်လှမြင့်မှာ နေအိမ်ပေါ်မှ ထွက်ပြေးပြီး ပတ်ဝန်း ကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့ရာ ပြည့်ဖြိုးအောင်၏ မိခင်ဖြစ်သူ ဒေါ်သန်းဌေး၊ ၅၀ နှစ်မှ "ဟိုမှာ အဘွားကြီး ထွက်ပြေးသွားပြီ၊ လိုက်သတ်" ဟု အော်ဟစ်ပြောဆိုခဲ့ ရာ ပြည့်ဖြိုးအောင် မှ ဒေါ် လှမြင့်နောက် သို့ လိုက်သွားပြီး ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းရဲစခန်းမှ စစ်ဆေးချက်အရ သိရသည်။
ဒေါ်လှမြင့်အား ဓားဖြင့်ထိုးပြီး အပြန်လမ်းတွင် ကျီးကန်း(ခ)စိုးစိုး၏ သမီးဖြစ်သူ မစံပယ်ဦး၊ ၃နှစ် အား တွေ့ရှိပြီး ထပ်မံ၍ဓားဖြင့် ထိုးခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဓားဖြင့်ထိုးခံရသည့် ဒေါ်လှမြင့် - ၆၀နှစ်၊ ကျီးကန်း(ခ)စိုးစိုး- ၃၈နှစ် နှင့် မစံပယ်ဦး - ၃နှစ်တို့ မှာ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါကဲ့သို့ ပြစ်မှုကျူးလွန်သူ ဒေါ်သန်းဌေးကို အောက်တိုဘာလ ၂၉ရက်နေ့တွင်ပင် ဖမ်းဆီးခဲ့သော် လည်း ပြည့်ဖြိုးအောင်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အခင်းဖြစ်ပွားရာ နေအိမ်ဘေးတွင် နေထိုင်ပြီး ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူ ကိုမောင်ဇော်က "ကျွန်တော်က မိန်းမနဲ့အိမ်ရှေ့မှာ ထွက်ပြီး ထိုင်စကားပြောနေတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဘေးက အိမ်မှာနေတဲ့ ကျီးကန်းနဲ့ သူ့ရဲ့ ယောက္ခမဖြစ်သူ ဒေါ်လှမြင့်တို့ စကားများရန်ဖြစ်နေလို့ ကျွန်တော်တို့နှစ်ယောက်က အိမ်ထဲဝင်ပြီးတော့ အိပ်ခဲ့ပါတယ်။ သိပ်မကြာ ခင်မှာပဲ ရိုက်နှက်သံတွေကြားရတယ်။ ဒီလိုကြားရ တဲ့ဖြစ် စဉ်တွေက နေ့တိုင်းလိုဖြစ်နေတော့ ကျွန်တော်တို့လည်း ထွက်မကြည့်ခဲ့ဘူး။ ပြီးတော့ ကျီးကန်းက လူ တစ်ယောက်ကို ညီလေးရယ်၊ မလုပ်ပါနဲ့၊ အချင်းချင်းတွေပဲဆိုပြီး တောင်းပန်သံတွေ ကြားခဲ့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ကျီးကန်းက အမေရေ၊ သားကိုကယ်ပါဦး၊ ဓားနဲ့ထိုးသွားပြီလို့ အသံကြားတော့ အိမ်ရှေ့ထွက်ကြည့်တဲ့အခါမှာ ဒေါ်လှမြင့်နဲ့ သူ့သမီးက ထွက်ပြေးသွားတာ တွေ့ရတယ်။ ကျီးကန်းက သူရဲ့ အိမ်ရှေ့မှာ သွေးတွေနဲ့ လဲနေတာကို တွေ့ရတယ်။ ပြည့်ဖြိုးအောင်က ဓားနှစ်ချောင်း ကိုင်ပြီးေ တာ့ ပြေး သွား တဲ့ ဒေါ်လှမြင့်နောက်ကိုလိုက်ပြီး ဓားနဲ့ထိုးလိုက်ပြီးတော့ ပြန်လာတဲ့ လမ်းမှာတွေ့တဲ့ စံပယ်ဦး ကို ဓားနဲ့ထပ်ထိုးလိုက်တယ်။ ပြီးတော့ လဲကျနေတဲ့ ကျီးကန်းဆီကို ပြန်လာပြီး ဒီကောင် မသေေ သး ဘူးဆိုပြီး ဓားနှစ်ချောင်းနဲ့ ရင်အုံကိုထပ်ထိုးခဲ့ပါ တယ်"ဟု မြင်တွေ့မှု အပေါ် ပြန် လည်ပြောပြခဲ့ သည်။
ပြစ်မှုကျူးလွန်သူ ပြည့်ဖြိုးအောင်မှာ ထွက်ပြေးသွားသည့် စံပယ်ဦးနှင့် ဒေါ်လှမြင့်တို့ကို လူမြင်ကွင်းတွင် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သည့် မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။
ထွက်ပြေးတိမ်းရှောင်သွားသည့် ပြည့်ဖြိုးအောင်မှာ ရပ်ကွက်အတွင်း မကျေနပ်သည့်လူအချို့ကို ရန်ပြု မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ရပ်ကွက်အတွင်း နေထိုင်သူများမှာ သတိထား သွားလာနေ ထိုင်ကြပြီး ညပိုင်းများတွင် လှည့်ကင်းများ ဆောင်ရွက်နေရကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်က ပြောကြားခဲ့သည်။
ကျူးလွန်ခဲ့သူ ပြည့်ဖြိုးအောင်ကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ၍ လိုက်လံစုံစမ်းခဲ့ကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
