468x60 Ads

Tuesday, July 24, 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည်

e7421

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား၏ ၆၅ ရာခိုင်နှုန်းခန့်ကို ဂျာမနီနိုင်ငံရှိ Babelsberg Studio သို့ သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။

“ ဗိုလ်ချုပ်ဇာတ်ကားရိုက်ကူးမှုမှာ အဲဒီခေတ်တုန်းက အနေအထားမျိုး ဖြစ်ဖို့အတွက် ဂျာမနီနိုင်ငံ  Post dam မှာရှိတဲ့ Babelsberg Studio မှာသွားပြီး ရိုက်ကူးမှာပါ။ ကမ္ဘာကျော် ဇာတ်ကားအတော်များများ ရိုက်ကူးခဲ့တဲ့ စတူဒီယိုပါ။ ဗိုလ်ချုပ်ဇာတ်ကား ရဲ့ ၆၅ ရာခိုင်နှုန်းလောက်ကို အဲဒီ စတူဒီယိုမှာ ရိုက်ကူးမှာဖြစ်ပါတယ်။

ဒါရိုက်တာကိုတော့ မြန်မာဒါရိုက်တာ ဒါမှမဟုတ် ဟောလီးဝုဒ်ဒါရိုက်တာနဲ့ ဥရောပက ဒါရိုက်တာ ဘယ်ကဒါရိုက်တာနဲ့ ရိုက်မယ်ဆိုတာ အတိအကျ မဆုံးဖြတ်ရသေးပါဘူး။ ရိုက်ကူးမှု တွေကိုတော့ ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ စပြီးရိုက်ကူးနိုင်ဖို့ ပြင်ဆင်နေပါတယ်”ဟု ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဦးဇာဂနာကဆိုပါသည်။

ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ဇာတ်ကား ရိုက်ကူးရန်အတွက် စတူဒီယို အသုံးပြုရန် Babelsberg Studio က ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားကို မြန်မာ၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ အိန္ဒိယနှင့် လန်ဒန်တို့တွင်လည်း ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။

၁၉၁၂ခုနှစ်က စတင်တည်ထောင်ခဲ့သော Babelsberg Studioတွင် The Pianist ၊ Around the World in 80 Days ၊ The Bourne Ultimatum ၊ The Reader ၊ Inglour ious Basterds၊ The Ghost Writer နှင့်  G.I. Joe: Retaliation များအပါအ၀င် ကမ္ဘာကျော်ဇာတ်ကားများစွာ ရိုက်ကူးခဲ့သည်။

0 comments:

Post a Comment