468x60 Ads


Thursday, November 22, 2012

ချန်ပီယံလိဂ် မှာ ကံ မကောင်းခဲ့တဲ့ မန်စီးတီး

ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၅)၊ ဒုတိယနေ့တွင် အာဆင်နယ် အသင်း အနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး မန်ချက်စတာ စီးတီးမှာမူ အုပ်စု အဆင့်မှပင် ကျောခိုင်း ထွက်ခွာခဲ့ရပြီ ဖြစ်သည်။
မန်ချက်စတာစီးတီး ၁ - ၁ ရီးယဲလ်မက်ဒရစ်
မရဏအုပ်စုဖြစ်သော အုပ်စု(D)ပွဲစဉ်တွင် ရီးယဲလ်သည် မန်စီးတီးကို သရေကစားပြီးနောက် ဘိုရပ်ရှားဒေါ့တ်မန်နှင့်အတူ ရှုံးထွက်အဆင့်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။ မန်စီးတီးတွင် ဆာဂျီယို အဂူရို၊ အီဒင်ဂျက်ကို၊ ဒေးဗစ်ဆေးလ်ဗား၊ အလက်ဇန္ဒား ကိုလာရော့ဗ်၊ ဆမ်မီနာဆရီ၊ ယာယာတိုရေး၊ ဒေါက်ဂလက်စ် မိုင်ကွန် အစရှိသည့် ကစားသမားများ ပါဝင် ကစားခဲ့သည်။ ရီးယဲလ်တွင်မူ ကီရင်ဘန်ဇီးမား၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လူကာမိုဒရစ်၊ အိန်ဂျယ်လ် ဒီမာရီယာ၊ ဖေဘီယို ကွန်ထရာအို၊ ပီပီအစရှိသည့် ကစားသမားများ ပွဲထွက်ခဲ့သည်။
ယခုပွဲတွင် ရီးယဲလ်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၁၀)မိနစ် ကတည်းက ဘန်ဇီးမားက သွင်းယူခဲ့သည်။ ဒီမာရီယာ ဖြတ်ပို့လိုက်သည့် ဘောလုံးကို ဘယ်ခြမ်းမှ ပြေးတက်လာသည့် ဘန်ဇီးမားက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမား ဂျိုးဟတ်နှင့် အနီးကပ် အနေအထားမှ အပိုင်ကန်သွင်းသွားခြင်း ဖြစ်သည်။ ပွဲချိန် (၇၁)မိနစ်တွင်မူ အဂူရို ထိုးဖောက်လာမှုကို တားဆီးရန် ကြိုးစားရင်း ရီးယဲလ်နောက်ခံလူ အယ်လ်ဗာရို အဘီလိုအာ အနီကတ် ထိခဲ့သလို ရီးယဲလ်အသင်း ပင်နယ်တီပါ ပေးခဲ့ရသည်။ ထိုပင်နယ်တီကို အဂူရိုက အမှားအယွင်းမရှိ ကန်သွင်းပြီး မန်စီးတီးတို့ ချေပဂိုး ရရှိသွားသည်။ ထို့နောက်ပိုင်းတွင် ရီးယဲလ်က ပွဲကို မရှုံးအောင် ထိန်းကစားရင်း သရေရလဒ်ဖြင့် ပွဲပြီးကာ အုပ်စုဒုတိယ နေရာဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည်။

အာဆင်နယ် ၂ - ၀ မွန့်ပယ်လီယေး
အာဆင်နယ် အသင်းသည် အိမ်ကွင်းတွင် လူးကက်စ် ပိုဒေါ့စကီး၊ အိုလီဗီရာ ဂီရော့ဒ်၊ အဲလက်စ်အိုလိဒ် ချိန်ဘာလိန်၊ ဆန်တီကာဇိုလာ၊ ဂျက်ဝီလ်ရှိုင်းယား၊ သောမတ်စ် ဗာမေလန်စသော ကစားသမားများကို ပွဲထုတ်ပြီး ပြိုင်ဘက်ကို တိုက်စစ်ဆင် ကစားခဲ့သည်။ အုပ်စုတက်ရေး မျှော်လင့်ချက် ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ပြင်သစ်ချန်ပီယံ မွန့်ပယ်လီယေးသည် ဂေတန်ချာဘိုနီရာ၊ အန်သိုနီ မော်နီရာ၊ ယိုနက်စ် ဘယ်လ်ဟန်ဒါ၊ မာကို အက်စ်ထရာဒါ၊ ဟန်နရီ ဘက်ဒီမို၊ ဒင်နီရယ် ကွန်ဂရီ အစရှိသည့် အဓိက ကစားသမားများ ပါဝင်ကာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် ပထမပိုင်း၌ (၂)သင်းလုံး ဂိုးမသွင်းနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အာဆင်နယ်က (၂)ဂိုးဆက် သွင်းယူကာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၄၉)မိနစ်တွင် ဗာမေလန် ကန်တင်ပေးလိုက်သော ဘောလုံးကို ဂီရော့ဒ်က ခေါင်းတိုက် ချပေးလိုက်ရာ ကွင်းလယ်လူ ဝီလ်ရှိုင်းယားက ဂိုးသမားနှင့် အနီးကပ် အနေအထားမှ အသာအယာ ကျော်ကန်ပြီး ဂိုးသွင်းယူခဲ့သည်။ (၆၃)မိနစ်တွင် ဂီရော့ဒ်ပင် ဖန်တီးပေးသည်ကို ပိုဒေါ့စကီးက မြေမကျ အပြင်းကန်သွင်းကာ အာဆင်နယ်အတွက် ဒုတိယဂိုးကို ရယူပေးသွားခြင်း ဖြစ်သည်။ ယခုပွဲစဉ် အနိုင်ရလဒ်နှင့်အတူ အာဆင်နယ်သည် သေချာပေါက် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားခဲ့သည်။

(၁၅) နှစ်သမီးလေးကို မုဒိန်းကျင့် တဲ့ "ကူညီပါရစေ" မှ အဖွဲ့ ဝင်တစ်ဦး

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ်ကျေးရွာ၌ အသက် (၁၅)နှစ်အရွယ်အား ရဲတပ်သား ချစ်မွေး(အိမ်ထောင်ရှင်)က သား မယားအဖြစ် (၁၀)ရက်ခန့်ပြုကျင့် ခဲ့သည်ဆိုကာ ရဲစခန်းသို့တိုင်ကြား ထားကြောင်း ကာယကံရှင်များနှင့် တာဝန်ရှိသူ အချို့ထံက သိရှိရ သည်။
အဆိုပါ သားမယားအဖြစ် ပြုကျင့်ခံရသည်ဆိုသူ ဧရာဝတီ တိုင်း၊မော်ကျွန်းမြို့နယ်ကျေးရွာတွင် နေထိုင်သူဖြစ်သည်။(၂၃.၁၀. ၂၀၁၂) နံနက်(၈)နာရီတွင် လှိုင် သာယာမြို့နယ်ကျေးရွာတွင် နေ ထိုင်သော အစ်ကို၊မောင်—– အိမ်သို့ အလည်ရောက်ရှိနေရာမှ (၂၇.၁၀.၂၀၁၂)ညနေ(၄)နာရီ ခန့်တွင် အစ်ကိုနှင့်စိတ်ဆိုး၍ ထွက်သွားရာ အောင်ဇေယျကြိုး တံတားဘက်သို့ ညနေ(၅)ခန့်တွင် မျက်စိလည်ကာ ရောက်ရှိခဲ့ ကြောင်း၊ ထိုအချိန် တံတားရဲတစ် ဦးဖြစ်သော တပ်သားချစ်မွေး သည် ဂိတ်ထဲမှ ထွက်လာပြီး မ——ကို ဘယ်သွားမလဲဟု မေးကြောင်း ပထမတစ်ခါ မေးစဉ် တွင် မဖြေဘဲ တံတားပေါ်သို့ လျှောက်သွားကြောင်း၊ထိုအချိန် တွင် တပ်သားချစ်မွေးသည် ရဲ ၀တ်စုံဖြင့် ဆိုင်ကယ်စီး၍ နောက် တစ်ကြိမ်လိုက်မေးသောအခါ အစ်ကိုနှင့်စိတ်ဆိုး၍ထွက်လာ ကြောင်း ကြောက်ရွံ့ကာဖြေခဲ့ ကြောင်း တပ်သားချစ်မွေးသည် ကလေး၏ လက်အားဆွဲ၍ ဆိုင် ကယ်နှင့်ခေါ်သွားပြီး ဂျူတီပြီး သည်အထိ ဂိတ်အနောက်တွင် တစ်နာရီခန့်ကြာ ထိုင်ခိုင်းထား ကြောင်း ထို့နောက်ပြန်ပို့မည်ဟု ဆိုကာ ဆိုင်ကယ်နှင့်တင်၍ တည်း ခိုခန်းသို့ခေါ်ကာ (၁၀)ရက်ခန့် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ကာယကံရှင် မ——-က ဆို တယ် ““သမီးကို အဲဒီလူကြီးက လက်ကို အတင်းဆွဲပြီး တည်ခို ခန်းကိုခေါ်သွားတယ် ဟိုရောက် လဲရောက်ရော သမီးကပြန်မယ်ဟု ပြောလိုက်တော့ မပြန်ရဘူးဟု ဆိုကာ သမီးရဲ့ခန္ဓာကိုယ်ကိုအတင်း အကျပ်ကိုင်ထားလို့ သမီးကအော် မယ်လုပ်တော့ အော်လေး နင်အော် လည်း ဘယ်သူမှမကြားဘူး အော် ဟုဆိုပြီး အတင်းဘဲ သားမယား ပြုတယ်။ နေ့ခင်းကျရင် စည်ပင် အဒေါ်ကြီးရဲ့အိမ်ကိုသူက ခေါ် သွားတယ်။ သမီးကလည်း အိမ် ကိုဘယ်ပြန်ရမှန်းမသိ။ အိမ်လဲ မမှတ်မိဘူး။ပြန်ပို့ပေးဖို့ပြောတယ်။ ဒီအကြောင်းတွေကို တစ်ယောက် ကိုပြောရင် နင့်ကိုငါတစ်ခုခုလုပ် မယ်ဆိုပြီးပြောတယ်””ဟုဆိုတော့ ငိုနေသည်။ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးအား ယင်းအဖြစ် အပျက်အား မေးမြန်းရာ ““(၂၇. ၁၀.၂၀၁၂)ည(၁၀)နာရီမှာ အုပ် ချုပ်ရေးမှူးရုံးကိုလာတိုင်တယ်။ ကလေးမလေးရဲ့အစ်ကိုနဲ့အိမ်ရှင် ဒီလိုဒီအကြောင်းပဲ ကလေးပျောက် သွားလို့ဆိုပြီးပြောပြတယ်။ ကျွန်တော်ကလဲ ချက်ချင်းပါပဲ။ ကိုယ်ထက်ကြီးတဲ့လူကြီးထံ အ ကြောင်းကြားတယ်။ ဒီလိုနဲ့အဆက် ပြတ်သွားတယ်။ နိုဝင်ဘာ(၆)ရက် နေ့ ည(၁၀)နာရီလောက်ကျတော့ ကလေးကိုတွေ့တယ်လို့ပြော တယ်။ ရဲတပ်သားချစ်မွေးဆိုသူ က သူနဲ့အိပ်ပြီး ပြည့်တန်ဆာအိမ် ကို ပို့လိုက်တယ်လို့ပြောတယ်။ (၇)ရက်နေ့အရောက် ကလေး မလေးရဲ့အစ်ကိုရယ်၊အစ်မရယ်၊ ရဲစခန်းမှာ အမှုဖွင့်ပေးဖို့သွားပြော တယ်လို့သိရတယ်။ဒါပေမဲ့ ရဲစခန်း က အမှု့မဖွင့်ပေးဘဲ ညှိနှိုင်းတယ် လို့ကြားတယ်””ဟု ဆိုပါသည်။ ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ကြည့်ရာ ရဲတပ်သားမောင်ချစ်မွေး အား အချုပ်ထဲသို့ ထည့်ထား ကြောင်း ပြန်လည်ဖြေကြားသည်။ ယင်းကိစ္စအား ဆက်လက်မေး မြန်းရာ ““(၇)ရက်က ဗျာ။ကလေး ရဲ့ အစ်ကိုနဲ့အစ်မ အိမ်ရှင်တွေ အမှုဖွင့်တယ်။မနက်ကတည်းက ဖွင့်ခိုင်းတာ မဖွင့်ပေးဘူး။ကိုချစ်မွေး ရဲ့အမေနဲ့သူ့သားက ပိုက်ဆံနဲ့ ညှိ ဖို့ပြောတယ်။စခန်းမှူးကလည်း အမှု့မဖွင့်ဘဲ ငွေနဲ့ပြေလည်အောင် ညှိဖို့ဘဲပြောတယ်။ထမင်းငတ်ပြီး တစ်နေသာကုန်သွားတာ အမှု့ မဖွင့်ပေးဘူး။ ညနေကျတော့ လာဆိုပြီး တရားရုံးသွားမယ်လို့ ဆိုပြီး ခေါ်တယ်။တရားရုံးလဲ ရောက်ရော တရားရုံးကပိတ်သွား ပြီ။ဒါနဲ့ပြန်လာပြီး အုပ်ချုပ်ရေး မှူးအားပြောပြတယ်။ နောက်နေ့ ကျတော့ အမှု့ကို ပုဒ်မ(၃၆၆)နဲ့ ဖွင့်ပါဆိုပြီး စခန်းမှူးကပြောတယ်။ ဒါနဲ့ကျွန်တော်က စခန်းမှူး ဒီကိစ္စ က အမှု့ကို ပြန်ကြည့်ဦး (၃၇၆) ဖြစ်နေတယ်။ဆိုမှသာ (၃၇၆)သို့ ပြင်ပေးခဲ့တယ်””ဟု ကလေးသူ ငယ်များ ကာကွယ်စောင့်ရှောက် ရေးအသင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုကျော်မိုးလွင်က Hot News သို့ မ——သည် ယခုအခါ ကျန်းမာရေးမကောင်းကြောင်း၊ ကိုယ်လက်များကိုက်ခဲ၍ ဖျားနေ သည်ဟု သိရသည်။ ကလေး၏ နောက်ဆုံးအခြေအနေသည် ဆေးရုံတွင် ဆေးစစ်၍ဆေးစာ စောင့်နေရကြောင်း အစ်ကိုဖြစ်သူ က ပြောသည်။
Ref: hot new