ထိုသို့ရဲတပ်ဖွဲ့မှ အဖွဲ့သုံးဖွဲ့ခွဲ၍ လိုက်လံစုံစမ်းနေစဉ် ကျူးလွန်သူကို နိုဝင်ဘာလ ၁ရက်နေ့ မွန်းလွဲ ၃နာရီဝန်း ကျင်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်မှ ဒဂုံဆိပ် ကမ်းမြို့နယ်၊ ၇၀ ရပ်ကွက်သို့ မိသားစုကိစ္စဖြင့် သွားရောက်စဉ် လမ်း၌တွေ့ရှိခဲ့သဖြင့် အနီးအနား ပတ်ဝန်း ကျင်ရှိ လူတစ်ချို့ကို အကူအညီတောင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၉ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစိုးလှိုင်က "ကျွန်တော်က မိန်းမကို စံပြဈေး ပို့ပြီးတော့ ၇၀ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမကနေ လမ်းလျှောက်ပြီးတော့ အိမ်ကိုပြန်တဲ့အခါမှာ လူ သတ်မှု ကျူးလွန်သွားတဲ့သူက ကျွန်တော့်ကိုပြုံးပြလို့ ပြန်ပြီးပြုံးပြခဲ့တယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ကိုယ် နဲ့ ခင်ခဲ့တဲ့သူထဲက တစ်ယောက် ဖြစ်မယ်လို့ ထင်မိခဲ့ပါတယ်။ သိပ်မကြာခင်အချိန်မှာ လူတစ်ယောက်က "အဲဒီလူက လူသတ်မှု ကျူးလွန်သွားတဲ့ ပြည့်ဖြိုးအောင်ပဲ" လို့လာပြောခဲ့တယ်။ သူက ဆံပင်ပုံစံပြောင်း ထားေ တာ့ မမှတ်မိခဲ့တာပါ။ ဒါနဲ့စဉ်းစားမိပြီးတော့ ပတ်ဝန်းကျင်မှာ တွေ့တဲ့သူ သုံးယောက်ကို အကူ အညီေ တာင်းပြီးတော့ လိုက်ဖမ်းဖို့ လုပ်နေတုန်း သူက လမ်းသွားနေတဲ့ စက်ဘီးတစ်စီးကို တားပြီးေ တာ့ နောက်ခုံကနေ လိုက်စီးသွားတယ်။ ဒါနဲ့ ကျွန်တော်တို့က ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ဖမ်းခဲ့ပါတယ်။ ပြီးတော့ အိမ်ကိုခေါ်သွားပြီးတော့ ရဲစခန်းကို အကြောင်းကြားပြီး အပ်နှံခဲ့ပါတယ်" ဟုပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းရဲစခန်း (ပ)၃၈၂/၂၀၁၂ ပုဒ်မ ၃၀၂/၃၂၆/၁၁၄ဖြင့် အမှုဖွင့်ပြီး စစ်ဆေးေ ဆာင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ဖြစ်စဉ်နှင့်အတူ အောက်တိုဘာလ ၁ရက်နေ့ နံနက် ၇နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ ပိုက်လုံး လမ်း ရှိ နေအိမ်တစ်အိမ်၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေအိမ်တွင် စိတ်ရောဂါဝေဒနာ ခံစားရသူ အမျိုးသားတစ်ဦးက နံနက် ၇နာရီ အချိန် တွင် ဗိုက်ဆာသဖြင့် စားသောက်ရန် ၄င်း၏ညီဖြစ်သူကို ပြောခဲ့ရာညီဖြစ်သူက "ဘာမှမရှိဘူး" လို့ ပြန်ပြော ခဲ့သည့်အတွက် ဓားဖြင့်ခုတ်ခဲ့ပြီး ၀င်ရောက်ဆွဲခဲ့သည့် မိသားစုဝင်နှစ်ဦးကိုလည်း ဓားဖြင့်ခုတ် သတ် ခဲ့ကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ မိသားစုဝင်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ သုံးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မှော်ဘီမြို့နယ် ရဲစခန်းသို့ သွားရောက်မေးမြန်းရာ သုံးေ လာင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည်ဟု အတည်ပြုပေးခဲ့သော် လည်း ဖြစ်စဉ် ကို ဖြေကြားနို င်ခြင်းမ ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
သေဆုံးသွားသူများ၏ ဆွေမျိုးတော်စပ်သူတစ်ဦးမှ "ဟိုအရင်ကတည်းက စိတ်ကျန်းမာရေးမကောင်းဘူး။ ဒါပေမယ့် ယဉ်ယဉ်လေးဆိုပြီး အတူတူနေကြတာပေါ့။ ဒါပေမယ့် အခုရက်ပိုင်းအတွင်း သူပြောပြောနေ တာက တိရစ္ဆာန်တစ်ကောင်ကို သတ်ချင်တယ်လို့ မကြာခဏ စိတ်ဖောက်ပြန်လာတယ်။ ဒါပေမယ့် ဒီနေ့မနက်ကျတော့ ဗိုက်ဆာတယ်ဆိုပြီးပြောတော့ အိမ်မှာဘာမှမရှိဘူးဆိုပြီး ပြောတဲ့ ညီဖြစ်သူကို ဓား ဆွဲပြီး ခုတ်တယ်။ အဖေဖြစ်သူက ၀င်ဆွဲတော့ အဖေကိုပါ ခုတ်သတ်ပစ်တယ်။ ခုတ်တာ အပိုင်းပိုင်း အပြတ်ပြတ် ပဲ။ ဒါနဲ့ ကျွန်မလည်း ထွက်ပြေးခဲ့ရတယ်။ နောက်ပြီး အမေက ဈေးကပြန်လာတော့ ၀င်မသွား နဲ့လို့ တားထဲကြားကနေ ၀င်သွားခဲ့တယ်။ အမေဖြစ်သူကိုလည်း ခုတ်သတ်ပစ်ခဲ့တယ်။ ကျွန်မပြောချင်တာ ကတော့ ဒီလိုမျိုးစိတ်ရောဂါခံစားနေရတဲ့ သူတွေနဲ့အတူတူနေထိုင်ဖို့ မသင့်ဘူး"ဟုပြောခဲ့သည်။
လူသတ်မှုကျူးလွန်ခဲ့သူ အား ဖြစ်စဉ်အတွင်းဖမ်းဆီးခဲ့ပြီ လက်ရှိတွင် မှော်ဘီရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင် ထားကြောင်း သိရသည်။
ဖြစ်စဉ်ကို ကျူးလွန်ခဲ့သူမှာ မိသားစုတွင် အကြီးဆုံးဖြစ်ပြီး သေဆုံးသွားသူများမှာ ကျူးလွန်ခဲ့သူ၏ ဖခင်၊ မိခင်နှင့် ညီအငယ်ဆုံးဖြစ်ကြောင်း အဆိုပါမိသားစုမှ သိရှိရသည်။
ဖြစ်စဉ်မှ ကျူးလွန်ခဲ့သူကို မှော်ဘီရဲစခန်း (ပ)၉၂၉/၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ပြီး စစ်ဆေး လျက် ရှိကြောင်း သိရှိရသည်။
၂၀၀၈ ခုနှစ်၊ မတ်လ ၃ရက်နေ့က ရန်ကုန်မြို့ကမာရွတ်မြို့နယ်၊ စိမ်းလဲ့ကန်သာလမ်း၊ အမှတ် (၁၂၆) နေအိမ်တွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူများကို မှုခင်းတပ်ဖွဲ့ (CID) က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေး က ပြောကြားခဲ့သည်။
ကချင်ကလေးငယ် တစ်ဦး ရဲ့  နှလုံးသားမှ စကားသံလေးများ..
 သေမင်းဟာ
ရိုင်ဖယ်ကို ပခုံးမှာချိတ်
စာသင်ခန်းတံခါးတွေကို ပိတ်လိုက်တယ်။
စာအံသံတွေေ ပျာက်ဆုံး
ဗုံးဆံတွေ မိုးချန်းသလိုရွာချ
အမုန်းတရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ကြိုးစားနေကြတယ်။
မျက်ရည်နဲ့
အလောင်ကောင်တွေပေါ်က"အမှန်တရား"
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး။
စစ်ယူနီဖောင်း ရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့်သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား။
စစ္နတ္ဘု၇ားရဲ့ သခ်ာၤကို
ငါ...လက်ချိုးရေတွက်နေတယ်။
စပါးပင်ပျိုးရမယ့်တောင်ယာမြေမှာ
ငါ့အဖေရဲ့ ခန္ဓာကိုယ်အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့၇တယ်။
အမြှေုာက်ဆံပေါက်ကွဲတဲ့နေရာက မြက်ပင်လို
မိသားစုဘ၀တွေ ပြတ်ထွက်လွင့်စင်ကြ
အမေရေ....ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့်မရှိတော့ဘူး။
ဦးခေါင်းထက်မှာကျည်ဆန်တွေက
နတ်ဆိုးရဲ့လေချွန်သံလို
တရွီရွီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
"၀ုန်း" ခနဲပေါက်ကွဲတယ်..။
ငါ့အနာဂါတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ ပြုတ်ထွက်လွင့်စင်သွားပေါ့
ငါ့အိမ်ငါပြန်လာတာလေ။
ဒါဟာအသွားမတော် ဖြစ်ခဲ့ပါသလား။
မျက်ရည်အ၀ဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိဖြစ်လိုနေ့လေရဲ့...။
ငြိမ်းချမ်းရေးမိုခေါင်ရပ်ဝန်းဒေသမှာ
သားပျောက်တဲ့အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာလူအဖြစ်ကနေလျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက်ခံနေရတယ်...။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစိးဆင်း
ဧရာဝတီဟာ သွေးချင်းချင်းနီလို့...။
 လက်ဝါးကပ်တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတ၇ားကိုသံမှိုနှက်
အာဏာပါးကွက်သားတို့က ကွပ်မျက်ကြတာကို
စစ်ပွဲလို့ခေါ်တယ်..။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်..ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်.