ငလျင်ဒဏ်သင့် မိန်းကလေး (၂) ဦး အသတ်ခံရ

ငလျင်ဒဏ်သင့်ဒေသက ခေါ်လာတဲ့ မိန်းကလေးငယ် ၂ ဦး သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး တရားခံ ကို ဖမ်းဆီး ရမိပြီလို့ သိရပါတယ်။ ဦးစည်သူဇေယျ တင်ဆက်ထားပါတယ်။
Ref:ဒီဗွီဘီ တီဗွီသတင်း

ဒါကြောင့်မို့ လည်း ကိုတရုတ်ကြီး နဲ့ ကိုယူအက်စ်ကြီး တို့  လုနေတာကိုး


ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တစ်ဖက်ကမ်း မြကိုင်းကျေးရွာအနီးရှိ လူနေအိမ်အချို့တွင် သဘာဝဓာတ်ငွေ့များ ထွက်ရှိနေသဖြင့်သုံးစွဲသူများရှိနေကြောင်းသတင်းရရှိသည်။ ကျောက်တန်းမြို့နယ်မှ ၁၅ မိုင်အကွာ မြကိုင်းကျေးရွာအပိုင် သုံးပေါက်ပြွန်အစုရှိ လူနေတဲများတွင် စတင်သုံးစွဲနေခြင်းဖြစ်သည်။ ထွက်ရှိသောသဘာဝ ဓာတ်ငွေ့ဖြင့် ထမင်း၊ဟင်းချက်ပြုတ်ခြင်း၊ တီဗီကြည့်ခြင်း၊ စပါးခြွေလှေ့စက်အချို့တွင် သုံးစွဲနေကြောင်း ဒေသခံများက 7 Day News သို့ ပြောသည်။ “တချို့ရွာတွေမှာလည်း သတင်းကြားလို့ တူးကြတယ်။ ဒါပေမဲ့ ဒီဘက်မှာလောက် မထွက်ဘူး။ ဒီမှာက တူးလိုက်တဲ့ နေရာတိုင်းမှာ ထွက်တာများတယ်” ဟု သုံးပေါက်ပြွန် အစုရှိ သဘာဝဓာတ်ငွေ့အား ပထမဆုံးစတင်တူးဖော်၍ သုံးစွဲနေသူ ဒေါ်ကြည်မြင့်ကဆိုသည်။ ဓာတ်ငွေ့ကို မြေပြင်မှ အနက် ပေ ၆၀ နှင့် ၆၅ ပေ အကြားတွင် စတင်တွေ့ရှိနိုင်ပြီးခေတ်မီစက်ကိရိယာများအသုံးပြုစရာမလိုဘဲ သဘာ၀၀ါးလုံး များနှင့်သာတူးဖော်ရ ယူနိုင်ကြောင်း ဒေါ်ကြည်မြင့်ကပင်ပြောသည်။ “ငွေနှစ်သောင်းလောက်နဲ့ အပြီးအစီးတူးလို့ရတယ်” ဟု သုံးပေါက်ပြွန်အစုမှ အမျိုးသား တစ်ဦးကပြောသည်။ ယင်းကဲ့သို့ တူးဖော်အသုံးပြုနေခြင်းမှာ ယခုနှစ် ဧပြီလမတိုင်ခင်ကာလကစတင်၍ တူးဖော်သုံးစွဲနေခြင်းဖြစ်ပြီး ထင်း၊ မီးသွေး၊ လောင်စာများနေရာတွင် အစားထိုးအသုံးပြုနေခြင်းဖြစ်သည်။ ရန်ကုန်တောင်ပိုင်းခရိုင်ကျောက်တန်းမြို့နယ်မြကိုင်းကျေးရွာအနီးရှိအချို့သောရွာများတွင်ထွက်ရှိမှုအနည်း ငယ်သာရှိပြီးထွက်ရှိမှုအများဆုံးနှင့်ပမာဏအများဆုံးမှာသုံးပေါက်ပြွန်အုပ်စု၌ဖြစ်ကြောင်းသုံးပေါက် ပြွန်အုပ် စုတွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။ ယင်းကဲ့သို့ ဓာတ်ငွေ့ထွက်ရှိ ခြင်းနှင့်ပတ်သက်၍ ဘူမိဗေဒ ကျွမ်းကျင်ပညာရှင် ဦးစိုးသိမ်းက “အရင် အစိုးရလက်ထက်က တူးပြီး သုံးခဲ့တဲ့ ပင်လယ်ဝကနေ ဒါးပိန်ဘက်ကို ဖြတ်သွားတဲ့လမ်းကြောင်းပေါ်ရှိနေတဲ့ ဓာတ်ငွေ့ကြောပေါ်မှာ ကျန်ခဲ့တဲ့ အကြွင်းအကျန်ပါ။ မုတ္တမပင်လယ်ကြောရဲ့ အငွေ့အသက်ဆိုလည်း မမှားဘူး” ဟုပြောသည်။ ယင်းဒေသတွင် အဆိုပါ သဘာဝဓာတ်ငွေ့ထွက်ရှိမှုနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာနက လွန်ခဲ့သည့် နှစ်ဦးပိုင်းကစတင်၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း စီးပွားဖြစ်ထုတ်လုပ်နိုင်မည့်အခွင့်အလမ်းများ မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ အစီရင်ခံပေးပို့ထားပြီးဖြစ် ကြောင်း နေပြည်တော်မှ စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက 7 Day News သို့ ပြောသည်။
Ref: 7 Day News


စိတ်ပါရင် လိပ် လောက်မြန် သော မြန်မာပြည်မှ အင်တာနက်

မိုဘိုင်းဖုန်းအင်တာနက်လိုင်းများအသုံးပြုရာတွင်သုံးစွဲသူများအနေဖြင့်အင်တာနက်လိုင်း ပြတ်တောက်မှု၊နှေး
ကွေးမှုများ မကြာခဏ ကြုံတွေ့ခံစားနေရကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။                      
ယခုအခါမိုဘိုင်းဖုန်းဖြင့်အင်တာနက်အသုံးပြုသူဦးရေမှာတရားဝင်ထုတ်ပြန်ထားမှုအရ နှစ်သိန်း ကျော်အထိ ရှိလာပြီဖြစ်ပြီး Broad Band စနစ်ဖြင့် အင်တာနက် အသုံးပြုသူ အရေအတွက်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
“WCDMA သုံးတာ လိုင်းမကောင်းတာ အောက်တိုဘာလလယ် လောက်ကတည်းကပဲပေါ့။ 3G လိုင်းတောင်တက်မလာဘဲEDGEနဲ့ပဲသွားနေတယ်။အရင်ကဆိုရင်3G တွေ ဘာတွေ တက်လာသေးတယ်။   အခုရက်ပိုင်းအတွင်း သုံးရတာ လုံးဝကို အဆင်မပြေဘူး” ဟု လသာမြို့နယ်တွင် နေထိုင်သည့် ကိုထူးအောင်က နိုဝင်ဘာလ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။
“အရင်ကဆိုရင်ရုံးကနေအိမ်ပြန်တဲ့ လမ်းတစ်လျှောက်မှာဆိုရင် ကားပေါ်မှာ သုံးသွားတာ မြေနီကုန်းကနေ  ရှစ်မိုင်အထိကို လိုင်းကောင်းတယ်။ ခုရက်ပိုင်းတော့ အင်တာနက်လိုင်းက မိနေပေမယ့် တစ်ခုခုဖွင့်ရင် တက်မလာတော့ဘူး။ ကျွန်မတို့ မှော်ဘီမှာဆိုရင် လုံးဝကို လိုင်းမမိသလောက်ပါပဲ” ဟု မှော်ဘီမြို့ခံ တစ်ဦးကလည်း ၎င်း၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု အတွေ့အကြုံကို ရှင်းပြခဲ့သည်။
မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူများထဲမှ အချို့မှာ အင်တာနက်သုံးစွဲရာတွင် အဆင်ပြေစေရန် ညပိုင်းတွင် အဓိကထား သုံးစွဲမှုများ ပြုလုပ်တတ်ကြကြောင်း သိရသည်။
“ကျွန်မတို့ပုဇွန်တောင် ရေကျော်ဘက်မှာ အင်တာနက်က ဘယ်အချိန်သုံးသုံး လိုင်းကလုံးဝမကောင်းပါဘူး။ အခုရက်ပိုင်းအတွင်းဆို အင်တာနက်လိုင်းဖွင့်ရင် တော်တော်နဲ့ တက်မလာတဲ့အပြင် တက်လာရင်လည်း E ဆိုတာလေးပဲပေါ်ပြီး Loading ပဲ ပြနေတယ်။ အခုဆိုရင် သုံးနေရင်းနဲ့ လိုင်းလုံးဝ ပြတ်သွားတာလည်း ခဏခဏပါပဲ” ဟု ပုဇွန်တောင်တွင် နေထိုင်သည့် မအိအိစိုးက ပြောပြခဲ့ပါသည်။
ယခုကဲ့သို့ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲရာတွင် အဆင်မပြေမှုများ ရှိနေသည့်အပေါ် “အဲဒါကတော့ သုံးစွဲသူတွေများတဲ့အချိန်မို့လို့လိုင်းကြပ်တာဖြစ်မှာပေါ့ဗျာ။အချိန်ပိုင်းနဲ့ဖြစ်နေတာဖြစ်မှာပေါ့။ တအားကြပ်တဲ့ အချိန်မှာဆိုရင်တော့ သည်းခံပြီး စောင့်ရမှာပေါ့ဗျာ။ လိုင်းကြပ်နေတာကို ချဲ့ရမှာပေါ့” ဟု မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာမှူးတစ်ဦးက ပြောကြားခဲ့ပါသည်။
မိုဘိုင်းဖုန်းဖြင့်အင်တာနက်သုံးစွဲသူများပြားလာသည့်အတွက်ရန်ကုန်မြို့တွင်3Gကွန်ရက်များထပ်မံတိုးချဲ့ရန် လုပ်ဆောင်လျက်ရှိကြောင်းလည်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမိုဘိုင်းအင်ဂျင်နီယာချုပ် ထံမှ သိရှိရသည်။    Ref: eleven