မိဘမဲ့သွားတဲ့ကလေးတွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်။
အို...သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့
အပြစ်မဲ့သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့နန်းတော်ဆီ
ငါတို့ဘယ်တော့မှ လက်အုပ်မချီဘူး...။
ကျည်ဆန်ဖိုးတွေထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက်ဝယ်ပေးပါ
လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ကျည်ဆန်
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရားကျဆုံးခြင်းဟာ
နိုင်ငံတော်ဈာပနပဲ..။
ကဲ...အလံတစ်ဝက်လွှင့်ထူကြ
ကမ္ဘာမကြေသီချင်းဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ....။
 မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို.အမွေမပေးစေရ..အာမဘန္တော..။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာညံပါစေ။
ကလေးတွေရင်ထဲကတောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်
မေမေ၀ယ်ပေးတဲ့ ကျောက်သင်ပုန်းပေါ်မှာ
ဝလုံးဝိုင်းဝိုင်းလေးတွေခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း.....တက်.....ချင်...တယ်...။
Thursday, November 1, 2012
အပေါများဆုံးလူဦးရေနှင့် အနိမ့်ကျဆုံးသော လူတန်းစားတရပ် အကြောင်း..
ကရင်ပြည်နယ် ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံမှ ထုတ်ပြန်လိုက်သော စည်းကမ်းချက် အပေါ် ကြိတ်မနိုင်ခဲမရ အနာပေါ် ဒုတ်ကျပြီး ဆတ်ဆတ်ခါလျှက် အဆင့်တန်းမြင့်မားစွာ မီဒီယာပေါ်မှ တိုက်ခိုက် လိုက်တဲ့ စကား လုံးက ဘာတဲ့ ..ကမ္ဘာ့သမိုင်းမှာဘယ်တုန်းကမှ မရှိခဲ့ဖူးမကြားခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာအကြမ်းဖက် ဆိုပါ လားဗျာ၊ ဘယ်လို ပညာရေးသင်ကြားပြီး ဘယ်လို အသိဥာဏ်နဲ့ လူလုပ်နေတာလဲလို့တောင် အံ့သြစွာ မေးရမ လိုဖြစ် နေပါပြီ ။ တကမ္ဘာလုံးက ဒင်းတို့ကို အကြမ်းဖက်ဘာသာဝင်လို့ ယိုးစွတ်နေကြတာကိုမှ ပြုပြင်ပြီး နောင်တ တရားထားဖို့ မကြိုးစား ၊ ဝုန်းကနဲဆို လှည့်မကြည့်နဲ့ ဦးပေါင်းဖြူနဲ့ မုတ်ဆိတ်ဖွား ၊ လိမ်မလားဟေ့ မောင်တို့ရေ၊ ညာမလားဟေ့ မောင်တို့ရေ ဝေလေလေနဲ့ ညာသံပေး သံချပ်တိုက်ပြီး သာယာ နေလိုက်ကြတာ တကမ္ဘာလုံးနဲ့ တို့ ပွကြီး ၊ ပြောတဲ့ ဆန်ကျင့်တဲ့သူကိုကြတော့၊ ဘာသာရေး နှိပ်ကွပ်တယ်၊ လူမျိုးရေးနှိမ့်ချတယ် ၊ လူ့အခွင့်အရေးချိုးဖေါက်တယ်လို့ ဒင်းတို့ကပဲ လူပြန်ဟစ်ပြီး လူများ ပြီး အယား မပြေတဲ့ ပွကြီးတို့ တင်ဆက်ပုံလေးကတော့ လျှော့တွက်လို့တော့ မရဘူး။
ဒါဟာ ဘာသဘောလဲ ?? ဘက်စုံထောင့်စုံ၊ နေရာမျိုးစုံက ထကြွမည့် ပုံစံမျိုး သဘောဆောင်လာတဲ့ အချက်ပေးသံလေလား ?? OIC ပထွေးများ၏ ချီးမြှင့်မှု မျှော်လင့်ချက် မှေးမှိန်သွားချိန်နှင့် တပြိုင်နက်ဒုတိယံမိ ရခိုင်အရေးအခင်းကို ဖန်တီးတယ် ၊ ပြီးတော့ ကြိုတင်ပြင်ဆင် ထားတဲ့ ထွင်လုံးပတ်လုံးတွေနဲ့ မီဒီယာအားကောင်းကောင်းနဲ့ ဖွပြဖို့၊ ကြိုးစားနေကြတယ်၊ နောက်ပြီး ဘာသာရေး ပဋိပက္ခ အသွင်ပြနိုင် အောင် ကုဘရ်နီ အိဒ်နေ့မှာ မြန်မာလူမျိုးတွေကပဲ နှောက်ယှက်ဖျက်ဆီးမဲ့ ပုံစံဖမ်းပြီး၊ လုံခြုံရေး ယူပြီး တောင်ပွဲတော် ကျင်းပရ ပါတယ်လို့ အကြံ အစည်နဲ့ လုံခြုံရေး တောင်းတယ်၊ သက်ဆိုင်ရာက လုံခြုံရေးမပေးနိုင်ကြောင်း ငြင်းပယ်တော့၊ ချော်လဲရောထိုင်ပြီး ရခိုင်အရေးကို လွှဲချပြီး မကျင်းပ သလိုလို ဘာလိုလို စာတွေထုတ်ပြီး၊ ပြည်တွင်းနေတွေကို သွေးကြွအောင် ဆန္ဒပြကြဖို့ ရန်ကုန်မြို့ကို ဦးတည်ပြီး လှုံ့ဆော်တယ်။ တဖက်ရခိုင်ပြည်နယ် အရေးအခင်းကိုလည်း လူမျိုးတုန်း သတ်ဖြတ်ခံနေရတယ် ဆိုပြီး လူမျိုးရေး သွေးကြွလာအောင် ဖန်တီးနေတယ်။ ကဲယခု ကရင်ပြည်နယ်မှာ ဗလီ ၂ ခုကို လက်ပစ်ဗုံးနဲ့ ပစ်ပါတယ်ဆိုပြီး ပြည်တွင်းနေတွေကို ဘာသာရေး သွေးကြွအောင် ဆောင်ရွက်လာကြပြန်ပါပြီ။
ဘင်္ဂလီ အကျိုးတော်ဆောင်တွေရဲ့ စံနက်ဟာ တော်တော်သွက်သွက်လှမ်းနေကြတာကို သတိထားမိနိုင်တယ်၊ ရခိုင်အရေးကို မပြီးစေချင်သေး သလို၊တဆက်တည်း တနိုင်ငံလုံး အတိုင်းအတာနှင့် ထကြွပြီး OIC လို အဖွဲ့အစည်းနှင့်တကွ တကမ္ဘာလုံးက မြန်မာနိုင်ငံအပေါ်ဖိအားပေးပြီး၊ဒင်းတို့ အလိုရှိတဲ့ ပြည်နယ်သော် လည်းကောင်း ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်သော်လည်းကောင်း၊ တနိုင်ငံလုံး မည်သည့်နေရာတွင်မဆို အနု၊ အကြမ်း မျိုးစုံနှင့် သာ သနာပြုခွင့် စတဲ့ အခွင့် အရေးပေါင်းများစွာ တောင်းခံဖို့ အကြံအစည်ကို အိမ်မက် မက်ပြီးဂမူးရှူးတိုး နည်းလမ်းမျိုးစုံသုံးပြီး လုပ်ဆောင်နေကြတာ သဘောမှာရှိသဗျ။
ဆိုတော့၊ မြန်မာအစိုးရအနေနှင့် ဒီအရေးမှာ ပြန်လည် အသက်ဝင်လာတဲ့ နိုင်ငံတကာ ဆက်ဆံရေးကြောင့် ကိုင်ရ တွယ်ရ ခက်နေနိုင်ခြင်းကို ဒင်းတို့တွေက ထိထိမိထိ အချိန်ကိုက် အသုံးချနေခြင်းသာဖြစ်တယ်။ရခဲ့လျှင်ဖြင့် အမြတ်ပဲမို့၊ မရနိုင်ခဲ့လိုရှိလျှင်လည်း ဒင်းတို့အတွက် စတေးခံတွေက အပေါများဆုံးလူဦးရေနှင့် အနိမ့်ကျဆုံးသော
လူတန်းစားတရပ် အပြင် ဒေသခံတိုင်းရင်းသားများ နှင့် အခြေတကျဖြစ်နေသော ပြည်တွင်းနေအစ္စလာမ် ဘာသာဝင်တွေသာ ဖြစ်တယ်။ ပြည်တွင်းနေတွေ အနေနဲ့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံတွင်းမှာ ငြိမ်းချမ်းစွာ နေထိုင် လာရသော၊ လက်ရှိအခြေအနေတရပ်ကို တန်ဖိုးထားကြပါ။ မိမိနှင့် ဘာသာတူ လူမျိုးတူတယ် ဆိုတိုင်း သွေးတွေ ပွက်ကြမယ်ဆိုလျှင်ဖြင့် ခင်ဗျားတို့ဟာအသုံးချခံ လူတန်းစား စားရင်းဝင်ပြီး၊သူများမြှောက်ပေးတိုင်း လိုက်ကြွကြတဲ့ ငတုံးငအ ဥာဏ်နည်းတွေအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံရမှာ မလွဲပါဘူး။အဲဒီတော့ တခုခုဆိုလျှင်တော့ ကျုပ်တို့ မြန်မာနိုင်ငံသားတွေနှင့် အစိုးရအပေါ်
သမိုင်းကို အမှောင်ချလိုက်ပြီလေ ...တို့
သတင်းကို ပိတ်ကားဖုံးထားကြတာပေါ့ ...တို့
ဘာစွဲချက် ညာစွဲချက်တွေ တင်ပြီး ကမ္ဘာကို မျက်ရည်ခံထိုးပြလိုက်မှာပေါ့...တို့
ဆိုတာက .. နောက်မှပါ ...