ကမ္ဘာကျော် သွားသော ကမ္ဘာကျော် တို့ ၏ ပုံရိပ်များ

မြန်မာနိုင်ငံ၏ဒီမိုကရေစီခေါင်းဆောင် ပြည်သူ့လွှတ်တော်အမတ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်း
စုကြည် နှင့် ကမ္ဘာ့ အင်အားအကြီးဆုံး(super power) နိုင်ငံ ဖြစ်သော အမေရိကန် သမ္မတ နိုဗယ်ဆုရှင် ဘားရတ် အိုဘားမား တို့၏ ခင်မင်ရင်းနှီးစွာဆက်ဆံမှုတွေလား အများပြောသလို (......) တွေလား ဆိုတာ ကျွန်နော်ကိုယ်တိုင်လည်း မဝေခွဲ တတ်သလို ဘယ်သူမှလည်း ဘာကြောင့်ပါလို့  တတ်အပ် မပြောနိုင်သောပုံများကိုပြန်လည်ဝေမျှလိုက်ပါတယ်..စိတ်ကြိုက်ဝေဖန်နိုင်သလိုကိုယ်လိုရာကိုလည်းစွဲတွေးနိုင်
ပါတယ်..(မည်သည့်ရည်ရွယ်ချက်မှမပါပဲ သိစေလိုသောသဘောဖြင့်သာ ဖော်ပြခြင်း ဖြစ်ပါသည်။)
 
 
 
 
 
 
 

 
 
 
International Business Times

International Business Times
ရုရှားသတင်းစာ

ကိုးရီးယားသတင်းစာ
ဂျပန်သတင်းစာ
ဘယ်သူ့ကို ပိုချစ်သလဲ လို့ မေးထားတဲ့ ထိုင်းသတင်းစာ

Ref: http://www.oppositeyes.info/

အိုဘားမား မိန့် ခွန်းနဲ့ ပက်သက်ပြီး သူတို့  ရဲ့ အမြင်များ

မြန်မာနိုင်ငံသို့နိုဝင်ဘာလ ၁၉ ရက်နေ့က ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော အမေရိကန်သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိနစ် ၃၀ကြာ သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ ယင်းမိန့်ခွန်းတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးစသည့်အကြောင်းများကိုအသေးစိတ် ပြောဆိုသွားသည်။ ပြည်သူသာလျှင်
နိုင်ငံတခု၏ အချုပ်အခြာအာဏာကို အဓိက ပိုင်ဆိုင်ပြီး ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အမေရိကန်ကကူညီပံ့ပိုးပါမည်ဟုကတိပြုသွားသည်။မြန်မာ့ဒီမိုကရေစီပန်းတိုင်သို့ခရီးရှည်ကြီးဆက်လျှောက်
ရဦးမည် ဖြစ်ပြီး ယင်းခရီးရှည်အတွက် မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ရပ်တည်မည်ဟုလည်း ဆိုထားသည်။ ရန်ကုန်တက္ကသိုလ်တွင် သမ္မတ အိုဘားမား မိန့်ခွန်းမပြောကြားမီနှင့် ပြောကြားအပြီး ထင်မြင်ယူဆချက်များကို ဧရာဝတီသတင်းထောက် သာလွန်ဇောင်းထက်က တွေ့ဆုံမေးမြန်းထားပါသည်။

သီတဂူဆရာတော် အရှင်ဉာဏိဿရ
------------------------------------
အိုဘားမားကို မည်းမည်းလေးမြင်တယ်။ အသားမည်းပေမယ့် အသည်းဖြူတယ်လို့ ယူဆတယ်။
 
ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
---------------------------------------------------------
ကျနော်တို့ အနာဂတ်မျိုးဆက်တွေ အတွက်ပါပဲ။ သူတို့အတွက် စွမ်းရည်တွေ မြှင့်တင်ပေးဖို့ နိုင်ငံတကာက ကူညီရမယ်။ သူတို့မျိုးဆက်က တိုင်းပြည်ကို တည်ဆောက်မယ့်သူတွေ ဖြစ်တဲ့အတွက် သူတို့အတွက် ပညာတော်သင်ကိစ္စတွေကအစအရပ်ဘက်လူ့အဖွဲ့အစည်းတွေအားကောင်းအောင်ဝိုင်းပြီးကြိုးစားပေးဖို့ပြော
ခဲ့ပါတယ်။ သူ့အနေနဲ့ အလေးအနက် ထားတယ်ဆိုတာ ပြောပါတယ်။

ကိုမျိုးရန်နောင်သိန်း (ဗေဒါအင်စတီကျူ)
------------------------------------------
ကျနော်တို့နဲ့သီးခြားတွေ့တဲ့အချိန်မှာတော့အရပ်ဘက်လူ့အဖွဲ့အစည်းတွေကိုတန်ဖိုးထားတယ်ဆိုတာပြောတ
ယ်။ ဒီလိုတွေနဲ့တွေ့ချင်လို့ ရုန်ကန်းမှုတွေကို အားပေးချင်လို့ အဓိကလာတဲ့အကြောင်း ပြောသွားတယ်။ အတိုချုပ်ကတော့ဒါပါပဲ။ကျနော်တို့နဲ့တွေ့တဲ့အချိန်မှာကျနော်ပြောလိုက်တာကပြည်တွင်းမှာရှိတဲ့သူတွေကမြန်
မာပြည်ကို ကိုယ်စားပြုတယ်။ အဲဒီတော့ ပြည်ပလူတွေ ဘာပြောတယ်ဆိုတာထက် ပြည်တွင်းကလူတွေကို ပိုပြီးတော့ ဂရုစိုက်ပါ။ မြန်မာပြည်တွင်းမှာ ပိုပြီးတော့ Engagement ပိုလုပ်ပါ။ စစ်တပ်နဲ့ ပိုပြီးပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ကျနော်ပြောတယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သူတို့ ပိုပြီးတော့ ပညာပိုရသွားမယ်။ အဲဒါကို ပြောပါတယ်။ သူအဲဒါကြောင့် မြန်မာပြည်လာတဲ့ အကြောင်းလို့ သမ္မတက သူပြောတယ်။ ရိုဟင်ဂျာကိစ္စကလည်း ဘာသာရေးကိစ္စ မဟုတ်ဘူး။ နယ်စပ်ဖြတ်ကျော်တဲ့ ကိစ္စဖြစ်တယ်။


ဒေါက်တာ သန့်မြင့်ဦး (သမိုင်းပညာရှင်)
--------------------------------------
ရန်ကုန်တက္ကသိုလ်ပေါ့၊နေရာရွေးချယ်မှုက အရမ်းအရေးကြီးတယ်။ နှစ်ပေါင်း ၅၀ စစ်အစိုးရက အဆိုးဆုံးက ပညာရေးစနစ်အပေါ် သက်ရောက်မှု အဆိုးဆုံးပဲ။ အခု ရန်ကုန်တက္ကသိုလ်မှာ သမ္မတအိုဘားမား လာပြီးတော့ စကားပြောတော့ နည်းနည်းလေးတော့ အချိုးအကွေ့တခုကို ရောက်ပြီလို့ ပြောလို့ရတယ်။ သူရဲ့ မိန့်ခွန်းကလည်း ကောင်းတယ်၊ သဘောကျတယ်။ သူပြောပြတဲ့ အမေရိကန်သမိုင်းကလည်း ကျနော်တို့မျှော်လင့်ချက်တွေနဲ့ဘယ်လိုချိတ်နိုင်မလဲဆိုတာကိုနည်းနည်းလေးပြောပြတာလည်း ကောင်းတယ်
လို့ ထင်တယ်။ ကျနော်တို့က ကွဲပြားခြားနားမှုတွေကို အားနည်းချက်အနေနဲ့ မစဉ်းစားဘဲ အင်အားအနေနဲ့ စဉ်းစားတာကလည်းအရမ်းအရေးကြီးတယ်ထင်ပါတယ်။ဒါကိုတော့တိုင်းရင်းသားလူနည်းစုတွေကသေသေချာ
ချာနားလည်တယ်ထင်တယ်။ လူအများကတော့ နားမလည်ဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အောင်မြင်ဖို့ မတူကွဲပြားမှုတွေကို ဘယ်လိုတန်ဖိုးထားရမယ်၊ ဘယ်လိုကောင်းတယ်ဆိုတာ သေသေချာချာနားလည်ဖို့လို့ ထင်တယ်။
အမေရိကန်သမ္မတဒီကိုလာတာကအခုရောက်နေတဲ့ပြုပြင်ပြောင်းလဲမှုတွေကနောက်ပြန်လှည့်ရင်အမေရိကန်
က လက်မခံဘူးဆိုတဲ့ လက္ခဏာပဲ။ မြန်မာ-အမေရိကန် ဆက်ဆံရေး အားကောင်းလာမယ် ထင်တယ်။ အိုဘားမားပြောတာကမြန်မာပြုပြင်ပြောင်းလဲမှုသာအောင်မြင်သွားရင်တကမ္ဘာလုံးအတွက်နမူနာဖြစ်သွားနိုင်
တယ်။၂၁ရာစုအတွက်အမေရိကန်တရုတ်ဆက်ဆံရေးကဘယ်လိုဖြစ်မယ်ဆိုတာမသိနိုင်သေးတဲ့အချိန်မှာမြန်
မာနိုင်ငံကပူးပေါင်းဆောင်ရွက်မှုဇုန်တခုဖြစ်လာမယ်ဆိုရင်သိပ်ကောင်းတယ်။မြန်မာနိုင်ငံကတရုတ်နဲ့အမေရိ
ကန်ကိုပူးပေါင်းဆောင်ရွက်ဖို့ထောက်ပံ့ပေးနိုင်မယ်ဆိုရင်ကောင်းတယ်။တရုတ်ဘက်မှာတော့ အမေရိကန်နဲ့ ပတ်သက်လို့ စိတ်ပူပန်မှုရှိမှာပဲ။
ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် တိုးတက်ရေး ပါတီ – KSPP)
-----------------------------------------------------------------
ကျနော်အိုဘားမား မိန့်ခွန်းကို သဘောကျတယ်။ အမေရိကန်က မြန်မာပြည်ကို ချန်မထားဘူး။ စာနာတယ်၊ တိုးတက်စေချင်တယ်။တော်တော်လည်း ထင်ထင်ပေါ်ပေါ် တွေ့နေရပြီ။ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးသွားတာပေါ့။ပြဿနာတွေရှိနေတယ်ဆိုတာသိတယ်။ အမေရိကန်သမိုင်းကို ဥပမာ ပေးသွားတယ်။ ရခိုင်ပြည်နယ်မှာပြဿနာတွေရှိတယ်၊ကချင်မှာလည်းစစ်မီးမငြိမ်းသေးဘူး။ဒါတွေလည်း ပြေလည်မှုရရှိအောင် အားလုံး ပြေပြေလည်လည်ဖြစ်အောင် ဖြေရှင်းရမယ်။ ကျောသားရင်သား မခွဲခြားဘဲနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက်တည်ဆောက်ဖိုပြောသွားတယ်။ခြုံပြီးတော့ပြောရင်ရန်ကုန်တက္ကသိုလ်မှာအိုဘားမား
ပြောသွားတဲ့တန်ဖိုးရှိတဲ့သမိုင်းဝင်မိန့်ခွန်းပါပဲ။မြန်မာပြည်သူတွေကိုပစ်မထားဘူး။ဒီက ပြည်သူပြည်သားတွေ
လည်းအမေရိကန်ပြည်သူပြည်သားတွေလိုဖြစ်ပေါ်စေချင်တဲ့စေတနာကိုမြင်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကိုရွေးချယ်တဲ့အပိုင်းကတော့သမိုင်းတင်တဲ့နေရာ ဖြစ်တယ်။နိုင်ငံ့ခေါင်းဆောင်တွေပေါ်
ထွန်းတဲ့နေရာကို သူပြန်လာပြီး မိန့်ခွန်းပြောတာက ကျောင်းသားလူငယ်တွေကို အားပေးတာပဲ။ မိန့်ခွန်း တက်ရောက်နားထောင်တဲ့သူတွေမှာလည်းလူငယ်တွေများတယ်။လူငယ်တွေများတယ်ဆိုတာကအနာဂတ်အ
တွက်ရည်ညွန်းတာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခဏဆိုသလို ထုတ်ဖော်ပြောကြားတဲ့အတွက် သူဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ ပြတာပဲ။ သူရဲ့တန်ဖိုးထားမှုတွေကို ပေါ်လွင်စေပါတယ်။

ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ)
-------------------------------------------------------------------------------------
သူ့အနေနဲ့ သုံးခွင့်ရှိတဲ့သဘော ရှိမှာပေါ့။ ကျနော်တို့ကတော့ မကြိုက်ချင်ဘူး။ ရင်ကြားစေ့ရေးဆိုတာ တိုင်းရင်းသား အချင်းချင်းကတော့ ဖြစ်နိုင်တာပေါ့။ တိုင်းရင်းသား မဟုတ်တဲ့ပုဂ္ဂိုလ်တွေ၊ အခြားတနေရာက လာတဲ့ပုဂ္ဂိုလ်တွေကအမည်သစ်ထွင်ပြီးကာမှရည်မှန်းချက်ကြီးကြီးလုပ်တာမျိုးမို့လိုအိုဘားမား လေ့လာဖို့လိုပါ
တယ်။ ဒါနဲ့ပတ်သက်ပြီး အကုန်လုံးရဲ့သဘောထားတခု ထွက်နိုင်ပါတယ်။ ကျနော် မကြိုက်ဘူး။ သူက လွတ်လွတ်လပ်လပ်တိုင်းပြည်ကဆိုတော့မည်သည့်နိုင်ငံကိုမဆိုလွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်နိုင်တယ်။ သူရဲ့အမြင်ကိုးဗျ။ ဒါပေမယ့် နိုင်ငံတခုကို လာတဲ့ခေါင်းဆောင်ဆိုတာက ဒီနိုင်ငံနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတခုကို သုံးမယ်ဆိုရင် ဇာစ်မြစ်ကို လေ့လာဖို့လိုမယ်။ သူက ကမ္ဘာ့ခေါင်းဆောင်လေ။ ကမ္ဘာ့ခေါင်းဆောင်ဆိုတာက ကမ္ဘာကြီးတခုလုံး အပ်ကျတာကအစ သိနေတယ်ဆိုရင်လေ။ အိုဘားမားက မွတ်စလင်ပဲ။ နောက်မှ ခရစ်ယာန်ပြောင်းတယ်လို့ သိတာကိုး။ ဒါပေမယ့် ကျနော်တို့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လုံးဝမကြိုက်ဘူး။ သူက လွတ်လွတ်လပ်လပ်နေရာက လာတဲ့လူသားကိုးဗျ။


ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ရခိုင်တိုင်းဒေသကြီးအစိုးရ)
-------------------------------------------------------------
သူ့မိန့်ခွန်းကို သဘောကျတယ် ၊ကောင်းတယ်။သမ္မတကြီး အိုဘားမားက ရိုဟင်ဂျာ လို သုံးနှုန်းသွား တာက
တောင်းဆိုနေတဲ့လူတွေကို အသိအမှတ်ပြုပြီးတော့ ငြိမ်းချမ်းရေးအတွက် ညွှန်းပြီးတော့ ပြောသွားတယ်လို့ ထင်တယ်။ အသိအမှတ်ပြုတယ်လို့တော့ မဟုတ်ဘူး။ သဘောမကျဘူး။ ဒါပေမယ့် အဲဒီအုပ်စုကို ညွှန်းပြီး ညွှန်းပြီးတော့ ပြောတာပါ။ ကမ္ဘာပေါ်မှာ အချုပ်အခြာ အာဏာက ပြည်သူပဲ ပိုင်တယ်။ ပြည်သူရွေးတဲ့ သမ္မတက ပြည်သူ့ကိုယ်စား အုပ်ချုပ်ရတယ်။ ပြည်သူ့အကျိုးကိုပဲ ဦးစားပေးပြီး လုပ်တယ်။ ပြည်သူ့ဆန္ဒကိုပဲ လိုက်လျောရမယ်။ မြစ်ဆုံကိစ္စမှာ ပြည်သူ့ဆန္ဒ လိုက်လျောတာကို သူကြိုဆိုတယ်။ သူ့နိုင်ငံမှာ သူဒီလိုပဲ သွားနေရတယ်။သူ့နိုင်ငံမှာကမ္ဘာပေါ်မှာအင်အားအကြီးဆုံးစစ်တပ်ဆိုတာရှိတယ်။အဲဒီစစ်တပ်ဆိုတာကပြည်
သူရွေးထားတဲ့သမ္မတရဲ့ အမိန့်အောက်မှာပဲ ရှိရတယ်ဆိုတာလည်း ပြောသွားတယ်။ ဒါက ကျနော်တို့ ဒီမိုကရေစီနိုင်ငံကို သွားမယ်ဆိုရင် ခံယူရမယ့် ခံယူချက်တွေပဲလို့ ထင်မြင်ပါတယ်။

ဦးဌေးဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ)
--------------------------------------------------------------------
သမ္မတ အိုဘားမားက သူရဲ့ ပထမသက်တမ်းအတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို သူနားလည်တယ်။ သူနားလည်တဲ့အတွက် အားပေးကူညီမှုတွေ လုပ်ခဲ့တယ်။ ဒုတိယ သက်တမ်းအတွင်းမှာ ဦးဦးဖျားဖျားအာဆီယံအစည်းအဝေး လာတက်ရင်းနဲ့ ကျနော်တို့နိုင်ငံကို ၀င်လာတယ်။ အရင်တုန်းကလည်း နားလည်မှုရှိတဲ့ပုဂ္ဂိုလ်၊ အခုလည်း လာတယ်ဆိုတော့ ကျနော်တို့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ပိုပြီး အားပေးကူညီမှုတွေ လုပ်လာလိမ့်မယ်။ သူအလေးထားတာဖြစ်လို့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် အကျိုးရှိမယ်။


ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ)
------------------------------------
အိုဘားမားမိန့်ခွန်းကကျနော်တိုမျှော်လင့်ထားသလိုမဟုတ်ဘူး။ အိုဘားမားက ဒီမိုကရေစီက ရွေးကောက်ပွဲ သင်တန်းလာပို့ချနေတာ။ ကျနော်တို့ တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးဖို့ နည်းနည်းလမ်းကြောင်းပေးတာတော့ ရှိတာပေါ့။ ဒါပေမယ့် သူတို့ရဲ့ထုံးစံအတိုင်း သူတို့ကိုယ်ကျိုးစီးပွား အဓိကပဲ။ ပြီးတော့ မြောက်ကိုရီးယားကို သတိပေးချင်တာလည်း ပါတယ်။ မြောက်ကိုရီးယားကို မဆီမဆိုင် ကျနော်တို့ဆီကနေ သတင်းစကား ပါးလိုက်သေးတယ်။ တခု ကျနော်ဘ၀င်မကျတာ တိုင်းရင်းသားအမျိုးပေါင်း ၁၀၀ ကျော်တယ် ရှိတယ်ဆိုတဲ့ သတင်းအမှားကို သူရလိုက်တယ်။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသား ၁၀၀ ကျော်မရှိဘူး။ ၁၀၀ကျော်ရှိတယ်ဆိုတာဒီကအစိုးရအစဉ်အဆက်ရဲ့တိုင်းရင်းသားတွေကိုခွဲခြားစိတ်ဖြာပြီးတော့သေးနိုင်သမျှ
သေးအောင်လုပ်တဲ့ အခြေအနေကို လက်ခံထားရတာ။ တိုင်းရင်းသား ၁၀၀ ကျော်ဆိုတာ လက်မခံဘူး။ အဲဒါကိုလာမယ့်၂၀၁၄ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်တဲ့အခါကျရင်အဖြစ်မှန် ဖော်ထုတ်ချင်တယ်။
ရခိုင်ပြည်အကြောင်းပြောတဲ့အခါမှာလည်းမြန်မာနိုင်ငံရဲ့ရာဇ၀င်သိပ်သိပုံမရပါဘူး။ ပြည်ထောင်စုမြန်မာနိုင်ငံ ဘယ်လိုဖွဲ့စည်းတယ်ဆိုတာကအစပေါ့၊သိမယ့်ပုံမပေါ်ဘူး။ကြားလို့ကောင်းအောင်ပြောသွားတာ။ကျနော့်အာရုံ
ထဲကိုလေးလေးနက်နက်မထိရောက်ခဲ့ဘူး။အဓိကအရေးကြီးဆုံးကဖက်ဒရယ်ပြည်ထောင်စုကိစ္စကိုသူတခွန်းမှ ထည့်မပြောဘူး။ကျနော်ဒီအချိန်မှာဖက်ဒရယ်ဆိုတာသူတို့ကိုယ်တိုင်ဒီမိုကရေစီစနစ်ကို အောင်အောင်မြင်မြင် ထူထောင်နိုင်တာ ဖက်ဒရယ်ကြောင့်ပဲ။ အဲဒီကိစ္စ တခွန်းပြောရင်တောင် ကျနော် ၀မ်းသာမှာပါ။ အဲဒါကို လုံးဝမပြောဘူး။အဆင့်တွေကျော်ပြီး လျှောက်ပြောနေတယ်။ ဒီမိုကရေစီအောင်မြင်ဖို့က ငြိမ်းချမ်းရေးမရလို့ မအောင်မြင်ဘူး။ငြိမ်းချမ်းရေးမရတာကလည်း တိုင်းရင်းသားတွေက လက်နက်ကိုင်လို့ ငြိမ်းချမ်းရေးမရတာ။ တိုင်းရင်းသားလက်နက်စွန့်လို့ရအောင်ကျန်တဲ့အသိုင်းအ၀ိုင်းကဘာတွေပံ့ပိုးသင့်သလဲ။ဘာတွေဝိုင်းပြီးဆွေး
နွေးပေးရမလဲ။အဲဒါအခြေခံအချက်ပဲ။တကယ့်တိုင်းပြည်ကိုသူတို့နိုင်ငံလိုထူထောင်ဖို့ဆိုတာငြိမ်းချမ်းရေးရဖို့ဆို
တာဖွဲ့စည်းပုံအခြေခံဥပဒေကဖက်ဒရယ်စနစ်ဖြစ်ရမယ်။ ဒါတွေကို မပြောဘဲ အဆင့်ကျော် ပြောသွားတယ်၊ လိုအပ်ချက်ကို မပြောဘူး။ ဒီမိုကရေစီ သင်ပုန်းကြီး ဖတ်စာလာရွတ်တာ။ ကျနော်တို့က ဒီမိုကရေစီရဖို့ မိုးပေါ်က ရေခံသောက်သလို လုပ်နေတဲ့လူတွေ မဟုတ်ဘူး။ သွေးနဲ့သားနဲ့ အသက်နဲ့ရင်းပြီး လုပ်နေကြတာ၊ တိုက်ပွဲဝင်နေကြတာ။အခုမှ ရေးရေးလေး ပေါ်လာတဲ့အချိန်မှာ တကယ့်ကို ဗိုလ်ချုပ်အောင်ဆန်း ပြောသလို တက်ထောင်ပြီး အော်ချင်နေကြတယ်။ လူထုရှေ့မှာ စကားပြောတဲ့နေရာမှာ ပါတီကြီးတခုလောက်ကို အမွှန်းတင်လိုက်တာမျိုး။ ကျနော်တို့ ပါတီစုံစနစ်ပါ။ ကျနော်တို့ နားလည်သွားပါတယ်၊ ဘယ်သူ့အတွက် စည်းရုံးရေး လာဆင်းတယ်ဆိုတာကို နားလည်သွားတယ်။

ဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ)
---------------------------------------------------------------
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြုတဲ့သဘော ဖြစ်တဲ့အတွက် မြန်မာနိုင်ငံကို နိုင်ငံတကာမှာ စိတ်ဝင်စားလာကြ တာပေါ့။ မြန်မာပြည်သူတွေရဲ့ အခက်အခဲတွေ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြု ကြိုဆိုတယ်ဆိုတော့ကောင်းတယ်။ သို့သော်လည်း အိုဘားမားကလည်း အခြားနိုင်ငံ ခေါင်းဆောင်တွေလိုပဲ သူတို့အမျိုးသားအကျိုးစီးပွားအတွက်ပဲပြောတာပါပဲ။လူ့အခွင့်အရေးဆိုတာကလည်း နိုင်ငံခြားရေး ပေါ်လစီပဲ
လေ။ရခိုင်ကိစ္စကိုပြောတုန်းကလူ့အခွင့်အရေးကိစ္စကိုပြောခြင်းအားဖြင့်သူ့ကိုကြည့်ရတာမွတ်စလင်နိုင်ငံတွေ
ရဲ့ စိတ်မသက်သာမှုကို ပြေလျော့သွားအောင် သုံးနှုန်းသွားတယ်။ ဒီနိုင်ငံမှာ မသုံးတဲ့ စကားတခွန်းကို သူသုံးသွားတယ်။ဒီနိုင်ငံကတရားဝင်လက်မခံတဲ့အသုံးအနှုန်းတခုကိုသူသုံးသွားတယ်။မွတ်စလင်နိုင်ငံတွေအ
ပေါ် နှစ်သိမ့်နေတာက အမျိုးသား အကျိုးစီးပွား ရေနံလုံခြုံရေးအတွက်များ သက်ဆိုင်နေမလားလို့ သံသယရှိတယ်။ လာတာကောင်းတယ်။ သူ့ကတိအတိုင်း ဆက်လုပ်ဆောင်ပေးဖို့ လိုတယ်။ ဒါပေမယ့်လည်း သူ့အမျိုးသားအကျိုးစီးပွား အဓိကဆိုတာ နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ အစဉ်အလာတိုင်းပါပဲ။ 
Ref: ayeyarwati

ဒေါ်လာသန်း ၁၀၀ ရရှိမည့် ပ၇ီးမီးယားလိဂ်

လန်ဒန်မြို့တွင် ပြုလုပ်ခဲ့သည့် ပရီးမီးယားလိဂ် ဥက္ကဋ္ဌများ အစည်းအဝေးတွင် ပရီးမီးယားလိဂ် အဖွဲ့ချုပ် အမှုဆောင် ဆူရာဂိုက ယခုရာသီ တွင် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းသည် ဆုကြေးပေါင်းသန်း ၁၀ဝ နီးပါးရရှိဖွယ်ရှိကြောင်း အသိ ပေးပြောကြားခဲ့ရာနိုင်ငံတကာ ဘောလုံးငွေကြယ်ပွင့်များ၏အဓိက ရည်မှန်းချက်မှာ အင်္ဂလန်ပရီးမီး ယားလိဂ် ဖြစ်လာဖွယ်ရှိသည်ဟု သတင်းများကဆိုသည်။ နာမည် ကြီး ရုပ်သံကုမ္ပဏီကြီးများဖြစ် သည့် BSKYB,BT တို့နှင့် သုံး နှစ်ချုပ်ဆိုခဲ့ရာမှ ဝင်ငွေ ပေါင် ၃ ဒသမ ၁ ဘီလီယံရရှိခဲ့ပြီးBSKYB မှ တစ်နှစ်ပြသခွင့်ပွဲပေါင်း ၁၁၆ ပွဲ ရရှိခဲ့ပြီး တစ်ပွဲချင်း တွက်ကြည့် ပါက ပရီးမီးယားလိဂ်တစ်ပွဲ လွှင့် လျှင် ပေါင် ၆ ဒသမ ၆ သန်း ရရှိ မည်ဟုသိရသည်။ လက်ရှိ ပရီး မီးယားလိဂ်ချန်ပီယံ မန်စီးတီးမှာ မန်ယူနောက် ဒုတိယနေရာတွင် ရပ် တည်နေပြီးချန်ပီယံလိဂ်တွင်လည်း အုပ်စုမှပြုတ်ခဲ့ပြီဖြစ်ရာ ပရီးမီးယား လိဂ်သရဖူကိုပင် အသည်းအသန် ကန်ရတော့မည်ဖြစ်သည်။ပင်လယ် ရပ်ခြား ရုပ်သံလွှင့်ခများကိုမူ ပရီးမီးယားလိဂ်အသင်း ၂၀ မှ အချိုးကျခံစားရရှိမည်ဟုသိရသည်။

အိုဘားမား ပြောတဲ့ ရိုဟင်ဂျာ ကို မြန်မာအစိုးရလက်မခံ

အမေရိကန်သမ္မတ အိုဘားမားက ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို နိုင်ငံသားတဦးကဲ့သို့ အခြေခံ လူ့အခွင့်အရေးများပေးအပ်သင့်သည်ဆိုသောပြောဆိုမှုနှင့်ဆက်စပ်ပြီးရိုဟင်ဂျာဆိုသောအသုံးအနှုန်းကို မြန်
မာအစိုးရကလက်မခံကြောင်းနယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကဆိုလိုက်သည်။
သမ္မတအိုဘားမားကရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ နိုဝင်ဘာလ ၁၉ ရက်နေ့ကပြောကြားသော မိန့်ခွန်းထဲတွင်“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေကို တွေ့မြင်ရပြီး တင်းမာမှုတွေ ဆက်လက်ဖြစ်နိုင်မယ့် အန္တရာယ်ကိုမြင်နေရပါတယ်။ ရခိုင် တိုင်းရင်းသားများ အပါအ၀င် ဒီပြည်နယ်လူထုတွေက ဆင်းရဲနွမ်းပါးမှုနဲ့ တရားလွန် ညှင်းပန်းနှိပ်စက်မှု ဒဏ်ကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။ သို့ပေမယ့် အပြစ်မဲ့သူများကို အကြမ်းဖက်မှုအတွက် ဘာဆင်ခြေမှ ပေးလို့မရပါဘူး။ ရိုဟင်ဂျာတွေလည်း ခင်ဗျားတို့လို၊ ကျနော့်လိုသူတို့မှာလည်းသူတို့ဂုဏ်သိက္ခာနဲ့သူတို့ရှိပါတယ်။ပြန်လည်သင့်မြတ်ရေးအတွက်အချိန်ယူရမှာဖြစ်
ပါတယ်။ ဒါပေမယ့် ကျနော့်တို့ အားလုံးရဲ့ လူသားဖြစ်တည်မှုအတွက် ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ရည်မှန်းပြီးသွေးထိုးလှုံ့ဆော်မှုတွေအကြမ်းဖက်မှုတွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပါပြီ” ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက အင်မတန်မှ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းဖြစ်ပါတယ်။သို့သော်ပြည်ထောင်စု အစိုးရ အနေနဲ့ရော၊ရှေ့ကအစိုးရ အဆက်ဆက် အနေနဲ့က
တော့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကိုသော် လည်းကောင်း၊ တိုင်းရင်းသားဆိုတဲ့ အချက်ကိုသော် လည်းကောင်း လက်ခံထားခြင်း မရှိပါဘူး။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာပါ” ဟု ရှင်းပြသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ အကြမ်းဖက်မှုများ၏ နောက်ကွယ်တွင် အဖွဲ့အစည်းများ ရှိနေသည်ဆိုပြီး အစိုးရက မကြာခဏဆိုသကဲ့သို့ သတင်းထုတ်ပြန်လေ့ ရှိသည့်အတွက် မည်သည့်အဖွဲ့အစည်းများ ရှိနေပါသနည်း၊ မည်သူများကို အရေးယူထားပါသနည်း ဆိုသော ဧရာဝတီ၏ မေးခွန်းနှင့် ပတ်သက်ပြီးလည်း တိကျစွာ ဖြေကြားခြင်းမပြုခဲ့ပေ။
“အကြမ်းဖက်မှုတွေဖြစ်အောင်နောက်ကွယ်ကကြိုးကိုင်ခြင်း၊လှုံ့ဆော်ခြင်း ပြုလုပ်တဲ့သူတွေက နှစ်ဖက်စလုံး
မှာရှိတယ်ဆိုတာကျနော်တို့ပြောခဲ့တာရှိတယ်။ဒါတွေကလည်းကျနော်တို့မှာ ခိုင်လုံသော အထောက်အထား
တွေတွေ့ရှိပြီး ဖြစ်ပါတယ်။ ဆက်လက် စုံစမ်းဖော်ထုတ်ဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အရေးယူမှု မပြုခင် ထုတ်ဖော်ပြောဖို့ မသင့်ဘူးလို့ ယူဆပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ရှင်းပြသည်။
“ရိုဟင်ဂျာအဖြစ် စာရင်းသွင်းဖို့ တောင်းဆိုတာက တထောင်မှာ တရာလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လ၀ကက စစ်လိုက်တော့ အဖေကလည်း ဘင်္ဂါလီ၊ အမေကလည်း ဘင်္ဂါလီ၊ သားသမီးကျမှ ရိုဟင်ဂျာဖြစ်ချင်တာက ဆန္ဒစွဲတွေဖြစ်ပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ဆိုသည်။
“အကြမ်းဖက်မှုတွေကြောင့်ဒုက္ခသည်အရေအတွက်၁၁၁၀၀၀၊ ဟိုတလောက တောင်ပြို၊ ရေကြီးတာကြောင့် ဒုက္ခသည်အရေအတွက် ၁၉၀၀၀၊ ဂီရိမုန်တိုင်းဒဏ်ကြောင့် ဒုက္ခသည် ၂၆၀၀၀၀၊ စိုက်ပျိုးရခက်ခဲ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ၂၀၀၀၀၀ လောက် စားနပ်ရိက္ခာ အခက်အခဲ ရင်ဆိုင်နေရတယ်။ စုစုပေါင်း ဒုက္ခသည်ခြောက်သိန်း အကျပ်အတည်း ဆိုက်ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသမီး စစ်မှုထမ်း များ ခန့်အပ်ထားရန် စီစဉ်နေ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရအမျိုးသမီးစစ်မှုထမ်းများအားလိုအပ်သည့်အ
ချိန်တွင်လိုအပ်သလိုခန့်ထားနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကာကွယ်ရေးဝန်ကြီးဌာနမှဒုတိယစစ်
ရေးချုပ်ဗိုလ်မှူးကြီးသန်းဦးကပြောကြားသည်။အမျိုးသားလွှတ်တော်အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီကယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုအဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင်၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူက(ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။
Ref:7day news