လောလောဆယ်ဆယ် ပြည်တွင်းမှာ အေးချမ်းစွာ နေထိုင်းစားသောက်နေရတဲ့ ပစ္စုပ္ပန်လေးကို အများဆန္ဒနှင့်အညီ တန်ဖိုးထားကြစမ်းပါ။ ။
ရော်နယ်ဒို PSG ပြောင်းမှာလား...
PSG အသင်းသည် ရီးယဲလ်မက်ဒရစ် အသင်းမှ အဓိက ကြယ်ပွင့် နှစ်ဦးအတွက် ပေါင်စတာလင် သန်း(၁၀၀)ဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း သိရသည်။ ရည်မှန်း  ချက်   ကြီးမားသော ပြင်သစ် ကလပ်သည် ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ပေါ်တူဂီ နည်းပြ ဟိုဆေးမော်ရင်ဟို တို့အား ကမ်းလှမ်းရန် ရည်ရွယ်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒိုသည် ရာသီကုန်တွင် ရီးယဲလ်မှ ထွက်ခွာနိုင်ကြောင်း သတင်းကြီးနေပြီး ၎င်းသည် ရီးယဲလ်၏ ပရော်ဖက်ရှင်နယ်ရေးရာ လုပ်ဆောင်မှု အချို့အတွက် ဝမ်းနည်းမိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ရော်နယ်လ်ဒိုသည် ရီးယဲလ်ထံမှ အခွန်နုတ်ပြီး တစ်နှစ်  ပေါင်စတာလင် (၁၄.၅)သန်း လုပ်ခကို တောင်းဆိုခဲ့သည့်နောက် ကလပ်နှင့် အဆင်မပြေ ဖြစ်နေကြောင်းလည်း သတင်းများက ခန့်မှန်း ရေးသားခဲ့သည်။ PSGသည် အသက်(၂၇)နှစ်ရှိ ရော်နယ်လ်ဒို အလိုရှိသော လုပ်ခမျိုး ပေးချေကာ ၎င်းအား ဝယ်ယူရန် လိုလားနေခြင်းဟု သိရသည်။ ထို့အပြင် PSGသည် ကာလိုအန်ဆလော့တီ နေရာတွင် အစားထိုးရန် နည်းပြ မော်ရင်ဟိုကိုလည်း တစ်ပါတည်း ကမ်းလှမ်း လာနိုင်ကြောင်း သတင်းများက ဆိုသည်။
ကာကာ ဘယ်ကိုသွားမှာလဲ..
ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာရန် မိမိတွင် အစီအစဉ် ရှိမနေကြောင်း ရီကာဒို ကာကာက ထုတ်ဖော် ပြောကြားလိုက်သည်။
ဘရာဇီးလ် လက်ရွေးစင် Playmakerက လတ်တလောတွင် အသင်း၌ ပုံမှန် ပွဲထွက်ခွင့် မရသော်လည်း အသင်းကို ကျောခိုင်းရန်ထက် နောက်ထပ် ပွဲများများ ကစားခွင့်ရရန်သာ မျှော်လင့်ထားကြောင်း ဆိုသည်။ ကာကာသည် (၂၀၀၇)ခုနှစ်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို ရရှိခဲ့သော်လည်း (၂၀၀၉) ခုနှစ်တွင် အေစီမီလန်မှ ရီးယဲလ်သို့ ပြောင်းရွှေ့လာပြီး ကတည်းက ဒဏ်ရာများနှင့် ရုန်းကန်နေရပြီး ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးခဲ့ရသည်။ သို့သော် စက်တင်ဘာလက အသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အယ်လ်ဖရက်ဒို ဒီစတီဖာနို အတွက် ရည်စူးသည့် ဂုဏ်ပြုခြေစမ်းပွဲတွင် ခြေစွမ်းပြကာ Hat-Trick သွင်း ယူနိုင်ခဲ့သည်။အသက်(၃၀)အရွယ် ကာကာက "နွေရာသီကတည်းက အပြောင်းအရွှေ့ကိစ္စ သတင်းတွေ အမျိုးမျိုး ထွက်ခဲ့ပေမယ့် ကျွန်တော်ကတော့ ရီးယဲလ်က ထွက်ဖို့ လုံးဝ မစဉ်းစားခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က အသင်းအတွက် အများကြီး လုပ်ပေးနိုင်ဆဲ ဆိုတာကို သိနေလို့ပါပဲ။ ကျွန်တော့် စာချုပ်က အသင်းမှာ (၃)နှစ် ကျန်ပါသေးတယ်။ ရှေ့ဆက်နိုင်စွမ်း ရှိသေးတယ်လို့လည်း ယုံကြည်တယ်။ ပြီးတော့ အသင်းမှာ နေရာတစ်ခု ရဖို့အတွက် ကြိုးစားရင်း အသင်းနဲ့ အတူ ဆုဖလားတွေ ရယူချင်ပါတယ်"ဟု ပြောကြားသွားသည်။
မကြာမီ လက်ထပ်တော့မယ့် ဘရစ်တနီ ..
ပါတီပွဲ တစ်ခု မှ ဘရစ်တနီ နှင့် သတို့သားလောင်း
justin bieber နှင့် ချစ်သူ selena gomez တို့ ရဲ့ အပန်းဖြေ လျှက်တပျက် ပုံရိပ်များ...
သမ္မတကြီး က ပြည်သူတွေကို ဖုန်း အလကားပေးချင်တာပါတဲ့...
မိမိ အနေဖြင့် ဖုန်းဆင်းကဒ် များကို အလကားပေး လိုသော်လည်း အလ ကား ပေးနိုင်သည့် အဆင့်သို့ မရောက်  သေးကြောင်း သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၂၁ ရက်နေ့တွင် ကျင်း ပ သည့်ြ ပ ည် တွင်း မီဒီယာများနှင့် တွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။
" ကျွန်တော့်ရဲ့ ဆန္ဒကိုပြောရရင် တော့ တန်ဖိုးနည်းတင်မကဘူး၊ အလ ကားပေးချင်တာ၊ သို့သော်လည်းပဲ အလကားပေးနိုင်တဲ့အဆင့်ကို မရောက်သေးဘူး၊ ဘင်္ဂလားဒေရှ့်နိုင်ငံ မှာ လယ်သမားတစ်ယောက်က ခါးမှာ ဖုန်းချိတ်ပြီး သွားနိုင်တဲ့အဆင့် ရောက် နေပါပြီ၊ ဒီဟာကလည်း ကျွန်တော်တို့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် ကြိုး စားပြီး မြှင့်တင်နေပါတယ်"ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
ဥရောပရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မက်ဆီ ရရှိ
ဒီလိုလေးတော့ နည်းနည်း လေးကွာတယ်ဗျ.....
ကိုယ့်မြေး ကို ပြည့်တန်ဆာလုပ်ခိုင်းသောအဖွားအို..
အသက် ၁၂ နှစ်အရွယ် မြေးဖြစ်သူကို   အဖွားနှင့် အပေါင်းအပါနှစ်ဦး တို့မှ   ငွေကြေးရ ယူ ကာ ပြည့် တန်ဆာ  အဖြစ် ပြုလုပ်စေခိုင်းမှုကြောင့် မိခင်ဖြစ်သူမှ ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
အဖွားဖြစ်သူက သုနန္ဒာလမ်း သွယ် ဇ/ ရပ်ကွက်မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူ အမျိုး သမီး တစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်တွင် ဖွင့်လှစ်ထားသော အလှပြင်ဆိုင်မှ အမျိုး သမီး တစ်ဦးထံမှ ငွေကျပ် ၂၇၅,၀၀၀ ကို ရယူခဲ့ကြောင်း သိရှိရသည်။အောက် တို ဘာ လ    ၂၇ ရက်နေ့ ညနေပိုင်းတွင် အဖွားဖြစ်သူက အလှပြင် ဆိုင်ပိုင် ရှင်ဖြစ် သူ ဒေါ်နန်းဦးနှင့်   မြေးဖြစ် သူကို အတူ ထည့်  ပေး   လိုက်ရာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဖိုးစိန်လမ်းရှိ ..... ဟိုတယ် အခန်းအမှတ် ၄၀၈ တွင် တည်းခိုနေသူ အမျိုးသားတစ်ဦးထံမှ ငွေကျပ် ၅၀၀,၀၀၀ ဖြင့် ပြည့်တန်ဆာလုပ်ကိုင်ရန် အပ်နှံ ခဲ့ကြောင်း   သိရသည်။ယင်း ကဲ့   သို့ ငွေကြေးရယူပြီး အရွယ် မရောက်သေး သူအား   ပြည့်တန်ဆာ အဖြစ်ခိုင်းစေခဲ့သည့်အတွက် အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး၏မိခင်ဖြစ်သူက တာမွေမြို့နယ် ရဲစခန်းသို့ ဖုန်းဆက်တိုင်ကြားသဖြင့် သွားရောက် စစ်ဆေး ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့အရွယ်မရောက်သေးသူကလေးသူငယ်အား ပြည့်တန်ဆာကိစ္စအလို့ငှာ ငွေကြေးရယူပြီး စေခိုင်းသူများအား တာမွေမြို့နယ်ရဲစခန်း (ပ)၁၂၆၉/ ၂၀၁၂ ပုဒ်မ ၃၇၂ ဖြင့် အမှုဖွင့်ပြီးကျူးလွန်သူများကို ဖမ်းဆီး စစ်ဆေး လျက်  ရှိကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးလျက် ရှိရာတွင် ယခင်က ပြစ်မှုကျူးလွန်ဖူးခြင်းရှိ၊ မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း တာမွေမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