Wednesday, November 21, 2012

နိုင်ငံပိုင်သတင်းစာများ ဖျက်သိမ်းရန် လွှတ်တော်တွင် တောင်းဆို


ငွေကြေးအလွဲသုံးစားမှုကိစ္စများနှင့်ပတ်နေသည့်နိုင်ငံပိုင်သတင်းစာများကိုရပ်ဆိုင်းပေးရန် ပြည်ထောင်စုလွှ
တ်တော်၌ယမန်နေ့ကတောင်းဆိုလိုက်ကြောင်းသိရသည်။ပြန်ကြားရေးဝန်ကြီးဌာနအတွင်း ငွေကြေးအလွဲသုံး
စားမှုလုပ်ဆောင်ခဲ့ခြင်းနှင့်ယခုအခါဒီမိုကရေစီစနစ်သို့ကူးပြောင်းလုပ်ဆောင်နေသည့်အတွက် နိုင်ငံပိုင်သတင်း
စာများကိုရပ်ဆိုင်းသင့်ပြီဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်ပြခဲ့သည်။ ပြန်ကြားရေး ၀န်ကြီးဌာနအတွင်း၌ပြီးခဲ့သည့်၎နှစ်အတွင်းကျပ်သိန်းပေါင်း၂၅၀၀ကျော်အလွဲသုံးစားလုပ်ဆောင်ခဲ့ကြောင်း
စစ်ဆေးတွေ့ရှိခဲ့ပြီးယခုအခါကျပ်သိန်းပေါင်း၁၀၀၀ကျော်သာပေးသွင်းသေးကြောင်း၊ကျန်ငွေများကိုအချိန်မီ
ပေးသွင်းရန်တိုက်တွန်းထားကြောင်းသိရသည်။ထိုကိစ္စနှင့်ပတ်သက်၍မြန်မာ့အလင်းသတင်းစာတိုက်မှ တာဝန်ရှိသူ ၃ ဦးအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက အရေးယူမှု ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘာ့ အကြီးဆုံး ခေါင်းလောင်းများ

ပထမ အကြီးဆုံး = ဓမ္မစေတီ ခေါင်းလောင်း
အလေးချိန် = ၂၉၃ တန်၊
နေရာ = ရန်ကုန်တိုင်း ဒေါပုံမြစ်အတွင်း၊ မြန်မာနိုင်ငံ၊
 ဓမ္မစေတီခေါင်းလောင်းကြီး အချက်အလက်များ
ဓမ္မစေတီမင်းသည်ထိုခေါင်းလောင်းကိုဒဂုံ(ယခုရန်ကုန်)ရှိရွှေတိဂုံစေတီတော်သို့လှူဒါန်းခဲ့သည်။ ရှေးခေတ်
စာမှတ်တမ်းများအရ၄င်းခေါင်းလောင်းကြီးတွင်ကြေးနီအပြင်ရွှေ၊ငွေတို့လည်းပါသည်ဟုဆိုသည်။ခေါင်းလော
လောင်းထဲတွင်မြ နှင့် နီလာ ရတနာ တို့လည်းမြှုပ်ထားသည်ဟုဆိုသည်။ စေတီများ ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။
ခေါင်းလောင်းကြီးသည်(၁၂)တောင်မြင့်ပြီး(၈)တောင်ကျယ်သည်။တစ်ပြိုင်တည်းမှာပင်၅၀၀ပိဿာရှိခေါင်းေ
လောင်းအသေးလည်းသွန်းလောင်းလှူဒါန်းခဲ့သည်ဟုဆိုသည်။အပိန္နသော်’အမည်ရှိဓမ္မစေတီ’ ခေါင်းလောင်း
ပင်ဖြစ်သည်။ခေါင်းလောင်း၏ဘွဲ့အမည်မှာမြန်မာဘာသာဖြင့်အ၀ိန္နဆောက် ဟုခေါ်သည်။ရွှေတိဂုံစေတီသို့ လှူဒါန်းသည့် ခေါင်းလောင်းများအနက် ပထမဆုံးခေါင်းလောင်းဖြစ်သည်။
ခေါင်းလောင်းကြီးသည် စောက် ၁၂ တောင်ရှိ၍ ကြေးပိဿာချိန် ၁၈၀၀၀၀ ( တစ်သိန်း ရှစ်သောင်း ) ရှိသည်။၎င်းကိုတန်ဖွဲ့ပါက၂၉၀တန်ရှိသည်။ထို့ကြောင့်ဓမ္မစေတီခေါင်းလောင်းသည်စာကိုလိုကောခေါင်း
လောင်းထက်မင်းကွန်းခေါင်းလောင်းတစ်ခုစာပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ အထက်ပါ အဆိုကိုထောက်ကာသမိုင်းပညာရှင်တို့သည်ဓမ္မစေတီခေါင်းလောင်းအားကမ္ဘာ့အကြီးဆုံးအဖြစ်မှတ်တမ်းတင်
ထားဆဲပင် ဖြစ်သည်။

ဓမ္မစေတီခေါင်းလောင်း သမိုင်း
အခါတစ်ပါး ဓမ္မစေတီမင်းကြီးသည် အမတ်လေးဦးကို အိမ်ဦးရေစာရင်းကောက်ရန် တာဝန်ပေးခဲ့သည်။ အမတ်များကအိမ်စာရင်းသာမကအိမ်တိုင်းမှကြေးကိုပါကောက်ခံခဲ့ရာကြေးစင်တစ်သန်းနှင့်ရှစ်သိန်းရရှိခဲ့သည်။ မင်းကြီးကကြေးပါကောက်ယူခဲ့သောအမတ်လေးဦးအားအပြစ်ဒဏ်ပေး၏။ကြေးများကိုကာယကံရှင်များအားပြန်
ပေးစေသည်။ပိုင်ရှင်များကပြန်မယူပဲမင်းကြီးသင့်တော်သလိုသာအသုံးပြုရန်လျှောက်ထားလေသည်။ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည်ဤကြေးများဖြင့်အမတ်ကြီးဗညားအိမ်ကိုအကြီးအမှူးခန့်၍ ခေါင်းလောင်းသွန်းလုပ်စေ
သည်။
အမတ်ကြီးသည်လည်းဆရာတို့အခါပေးသည့်အတိုင်းတပေါင်းလဆန်း(၈)ရက်ကြာသာပတေးနေသိဟ်လဂ်တွင်
ပွဲကြီးသဘင်ပြု၍ခေါင်းလောင်းကြီးကိုပြုလုပ်တော်မူသည်။သို့သော်ခေါင်းလောင်းကြီးမှာထူးထူးခြားခြားအသံမ
မြည်ပဲရှိခဲသည်။ ခေါင်းလောင်းသွန်းလုပ်စဉ် လောကဥာဏအမည်ရှိဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်း
လုပ်ပြီးလျှင်အပြစ်အနာအဆာမရှိချောမောလိမ့်မည်။သို့သော်အသံကားမြည်မည်မဟုတ်ဟုမင်းကြီးအားလျှောက်
၏။မင်းကြီးကအကြောင်းစုံမေးမြန်းရာခေါင်းလောင်းပြုလုပ်ရန်ဆရာတို့ပေးသောအခါသည်နက္ခတ်ခြောက်လုံးဖြစ်
သည်။ခြောက်လုံးမှာမိကျောင်းနက္ခတ်ဖြစ်သဖြင့်မိကျောင်းမှာလျှာမရှိ၍အသံမမြည်နိုင်ချေ။မင်းကြီးလည်းခေါင်းေ
လောင်းကို ‘ အပိန္နသော်’ဟု ဘွဲ့အမည်ပေးပြီး ရွှေတိဂုံရင်ပြင်တွင်ချိတ်ဆွဲထားစေသည်။
စာကိုလိုကောခေါင်းလောင်းသည်၁၈ရာစုတွင်သွန်းလုပ်သောခေါင်းလောင်းဖြစ်ပြီးဓမ္မစေတီခေါင်းလောင်းမှာအေ
ဒီ၁၅ရာစုကသွန်းလုပ်ခဲ့သောခေါင်းလောင်းဖြစ်သဖြင့်နှစ်၃၀၀ပို၍စောနေသည်ကိုတွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီခေါင်းလောင်းသည်ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းများအနက် ရှေးအကျဆုံး ခေါင်းလောင်းဖြစ်သည်။
သို့သော် ဓမ္မစေတီခေါင်းလောင်းအကြောင်း မလှပုံမှာ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တို့ကဓမ္မစေတီခေါင်းလောင်းကိုအမြောက်သွန်းလုပ်ရန်ဖောင်ဖြင့်သန်လျင်သို့သယ်ဆောင်ခဲ့သည်
ဒါပုံမြစ် အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းရေအောက်ရောက်နေသည်မှာ နှစ်ပေါင်း ၄၀၀ နီးပါးရှိချေပြီ။

ဒုတိယ အကြီးဆုံး = ( Tsar Kolokol ) ဆာ-ကိုလိုကိုး ခေါင်းလောင်း
အလေးချိန် = ၁၈၀ တန်၊
နေရာ = မောစကိုမြို့ ၊ ရုရှားနိုင်ငံ၊
ရုရှား ကြေးသွန်းခေါင်းလောင်းကြီး
ယင်း ခေါင်းလောင်းကြီးမှာ ရုရှားနိုင်ငံ မော်စကိုမြို့၊ ကရင်မလင်နန်းတော်ရှိ (Tsar Kolokol) ဆာ-ကိုလိုကိုးဖြစ်သည်။ထိုခေါင်းလောင်းကြီးကိုလက်မှုပညာရှင်(၂၀၀)ကျော်ကျော်ဖြင့်သွင်းလုပ်ထားခြင်းဖြစ်
သည်။ ( ၆.၁၄ ) မီတာ မြန်မာအခေါ်အားဖြင့် (၂၀.၁၄) ပေ အမြင့်ရှိပြီး (၆.၆) မီတာ ( သို့ ) (၂၁.၆၅) ပေ အချင်းရှိ၏။ထိုခေါင်းလောင်းကြီးမှာတစ်ချိန်ကအရှင်းလင်းအကြည်မြဆုံးသောသံစဉ်ထွက် ခေါင်းလောင်းကြီြး
ဖြစ်ခဲ့သည်။အမြင့် ၁၉’ ၃”၊ အ၀န်း ၆၀’ ၉”၊ အထူ ၂’ ရှိသည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သောတန်(၁၈၀)အလေးချိန်ရှိထိုခေါင်းလောင်းကြီးမှာခေါင်းလောင်းသွန်းလုပ်စဉ်ကတစ်နေရာပဲ့
သွား၍ပဲ့သွားသည့်အစသည်ပင်အမြင့် ၇’၊ အကျယ် ၈’ ရှိပြီး အလေးချိန် ၁၁ တန်ရှိသည်။မြန်မာ့စွယ်စုံကျမ်း အတွဲ (၂) တွင် ခေါင်းလောင်းကြီးတစ်ခုလုံး၏အလေးချိန်မှာ တန် ၂၀၀ ကျော်ရှိသည်ဟုဖော်ပြပြီး
Britanica Emcyclopacedia အတွဲ (၂) တွင် တန် ၁၈၀ ရှိသည်ဟုဖော်ပြခဲ့သည်။ ဒုတိယအကြီးဆုံးခေါင်းလောင်းနောက်တလုံးသည်လည်းမော်စကိုမြို့မှာပင်ရှိ၍အလေးချိန်၁၂၈ တန်ရှိသည် ဟု မှတ်သားရပါသည်။
http://www.russianbells.com/interest/biggest.htmlမှာလည်း လေ့လာနိုင်ပါသည်။

စတုတ္ထ အကြီးဆုံး = မင်းကွန်းခေါင်းလောင်း
အလေးချိန် = ၉၃ .၅၅ တန်၊
နေရာ - မင်းကွန်းတောင်ရိုး၊ စစ်ကိုင်းတိုင်း၊
မင်းကွန်းခေါင်းလောင်းတော်ကြီး
မြန်မာနိုင်ငံတွင်လက်ရှိအကြီးဆုံးခါင်းလောင်းမှာမင်းကွန်းခေါင်းလောင်းကြီးဖြစ်သည်။ယင်းခေါင်းလောင်းကို
ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။ခေါင်းလောင်း၏ အတိုင်းအတာကိုလည်း အ၀အချင်း ၃၁တောင် ၄သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင်၁မိုက် ၄သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃တောင် ၁မိုက် ၄သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟု ဖော်ပြခဲ့သည်။တန် ၈၀ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏ အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ပဉ္စမ အကြီးဆုံး = Chion-in ချီယွန်အင် ခေါင်းလောင်း၊
အလေးချိန် = ၆၇ တန်၊
နေရာ = ကျိုတိုမြို့၊ ဂျပန်နိုင်ငံ၊