မုန်တိုင်း ဒဏ် ခံ နေရသော အမေရိကန်
နယူးဂျာစီမှာ မုန်တိုင်းအတွင်း ဂက်စ်အိုးပေါက်ကွဲပြီး လောင်ကျွမ်းခဲ့တဲ့ မီးလောင်ပြင်တခုပါ။ စစ်မြေပြင်တခုလို မြင်နေရပါတယ်။ 
သမ္မတ အိုဘားမား ကိုယ်တိုင်လေ့လာဖို့ သွားရောက်နေတဲ့ နယူးဂျာစီပြည်နယ် ကမ်းခြေက အပျက်အစီးတချို့
စန္ဒီမုန်တိုင်းကြောင့်မီးလောင်ပြီး အိမ်ပေါင်း ၁၀၀ လောက် ပျက်ဆီးသွားတဲ့ နယူးယောက် ကွင်းစ်က မီးလောင်ပြင်
ဒုတိယသက်တမ်းအတွက် သမ္မတရွေးကောက်ပွဲမဲဆွယ်ရေးကို မေ့ထားပြီး မုန်တိုင်းဒဏ်သင့်နေတဲ့ နယူး၈ျာစီပြည်နယ်က မုန်တိုင်းသင့်သူတွေကို ကယ်ဆယ်ရေးစခန်းမှာ သမ္မတအိုဘားမားက သွားရောက်နှစ်သိမ့်
                                     စန္ဒီ” ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှု အခြေအနေ 
စန္ဒီ စူပါမုန်တိုင်းကြောင့် MSNBC နောက်ဆုံးသတင်းအရ သေဆုံးသူ (၃၄)ဦး ရှိသွားပြီလို့ သိရ ။ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်တွေကို သဘာဝ အန္တရယ်ကျနေတဲ့ ပြည်နယ်အဖြစ် အိုဘားမား ကြေညာထား
ဒီလို အခြေအနေမျိုး ဖြစ်အောင် ဘယ်သူတွေက လုပ်နေတာလဲ
ရခိုင် ဘင်္ဂါလီဂျာနှစ်ဖက်စလုံးမှာ ပညာတတ်တွေပါဝင်လျက်ရှိပါတယ်။ ဒီပညာတတ်တွေကပဲ ဦးဆောင်နေ တာပါ။ ရခိုင်လူထုဟာ ပညာရေး အားနည်းအသိမကြွယ်လို့ ဒီလိုအတူ မနေနိုင်ဘူးလို့ ဆုံးဖြတ်တယ်ပဲ ထား လိုက်ပါဦး။ ပညာတတ်တွေ ပညာရှင်တွေ ရာထူးရာခံအကြီးကြီးတွေပါဝင် ဆွေးနွေးခဲ့တဲ့ ရခိုင် အရေး အ လုပ်  ရုံ ဆွေးနွေးပွဲမှာတောင် ကျေနပ်စရာကောင်းတဲ့ အဖြေမရခဲ့ပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာ အစိုးရ ကိုယ် စား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။ “ဘင်္ဂါလီ” ဆိုတဲ့ အသုံးအနှုန်းကို ဘင်္ဂလားဒေ့ရှ် သံအမတ်က လက်မခံလို့ ဆွေးနွေးပွဲပျက်ခဲ့ရပါတယ်။
ဆွေးနွေးပွဲပျက်ခဲ့တယ် ထားဦး၊ အစည်းအဝေးအပြီး စုပေါင်းဓာတ်ပုံ အမှတ်တရရိုက်ဖို့ လုပ်တာတောင် မအောင်မြင်ခဲ့ပါဘူး။ တစ်သက်လုံးအတူနေဖို့ မပြောနဲ့ နေပြည်တော်လို ရာဇဋ္ဌာနီ လုံခြုံ စိတ် ချ   အေး ချမ်း  လျက် ရှိတဲ့နေရာမှာတောင် မိနစ်ပိုင်းကလေးမျှတောင် အတူယှဉ်တွဲဓာတ်ပုံ ရိုက်ခွင့်မရခဲ့ပါဘူး။ အသိကြွယ်ဝ ပညာကြီးမားလှတဲ့ ပုဂ္ဂိုလ်ကြီးများတောင် ခဏတစ်ဖြုတ်မျှ အတူယှဉ်တွဲလိုက်ဖို့ ပျက် ကွက် ခဲ့ပါတယ်။ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ရခိုင်ခေါင်းဆောင်တွေ ပါဝင်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲ ပျက်ခဲ့တာထက် ဟိုမီးလောင်ပြင်ထဲ သွေးမခြောက်သေးတဲ့ နေရာမှာ အတူယှဉ်တွဲနေထိုင်ဖို့ အတော် ခက် ခဲပါလိမ့်မယ်။
Wednesday, October 31, 2012
ဗျောက်အိုးကြောင့် ဒီ လို ဖြစ်တတ်တယ်...