ကျိုတိုမြို့ ချီယွန်အင် ( Known for its massive gate, Chion-in is the head temple of Pure Land Buddhism )ကျောင်းတော်တွင်တည်ရှိသော ခေါင်းလောင်းကြီးမှာ ( ၁၆ ၃၃ ) ခုနှစ်တွင်သွင်းလုပ်၍ ( ၆၇ ) တန် အလေးချိန်ရှိ၏။ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါးလိုအပ်မည်ဖြစ်သည်။http://www.sacred-destinations.com/japan/kyoto-chionin.htmမှာလည်း လေ့လာနိင်ပါသည်။

ဆဋ္ဌမ အကြီးဆုံး = Yongle ရွန်ဂဲလ် ခေါင်းလောင်း၊
အလေးချိန် = ၄၅ တန်၊
နေရာ = ဘေဂျင်းမြို့၊ တရုတ်နိုင်ငံ၊
တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း ( ၆၀၀ ) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ယခုအခါ ဘေဂျင်းမြို့သိုပြောင်းရွှေ့ထားသည်ဟု သိရသည်။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ ( ၄၅ ) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင်မျက်နှာစာအပြည့်ကို တရုတ်အက္ခရာ ( ၂၂၇, ၀၀၀ ) ဖြင့် ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို ထွင်းထူပူဇော်ထားသည် ဟု သိရပါသည်။http://www.chinatour.com/attraction/big_bell_temple.htmမှာလည်း လေ့လာနိုင်ပါသည်။

နေ့ စဉ်ရေသောက်ရန် အကောင်းဆုံး အချိန်

 ရေဟာ လူ့ကျန်းမာရေးအတွက် အထောက်အကူပြုမှန်း၊ အဓိကလိုအပ်မှန်း သိကြပေမယ့် အချိန်မှန်၊ ပမာဏမှန်မှန်သောက်သုံးမှသာထိထိရောက်ရောက်ကောင်းကျိုးပေးတာဖြစ်ပါတယ်။ဒါကြောင့် ရေသောက်
ရန် အကောင်းဆုံး အချိန်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁။ မနက် အိပ်ယာထချိန်
ဖန်ခွက်တစ်ခွက်သို့မဟုတ်(၂)ခွက်စာရေသောက်သုံးခြင်းဖြင့်သွေးလည်ပတ်မှုကို မြင့်တင်ပေးခြင်း၊ သွေးစေး
ပျစ်မှုလျော့ချပေးခြင်း၊ကိုယ်တွင်း အူလမ်းကြောင်းများ သန့်ရှင်း၍ ပိုမို သန်မာစေခြင်း တို့ကို ဖြစ်စေပါတယ်။ ၂။ အစားမစားမှီ
အစားမစားမှီ မိနစ် ၃၀ လောက်မှာ ရေဖန်ခွက် တစ်ခွက် သောက်သုံး သင့်တယ်လို့ ဆိုပါတယ်။ ယင်းသို့သောက်သုံးခြင်းဖြင့် အစာချေ စနစ်ကို ပိုမို အသက်ဝင်စေပြီး အာဟာရများအား ပိုမိုဆုပ်ယူပေးနိုင်မှာ ဖြစ်ပါတယ်။
၃။ အစားစားပြီး
အမှန်တော့ အစားစားပြီးချင်း ရေသောက်ခြင်းကို ဆေးပညာရှင်များက အားမပေးပါဘူး။ အစားစားပြီး တစ်နာရီခွဲ အတွင်း ရေသောက်ရင် ယင်းရေဟာ မိမိရဲ့  အစာချေစနစ်ကို အနှောက့်အယှက်ပေးနိုင် လို့ ဖြစ်ပါ တယ်။
၎။ ညနေအချိန်
ညနေ ၂ နာရီ ကနေ ၃ နာရီကြားမှာ ရေ ၁ခွက် သို့မဟုတ်၂ ခွက်လောက် သောက်သင့်တယ် လို့ ဆိုပါတယ်။ တစ်မနက်လုံး လူပင်ပန်း သမျှ၊ စိတ်ပင်ပန်းသမျှကို ယင်းအချိန် ရေသောက်ခြင်းဖြင့် ပြန် လည်လန်း ဆန်းစေပါတယ်။
၅။ ညအိပ်ယာဝင်ခါနီး
ညအိပ်ယာဝင်ခါနီးဆိုတာ မအိပ်ခင် တစ်နာရီ ဖြစ်ပါတယ်။ ညအိပ်တဲ့ခါ ကိုယ်တွင်းမှာ အစာချက်လုပ်ငန်းနဲ့ အခြားသော လုပ်ဆောင်ချက်များ အတွက် ရေလိုအပ်ပါတယ်။ ဒါကြောင့် အိပ်ယာမ၀င်ခင် ရေသောက်နိုင် သလောက် အတန်သင့် သောက်ထားခြင်းဖြင့် အစာချေစနစ်ရော၊ ကိုယ်တွင်း လုပ်ဆောင်ချက်ကိုရော ပုံမှန်အတိုင်း ကျန်းမာစွာ လည်ပတ်စေ မှာ ဖြစ်ပါတယ်။
၆။ ချွင်းချက်
ရာသီဥတုပူအိုက်တဲ့အခါ ချွေးအထွက် လွန်တဲ့အတွက်၊ ချွေး အထွက် များတဲ့အတွက် တစ်ခါတစ်လေကျ ရင်ရအရမ်းဆာတတ်ပါတယ်။အဲ့ဒီအချိန်ကျဘာမှသတ်မှတ်မနေတော့ပဲရေအငတ်ပြေဖို့အတွက် သောက်သုံး
ဖို့ လိုအပ်ပါတယ်။ ရေဆာနေတုန်း အချိုရည်သောက်သုံးခြင်းထက် ရေသောက်သုံးခြင်းကသာ ကျန်းမာရေး အတွက် ပိုမို သင့်လျော်ကောင်းမွန်းပါတယ်။
အထက်အပါအတိုင်း စနစ်မှန်၊ ပမာဏ မှန် ရေသောက်သုံးမယ် ဆိုရင် လူ့ကျန်းမာရေးအတွက် များစွာ အကျိုးထူးစေမှာ ဖြစ်ပါတယ်။
Ref: medic facts

နိုင်ငံတော်သမ္မတဦးသိန်းစိန် ၏ အိုဘားမား ကို တောင်းဆိုချက်နှစ်ခု


အမေရိကန်သမ္မတနှင့်တွေ့ဆုံစဉ်မြန်မာနိုင်ငံအတွက်တောင်းဆိုချက်နှစ်ခုပြောကြားခဲ့သည်ဟုနိုင်ငံတော်သ
မ္မတဦးသိန်းစိန်က နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ ပြည်တွင်း မီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ၏ ခရီးစဉ်မှာ သမိုင်းဝင် ခရီးစဉ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို ဘာကြောင့် သွားရောက်ရသနည်း ဆိုသည်ကို အမေရိကန် လွှတ်တော် အမတ်များမှာဖိအားပေးနေချိန်တွင်သမ္မတအိုဘားမားအနေဖြင့်မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊
အိုဘားမားနှင့်တွေ့ဆုံချိန်တွင်မြန်မာနိုင်ငံအတွက်တောင်းဆိုချက်နှစ်ခုကိုပြောကြားခဲ့ခြင်းဖြစ်သည်ဟုနိုင်ငံေ
တော်သမ္မတကပြောကြားသည်။"အိုဘားမားနဲ့တွေ့ဆုံချိန်မှာကိုယ့်နိုင်ငံအတွက်အမြတ်ထွက် အောင် နှစ်ခု
တောင်းဆိုခဲ့ပါတယ်။တစ်ခုက ခင်ဗျားတွေ့တယ် မဟုတ်လား။ လေဆိပ်က ရန်ကုန်မြို့ကြီးကို ဖြတ်ပြီးတော့ လာတဲ့အခါမှာ ဘေးဘယ်ညာမှာ လူတွေက အကုန်လုံး ခင်ဗျားကို ၀မ်းသာအားရနဲ့ ကြိုဆိုတဲ့ မြင်ကွင်းကို ခင်ဗျားတွေ့တယ်မလား။ ခင်ဗျား အဲဒီလူတွေရဲ့ မျက်နှာကို သတိမထားမိလို့ ဖြစ်ချင်လဲ ဖြစ်မယ်။ ဒီပြုံးပျော်နေတဲ့ မျက်နှာတွေ အိုဘားမား မြန်မာနိုင်ငံကို မလာစဖူး ကြုံတောင့် ကြုံခဲ လာခဲ့တယ်။ တို့ ရန်ကုန်မှာ နေထိုင်ကြတဲ့
ပြည်သူလူထုတွေ အတွက် အိုဘားမား ဘာများ လုပ်ပေးမလဲ ဆိုတဲ့ ဒီမျှော်လင့်ချက်တွေကို ခင်ဗျား မမြင်လိုက်ဘူး ထင်တယ်လို့။ ဒါကို ခင်ဗျားကို ပြောပြချင်တယ်လို့။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးဟာ ကိုလိုနီ လက်ထက်ကတည်းက မြို့ဟောင်းကြီး ဖြစ်တယ်။ မြို့ဟောင်း ဖြစ်တဲ့အတွက် လျှပ်စစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဆင်မပြေမှုတွေ အများကြီးရှိတယ်။ နောက်တစ်ခါ လူဦးရေကလည်း ခြောက်သန်းကျော် ရှိတယ်။ ခြောက်သန်းကျော် ရှိတော့ ဒီမြို့မှာ သွားရေးလာရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အခက်အခဲတွေ ရှိနေတယ်။ နောက်တစ်ခါ ရေကောင်းရေသန့် ရရှိရေး၊ ရေဆိုးတွေ သန့်စင်ရေး၊ ဒီအပိုင်းတွေကလည်း ကျွန်တော်တို့မှာ အခက်အခဲတွေ ရှိနေတယ်။ ခင်ဗျား ရန်ကုန်ကို ရောက်တဲ့ အထိမ်းအမှတ် အနေနဲ့ ရန်ကုန်မြို့လူထုကို ဒီကိစ္စတွေမှာ ပြေလည်အောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် ရန်ကုန်မြို့လူထုက ခင်ဗျားကို ပိုပြီးတော့ ချစ်မှာပါ ဆိုပြီးတော့ ပြောလိုက်တာ သူ တော်တော်လေးတော့ သဘောတွေ့သွားပုံရပါတယ်။ကျွန်တော်ထင်ပါတယ်။ခေါင်းတော့ မငြိမ့်ပေမယ့်လည်း အောက်ကလူတွေက အကုန်မှတ်တော့မှတ်တမ်းတော့ဝင်သွားမယ်လို့ထင်ပါတယ်"ဟုနိုင်ငံတော်သမ္မတကပြောပြသည်။အမေရိကန်
သမ္မတသို့တောင်းဆိုခဲ့သော ဒုတိယ အချက်မှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်း အဆင့်မြှင့်တင်ရေး အတွက် ဖြစ်ကြောင်း သိရသည်။"နောက်တစ်ခုကတော့ ကျွန်တော်တို့ လူငယ်ပိုင်းလောက်ပဲ ရှိပါမယ်။ သမ္မတကြီးEisenhowerလက်ထက်မှာမြန်မာနိုင်ငံရန်ကုန်နဲ့မန္တလေးကိုအဝေးပြေးလမ်းဖောက်ပေးဖို့အစီအစဉ်
လေးတွေရှိခဲ့ဖူးပါတယ်။သို့သော်လည်းအကြောင်းကြောင်းကြောင်ဒီအဝေးပြေးလမ်းမကြီးကဖောက်မပေး ဖြစ်ခဲ့
ဘူး။ဟိုတုန်းကခင်ဗျားတို့သမ္မတကြီးဒီလိုပဲအစီအစဉ်ရှိခဲ့တယ်။သို့သော်လည်းအကြောင်းကြောင်းတွေကြောင့် ပျက်ခဲ့တယ်။ အဲဒီတော့ အကြောင်းကြောင်းတွေကြောင့် ပျက်သွားတဲ့ အဝေးပြေးလမ်းကြီးကို ကျွန်တော်တို့ ဖောက်ထားပြီ။ သို့သော်လည်း လမ်းကတော့ လမ်းကြမ်း အဆင့်ပဲ ရှိသေးတယ်။ ဒီမှာလည်း နည်းပညာပိုင်းကခင်ဗျားတို့လောက်ခေတ်မမီဘူး။ခေတ်မမီတော့ အက်ဆီးဒင့်တွေက ခဏ ခဏ ဖြစ်တယ်။ ယာဉ်တွေ ခဏ ခဏ တိမ်းမှောက်တယ်။ လူတွေရဲ့ အသက်တွေကလည်း ဆုံးရှုံးကြ၊ ပြုကြ။ ဒီလမ်းကြီးကို ခင်ဗျားတို့များပြုပြင်ပေးရင်သိပ်ကောင်းမှာပဲ။အဆင့်မြှင့်ပေးဖို့ဒါလေးတွေကျွန်တော်တို့ တောင်းလိုက်ပါတယ်
"နိုင်ငံတော် သမ္မတက ပြောခဲ့ပါသည်။
Ref: eleven


ခလေးမွေးလို့ ရုပ်ဆိုးရင် တရားစွဲခံရမယ်နော်..အိမ်ထောင်ရှင်မများသတိထား

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် မိဘများက ချောမွတ်ပြေပြစ် ပါလျက်နှင့် ဂျီဖောင်း အမည်ရှိ အမျိုးသား၏ ဇနီးသည်မှ မွေးဖွားလိုက်သော ရင်သွေးသည် လွန်စွာ အရုပ်ဆိုး အကျည်းတန်လှသဖြင့် ခင်ပွန်းဖြစ်သူက
ဇနီးသည်ကို တရားစွဲဆိုခဲ့ ကြောင်း သိရသည်။
ဂျီဖောင်း၏ ဇနီးသည် သမီး မိန်းကလေးမွေးဖွား လာသော အခါ မိခင်ဖြစ်သူက ချောမောလှပပါလျက်နှင့် သမီးဖြစ်သူမှာ လွန်စွာရုပ်ဆိုး အကျည်းတန်ခဲ့သည်။ တရုတ်နိုင်ငံမြောက်ပိုင်း တရားရုံးတွင် တရားစွဲဆိုအမှုရင်ဆိုင်သောအခါမှ ဂျီဖောင်း၏ဇနီးသည် ငယ်စဉ်က ရုပ်ဆိုးအကျည်းတန်ခဲ့သဖြင့် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် အကုန်ကျခံကာ မျက်နှာကို အစားထိုး ခွဲ စိတ်ပြုပြင်ခဲ့ ကြောင်း တရားရုံးတွင် ဝန်ခံ ပြောကြားခဲ့သည်။ ထို့ကြောင့် တရားရုံးက ဇနီးသည်အား ဒေါ်လာ 96000 လျော်ကြေး ပေးဆောင် စေခဲ့ ပြီး ဂျီဖောင်း၏ ဆန္ဒအရ လင်မယား ကွာရှင်းခွင့် ပြုခဲ့ကြောင်း သိရသည်။
Ref: ပြည်မြန်မာ

အိုဘားမား ရဲ့ ဒေါ်လာ သန်း ၁၇၀ က တရုတ်-မြန်မာဆက်ဆံရေးကို ပြောင်းလဲစေမည်မဟုတ်..

 
အမရိကန်ပြည်ထောင်စုသည်မြန်မာကိုတရုတ်ထံမှထုတ်ယူသွား၍မရကြောင်းတရုတ်နိုင်ငံပိုင်နေ့စဉ်သတင်းစာ ဂလိုဘယ်တိုင်းမ်စ်၏ဆောင်းပါးတစ်ပုဒ်၌မြန်မာသို့အိုဘားမားတနင်္လာနေ့ကလာရောက်ပြီးနောက် ရေးသား
ဖော်ပြခဲ့သည်။ဂလိုဘယ်တိုင်းမ်စ်၏အဆိုပါDon't read Too Much into Myanmar Visitဆောင်းပါးတွင်မြန်မာသို့ အိုဘားမား လာရောက်ခြင်းမှာအချို့ပြောကြသကဲ့သို့ တရုတ်၏ မြန်မာအပေါ် သြဇာလွှမ်းမိုးမှုလျော့နည်းအောင်ဦးတည်ခြင်းဖြစ်သည်ဟူသောအမြင်များကိုဝဖန်ထားခြင်းဖြစ်သည်။ဆောင်း
ပါးက"ဒီလိုမျိုးယူဆချက်တွေကအင်အားကြီးနိုင်ငံတွေကြားထဲကယှဉ်ပြိုင်မှုတွေနဲ့မြန်မာမှာယမန်နှစ်ကဖစ်ပေါ်
ခဲ့တဲ့နိုင်ငံရေးအပြောင်းအလဲတွေကိုရည်ညွှန်းရာမှာအိုဘားမားရဲ့ခရီးစဉ်ကိုပေါင်းထည့်ပြီးအထူးအနက်အဓိပ္ပာ
ယ်ထွက်အောင်လုပ်နေတာပါ"ဟုဖော်ပြထားသည်။သတင်းစာကမြန်မာ၏ဒီမိုကရေစီအပြောင်းအလဲများသည် ၀ါရှင်တန်အားစိတ်ကျေနပ်စေရုံသာမကတရုတ်၏(မြန်မာတွင်)ကာလရှည်တည်ရှိနေသောအကျိုးစီးပွားများကို
လည်းကျေနပ်စေကြောင်းဆိုသည်။ဆောင်းပါး၌"အာဆီယံနိုင်ငံအများစုကဒီမိုကရက်တစ်ရွေးကောက်ပွဲတွေရှိ
ထားကြပြီးတရုတ်နဲ့ဆက်ဆံရေးတွေဟာလည်းနိုင်ငံစနစ်ကွဲပြားခြားနားမှုကြောင့်အနှောင့်အယှက်မဖြစ်ပါဘူး။
မြန်မာဟာ၎င်းရဲ့ပြည်တွင်းနိုင်ငံရေးပြင်ဆင်ချိန်ညှိမှုတွေကြောင့်တရုတ်နဲ့ဝေးကွာသွားမယ်ဆိုတာမဟုတ်ပါဘူး။
မြန်မာရဲ့အပြောင်းအလဲဟာရှောင်လွှဲလို့မရနိုင်ပါဘူး"ဟုဆိုသည်။ဆောင်းပါးတွင်အိုဘားမားခရီးစဉ်နှင့်အတူမြန်
မာသို့ထောက်ပံ့ငွေဒေါ်လာသန်း(၁၇၀)ပေးအပ်ခြင်းကိုလည်းထောက်ပြထားပြီးယင်းငွေပမာဏအနည်းငယ်ဖြင့် တရုတ်-မြန်မာဆက်ဆံရေးကိုထူးခြားစွာပြောင်းလဲစေမည်မဟုတ်ကြောင်း၊စီးပွားရေးအရလည်းအရှေ့တောင်
အာရှနိုင်ငံများသည် အမေရိကန်ထက် တရုတ်ကို ပိုမိုမှီခိုနေရကြောင်း ထောက်ပြထားသည်။
Ref:Global Time

 

HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂရဲ့ သံတမန် ဒေါ်အောင်ဆန်းစုကြည်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂရဲ့ သံတမန် တဦးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ကုလ အေဂျင်စီက အင်္ဂါနေ့က ပြောလိုက်ပါတယ်။
အဲဒီလိုသံတမန်အနေနဲ့အဆိုပါရောဂါခံစားနေရတဲ့လူတွေအပေါ်ခွဲခြားဆက်ဆံမှုတွေပပျောက်ရေးဆောင်ရွက်
ရမယ့် အလုပ်တာဝန် ထမ်းဆောင်ရမှာဖြစ်တယ်လို့ ရေဒီယို သြစတြေးလျ သတင်း တပုဒ်က ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို နေ့စဉ် ထိမ်းသိမ်းရင် အံတုဖို့အတွက် ဒါက လူ့အဖွဲ့အစည်းအတွက် ချန်ပီယံတယောက် လို ရွေးချယ်ပြီး မြင့်မြတ်တဲ့ ဂုဏ်ပြုမှု တခုဖြစ်တယ်လို့ ကြေညာချက်မှာ ဆိုပါတယ်။
“ကျမက အသံမဲ့နေမှုရဲ့ အသံဖြစ်လိုပါတယ်” လို့ သူက ဆိုပါတယ်။
 UNAIDS အမှုဆောင် ဒါရိုက်တာ Michel Sidibe က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တာဝန်ပေးမှုကို လက်ခံခဲ့တာက လည်း အေဂျင်စီကို ဂုဏ်ပြုခဲ့တာပါလို့ ပြောပါတယ်။
 “မြို့ငယ်၊ ရွာငယ်တွေမှသည် မြို့ကြီးပြကြီးတွေအထိ၊ အာဖရိကတိုက်မှသည် အာရှတိုက်ထိ လူတွေ က ဒေါ်အောင်ဆန်းစုကြည် အကြောင်းပဲ ပြောနေကြတယ်။ သူ့ကို လေးစားကြတယ်” လို့ သူက ဆက်ပြော ပါတယ်။ကုလသမဂ္ဂရဲ့ Global Advocate for Zero Discrimination အစီအစဉ်အတွက် နာမည်တင်သွင်း ခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာအဆိုပါကိစ္စနဲ့ပတ်သက်တဲ့လုပ်ငန်းတာဝန်များကိုထမ်းဆောင်မှာလည်း 
ဖြစ်တယ်လို့ အေဂျင်စီက ပြောပါတယ်။  
Ref:ဧရာဝတီ

အဖိနိပ်ခံ သနားစရာ ပါလစ်စတိုင်း

အဖိနိပ်ခံ သနားစရာ ပါလစ်စတိုင်း တွေက တော့ အစ္စရေးဘက်ပါသူလို့
စွတ်စွဲခံရတဲ့ သူတို့လူမျိုးတစ်ယောက်ကို ဂါဇာမြို့ တစ်လျှောက် ဆွဲပြီး
ဆိုင်ကယ်တွေနဲ့ အခုလို ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ ဟာမာ့စ်က
မသင်္ကာမှုနဲ့ သူတို့ လူမျိုး ပါလစ်စတိုင်း (၆) ယောက်ကို သွေးရူးသွေးတန်းနဲ့
သတ်ပစ်လိုက်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Tuesday, November 20, 2012

အိုဘားမား လည်း အလွတ်မပြောနိုင်ပါဘူး

အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင့်သဘင် ခန်းမတွင်းဝယ် မိန့်ခွန်းပြောကြားရာတွင်သူ၏လက်ဝဲလက်ယာနှစ်ဖက်၌Teleprompterခေါ်ကိရိယာ နှစ်ခုကိုတပ်ဆင်ပေး
ထားကြောင်းတွေ့ရသည်။ယင်းTeleprompterကိရိယာ၏ရုပ်မြင်မှန်ပြားဝယ်မိန့်ခွန်းစာသားများ ပေါ်လာခြင်းကို မစ္စတာ အိုဘားမားက မြင်နေရသည်။ အဆိုပါ Teleprompter ကိရိယာမျိုးကို အမေရိကန်နိုင်ငံ၏ ၃၆ ဦးမြောက် သမ္မတ လန်ဒန် ဘီ ဂျွန်ဆင် လက်ထက်ဖြစ်သော ၁၉၆၄ ခုနှစ်ကတည်းကပင်လျှင် အသုံးပြုခဲ့ကြောင်းသိရသည်။
Ref:ပေါ်ပြူလာ